ဓားဝိဉာဉ် ဖုန်းလုံ
Vol. 2 Ch. 25
မြို့စွန်ရှိ မြစ်ကို ရောက်ရန်အတွက် နာရီဝက်လောက်သာ ကြာသည်။ စုယီသည် သူ့ခန္ဓာကိုယ်ကို အရင်ဆုံး ဆေးကြောသည်။
ဧကရာဇ်စု ဂိုဏ်းထဲတွင် မြေခွေးနတ်ဆိုး ကြယ်ပွင့် ထပ်တိုးလာခြင်းကြောင့် ပြန်လည် အသက်ဝင်လာသည်။ကြီးမြတ်သည့် သွေးအေးစစ်ပွဲတွင် မြေခွေးနတ်ဆိုး ကြယ်ပွင့်သည့် အရေးပါလာမည့် အလားအလာရှိကြောင်း ထင်ရှားသည်။
ထိုသို့တွေးကာ စုယီသည် ဧကရာဇ်စုဂိုဏ်း၏ စာမျက်နှာကို သူ၏အတွေးထဲမှ ထုတ်လိုက်သည်။
တာအိုသိုလှောင်ရေး၏ လုပ်ဆောင်နိုင်စွမ်းသည် တိုက်ရိုက်အသုံးပြုနိုင်ကြောင်း သူတွေ့ရှိခဲ့သည်— တာအို သိုလှောင်ခန်းတွင် သိမ်းဆည်းထားသည့် အရာအားလုံးကို တွေးရုံဖြင့် သူ့လက်ထဲတွင် ရောက်လာအောင် လုပ်နိုင်သည်။
အဝတ်အစားအသစ်များကို တာအိုသိုလှောင်ခန်းမှ ထုတ်လိုက်ပြီးနောက် ပြန်သိမ်းထားလိုပ်သည်။သူသည် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်းထားသည့် တာအိုသိုလှောင်ရေးကို စတင် အသုံးပြုတတ်လာပြီ ဖြစ်သည်။ထိုအရာနှင့် ကျင့်သားရသွားသည့်အခါတွင် သူ့လက်ထဲရှိ ကျူးဝူဓားကို စတင် လေ့ကျင့်သည်။
“ဒါ ဘာသံလဲ?”
“ဓားက တကယ်ဘဲ ခံစားချက်တွေ ရှိနေတာလား?”
စုယီသည် သစ်ပင်အောက်တွင်ထိုင်ကာ ကျူးဝူဓားကို ကိုင်ကြည့်ရင်း ရေရွတ်လိုက်သည်။
“ဟက် မင်းက ခံစားချက်ရှိတဲ့ တစ်ခုတည်းသောဓားဘဲ ဖြစ်ရမယ်”
ထိုအချိန်တွင် ခုနက ကြားလိုက်ရသည့် ထူးခြားဆန်းကြယ်သည့်အသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။စုယီသည် အရမ်းလန့်သွားကာ တုန်သွားသည်။
သေစမ်း!
ငါ့ကို ခြောက်ရဲတယ်ပေါ့!
စုယီသည် ကျူးဝူဓားကို မြေပြင်ပေါ်သို့ ပစ်ချကာ ပြင်းပြင်းထန်ထန် တက်နင်းလေသည်။
“ မင်း မိုက်မဲတဲ့ ကောင်လေးဘဲ။ဘာလုပ် နေတာလဲ! ငါက မင်းအသက်ကို ကယ်ထားတာနော်!”
စုယီ၏ နှလုံးသားထဲမှ ထူးခြားဆန်းကြယ်သော အသံသည် စိတ်ဆိုးတကြီး အော်လိုက်လေသည်။
“မင်းက ဘယ်သူလဲ?”
စုယီက မေးလိုက်သည်။ကျူးဝူဓားသည် သူ့အား အခါပေါင်းများစွာ ကူညီခဲ့သော်လည်း သူသည် သေချာသတိထားမှ ရမည်။
“ငါက မသေမျိုးဓားရဲ့ ဝိဉာဉ်ဘဲ။ နာမည်က ဖုန်းလုံ! ခု ငါ့ရှေ့ ဒူးထောက်စမ်း!”
ထူးခြားဆန်းကြယ်သော အသံသည် သူ၏နာမည်နှင့် မူလရင်းမြစ်ကို ထုတ်ပြောလေသည်။
မသေမျိုးဓားရဲ့ ဝိဉာဉ်၊ ဖုန်းလုံ!
စုယီသည် အလွန် စိတ်ဝင်စားသွားသည်။ ဓားဝိဉာဉ်ဆိုတာမျိုးက တကယ် ရှိနိုင်လို့လား?
