နတ်ဆိုးမြေခွေး ကြယ်ပွင့်
Vol. 2 Ch. 24
“စုယီ!”
စုယီက အသေကောင်တောင်ပေါ်မှ ဆင်းလာသည့်အခါ နန်ရှောင်သည် လူအုပ်ကြားထဲမှ ထိုးထွက်လာခဲ့သည်။သူ့ခန္ဓာကိုယ်ပေါ်တွင် သွေးများ ပေကျံနေသည်ကိုပင် ဂရုမပြုနိုင်တော့ဘဲ သူမသည် ပြေးဖက်ကာ ကျယ်လောင်စွာ ငိုတော့သည်။
စုယီက သိန်းချီသည့် နတ်ဆိုးသားရဲများကို တစ်ယောက်ထဲ တိုက်နေသည်ကို မြင်ရသည့်အခါ အထူးသဖြင့် စုယီ အော်သံကို ကြားလိုက်ရသည့်အခါတွင် သူမ၏နှလုံးသားများ ကွဲကြေခဲ့ရသည်။ထိုအဖြစ်အပျက်သည် သူမကို ကောင်းကင်ကြီးမည်းမှောင်ကာ ကမ္ဘာကြီး အရောင်တွေ မှေးမှိန်ပျောက်ကွယ်သွားသကဲ့သို့ပင် ခံစားစေသည်။
အသေကောင်တောင် ရှေ့တွင် လူတိုင်းသည် စုယီအတွက် ကြွေးကြော်အားပေးကြသည်။
နန်ရှောင်ပေါင်က စုယီကို ဖက်ကာ ငိုနေသည်ကို မြင်သည့်အခါ သူတို့ အားလုံး ပြုံးကာ စုယီနှင့် ပိုပြီး နီးကပ်လာခဲ့သည်။
ဒီနတ်ဆိုးတစ်ပိုင်းက တကယ် လူသားဘဲ။သူ့မှာ ကိုယ်ပိုင် မိန်းကလေးလည်း ရှိတယ်။သူက ကြမ်းကြုတ်ပြီး နှလုံးသားမဲ့တဲ့ မကောင်းဆိုးဝါး မဟုတ်ဘူး။
ထန်ချွမ်မင် ဦးဆောင်ကာ စုယီအတွက် လက်ခုပ်တီးလေသည်။မိုးကြိုးတမျှ လက်ခုပ်သံများသည် စစ်မြေပြင်တစ်ဝန်း ပဲ့တင်ထပ်နေသည်။တစ်ချို့ လူအိုကြီးများဆိုလျှင် မျက်ရည်များပင် ကျကုန်ကြသည်။
ကပ်ဘေးဆိုးကြီးမှ လွတ်မြောက်ခြင်းသည် စိတ်လှုပ်ရှားစရာ အကောင်းဆုံးဖြစ်သည်။
“အရူးလေး။ ကိုယ်က ဒီလောက် သန်မာတာ။ ဘယ်လိုလုပ် ထိခိုက်မှာလဲ”
စုယီသည် နန်ရှောင်ပေါင်၏ နား နားသို့ကပ်တာ တီးတိုးပြောရင်း ရယ်မောလေသည်။သူသည် သူမဆံပင်များကို ပွတ်သပ်ပြီး နှစ်သိမ့်ပေးချင်သော်လည်း သူ၏လက်များတွင် သွေးများ ပေကျံနေသည့်အတွက် သူမ ညစ်ပတ်သွားမှာလည်း စိုးသည်။
နန်ရှောင်ပေါင်သည် မျက်ရည်များကို သုတ်လိုက်ကာ သူ့ကိုကြည့်ပြီး ငေါက်တော့သည်။ “နောက်တစ်ခါဆို ငါ့ကို အရင်ပြော ကြားလား!”
