မြို့အနှံ့ စိတ်လှုပ်ရှားဖွယ် ဖြစ်ရပ်
Vol. 2 Ch. 23
သားရဲ တိရစ္ဆာန်?
အနက်ရောင် အကြေးခွံဘုရင်ကြီး၏ မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။သူတို့နှစ်ဦးကြားတွင် အေးစက်သော အလင်းတန်းများ ထုတ်လွှင့်နေသည်။
သူအမုန်းဆုံးအရာမှာ လူသားများက သူတို့ နတ်ဆိုးမျိုးနွယ်ကို သားရဲတိရစ္ဆာန်တွေဟု ခေါ်ဆိုခြင်းပင် ဖြစ်သည်။အထူးသဖြင့် နတ်ဆိုးပုံစံ ပေါက်နေသည့်ကောင်က ပြောတာကိုပင်။
“ဒီလိုဆိုရင် ငရဲသာ သွားပေတော့!”
ယုတ်မာသော အပြုံးဖြင့် အနက်ရောင် အကြေးခွံဘုရင်ကြီးသည် စုယီစီသို့ ထိုးဆင်းလာသည်။သူ၏ လက်သည်းများသည် သံမဏိဓားသွားကဲ့သို့ ချွန်ထက်နေကာ လေကို ပိုင်းခြားသည့် အသံများပင် ညံထွက်နေသည်။
ထိုအချိန်တွင်!
စုယီက အေးစက်ပြီး ကြမ်းတမ်းသည့် အပြုံးမျိုးကို ပြုံးလိုက်သည်။
ကျူးဝူဓား၏ လွှမ်းမိုးမှုအောက်တွက် သူသည် အနက်ရောင် အကြေးခွံဘုရင်ကို ကြောက်စရာကောင်းသည်ဟု မထင်တော့ပါ။
စစ်မြေပြင်အတွင်းသို့ ကျရောက်လာသည့် မြှားနက်တစ်စင်းကဲ့သို့ အနက်ရောင် အကြေးခွံဘုရင်သည် အမြန်ဆုံးနှုန်းနှင့် ထိုးဆင်းလကာ စုယီရှေ့သို့ လျင်မြန်စွာပင် ရောက်လာခဲ့သည်။အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာတင် ဖြစ်ပျက်သွားသည်။သူသည် စုယီကို ခေါင်းဖြတ်ရန် ရည်ရွယ်ကာ စုယီ၏ လည်ပင်းစီသို့ သူ၏ လက်သည်းကို ချိန်လိုက်သည်။
ရွှမ်း—
အနက်ရောင် အကြေးခွံဘုရင်ကြီးသည် စုယီကို ဖြတ်ကျော်ပြီးနောက် သွေးများ အန်ထွက်လာသည်။သူသည် အလောင်းကောင်တောင်ကို မရောက်ခင် စုယီ၏နောက် ဆယ်မီတာအကွာတွင် ဆင်းသက်သည်။
နှစ်ယောက်စလုံး မလှုပ်ရှားကြပါ။ထိုမြင်ကွင်းသည် ကြည့်ရှုသူများကို အေးခဲသွားစေသည်။
ထိုအချိန်တွင် အနက်ရောင် အကြေးခွံများ ကာထားသည့် လက်မောင်းတစ်ဖက်သည် သူတို့နှစ်ဦးကြားတွင် ပြတ်ကျလာသည်။
စုယီသည် ဓားကို လွှဲရမ်းနေဆဲဖြစ်သည်။ကျူးဝူဓားသွားမှ သွေးစက်များသည် မြေပြင်ပေါ်သို့ ဆက်တိုက် ကျနေခဲ့သည်။
“ဒါ ဘယ်လိုဖြစ်နိုင်…”
