ကောင်းကင်နှင့်မြေကြီးကြား အကန့်အသက်မဲ့ ပူပင်မှုကင်းသည့် ခြေလှမ်းများ
Vol. 2 Ch. 26
မြေခွေးနတ်ဆိုးကြယ်ပွင်ကို ထုတ်ပယ်ပြီးနောက် ဧကရာဇ်စုဂိုဏ်းသည် ချက်ချင်းပင် ပရမ်းပတာ ဖြစ်ကုန်သည်။
ကျားနက်ဧကရာဇ်: ဘုရားသိကြား၊ သူ တကယ်ကြီး အထုတ်ခံလိုက်ရတာလား?
နတ်ဆိုးဘုရင် ချင်းယန်: ကျွတ် ကျွတ်၊ ဒီကလေးက ဆင်ခြင်တုံတရားမှ မရှိတာ။ ဖြစ်မှာပေါ့ကွာ!
ဝူချင်းယောင်: ဂိုဏ်းခေါင်းဆောင်က ဉာဏ်ရှိတယ်
သခင်ကြီး ချီယန်: ဘာတွေဖြစ်နေကြတာလဲ?
ဓားဝိဇ္ဇာ ရှားထန်ယိ: ဧကရာဇ်စုဂိုဏ်းကနေ ထုတ်ပယ်လိုက်တာလား?ဧကရာဇ်စုက ငါတို့ကို မလိုအပ်ဘူးဆိုတဲ့ သဘောဘဲ။
…
ဆူညံနေသော မြို့တစ်မြို့တွင် လမ်းကြားထဲ၌ ဈေးသည်များ၏ အသံများဖြင့် ပြည့်နေကာ ရှေးဝတ်စုံ ဝတ်ဆင်ထားသည့် လူများ လာရောက် လည်ပတ်ကြသည်။တစ်ခါတစ်ရံ မြင်းလှည်း ဖြတ်သွားသည့်အခါမျိုးတွင် တစ်လမ်းလုံး ပရမ်းပတာ ဖြစ်တတ်သည်။
လမ်းဘေးရှိ တည်းခိုဆောင်တစ်ခု၏ ထောင့်တစ်နေရာတွင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်လေးသည် စားပွဲပေါ် တင်ထားသည့် သူ့ဝိုင်ပုလင်းကို ရုတ်တရက် ရိုက်ချလိုက်သည်။သူ့ အနားရှိ လူများသည် သူ့ကို ဝိုင်းကြည့်ကုန်သည်။
“ငါ့ကို ထုတ်ပစ်တယ်ပေါ့?”
အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသည် ထိုလူငယ်လေးသည် အံ့ဩနေသည်။သူသည် ချောမောသည့်ပုံ မရှိဘဲ သာမန်ပေမယ့် သူ၏ နက်မှောင်သော မျက်ခုံးမွှေးသည် သူ့အား ကြမ်းကြုတ်သည့်ရုပ်သွင်ကို ပေးသည်။
သူက မြေခွေးနတ်ဆိုး ကြယ်ပွင့်မှလွဲ အခြားလူ မဟုတ်ပါ။နန်းဆက်ခုနှစ်ဆက်တိုင် မဖမ်းနိုင်ခဲ့သည့် သူခိုးတစ်ယောက်!
သူသည် ဧကရာဇ်စုဂိုဏ်းသို့ ပထမဆုံးဝင်ရောက်ခြင်းဖြစ်ပြီး သူ့စိတ်ထဲတွင် ဆန်းကြယ်သော စကားဝိုင်းကို တွေ့လိုက်ရသည့်အတွက် စိတ်အားထက်သန်စွာ စကားစမြည် ပြောမည်ဟု ကြံလိုက်သော်လည်း ဧကရာဇ်စုသည် လမ်းတစ်ဝက်တွင် သူ့ကို ထုတ်ပစ်ကာ ကြွားလုံးထုတ်လိမ်မည်ဟူ၍တော့ သူ မမျှော်လင့်ထားမိပေ။
သူသည် မကျေမနပ်ဖြစ်ကာ ဒေါသထွက်နေသည်။
တကယ့်ကို ရှက်စရာကောင်းတာဘဲ…
ဒါ့အပြင် ထိုအဖြစ်အပျက်သည် နတ်ဆိုးဘုရင် ချင်းယန်၏ ရှေ့တွင် ဖြစ်ပျက်သွားခဲ့သည်။သူ နောက်တစ်ကြိမ် နတ်ဆိုးတွေနဲ့ ဘယ်လိုလုပ် ရောလို့ရတော့မလဲ?
