← Chapters

တိရစ္ဆာန်များနှင့် မပူးပေါင်းခြင်း

Vol. 2 Ch. 22

တိရစ္ဆာန်များနှင့် မပူးပေါင်းခြင်း

Vol. 2 Ch. 22

ဘုန်း! ဘုန်း! ဘုန်း…

အနက်ရောင် အကြေးခွံဘုရင်သည် ကောင်းကင်ပေါ်တွင် ပျံဝဲနေခဲ့သည်။သူ၏ လက်နှစ်ဖက်တွင် နတ်ဆိုးချီများကို စုစည်းထားသည့် အနက်ရောင်အလုံးများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။စုယီ သေသွားအောင် ဖောက်ခွဲပစ်ဖို့ ကြံရွယ်ကာ ပစ်လွှတ်နေခဲ့သည်။

စုယီသည် စစ်မြေပြင်တွင် လျင်မြန်စွာ ရှောင်တိမ်းခဲ့သော်လည်း အခြားနတ်ဆိုးသားရဲများသည် ကံမကောင်းခဲ့ပေ။ အချိန်မီ မရှောင်လွှဲနိုင်သူများသည် ၎င်းတို့ဘုရင် ပစ်လွှတ်သည့် နတ်ဆိုးချီ အလုံးများကြောင့် သေကုန်ကြသည်။

“ရား—”

နွားပေါက်အရွယ်ရှိသည် စိမ်းပြာရောင် ဝံပုလွေတစ်ကောင်သည် အလောင်းကောင်တောင်ပေါ်မှ ခုန်ဆင်းလာသည်။အရွယ်အစားသေးသော်လည်း သူ၏အလျင်မှာ သန္ဓေပြောင်းနတ်ဆိုးတစ်ကောင် နီးနီးရှိသည်။

စုယီသည် နွားရိုင်းနှစ်ကောင်ကို သတ်ပြီးပြီးချင်း သတိမထားမိခင်မှာ ထိုသားရဲက စုယီ၏ ကျောကုန်းကို ခုန်အုပ်လိုက်သည်။စုယီသည် အလွန်ဒေါသထွက်ကာ နောက်လှည့်ပြီး ဓားဖြင့် ခုတ်လိုက်သည်။

စိမ်းပြာရောင် ဝံပုလွေသည် မည်မျှပင် မြန်ဆန်ပါစေ စုယီကိုတော့ မမှီပါ။

အထူးသဖြင့် သူတို့ နှစ်ဦး နီးကပ်နေစဉ်တွင် ဖြစ်သည်။

ထိုအချိန်တွင် စုယီ၏ မျက်နှာသည် ပျက်ယွင်းသွားကာ နာကျင်မှုကြောင့် ခေါင်းကို နောက်လှည့်ကာ ဟိန်းလိုက်သည်။

“အား—”

သူ၏အော်သံသည် ကောင်းကင်ယံထိ ထိုးဖောက်သွားသည်။ရှီဝမ်တစ်မြို့လုံး ပျံ့နှံ့သွားရာ မြို့တွင်းရှိ လူတိုင်း၏ ရင်တွင်ဆို့နစ်သွားရသည်။

မြို့စွန်တွင် စစ်သားများအပါအဝင် သူတို့နှင့် လာပေါင်းသည့် လူများသည် စိုးရိမ်နေကြသည်။ဒေါသနှင့်ကြောက်ရွံ့မှုတို့ ရောယှက်ကာ ဖရိုဖရဲဖြစ်နေသည့် စစ်မြေပြင်ကို ကြည့်နေကြသည်။

စုယီ၏ အော်သံကို ကြားသည့်အခါ အအေးဓာတ်သည် လူတိုင်း၏ ကျောရိုးထဲထိ စီးဆင်းသွားသည်။

ပေါက်ကွဲသံနှင့်အတူ!

စုယီ၏ ညာဘက်အိတ်ကပ်မှ မီးတောက်များ ထွက်လာပြီး မီးတောက်များသည် စုယီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အလျင်အမြန် ဖုံးလွှမ်းသွားကာ မီးလူသားအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းသည် လာတိုက်ကြသည့် နတ်ဆိုးသားရဲများကို တုန်လှုပ်သွားစေကာ တစ်ခါတည်း နောက်ဆုတ်သွားကြသည်။အနက်ရောင် အကြေးခွံဘုရင်တောင်မှ မျက်မှောင်ကြုတ်သွားသည်။

“ဘာတွေဖြစ်နေတာလဲ?”