အနက်ရောင် အကြေးခွံဘူရင်သည် လုံးဝကို ထိတ်လန့်သွားသည်။သူ၏ညာဘက် လက်မောင်းသည် မြေပြင်ပေါ်တွင် ပြုတ်ကျနေကာ ဖြူဖွေးသော အရိုးများပင် ထွက်ပေါ်နေသည်ကို ကြည့်ရင်း သူ၏မျက်နှာသည် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
ထိုမြင်ကွင်းသည် ပတ်ပတ်လည်ရှိ မိစ္ဆာသားရဲများကို ကြောက်လန့်သွားစေသည်။
သူတို့စိတ်ထဲတွင် ဒီလောက်သန်မာတဲ့ သူတို့ဘုရင်က ဒီနတ်ဆိုးတစ်ပိုင်းကြောင့် ညာဘက်လက်မောင်းကို ဆုံးရှုံးသွားပြီး တိုက်ပွဲကိုလည်း ရှုံးနိမ့်သွားတယ်တဲ့လား?ဟု တွေးနေမိသည်။
သခင်ကြီးချီယန်တောင်မှ လုံးဝ မယုံကြည်နိုင် ဖြစ်နေသည်။
“ဒီ လူငယ်က…”
သခင်ကြီးချီယန်၏မျက်လုံးသည် ရှောခ့်ရသွားကာ ပြူးကျယ်လာသည်။စုယီက သန်မာသော်လည်း အနက်ရောင်အကြေးခွံဘုရင်နဲ့ ယှဉ်နိုင်လောက်တဲ့ အဆင့်မှာ မရှိသေးတာတော့ အသိသာကြီးပင်။ယခုတော့ အနက်ရောင် အကြေးခွံဘုရင်ကြီးပေါ်မှာ ကုစားမရနိုင်တဲ့ ဒဏ်ရာတွေ ရနေပြီတဲ့လား?
ကြောက်စရာကောင်းလိုက်တဲ့ တိုးတက်နှုန်းဘဲ!
အံ့ဖွယ်ဘဲ!
တကယ့်ကို အံ့လောက်စရာဘဲ!
ထို့နောက် စုယီသည် တစ်ပတ်လှည့်လိုက်ပြီး ခြေထောက် ဆောင့်လိုက်ရာ မြေပြင်ပေါ်တွင် ကြီးမားသော ချိုင့်ခွက်ကြီး ဖြစ်သွားသည်။
သူတို့ကြားရှိ ဆယ်မီတာ အကွာအဝေးသည် သူတို့အတွက်တော့ နီးနီးလေးပင် ဖြစ်သည်။
အနက်ရောင် အကြေးခွံဘုရင်သည် ပြာပြာသလဲ နောက်ပြန်ဆုတ်သည်။သို့သော် အချိန်မမှီတော့ပါ။ဓားထိပ်ဖျားသည် သူ၏ရင်ဘတ်သို့ စိုက်ဝင်နေပြီ ဖြစ်သည်။
အကြည့်ချင်းဆုံသည့်အခါ သူသည် စုယီ၏ မျက်လုံးထဲမှာ သတ်ဖြတ်ချင်စိတ် မီးလျှံများကို မြင်လိုက်ရသည်။
လူပေါင်း မြောက်မြားစွာကို သတ်ခဲ့ဖူးသည့် သူလိုလူတောင်မှာ ကျောထဲထိ စိမ့်နေအောင် ကြောက်သွားသည်။
“ဒီမျက်လုံးတွေ…”
အနက်ရောင် အကြေးခွံဘုရင်သည် ကြောက်လန့်တကြားဖြင့် သူ၏ဘယ်လက်နှင့် အလျင်အမြန် တားဆီးရန် ကြိုးစားသည်။
ဓားသွားသည် သူ့လက်ဖဝါးကို တို့ဖူးဖြတ်သကဲ့သို့ လျင်မြန်စွာ ထိုးဖောက်သွားသည်။သို့သော် သူသည် ခေါင်းမာသည်။ကျူးဝူဓားသွားက သူ့လည်ပင်းထိ ရောက်မလာစေရန် သူ၏အရိုးများကို အသုံးပြုကာ ဓားကို ဖိညှပ်ထားသည်။
ရွှင်! ရွှင်! ရွှင်!