စုယီသည် ပြုံးကာ ခေါင်းငြိမ့်လေသည်။
ထိုအချိန်တွင် ထန်ချွမ်မင်သည် စုယီကို ဦးညွှတ်ကာ သူ၏ ခံစားချက်များကို ထိန်းရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ “ရှီဝမ်မြို့ထဲမှာရှိတဲ့ လူတိုင်းရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ်!”
စုယီသာ ရောက်မလာခဲ့ရင် သူသည် ငမိုက်သား ဖြစ်ရပေတော့မည်။အသက်ရှင်ခဲ့လျှင်လည်း သူ၏ ပြစ်ဒဏ်ကြောင့် သူ့ဘဝတစ်လျှောက် သေသည်အထိ အေးဆေး ခေါင်းချနိုင်မည်မဟုတ်ပါ။
စုယီသည် သူ၏ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သာ်။ “ကျွန်တော့်ကို ကျေးဇူးတင်မယ့်အစား သင်တို့ရဲ့ စွမ်းအားကျင့်ကြံရေးကို ပိုပြီး အာရုံစိုက်ထားလိုက်ပါ။နောက်တစ်ကြိမ်ကျ ကိုယ့်ဘာသာ အားကိုးနိုင်အောင် လုပ်ကြပါ”
နောက်မှာ ရှိတဲ့ ယောကျာ်းများက ထိုစကားကို ကြားသည့်အခါ လက်သီးလက်မောင်းတန်းလျက် သဘောတူကြသည်။
ထန်ချွမ်မင်သည် ကြည့်ကာ သတိပေးလိုက်သည်။ “အရင်ဆုံး စစ်ပွဲရဲ့ အပျက်အစီးတွေကို ရှင်းသင့်တယ်”
စစ်မြေပြင်တစ်ဝန်းလုံးတွင် နတ်ဆိုးအသေကောင်များ၏ ခန္ဓာကိုယ်များ ပြန့်ကျဲနေသည်။စုစုပေါင်း တစ်သောင်းလောက် ရှိမည်။နတ်ဆိုးသားရဲများစီ အစွယ်နှင့် အမွှေးများကို ပစ္စည်းများ ပြုလုပ်၍ရသည်။
စုာီသည် တိုက်ပွဲကို အနိုင်ယူကာ ပြောသည်။ “ကျွန်တော့် အမျိုးအစားကို ခု လူတိုင်း သိသွားပြီလို့ ထင်ပါတယ်။ကျွန်တော်က နတ်ဆိုးတစ်ပိုင်း ဖြစ်တဲ့အတွက် ကျွန်တော့်စွမ်းအားတွေကို မြှင့်တင်ဖို့ နတ်ဆိုးအမြုတေကို လိုအပ်တယ်။ဒါကြောင့် နတ်ဆိုး အမြုတေကလွဲ ကြိုက်ရာယူကြပါ”
တစ်စုံတစ်ယောက်က နတ်ဆိုးအမြုတေကို ဖွက်ထားမှာ သူ မကြောက်ပါ။လူသားတစ်ယောက်က နတ်ဆိုးအမြုတေကို မျိုချလိုက်မည်ဆိုလျှင် ပေါက်ကွဲကာ သေသွားလိမ့်မည်။သူတို့ မသေခဲ့လျှင်တောင်မှ နတ်ဆိုး ဖြစ်သွားလိမ့်မည်။
သူတို့ စုယီလိုမျိုး နတ်ဆိုးလမ်းကြောင်းကို မလိုက်ရင်ပေါ့။