“မင်းက ‘အရာဝတ္ထု’ တစ်ခု သပ်သပ်ဘဲ”
ဖုန်းလုံသည် ဒေါသထွက်သွားသည်။ပြီးခဲ့သည့်တိုက်ပွဲတွင် ကြီးမြတ်သော တာအိုဆက်သွယ်ရေးစက်သည် စုယီနှင့် ပေါင်းစပ်သွားသဖြင့် ကျူးဝူဓားသည် စုယီအား သူ၏သခင်အဖြစ် အပြည့်အဝ အသိအမှတ်ပြုခဲ့သည်။ထိုအရာကပင် သူတို့နှစ်ဦး၏အတွေးများကို ဖလှယ်နိုင်စေခြင်း ဖြစ်သည်။
စုယီသည် ဒေါသမထွက်သော်လည်း အလွန်တော့ စိတ်ဝင်စားနေသည်။
“မင်းက ကျူးဝူဓား မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဖုန်းလုံ ဖြစ်လို့ရမှာလဲ?”
“ဟက်၊ ကျူးဝူဧကရာဇ်က ငါ့သခင်တွေထဲက တစ်ပါးလေ!”
“အိုး ဒါဆို ခု ငါက မင်းကို စုယီဓားလို့ ခေါ်ရမှာလား?”
“အာ့နာမည်က ကြောက်စရာ…”
စကားပြောကြည့်ပြီးနောက် အဆုံးတွင် စုယီသည် ကျူးဝူဓားက သူ့အား သခင်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သေချာ နားလည်သွားသည်။
ခုကစပြီး သူ မသေသ၍ ကျူးဝူဓားကို သူတစ်ဦးတည်းသာ အသုံးပြုလို့ ရတော့မည်။
“ပြောကြည့် အာ့လိုဆိုရင်ရော ဘယ်လိုလဲ။ငါက မင်းရဲ့သခင်ဘဲလေ” စုယီသည် သိချင်စွာဖြင့် မေးလိုက်သည်။
သူသည် ကျူးဝူဓား၏ ထည်ဝါမှုကို လေးလေးနက်နက် တွေ့ကြုံပြီးဖြစ်သည်။
ကျူးဝူဓား၏ သခင်ဖြစ်လာပြီဆိုတော့ သူ ဆန္ဒပြုလိုက်တာနဲ့ ဓားကို အသုံးပြုလို့ ရပြီပေါ့?
ဖုန်းလုံသည် ပြောစရာ စကားပင် မဲ့သွားသည်။ဒီကလေး အတော် လောဘကြီးတာဘဲ။
ထို့နောက် သခင်ကြီးချီယန် စီးနှင်လာသည့် နတ်ဆိုးတိမ်တိုက်သည် ပျံဝဲလာသည်။
စုယီသည် တာအိုသိုလှောင်ခန်းထဲသို့ ကျူးဝူဓားကို တိတ်တဆိတ် ထည့်လိုက်သည်။အထဲသို့ ရောက်ရောက်ချင်း ဖုန်းလုံသည် သတိလက်လွတ် ဖြစ်သွားသည်။ကြီးမြတ်သော တာအိုဆက်သွယ်ရေးစက်ကြီးနှင့် နှိုင်းယှဉ်လျှင် ယခုအရာသည် အလွန်ပင် အားနည်းသည်။
သခင်ကြီးချီယန်သည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ စုယီအား ပြုံးပြလေသည်။ “အနက်ရောင် အကြေးခွံဘုရင်ကို သတ်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်။မင်းရဲ့ ကိုယ်ပိုင်မျိုးဆက်မှာ မင်းက နတ်ဆိုးဘုရင် ဖြစ်သွားပြီ”
နတ်ဆိုးဘုရင်?