အနက်ရောင် အကြေးခွံဘုရင်၏ ခါးနားမှ အနက်ရောင် အလင်းကြောင်းများသည် ထွက်ပေါ်လာပြီး စုယီစီသို့ လျင်မြန်သည့်အရှိန်ဖြင့် ပြေးဝင်လာသည်။
သူ၏ ညာလက်ကို တစ်ချက် လှည့်လိုက်ရုံဖြင့် ကျူးဝူဓားသည် သူ၏ ဘယ်ဘက်လက်ဖဝါးကို ထက်ခြမ်း ခြမ်းသွားသည်။ဓားသွားသည် လေထုထဲတွင် များစွာသော ဓားပန်းပွင့်များသဖွယ် ပေါ်လာပြီး အနက်ရောင် အလင်းတန်းများကို ဖြိုခွဲလိုက်ရာ ထိုအလင်းတန်းများသည် အကြေးခွံသုံးခုအဖြစ်သို့ ပြောင်းလဲသွားသည်။
အခြေအနေ ဆိုးရွားလာသည်ကို မြင်သည့်အခါ အနက်ရောင် အကြေးခွံဘုရင်ကြီးသည် ထွက်ပြေးတော့သည်။
လက်နှစ်ဘက်လုံး ဆုံးရှုံးသွားသည့်အတွက် သူ၏စွမ်းအားသည် သိသိသာသာပင် လျော့ကျသွားသည်။သူသည် စုယီထံမှ ဝေးဝေး မပြေးနိုင်ပါ။
စွမ်းအားများလည်း ပြန်လည်ပြည့်တင်းလာပြီး ကျူးဝူဓားရဲ့ လှုံ့ဆော်မှုကိုလည်း ရရှိနေတဲ့အချိန်မှာ စုယီက ဘာလို့ သူ့ကို ထွက်ပြေးခွင့်ပေးမှာလဲ?
မိုးကြိုးသံနှင့်အတူ!
စုယီသည် သူ၏ခြေထောက်များကို ကွေးကာ အမြောက်ဒုံးကျည်ကဲ့သို့ ကောင်းကင်ထက်သို့ တက်သွားသည်။တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် မြင်လိုက်ရသည်။
သူသည် မရေမတွက်နိုင်သော လူများအတွက် နတ်ဘုရားတစ်ပါးနှင့်ပင် တူနေသည်။
“ထွက်ပြေးဖို့ကို စဉ်းတောင်မစဉ်းစားနဲ့!”
အနက်ရောင် အကြေးခွံဘုရင်နောက်သို့ လိုက်ရင်း စုယီ၏အကြည့်သည် အေးစက်နေသည်။
အနက်ရောင် အကြေးခွံဘုရင်သည် ပြင်းထန်သော ဒဏ်ရာများ ခံစားနေရသော်လည်း သူ၏ တုံ့ပြန်မှုနှင့် အရှိန်သည် မြန်ဆန်နေဆဲဖြစ်သည့်အတွက် အလွယ်တကူပင် ရှောင်တိမ်းနိုင်လိုက်သည်။
ထို့ကြောင့် စုယီသည် အနက်ရောင် အကြေးခွံဘုရင်နောက်သို့ အရူးအမူး လိုက်တော့သည်။သူ့လမ်းကြောင်းတစ်လျှောက်ရှိ မိစ္ဆာသားရဲများကို အသီးအနှံ ဖြတ်သလို ပိုင်းဖြတ်သွားသည်။
“ပြေးတာလား? ဆက်ပြေးစမ်း!”