ရှီဝမ်မြို့က လူများသည် ရွှမ်ယွမ်လူသားဧကရာဇ်၏ ကျင့်ကြံခြင်းနည်းလမ်းကို ကျင့်သုံးကြသည်။ထိုနည်းလမ်းသည် နတ်ဆိုးအမြုတေကို အသုံးပြုရန် မလိုအပ်သဖြင့် မည်သူမှလည်း သုံးရဲကြမည် မဟုတ်ပါ။
နောက်ပြီး စုယီက သူတို့ရဲ့ ကယ်တင်ရှင်ဘဲ။
ထို့ကြောင့် ထန်ချွမ်မင်သည် စုယီအတွက် နတ်ဆိုး အမြုတေကို ရှာပေးရန် အားလုံးကို ညွှန်ကြားလိုက်သည်။
ရှာဖွေမှု ပြီးမြောက်ဖို့ နာရီနှင့်ချီအောင် ကြာခဲ့သည်။
သူတို့သည် နတ်ဆိုးအမြုတေ နှစ်ရာမက ရှာတွေ့ခဲ့သည်။
နတ်ဆိုးသားရဲများ၏ ကျင့်ကြံခြင်းအရ အမျိုးအစား များစွာရှိပေရာ သိန်းချီသော နတ်ဆိုးသားရဲစစ်တပ်၏ ခေါင်းဆောင်များသည် သူတို့၏ နတ်ဆိုးစွမ်းအားကို ကျင့်ကြံပြီးကြသူများ ဖြစ်သည်။
သူတို့၏ နတ်ဆိုးစွမ်းအားမှ နတ်ဆိုးအမြုတေအဖြစ် ပြောင်းလဲနိုင်ကြသူများသည် လူစကားကိုပင် ပြောနိုင်ကြသည်။ထင်ရှားတဲ့ စိတ်ဝိဉာဉ်လည်း ရှိသည်။ထို့ကြောင့်ပင် သူတို့သည် အလွန် ရက်စက် ကြမ်းကြုတ်ကြသည်။
ထွားကျိုင်းသော အမျိုးသားနှစ်ယောက်သည် သူတို့အဝတ်အစားများကို ကတိုက်ကရိုက် ချွတ်ကာ နတ်ဆိုးအမြုတေကို ထုတ်ပိုးပြီး စုယီ လက်ထဲသို့ ထည့်လိုက်သည်။
လူများ၏ နှစ်လိုအားကျသည့် အကြည့်များအောက်တွင် စုယီသည် နန်ရှောင်ပေါင်ကို မြို့အတွင်းသို့ ခေါ်ဆောင်သွားသည်။
စုယီသည် သူတို့၏ ကျေးဇူးရှင်ဖြစ်သည့်အတွက် မည်သူမျှ မနှောင့်ယှက်ဝံ့ပါ။တိုက်ပွဲပြီးနောက် သူလည်း အနားယူဖို့ လိုအပ်ပေသည်။
“ကောင်းပြီ။စစ်မြေပြင်ကို အမြန်ရှင်းကြရအောင်။ဒီသားရဲတွေရဲ့ အစွယ်၊ အမွှေးနဲ့ အရိုးတွေကို စု။ အားလုံးဘဲ သေချာဂရုစိုက်ကြနော်”
ထန်ချွမ်မင်သည် စစ်မြေပြင်ကို ရှင်းလင်းရန် လူများကို စတင်ညွှန်ကြားလေသည်။စစ်ပွဲသည် သူတို့အား ရှေးဟောင်းတော၏ ရက်စက်ကြမ်းကြုတ်မှုအမှန်ကို ပြသပေးခဲ့သည်။
သူတို့တွင် ကျင့်ကြံခြင်းလမ်းစဉ် ရှိသော်လည်း စုစည်းဖို့ လိုအပ်သေးသည်။မဟုတ်လျှင် ဘယ်လိုမှ အသက်ရှင်နိုင်မည် မဟုတ်ပါ။
အဆုံးတွင် ရှီဝမ်မြို့၌ လူသား မည်မျှ အသက်ရှင်ကျန်ခဲ့မယ်ဆိုတာ ဘယ်သူ သိနိုင်မှာလဲ?