အနက်ရောင် အကြေးခွံဘုရင်သည် စုယီများ ဟန်ဆောင်နေတာလားဟု သတိထားရင်းဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်မိသည်။

တောက်လောင်နေသော မီးတောက်များဖြင့် ဖုံးလွှမ်းနေသည့် စုယီသည် စစ်မြေပြင်တွင် သောင်းကျန်းသော မီးလုံးကဲ့သို့ ကြမ်းတမ်းစွာ ပြေးသွားသည်။သူ ဝင်တိုက်မိသော နတ်ဆိုးသားရဲများသည် အသက်ရှုသံ တစ်ချက်၊နှစ်ချက်အတွင်း ပြာဖြစ်ကုန်ကြသည်။အနက်ရောင် အကြေးခွံဘုရင်တောင်မှ အသက် ပြင်းပြင်း ရှုနေရသည်။

ဒီမီးတောက်‌တွေက ဘာမီးတောက်မျိုးလဲ?

ကြောက်စရာကောင်းလိုက်တဲ့ လောင်ကျွမ်းမှုစွမ်းအားပါလား?

နတ်ဆိုးတိမ်တိုက်ပေါ်မှ ငုံ့ကြည့်နေသည့် သခင်ကြီးချီယန်တောင်မှ ကြောင်အမ်းသွားသည်။

သူသည် စုယီ၏အရှိန်အဝါက မသေးမှန်း ခံစားမိသော်လည်း ယခုအခါ စုယီသည် ပို၍ပင် သန်မာလာသည်။

“သူ့မှာ ထူးဆန်းတဲ့ ရတနာတစ်ပါး ပိုင်ဆိုင်ထားလို့လား ဒါမှမဟုတ် သူ့သွေးကြောထဲမှာ သဘာဝလွန် တစ်ခုခုများ ရှိနေတာလား?”

သခင်ကြီးချီယန်သည် သူ၏မျက်လုံးများကို ကျဉ်းမြောင်းကာ အလင်း၏အလျင်ကဲ့သို့ သူ့အတွေးများ ဖြတ်သန်းနေခဲ့သည်။

ဧကရာဇ်စုက နှစ်သက်တယ်ဆိုမှတော့ ဒီနတ်ဆိုးတစ်ပိုင်းမှာ ထူးခြားတဲ့စွမ်းရည်အချို့က ရှိကိုရှိရမယ်!

ဒီလူငယ်ကို ကယ်တင်ဖို့က အရေးကြီးတယ်!

ထိုစဉ် စုယီသည် ပြေးနေတာကို ရပ်တန့်လိုက်သည်။သို့ရာတွင် သူ့ခန္ဓာကိုယ်မှ မီးတောက်များသည် ပျောက်ကွယ်မသွားဘဲ ပို၍ပင် ပြင်းထန်စွာ လောင်ကျွမ်းနေသည်။

“ဘာတွေဖြစ်ကုန်တာလဲ?”

မီးတောက်များကြားတွင် စုယီသည် နာကျင်မှုများ ပျောက်ကွယ်သွားသဖြင့် အံ့ဩသွားသည်။

ဒါတင်မက ဧကရာဇ်စုဂိုဏ်း၏ စကားဝိုင်းသည် ‌သူ့အတွေးထဲတွင် ပေါ်လာခဲ့သည်။

ကျားနက်ဧကရာဇ်: နတ်ဆိုးဘုရင်က ဘာလို့ လာတာ နောက်ကျနေတာလဲ?

ဝူချင်းယောင်: ဟက် ၊ ရှင်က ကျားနတ်ဆိုးဖြစ်နေတာတောင် နတ်ဆိုးတစ်ကောင်ကို တွယ်ကပ်အုံးမလို့လား?

ကျားနက်ဧကရာဇ်: မင်းအလုပ် မဟုတ်ဘူး

ဓားဝိဇ္ဇာ ရှားထန်ယိ: ခု မြို့မြောက်ဘက်မှာ နတ်ဆိုးစစ်တပ်နဲ့ စည်ကားနေတာဘဲ။သူလည်း ဘုရင်လေးပါးထဲက တစ်ပါးဆိုတော့ စကားပြောဖို့ ဘယ်အားမလဲ။

နတ်ဆိုးဘုရင် ချင်းယန်: ဘာဖြစ်နေကြတာ? ကျားလေး ကိုယ့်ကို လွမ်းနေတာလား? မြို့တွေကို လိုက်‌သတ်နေရလို့ အလုပ်ရှုပ်နေတာ!