စုယီသည် မျက်မှောင်ကြုတ်လိုက်သည်။သူသည် အခြား ကျင့်ကြံရေးလမ်းစဉ်ကို ပြောင်းရန် အခွင့်အလမ်းကို ရှာဖွေနေဆဲ ဖြစ်သည်။
“ကျွန်တော့်စီက လိုချင်တာများ ရှိလို့လား?” စုယီသည် သခင်ကြီးချီယန် အနည်းငယ် စိတ်တိုနေသည်ကို တွေ့သဖြင့် ချိုသာစွာ မေးလိုက်သည်။
ဒီလူ့စီက ရထားသည့် နတ်ဆိုးစွမ်းအင် ပေလိပ်တွင် သူ နားမလည်နိုင်သည့် အရာ ပါဝင်သည်။သူသည် မျကိနှာမပျက်ချင်ပါ။ဧကရာဇ်စုဂိုဏ်းထဲမှာလည်း သခင်ကြီးချီယန်ကို ဒီအကြောင်း မေးလို့ မရပါ။
“မင်းက အနက်ရောင်အကြေးခွံဘုရင်ကို သတ်လိုက်တယ်။ သူ့ရဲ့ နောက်ခံ ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်က မင်းကို ထွက်သွားခွင့်ပြုမှာ မဟုတ်ဘူး။သူက နောက်တစ်ဆင့်ကို တက်ဖို့ ခြေတစ်လှမ်းဘဲ လိုတော့တဲ့ တကယ့် တကယ်ကို ကြီးမြတ်ပြီး စွမ်းအားကြီးတဲ့ နတ်ဆိုးဘုရင်”
သခင်ကြီးချီယန်သည် အတည်ပေါက်ကြီး ဂုဏ်ယူစွာ ပြောနေလေသည်။သူသည် စုယီအား သူ့လူအဖြစ် သဘောထားသည့်အတွက် သူ့စကားများသည် မုသားမပါ ပါ။
ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်?
…
စုယီသည် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။သူက အားနည်းတဲ့သူကို သတ်လိုက်မိပြီး ခု အင်အားကြီးတဲ့သူက ရှိသေးတာလား?
“အဲ့ဒီ ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်က ကျားသစ်နက် ဧကရာဇ်တဲ့။သူက နတ်ဆိုးဘုရင်ဆယ်ပါးကို အုပ်စိုးပြီး ကြီးမားသော နတ်ဆိုးမျိုးနွယ်နိုင်ငံကို ထူထောင်ထားတယ် မင်းနောက်ကလူကို အကူအညီတောင်းလိုက်တာ အကောင်းဆုံးပဲ”
သခင်ကြီးချီယန်က အကြံပေးသည်။စုယီသည် နဂါးတစ်ရာခွန်အား ရှိသော်လည်း ကျင့်ကြံသူအဆင့်သာ ရှိသေးမှန်း သူသိသည်။သူ့ နတ်ဆိုးအစွမ်းသည် အလွန်အားနည်းကာ သူ့ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် လုံးဝ ယှဉ်လို့မရပါ။
သူ ညွှန်လိုက်သည့်လူမှာ ဧကရာဇ်စုကလွဲ တခြားသူ မဖြစ်နိုင်။
ဧကရာဇ်စုက စုယီဆိုတာကို သူ နည်းနည်းလေးတောင် မသိဘူးလား။
ကျားသစ်နက် ဧကရာဇ်?
စုယီအမူအရာသည် အနည်းငယ် ထူးဆန်းသွားကာ မနေနိုင်ဘဲ မေးလိုက်သည်။ “ကျားသစ်နက်ဧကရာဇ်နဲ့ ကျားနက်ဧကရာဇ်က ဘယ်လိုပတ်သက်တာလဲ?”
“ မင်းက ကျားနက်ဧကရာဇ်ကို သိတယ်ပေါ့? မင်းနောက်ကလူက ပြောပြတာဘဲ ဖြစ်လိမ့်မယ်။ ဟုတ်လား? ကျားသစ်နက် ဧကရာဇ်နဲ့ ကျားနက်ဧကရာဇ်တို့က သွေးသောက် ညီအစ်ကိုတွေ ဖြစ်ကြပေမယ့် မတည့်ကြဘူး။တစ်ယောက်နဲ့ တစ်ယောက် မနာလိုပြီး တစ်ခါတစ်လေဆို အသေအကြေ တိုက်ကြသေးတယ်”သခင်ကြီးချီယန်က ပြန်ပြောသည်။
ထိုအချိန်မှာပင် သူသည် စုယီကို အသေအချာ မှတ်သွားသည်။
ဧကရာဇ်စုက ဧကရာဇ်စုဂိုဏ်းရဲ့ အဖွဲ့ဝင်တွေကိုတောင် သူ့ကို မိတ်ဆက်ပေးတယ်ပေါ့။သူ့ကို ကျင့်ကြံပေးတာက အဓိကသော့ချက်ဆိုသည်မှာ ထင်ရှားသည်။
စုယီက ဧကရာဇ်စုများ ဖြစ်နေမလား?
သူ တွေးတောင် မတွေးကြည့်ပါ!
ဧကရာဇ်စုရဲ့ အရှိန်အဝါနဲ့ ဖိအားက ဒီလောက် ကြီးမားတာ ဒီလူငယ်လေးက သူနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်လို့ရမှာလဲ?