အခုတောင် များများ မကျန်တော့ပါ။
စုယီနှင့် နန်ရှောင်ပေါင် မြို့ထဲသို့ ဝင်သွားသည့်အခါ သူတို့ကို လမ်းတစ်လျှောက်တွင် လူအများက စီးကြိုဂုဏ်ပြုကြသည်။စုယီတွင် သွေးများရွှဲနေသည်ကို မြင်သည့်အခါ မြို့သားများသည် သူ့ကို မထိရဲကြဘဲ သူ့အတွက် လမ်းသာ ဖယ်ပေးကြသည်။
“မေမေ သား ကြီးလာရင် သူ့လို ဖြစ်ချင်တယ်”
ခုနှစ်နှစ်အရွယ် ကောင်လေးသည် သူ့မိခင်လက်ကို ကိုင်ကာ စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို မြင်ပြီးတာတောင် စိတ်အားထက်သန်စွာ ပြောလေသည်။သူ၏မျက်လုံးများသည် ပကတိ ဖြူစင်လွန်းလှသည်။
သူ့မိခင်သည် ပြုံးကာ သူ့ခေါင်းကို ပုတ်လိုက်သည်။ “ မေမေ သားကို ယုံတာပေါ့”
ထိုစစ်ပွဲသည် မြို့ထဲရှိ သောင်းချီသော လူများအား စုယီကို မှတ်မိသွားစေသည်။အသေကောင်တောင်ထိပ်ပေါ်တွင် ရပ်နေသော သူ့ပုံရိပ်သည် ဘယ်လိုမှ မေ့မရနိုင်အောင် ရင်ထဲစွဲကျန်ရစ်သည့်မြင်ကွင်းပင် ဖြစ်သည်။
“ငါ မြို့ထဲမှာ မနေချင်ဘူး”
လမ်းလျှောက်ရင်း စုယီက ပြောသည်။သူသည် ကျူးဝူဓား၏ ကွဲလွဲချက်များကို အပြည့်အဝ နားလည်ဖို့ရန်အတွက် သေချာ လေ့ကျင့်လို့ရမည့် နေရာတစ်ခုကို ရှာချင်သည်။
“ငါ နင်နဲ့ လိုက်ခဲ့ရမလား?”
နန်ရှောင်ပေါင်သည် အလျင်အမြန် မေးလိုက်သည်။စုယီ ထွက်သွားသည့်နေ့ကစ သူမသည် နေ့စဉ်နေ့တိုင်း စိတ်ပူနေခဲ့ရသည်။
စုယီသည် ပြုံးလိုက်ပြီး မြို့စွန်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ငါ အာ့တောင်ထိပ်မှာဘဲ ကျင့်ကြံတာ။နင့်အတွက် မြို့ထဲမှာက ပိုလုံခြုံတယ်။ငါက အေးဆေးပါ”
နေဝင်သွားတိုင်း လူ့သဘာဝအရ တစ်ခါတစ်ရံတော့ ကြောက်မိသည်။
မြို့သူမြို့သားတွေသည် စတင် ကျင့်ကြံနေကြပြီဖြစ်သော်လည်း နဂါးတစ်ကောင်စွမ်းအားရှိသည့် စုယီကိုတော့ မှီနိုင်မည် မဟုတ်ပါ။ထို့ကြောင့် စုယီသည် သူမ အန္တရာယ်ကျရောက်မည်ကိုတော့ မစိုးရိမ်ပါ။
သူတစ်ပါးကိုလည်း အနိုင်မကျင့်တတ်သည့် ဤမိန်းကလေးသည် အစစအရာရာ ကောင်းမွန်သည်။
ထိုစကားကို ကြားသည့်အခါ နန်ရှောင်ပေါင်သည် နှုတ်ခမ်းစူကာ ပြောလေသည်။ “ပြီးရော ဒါဆို ငါ့ကို မကြာမကြာ လာတွေ့။ငါ အဒေါ့်အိမ်မှာဘဲ နေမှာ”