စုယီသည် စကားပြောဝိုင်း စာမျက်နှာကို အလျင်အမြန် ကြည့်လိုက်သည်။ထို့နောက် သူသည် သေခြင်းနှင့် ရှင်ခြင်းအကြားတွင် ရှိနေဆဲဆိုတာကို သတိရသွားကာ သူ့စိတ်ကို လက်ရှိသို့ ချက်ချင်း ပြန်ဆွဲခေါ်လိုက်သည်။

“ကြီးမြတ်တဲ့ တာအို ဆက်သွယ်ရေးစက်က ငါနဲ့ ပေါင်းစပ်သွားတာများလား?”

စုယီသည် သူ့ဘာသာ တွေးလိုက်သည်။သူသည် စက်၏တည်ရှိမှုအပေါ် ကြာကြာ ခံစားနေလို့ မရပါ။စက်သည် လောက်ကျွမ်းသွားပြီးနောက် ခဏအကြာတွင် သူ၏ ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် ပျော်ဝင်သွားသည်။စုယီ အတော်ပင် ကြောက်သွားသည်။

ပေါင်းစပ်တာ ကောင်းတာဘဲ!

စက် ပြုတ်ကျမှာကို စိုးရိမ်စရာ မလိုတော့ဘူး။

သူသည် ကြုံရာကျပန်း အတွေးများကို လျှောက်တွေးလိုက်ရာ သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်သည် အလျင်အမြန်ပင် ပျောက်ကွယ်သွားသည်။သူသည် အပျက်အစီးများကြားတွင် ခန္ဓာကိုယ် အပေါ်ပိုင်းဗလာဖြင့် မတ်တပ်ရပ်နေခဲ့သည်။

အံ့ဩစရာကောင်းသည်က သူ့ဂျင်းဘောင်းဘီကတော့ မလောင်းကျွမ်းခဲ့ပါ။ “ဒါက တာအို ဆက်သွယ်ရေးစက်က သူ့အတွက် ချန်ထားခဲ့တဲ့ နောက်ဆုံး ဂုဏ်သိက္ခာလေးများလား”ဟု သူ သိချင်နေသည်။

နေရောင်အောက်တွင် စုယီ၏ အပေါ်ပိုင်းသည် ရွှေလွှာ အုပ်ထားသကဲ့သို့ တောက်ပနေသည်။သူ၏‌ ကြွက်သားများသည် ပြည့်စုံပြီး အလွန်ကို လှပခန့်ညားနေရာ ကျူးဝူဓားတောင်မှ မျက်နှာငယ်သွားရသည်။

စုယီသည် သူ၏ ဘယ်ဘက်လက်သီးကို ဆုပ်လိုက်သည်။သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နေသည်။

သူ့ဒဏ်ရာများသည် ကုစားပြီး ဖြစ်သည်!

သူ့ခွန်အားသည် ပြန်လည်ပြည့်တင်းလာသဖြင့် လက်သီးတစ်ချက်ချင်းစီတိုင်းတွင် နဂါးဟိန်းသံများ ထွက်ပေါ်လာကာ စွမ်းအားများ အပြည့်ပင် ဖြစ်သည်။

သူသည် အနက်ရောင် အကြေးခွံဘုရင်ကို ချက်ချင်းပင် လှည့်ကြည့်ကာ သူ၏ မျက်နှာပေါ်တွင် ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“အရမ်းတော်တယ်!”

အနက်ရောင် အကြေးခွံဘုရင်တောင်မှ တွေးတောရသည်အထိ စုယီမျက်လုံးထဲရှိ သတ်ဖြတ်ချင်စိတ်များသည် ပိုမို ကြောက်စရာကောင်းလာသည်။

စုယီက ခွန်အားများ တစ်ဖန် ပြန်လည် ပြည့်တင်းလာမှန်း သူ ရိပ်စားမိသည်။မီးတောက်များ မလောင်ကျွမ်းခင်က ပုံစံနှင့် လုံးဝပင် မတူတော့ပါ။

သူ့ပတ်လည်ရှိ နတ်ဆိုးသားရဲမျသည် စုယီ မီးတောက်များ ပျောက်သွားသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် တစ်လုံးတစ်ရင်းတည်း ပြန်ဝင်ကာ တိုက်ကြသည်။

စုယီ သတ်လိုက်သည့် နတ်ဆိုးသားရဲများသည် ငါးထောင်ပင် ကျော်နေပြီ ဖြစ်သည်။သို့ရာတွင် နတ်ဆိုးသားရဲ စစ်တပ်တစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် သမုဒ္ဒရာထဲရှိ ရေစက်လေးမျှသာ ရှိသေးသည်။