“ဟမ်း သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
စုယီသည် နှိမ့်ချခြင်း ထောင်လွှားခြင်း မရှိဘဲ ခေါင်းငြိမ့်ပြလိုက်သည်။
သခင်ကြီးချီယန်လို ကလိမ်ကကျစ် ကျတတ်သည့် နတ်ဆိုးဘုရင်မျိုးကို သူ ကြောက်ပြ၍ မရပေ။
သခင်ကြီးချီယန်သည် တုံ့ဆိုင်းနေပြီး မျက်လုံးထဲတွင် တောက်ပလာကာ ပြုံး၍ ပြောလိုက်သည်။ “သေချာကျင့်ကြံ။နတ်ဆိုးကျင့်စဉ်နဲ့ ပတ်သက်ပြီး မေးချင်တာ တစ်ခုခုရှိရင် လောင်ကျွင်းတောင်မှာ ငါ့ကို အချိန်မရွေး လာရှာလို့ရတယ်။ငါလည်း ချီလင်နယ်မြေပေါ်က လူသားတွေကို ထိခိုက်အောင် မလုပ်ရဘူးလို့ နတ်ဆိုးတွေကို အမိန့်ပေးထားတယ်”
ထိုသို့ ပြောပြီးနောက် သူသည် နောက်လှည့်ပြီး တိမ်ပေါ်တက်ကာ ပြန်သွားသည်။
တိမ်တိုက်ကို စီးရင်း မြူခိုးတွေကြား ပျောက်ကွယ်သွားသည်။
စုယီသည် ထိုကဲ့သို့သော နတ်ဆိုးကျင့်စဉ်ကို ဘယ်အချိန်မှ တတ်မြောက်မှာလဲဟု သိချင်နေမိသည်။
သခင်ကြီးချီယန် ထွက်သွားသည့်အခါ သူသည် ကျူးဝူဓားကိုထုတ်ကာ ဖုန်းလုံနှင့် စကားပြောရန် အဆင်သင့် ဖြစ်နေသည်။
ဓားဝိဉာဉ်ဖြစ်နေရသည်မှာ ကြာပြီဖြစ်သည့်အတွက် သူသည် စွမ်းအားကြီးသည့် ကျင့်ကြံခြင်း ကျင့်စဉ်အချို့ကို ပြောပြနိုင်ကောင်း ပြောပြနိုင်လိမ့်မည်။
…
ဝှီး—
လောရွှေဂိုဏ်း၏ ရွှေရောင်သိမ်းငှက်ကြီးသည် အော်မြည်လျှက် ကောင်းကင်ပြာအောက်တွင် ပျံဝဲနေခဲ့သည်။သူ့ကိုယ်ပေါ်တွင် ရေဂိုဏ်း၏ နောက်လိုက် ငါးယောက် ပါသည်။
ခေါင်းဆောင်မှာ ရွှေချည်ထိုးထားသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးဖြစ်သည်။ခါးသွယ်သွယ်နှင့် အနက်ရောင်ဆံပင်များက သူမ၏ပခုံးပေါ်တွင် ဝဲကျနေသည်။သူ၏ခေါင်းပေါ်တွင် ကျောက်စိမ်းဆံညှပ်တစ်ခု တွယ်ထားသည်။ကျောက်စိမ်းကဲ့သို့သော အသားအရေနှင့် သူမ၏ မျက်နှာမှာလည်း နူးညံ့ကာ ပြစ်မျိုးမှဲ့မထင်လောက်အောင် လှပေသည်။သေမျိုးကမ္ဘာက လုံးဝကို လက်လှမ်းမမှီနိုင်သည့် နတ်သမီးတစ်ပါးအလားပင် ဖြစ်သည်။
သူမ၏ ဘေးတွင် မိုဟောင်ရှန့်သည် ကျေနပ်ပြုံးကြီးဖြင့် ပြုံးကာ ရပ်နေသည်။
“ ညီမတော် ဝူချင်းယောင်၊ ထူးခြားတဲ့မြို့ကို သွားရတဲ့ခရီးက အန္တရာယ် များပါတယ်။သေချာ ဂရုစိုက်မှရမယ်” မိုဟောင်ရှန့်သည် သူ၏ယပ်တောင်ကို ဝေ့ယမ်းကာ ကျက်သရေရှိသည့် အမူအရာမျိုးဖြင့် ဟန်ဆောင်ကာ ပြောသည်။
ဝူချင်းယောင်သည် ဘာမှ ပြန်မပြောဘဲ မျက်လုံးမှိတ်ကာ တရားထိုင်နေသည်။
အာ…
မိုဟောင်ရှန့်၏ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်သည် တွန့်သွားသည်။အခြားနောက်လိုက် သုံးယောက်က သူ့အား ပြောင်ကာ ရယ်နေမှန်း သိလိုက်သည်။သူသည် ချောင်းဟန်ဆောင်ဆိုးကာ ပြောသည်။ “သခင်ကြီးချီယန်တင် မဟုတ်ဘူး။နတ်ဆိုးတစ်ပိုင်းလည်း ဒီမြို့ကို ရောက်နေတာ။သခင်ကြီးချီယန်တောင်မှ သူ့ကို မနိုင်ဘူး။ နောက်ဆုံးအကြိမ်တုန်းကဆို အာ့တာက ငါ့…”
“ဟက်!”