“သိပါပြီဗျာ”
စုယီသည် ရွှင်ပြစွာ ပြုံးကာ နန်ရှောင်ပေါင်ကို ပြန်တော့ဆိုသည့် အမူအရာဖြင့် လက်ယမ်းပြလိုက်သည်။
နန်ရှောင်ပေါင်သည် ခေါင်းငြိမ့်ကာ နောက်လှည့်ထွက်သွားသည်။သူမသည် လမ်းကွေ့ ရောက်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ စုယီများ ထွက်သွားပြီလားဟု တွေးကာ သုံးလှမ်း လှမ်းပြီးတိုင်း နောက်သို့ လှည့်ကြည့်နေသည်။
သူထွက်သွားသောအခါ နန်ရှောင်ပေါင်သည် လမ်းကွေ့သို့ ပြန်လှည့်လာပြီး ဖော်ပြမရနိုင်သည့် အမူအရာမျိုးဖြင့် သူ၏ ပျောက်ကွယ်သွားသည့်ပုံရိပ်ကို ငေးကြည့်နေခဲ့သည်။
စုယီသည် သူ့မျက်လုံးများကို မှိတ်ကာ လျင်မြန်စွာ ပြေးလွှားနေသည်။ယခုဆိုလျှင် သူသည် စိတ်အာရုံကိုဘဲ အသုံးပြုကာ အတားအဆီးများကို ရှောင်လွှဲနိုင်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် စာမျက်နှာတစ်ခုသည် သူ့စိတ်အာရုံထဲ ပေါ်လာသည်။
အောက်ပါပုဂ္ဂိုလ်များထဲမှ တစ်ဦးကို ဧကရာဇ်စုဂိုဏ်းသို့ ဖိတ်ခေါ်ပါ။
ဖုန်းလေ့!
လေနုအေး တာအို!
ထန်ချင်းထျန်း!
မြေခွေးဖြူ ဘုရင်မ!
ည မိုးမခ အဆိပ်ဘုရင်။
…
စုစုပေါင်း နာမည် နှစ်ဆယ့်ခြောက်ခု ရှိသည်။သူတို့ထဲက အချို့သည် တစ်ကြိမ်ထပ်မက ပါပြီးသားဖြစ်သည်။
ထိုနာမည်များကို မမှတ်မိဘဲ စုယီသည် ခေါင်းစဉ်ကို ကြည့်ပြီးသား ရွေးချယ်ခဲ့သည်။
လောလောဆယ် ဧကရာဇ်စုဂိုဏ်းတွင် အမျိုးအစား သုံးမျိုး ရှိပြီဖြစ်သည်: လူသားမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်၊ နတ်ဆိုးမျိုးဆက် ရှားထန်ယိ၊ လူသားမျိုးနွယ်မှာ ဝူချင်းယောင်၊ သခင်ကြီးချီယန်၊ နတ်ဆိုးမျိုးနွယ် ကျားနက်ဧကရာဇ်၊ နတ်ဆိုးမျိုးဆက်မှာ နတ်ဆိုးဘုရင် ချင်းယန်။
အားအနည်းဆုံး အုပ်စုမှာ နတ်ဆိုးမျိုးနွယ်လည်း မဟုတ်သလို နတ်ဆိုး မျိုးဆက်လည်း မဟုတ်ပါ။
ရှားထန်ယိ ဂိုဏ်းတွင် ပါဝင်လာကတည်းက နတ်ဆိုးဘုရင်ချင်းယန်နှင့် ကျားနက်ဧကရာဇ်တို့သည် ဝူချင်းယောင်ကို စနောက်ရင်းဖြင့် ဂိုဏ်းအတွင်း နူးညံ့သိမ်မွေ့လာခဲ့သည်။
စုယီသည် နတ်ဆိုးဆန်ပြီး ထူးခြားသည့် နာမည်တစ်ခုကို ရွေးချယ်လိုက်သည်။
နတ်ဆိုးမြေခွေး ကြယ်ပွင့်!