အနက်ရောင် အကြေးခွံဘုရင်ကို ကဲ့ရဲ့ရှုံ့ချသည့် စုယီ၏ မိုက်ရူးရဲဆန်သော ရယ်သံသည် အနက်ရောင် အကြေးခွံဘုရင်၏နောက်မှ ထွက်ပေါ်လာသည်။
ကျူးဝူဓားကြောင့် စုယီသည် ပိုမြန်ပြီး ပိုသန်မာလာသဖြင့် အနက်ရောင်အကြေးခွံဘုရင်သည် ဖိအားပိုများလာသည်။
အနက်ရောင် အကြေးခွံဘုရင်က ကောင်းကင်သို့ ပျံတက်ရန် ကြံရွယ်တိုင်း သုယီူည် ဓားချီဖြင့် အနောက်မှ လှမ်းခုတ်ပြီး သူ့ကို ပြန်ဆွဲချလေရာ အနက်ရောင် အကြေးခွံဘုရင်သည် ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ ပြန် ပြန်ကျသွားသည်။
“မင်းဓားကို ပစ်လိုက်!”
ထြိအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော အသံသည် စုယီ၏ နှလုံးသားထဲမှတစ်ဆင့် ထပ်မံ အမိန့်ပေးလိုက်ရာ စုယီသည် ထိတ်လန့်သွားပြီး သူ၏ မသိစိတ်ကပင် ဓားကို လွှတ်ချမိသွားသည်။
…
သူ့ရဲ့—
ဓားရှည်သည် လေကို ဖြိုခွင်းကာ အလောင်းကောင်တောင်ကို ဖြတ်၍ လမ်းတစ်လျှောက်ရှိ နတ်ဆိုးသားရဲများကို တစ်ကောင်ပြီးတစ်ကောင် ပိုင်းဖြတ်သွားသည်။အဆုံးတွင်တော့ အလင်း၏အလျင်နှုန်းနှင့် အနက်ရောင် အကြေးခွံဘုရင်ကြီး၏ခေါင်းကို ဖြတ်လိုက်လေသည်။
ဘုန်း!
အနက်ရောင် အကြေးခွံဘုရင်ကြီး၏ခေါင်းသည် ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားကာ သူ၏ခန္ဓာကိုယ်သည် ဒူးထောက်ရက်သား မြေပြင်ပေါ်သို့ လဲကျသွားသည်။သွေးများ နေရာအနှံ့ ပျံ့နှံ့သွားသည်။
နတ်ဆိုးဘုရင်တစ်ကောင်က ဒီလို အဆုံးသတ်သွားပြီ!
တိတ်ဆိတ်မှု!
စစ်မြေပြင် တစ်ဝန်းလုံး တိတ်ဆိတ်သွားသည်။နတ်ဆိုးသားရဲများအားလုံး သူတို့လမ်းမှာတင် ရပ်တန့်ကုန်သည်။အလောင်းကောင် ပမာဏကိုကြည့်ပြီး ကြောက်ရွံ့ကာ ရှေ့ဆက်မတိုးဝံ့တော့ပါ။
နတ်ဆိုးတိမ်တိုက်ပေါ်ရှိ သခင်ကြီးချီယန်သည် မယုံကြည်နိုင်သော မျက်နှာဖြင့် ပါးစပ်အဟောင်းသား ငေးကြည့်နေခဲ့သည်။
အနက်ရောင် အကြေးခွံဘုရင်က ဒီလိုမျိုး သေသွားတာလား?
ဟားဟားဟား—
ကျူးဝူဓားသည် လေထဲတွင် လည်ကာ စုယီလက်ထဲသို့ ပြန်ရောက်လာခဲ့သည်။စုယီ ကိုယ်တိုင်လည်း ကြောင်သွားသည်။
ဘုရားရေ!
ဒီဓားမှာ ဝိဉာဉ်ရှိတာလား!
ဓားနတ်ဆိုး?