ကြီးမြတ်သော တာအို၏ မီးတောက်များ လောင်ကျွမ်းသည့် ရလဒ်အနေဖြင့် စုယီ၏အလျင်သည် ပိုမို မြန်လာပြီး သူ၏ဓားချီသည်လည်း ပြည့်စုံစွာ ပုံစံပေါ်လာပြီ ဖြစ်သည်။

ဓားချီတစ်ချက် လွှတ်လိုက်တိုင်း မိစ္ဆာများ အစုလိုက် အပြုံလိုက် သေကုန်ကြသည်။

သူ့ဓားချီသည် အဖြူရောင် လခြမ်းပုံစံရှိကာ ဆယ်မီတာခန့် ရှည်လျားပြီး ပြင်းထန်စွာ ဖျက်စီး‌နိုင်သည့် စွမ်းအားမျိုး ရှိသည်။

ဓားကို သက်တောင့်သက်သာပင် ကိုင်ဆောင်ကာ သူ၏ ရုပ်သွင်သည် ဟိုဒီ ပျံဝဲနေခဲ့သည်။သူ့လမ်းကြောင်းရှိ နတ်ဆိုးများအားလုံး လွင့်ပျံကာ သေကြေကုန်ကြသည်။ဖော်ပြ၍ပင် မရနိုင်လောက်သည့် အံ့ချီးဖွယ်ရာမြင်ကွင်းပင် ဖြစ်သည်။မြို့အနီးရှိလူများသည်လည်း ပြန်လည်အားတက်ကာ ကြွေးကြော် အားပေးကြသည်။

“ပြောသားဘဲ စုယီက သန်မာပါတယ်ဆို!”

“အာ့တာက…နတ်ဆိုးချီလား?”

“ဟဟဟ။ ကြည့်ရတာ စုယီက နိုင်တော့မယ် ထင်တယ်ဟေ့!”

“ခုလေးတင်ကို ဘာတွေ ဖြစ်ပျက်သွားတာလဲ?”

“ငါတို့ရော ပါသင့်လား?”

မြို့သူမြို့သားများသည် မြို့မြောက်ဘက်ခြမ်းတွင် ပို၍ ပို၍ စုစည်းလာကြသည်။တိုက်ပွဲမြင်ကွင်းကို သူတို့မျက်လုံးနှင့် ကိုယ်တိုင် တပ်အပ်မြင်လိုက်သည့်အခါ ကြောက်လန့်မှုကို အမှန်တကယ် နားလည်သွားကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုနှင့် နှိုင်းယှဉ်လျှင် သူတို့ရှေ့ရှိအရာအားလုံးကို ကွက်ကွက်ကွင်းကွင်းမြင်ရပြီး သွေးညှီနံ့များလည်း လှိုင်လှိုင်ထနေလေသည်။သူ‌တို့၏ သွေးများ‌ အေးခဲလာပြီး တိုက်ပွဲတွင် ဝင်မပါရဲကြတော့ပါ။

စုယီသည် ပုံမှန်အားဖြင့် သာမန်လူသားတစ်ယောက် ဖြစ်သော်ငြား ဒီစစ်ပွဲတွင်မူ သူ၏ ကိုယ်ပိုင်စွမ်းရည်ကို မြင့်တင်ကာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည်လည်း ပို၍ပင် အဆင့်မြင့်လာခဲ့သည်။

“ငါ့မှာသာ နတ်ဆိုးအစွမ်း ပိုရှိရင် တိုက်ရတာ ပိုလွယ်မှာ”

စုယီသည် သူ့ဘာသာ တွေးနေသည်။သူသည် နတ်ဆိုးဧကရာဇ်၏ နတ်ဆိုးစွမ်းအင်ကာိ ဆယ်ရက်အထပ် လေ့ကျင့်ပြီးသော်လည်း သူ့တွင် ဓားချီကို ဆက်တိုက်အသုံးပြုရန်အတွက်

လုံလောက်သည့် နတ်ဆိုးအစွမ်း မရှိသေးပါ။

နတ်ဆိုးသားရဲတစ်ထောင်ကို သတ်ပြီးနောက် သူသည် ဓားချီကို ဆက်မသုံးတော့ဘဲ အနက်ရောင် အကြေးခွံရှိရာစီသို့ ခုန်ကျော်သွားလေသည်။

အနက်ရောင် အကြေးခွံဘုရင်သည် စုယီကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ပြီး စုယီ၏ အစွမ်းကြောင့် သူသည်လည်း ထိတ်လန့်သွားသည်။

ဒီလို နတ်ဆိုးတစ်ပိုင်းမျိုးကို သူ့လက်အောက်မှာ ထားလိုက်လို့ကတော့ ဘယ်လောက်တောင် ကျေနပ်စရာ ကောင်းလိုက်မလဲ?