ထို့နောက် မကြာမီ မြင်ကွင်းသည် ပြောင်းလဲသွားသည်။
ဧကရာဇ်စုသည် မြေခွေးနတ်ဆိုး ကြယ်ပွင့်ကို ဧကရာဇ်စုဂိုဏ်းသို့ ဖိတ်ခေါ်လိုက်ပါသည်။
ဝူချင်းယောင်: နောက်ထပ် နတ်ဆိုးဘုရင်။
ကျားနက်ဧကရာဇ်: သူ—နတ်ဆိုးမြေခွေး ကြယ်ပွင့်! သူက ဘယ်လိုဖြစ်ပြီး ဝင်လာတာလဲ!
သခင်ကြီးချီယန်: ခုနှစ်ဆက်မြောက် မင်းနေရာကို လုယူခဲ့တဲ့ မြေခွေးနတ်ဆိုး ကြယ်ပွင့်လား?
နတ်ဆိုးမြေခွေး ကြယ်ပွင့်: မင်းက ဘယ်သူလဲ?ဘာလို့ ငါ့စိတ်အာရုံထဲ ရောက်နေတာလဲ? မင်းအဘိုးကို လာ ကျီစယ်ရဲတယ်ပေါ့!သေချင်နေပြီလား? မင်းဘိုးအေက မင်းကို နှိပ်စက်ပြီးသတ်ဖို့ နည်းလမ်းသောင်းချီ ရှိတယ်ကွ!
နတ်ဆိုးဘုရင် ချင်းယန်: ဟမ်?
ဓားဝိဇ္ဇာ ရှားထန်ယိ: ဟက်!
မြေခွေးနတ်ဆိုး ကြယ်ပွင့်: ဘုရားရေ! နတ်ဆိုးဘုရင် ချင်းယန်! ရှားထန်ယိ! ကျွန်တော့်စကားကို ပြန်ရုတ်သိမ်းလို့ရမလား?
စုယီသည် ကြည့်နေရင်း စွံ့အသွားသည်။မြေခွေးနတ်ဆိုး ကြယ်ပွင့်သည် ဘာမှအသုံးမကျသည့် လူပြက် သပ်သပ်လောက်သာ ဖြစ်သည်။
သို့ရာတွင် သခင်ကြီးချီယန် ပြောပုံအရဆိုရင် မြေခွေးနတ်ဆိုး ကြယ်ပွင့်ကလည်း အားနည်းမှာတော့ မဟုတ်ပါ။
မျိုးဆက်ခုနှစ်ဆက်ကို လုယူတာ!
ဖန်သားပြင်ကို ရက်အတန်ကြာ ကြည့်ပြီးနောက် စုယီသည် ချီလင်နယ်မြေ၏ မြောက်ဘက်တွင် လူသားမျိုးနွယ်စု နယ်မြေရှိသည့် အချက်အလက်ကို သိရှိသွားသည်။ထန်၊ ကျင်း၊ ကျောက်၊ ဝေ့၊ ရွှမ်၊ အနောက်ပိုင်း၏ နတ်ဘုရား၊ ကြီးမြတ်သော ယွမ်ဟူ၍ မင်းဆက် ခုနှစ်ဆက် ရှိသည်။အင်အားအကြီးဆုံး မင်းဆက်မှာ ထန်မင်းဆက်ဖြစ်ကာ သူ့အား ကြီးမြတ်သောထန်ဟု ခေါ်တွင်ကြသည်။
ထိုရက်များတွင် ရှားထန်ယိသည် မရပ်တန့်ဘဲ ရင်သပ်ရှုမောဖွယ်ကမ္ဘာကြီးထဲသို့ ခြေဆန့်ကာ ကြီးမြတ်သောထန်ရှိရာစီသို့ တစ်ဦးတည်း စွန့်စားသွားခဲ့ပြီး ဓားဝိဇ္ဇာဟူသည့် အမည်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
…