မသိစိတ်ကပင် စုယီသည် ကျူးဝူဓားကို အဝေးသို့ လွှင့်ပစ်ချင်သွားသည်။သို့ရာတွင် ဓားသည် သူ့လက်မှာ ကပ်နေပြီး ဘယ်လိုမှ ခါချမရပါ။
“အာဝူး—”
သူ့နောက်ရှိ အလောင်းကောင်တောင်ပေါ်တွင် ကြီးမားသော မြေခွေးကြီးသည် ကောင်းကင်ကို ကြည့်ကာ အူလေသည်။ထိုသို့ အူပြီး နောက်လှည့်ကာ ပြေးသွားလေတော့သည်။
အခြား နတ်ဆိုးသားရဲများလည်း ထွက်ပြေးကြသည်။တစ်ချို့သော စိတ်ဝိဉာဉ် ပညာကျွမ်းကျင်သည့် မိစ္ဆာများဆိုလျှင် လူစကားတောင် ပြောကြလေသည်။
“ဘုရင်ကြီး သေပြီ!”
“ပြေးကြ!”
“ပြီးသွားပြီ! ဘုရင်ကြီး သေပြီ! အခု ထွက်မပြေးရင် ငါတို့လည်း သေလိမ့်မယ်!”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!”
ထိုသို့ဖြင့် မိစ္ဆာသားရဲစစ်တပ်ကြီးသည် ဒီရေအလား ပြန်ဆုတ်သွားလေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် မြို့ထဲရှိ လူတိုင်းသည် အသက်ရှုဖို့ပင် မေ့နေကြသည်။ဘာတွေ ဖြစ်ကုန်တာလဲ?
နတ်ဆိုးသားရဲစစ်တပ်ကြီးက ပြန်ဆုတ်သွားပြီ?
ထန်ချွမ်မင်နှင့် အခြားသူများသည် ကျူးဝူဓားက အနက်ရောင် အကြေးခွံဘုရင်အား ခေါင်းဖြတ်လိုက်သည့် ဗီဒီယိုဖိုင်ကို မမြင်လိုက်သည့်အတွက် အခြေအနေကို အတည်မပြုနိုင်သေးပါ။စုယီများ သေသွားပြီလား?
ထိုအချိန်တွင် စုယီသည် အမြင့်ဆုံး အလောင်းကောင်တောင်ပေါ်သို့ တက်ကာ တိုက်ရိုက်လွှင့်နေသည့် ကင်မရာကလည်း သူ့ကို တည့်တည့်ချိန်လိုက်လေသည်။
“ကင်မရာကို ချဲ့လိုက်!”
ထန်ချွမ်မင်က အလျင်အမြန် ညွှန်ကြားလိုက်ရာ ဝန်ထမ်းကလည်း ခေါင်းငြိမ့်ပြီး တိုက်ရိုက်လွှင့်သည့် ကင်မရာကို စုယီရှိရာသို့ အနီးကပ် ဆွဲလိုက်သည်။
နေရောင်အောက်တွင် သွေးများပေကျံနေသော စုယီသည် ကျူးဝူဓားကို မြင့်မြင့် မြှောက်ထားသည်။သူ့ ကြွက်သားများသည် သတ္ထုကဲ့သို့ တောက်ပြောင်နေကာ လေထုတွင် ရက်စက်မှုများ၊ သွေးဆာမှုများ ပါဝင်နေသည်။
“အနက်ရောင် အကြေးခွံဘုရင်ကို ငါ သတ်လိုက်ပြီကွ!”
စုယီသည် သူ့နတ်ဆိုးစွမ်းအင် အကုန်လုံးကို စုစည်းကာ ကြွေးကြော်လိုက်သည်။မောပန်းနွမ်းနယ်နေသော သူ့အသံတွင် သူ့ဒေါသတင်းမာမှုများကို ဖြေလျော့ပြီး ဖြစ်သည်။
သူ့အသံသည် ရှီဝမ်မြို့ထဲတွင် အချိန်အတန်ကြာသည်အထိ ပဲ့တင်ထပ်နေသည်။
တိတ်ဆိတ်မှု!