ရုတ်တရက် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာပြီး ဝူချင်းယောင်သည် စိတ်ပျက်သည့် ပုံစံဖြင့် နူးညံ့သော သူမ၏မျက်ခုံးများကို တွန့်ချိုးလိုက်သည်။
မိုဟောင်ရှန့်သည် တုန်လှုပ်သွားကာ ကပျာကယာ မေးလိုက်သည်။ “ညီမတော် ချင်းယောင်၊ ဘာများ ဖြစ်လို့လဲ?”
သို့သော် ဝူချင်းယောင်က သူမအား လစ်လျူရှုဆဲပင် ဖြစ်သည်။သူသည် ပိုရှက်သွားကာ မြေကြီး အက်ကွဲကြောင်းထဲသာ ပုန်းနေလိုက်ချင်တော့သည်။
စိတ်ထဲတွင် မိုဟောင်ရှန့်သည် ဒေါသထွက်နေသော်လည်း ထုတ်မပြရဲသဖြင့် တိတ်တဆိတ်သာ နေလိုက်သည်။
တကယ်ဆို ဝူချင်းယောင်က ကိစ္စတွေကို ခက်ခဲအောင် မလုပ်သင့်ဘူးလေ။သူမက တိုက်ပွဲအလယ်မှာ ရောက်နေတာကို!
ဧကရာဇ်စုဂိုဏ်း၏ အဖွဲ့လိုက် စကားဝိုင်းတွင်။
မြေခွေးနတ်ဆိုး ကြယ်ပွင့်: ရို့၊ ရို့၊ ရို့! အလှလေးက စိတ်တိုနေတာဘဲ! ရေဂိုဏ်းကမလား ဟုတ်တယ်ဟုတ်? နောက်တစ်ကြိမ်ကျ မင်း ဘွားဘွားရဲ့ အတွင်းခံတွေကို လာခိုးလှည့်မယ်။ ကြောက်သွားပြီလား?
ဝူချင်းယောင်: ဟက် နတ်ဆိုးမျိုးဆက်တွေများ ကောင်းတဲ့လုပ်ရပ် တစ်ခုမှကို မရှိဘူး!
ကျားနက်ဧကရာဇ်: ဟဟဟ ၊ မြေခွေးနတ်ဆိုး ကြယ်ပွင့်။ မင်း ဓားဝိဇ္ဇာကို မကြောက်ဘူးလား?
မြေခွေးနတ်ဆိုး ကြယ်ပွင့်: ဓားဝိဇ္ဇာနဲ့ ရေဂိုဏ်းနဲ့ ဘာဆိုင်လို့တုန်း? သူရဲဘောင် ကြောင်နေလို့မရဘူး! တစ်ခါ သူရဲဘော ကြောင်လိုက်တာနဲ့ တစ်သက်လုံး ရှုံးပြီဘဲ! ဒီလောကမှ လူတစ်ယောက်ရဲ့ ဂုဏ်သတင်းက အရာရာထပ် တန်ဖိုးကြီးတယ်!
နတ်ဆိုးဘုရင် ချင်းယန်: မင်းက အရိုက် တောင်းနေတာလား? ဂရုစိုက်။ဧကရာဇ်စုက မင်းကို ကန်ထုတ်လိမ့်မယ်!
မြေခွေးနတ်ဆိုး ကြယ်ပွင့်: အာာ…သူက လူတွေကို ကန်ထုတ်တယ်လား? မယုံပါဘူး။သူကိုယ်တိုင် အထဲကို ခေါ်ထည့်ခဲ့တာဘဲဟာ။ သေချာတာက သူ ကျွန်တော့်ကို အသုံးချစရာ တစ်ခုခု ရှိလို့ဘဲ!
ဂိုဏ်း အကြောင်းကြားချက် : ဧကရာဇ်စုသည် မြေခွေးနတ်ဆိုး ကြယ်ပွင့်အား ဧကရာဇ်စုဂိုဏ်းမှ ထုတ်ပယ်လိုက်သည်။
…