စုယီ အနားသို့ ကပ်လာတာကို မြင်သည့်အခါ သူသည် စုယီ လက်လှမ်းမှီနိုင်သည့် မီတာသုံးရာအမြင့်သို့ ပျံတက်သွားသည်။

“ငါ မင်းကို အခု အခွင့်အရေးတစ်ခု ပေးမယ်။ ငါနဲ့ပူးပေါင်းလိုက်။ ဒါဆို မင်းကို နတ်ဆိုးဘုရင် ဖြစ်လာအောင် လုပ်ပေးမယ်!”

အနက်ရောင် အကြေးခွံဘုရင်သည် တစ်မြို့လုံး ကြားနိုင်စေရန်အတွက် သူ့အသံကို တမင်တကာ မြှင့်ပြီး ပြောလိုက်သည်။

သူသည် စုယီနှင့် ရှီဝမ်မြို့ ကြားတွင် သွေးထိုးချင်သည်။

ထိုစကားကို ကြားသည့်အခါ ရှီဝမ် တစ်မြို့လုံး ထိတ်လန့်သွားကြသည်။စုယီသာ အနက်ရောင် အကြေးခွံဘုရင်ဘက် ပါသွားပါက ရှီဝမ်မြို့အတွက် ဆိုးရွားသည့် သတင်းပင် ဖြစ်သည်။

စုယီသည် မျက်လုံးများကို မှေးကျဉ်းကာ အနက်ရောင် အကြေးခွံဘုရင်ကို သေချာကြည့်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ “ငါ စုယီက ဘယ်တော့မှ နတ်ဆိုး မိစ္ဆာတွေနဲ့ ပူးပေါင်းမှာ မဟုတ်ဘူး!”

သူ၏ အသံသည် ကျယ်လောင်လွန်းသဖြင့် ရှီဝမ်တစ်မြို့လုံး ပဲ့တင်ထပ်နေသည်။တစ်မြို့လုံး အံ့ဩဝမ်းသာ ဖြစ်သွားကြသည်။

အသက်ရှင်ဖို့ အခွင့်အရေး ရှိတာတောင်မှ အာ့တာကို မရွေးချယ်ဘဲ စုယီက သူတို့အတွက် တိုက်ခိုက်ဖို့ကိုဘဲ ရွေးချယ်တယ် တဲ့။

ထိုအချိန်တွင် မြို့သူမြို့သားများ၏ နှလုံးသားထဲရှိ စုယီ၏ပုံရိပ်သည် ပို၍ပင် မြင့်မြတ်လာသည်။

“ငါတို့ ကမ္ဘာမြေရဲ့ အနာဂတ်ဘဲ!”

ထန်ချွမ်မင်သည် တီးတိုးရေရွတ်လိုက်ရာ သူ့အနားရှိ လူတိုင်းသည်လည်း လက်ခံကာ ခေါင်းညိမ့်ကြသည်။

တစ်ချိန်တည်းမှာပင် စုယီသည် သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့် ကျူးဝူဓားအတွင်းမှ ထူးဆန်းသည့်စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။

မြွေနတ်ဆိုးကို နှိမ်နင်းခဲ့သည့် ပထမဆုံးအကြိမ်ကလိုပင် ဖြစ်သည်။

“သူ့ကိုသတ်! သူ့ကိုသတ်!”

စုယီ၏ နှလုံးသားထဲတွင် လျှို့ဝှက် ဆန်းကြယ်သော အသံတစ်ခုသည် ပဲ့တင်ထပ်နေကာ အနက်ရောင် အကြေးခွံဘုရင်ကို နောက်တစ်ကြိမ် သတ်ရန် တွန်းအားပေးနေသည်။

စုယီ၏ စိတ်ခွန်အားသည် သိသိသာသာပင် မြင့်တက်လာကာ သူ၏ မျက်လုံးထဲတွင် အနက်ရောင် အကြေးခွံဘုရင်ကို လက်တစ်ဖက်ထဲနှင့်တောင် သတ်နိုင်လောက်တဲ့ထိ အရေးမပါသလိုမျိုး မြင်လာသည်။

…

All Chapters