တစ်မြို့လုံး တိတ်ဆိတ်နေသည်။သို့သော် စက္ကန့်ပိုင်းအတွင်း မိုးထိညံသည့် ကြွေးကြော်သံများ ထွက်ပေါ်လာသည်။
“ငါတို့ နိုင်ပြီကွ!”
“ဘုရားရေ! စုယီ နိုင်သွားပြီ!”
“လုံးဝမိုက်တယ်! အနက်ရောင် အကြေးခွံဘုရင် သေပြီ!”
“သေစမ်း! စုယီက နတ်ဘုရားလားကွာ! အရမ်း စွမ်းအားကြီးတာဘဲ!”
“ခုကစပြီး စုယီက ငါ့ နတ်ဘုရားဘဲ!”
လူတိုင်း စိတ်လှုပ်ရှားနေကြပြီး မြို့စွန်နားရှိ လူများသည် စစ်မြေပြင်ပေါ်သို့ ဒီရေအလား ပြေးတက်လာကြသည်။ထန်ချွမ်မင် အပါအဝင် စိတ်လှုပ်ရှားစွာ ပြေးဝင်လာသည်။
ရှီဝမ်မြို့တော် ကယ်တင်ခြင်း ခံလိုက်ရပြီ။
တောက်လောင်နေသော နေမင်းကြီးသည် နတ်ဆိုးအလောင်းများ ပြန့်ကျဲနေသည့် စစ်မြေပြင်ပေါ်တွင် ထွန်းလင်းတောက်ပနေသည်။စုယီသည် စစ်နတ်ဘုရားကဲ့သို့ အလောင်းကောင်များ၏ တောင်ထိပ်ပေါ်တွင် ရပ်နေခဲ့သည်။
ထိုမြင်ကွင်းကို မြို့ထဲရှိ လူပေါင်းများစွာက မှတ်တမ်းတင်ထားလိုက်သည်။
“စုယီ! စုယီ! စုယီ…”
ထိုအချိန်တွင် လူတိုင်းသည် အိမ်မှထွက်ကာ Su Yie ၏အမည်ကို လမ်းမများပေါ်တွင် အော်ဟစ်ကြသည်။ရှီဝမ်မြို့အတွင်း ကြွေးကြော်သံများ ထွက်ပေါ်လာသည်။ ထောင်နှင့်ချီ ပေါင်းစည်းထားသော အသံများသည် ခမ်းနားသော မြင်ကွင်းတစ်ခုဖြစ်ပြီး နှလုံးသားများကို ရိုက်ခတ်ကာ ကောင်းကင်အမိုးခုံးရှိ တိမ်များကိုပင် လှုပ်ခါစေသည်။
စုယီ၏နာမာ်သည် နတ်ဘုရားတစ်ပါး၏ အမည်ကဲ့သို့ ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်နေသည်။
ထိုအချိန်တွင် နန်ရှောင်ပေါင်သည်လည်း မြို့စွန်သို့ ရောက်လာကာ လူအုပ်နှင့်အတူ စစ်မြေပြင်စီသို့ ပြေးလာခဲ့သည်။သူမ၏မျက်နှာသည် ပျော်ရွှင်မှုကြောင့် တောက်ပနေကာ ပျော်လွန်းသဖြင့် မျက်ရည်များပင် စီးကျလာခဲ့သည်။
သိန်းချီတဲ့ နတ်ဆိုးသားရဲတွေဘဲ ဖြစ်ပါစေ!
ဘယ်လောက် စွမ်းအားကြီးတဲ့ နတ်ဆိုးဘုရင်ဘဲ ဖြစ်ပါစေ!
စုယီတစ်ယောက်ထဲနှင့် နတ်ဆိုးဘုရင်လည်း သေသွားကာ နတ်ဆိုးစစ်တပ်လည်း တပ်ပြန်ဆုတ်သွားရသည်။
…