သူ့မျက်နှာသည် ဒေါသမီးကြောင့် တောက်လောင်နေသည်။သူ့ဘေးနားရှိ လူများ၏ ထူးဆန်းသော အကြည့်ကိုပင် သတိမမူမိဘဲ “ ဘယ်လိုများ ပြန်ဝင်ရပါ့မလဲ?”ဟုသာ တွေးနေခဲ့သည်။
ခြုံငုံသုံးသပ်ကြည့်လျှင် နတ်ဆိုးဘုရင် ချင်းယန်နှင့် ဓားဝိဇ္ဇာ ရှားထန်ယိတို့ပါ ပါဝင်သည့် ထူးခြားဆန်းကြယ်သော ဂိုဏ်းသည် သေချာပေါက် စွမ်းအားကြီးရမည်။ကျားနက်ဧကရာဇ်တောင်မှ ပါဝင်ထားသည့်အတွက် ဧကရာဇ်စုဂိုဏ်းရဲ့ ကာကွယ်ခြင်း ခံရလိမ့်မည်။သူသည် ဘောင်မဝင်သည့် သူခိုးတစ်ယောက် ဖြစ်သော်ငြား ရန်သူများလှသည်။ထို့ကြောင့် အကာအကွယ် ကောင်းကောင်း လိုအပ်သည်။
ထို့ကြောင့်ပင် သူသည် ဧကရာဇ်ဂိုဏ်းသို့ ပြန်လည် ပါဝင်နိုင်ရန်အတွက် အပြင်းအထန် စဉ်းစားနေသည်။
ဟိုးကမ္ဘာအစွန်းမှ မက်ဆေ့ဂ်ျတစ်စောင်သည် စုယီ၏ စိတ်အာရုံထဲသို့ ရောက်ရှိလာသည်။
နတ်ဆိုးမြေခွေး ကြယ်ပွင့်သည် ဧကရာဇ်စုဂိုဏ်းသို့ ဝင်ရောက်ရန် တောင်းဆိုထားပါသည်။လက်ခံပါမည်လား? လက်မခံလျှင် သူ့ကို ဘလော့ထား၍ ရပါသည်!
သူက ပြန်လာလို့ရတယ်?
စုယီသည် သဘောကျကာ ချက်ချင်းပင် လက်ခံလိုက်သည်။
သူသည် ကြီးကြီးမားမား အောင်ပွဲများကို အောင်မြင်ပြီးမှသာ လူများကို ဖိတ်ခေါ်နိုင်သည်ကို တွေ့ရှိခဲ့သည်။ထို့ကြောင့် သူ၏စည်းကမ်းများကို မချိုးဖောက်သရွေ့ သူတတ်နိုင်သမျှ မည်သူ့ကိုမဆို ယူဆောင်သွားမည်ဖြစ်သည်။
ဧကရာဇ်စုဂိုဏ်းတွင်
ဧကရာဇ်စုသည် မြေခွေးနတ်ဆိုး ကြယ်ပွင့်အား ဂိုဏ်းသို့ ပြန်လည်ပါဝင်ရန် လက်ခံလိုက်သည်။
ကျားနက်ဧကရာဇ်: အာ? သူ ပြန်လာတယ်? မြန်မြန်၊ မြန်မြန်၊ မြန်မြန်! စတင်ခြင်း အရင်းအမြစ်ကို မြန်မြန် ဆက်သလိုက်!
နတ်ဆိုးဘုရင် ချင်းယန်: မင်း လူယုတ်မာ။နောက်တစ်ခါ ထပ်ပြီး ငါတို့ နတ်ဆိုးတွေကို အရှက်မခွဲနဲ့။ မဟုတ်ရင် မင်းကို အရေခွံစုတ်ပစ်မယ်!
ဝူချင်းယောင်: ဟက်
သခင်ကြီး ချီယန်: နတ်ဆိုး ဘုရင်သူခိုး ဆိုတဲ့ မြေခွေးနတ်ဆိုးကြယ်ပွင့်!
မြေခွေးနတ်ဆိုး ကြယ်ပွင့်: ငါ ဝန်ခံပါတယ်။ဒီမှာ ငါ့ရဲ့ ကောင်းကင်နှင့် မြေကြီးကြား အကန့်အသတ်မဲ့ အပူအပင်မရှိ ခြေလှမ်းများကို ပေးမယ်။ ကျေနပ်လောက်လား?
စုယီသည် ဧကရာဇ်စုဂိုဏ်း၏ စကားဝိုင်းကို ကြည့်နေရင်း သူ့လက်ထဲတွင် ဝါးလိပ် တစ်လိပ် ရောက်လာသည်။သူသည် အံ့ဩတကြီး ဖွင့်လိုက်သည်။သူ့မျက်စိကို ကျိန်းသွားစေသည့် ပထမဆုံးအရာမှာ အစွမ်းထက်သည့် ဇာတ်ကောင်ခုနှစ်ကောင်ကို ရေးထားခြင်း ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးကြား အကန့်အသတ်မဲ့ အပူအပင် မရှိသည့် ခြေလှမ်းများ!
ဧကရာဇ်စုဂိုဏ်း၏ အခြားအဖွဲ့ဝင်များ၏ ဆွေးနွေးချက်ကို ကြည့်ရင်း နည်းလမ်းသည် မရိုးရှင်းကြောင်း သိလိုက်ရသည်။နတ်ဆိုးဘုရင် ချင်းယန်တောင်မှ ၎င်းကို တလေးတစား အသိမှတ်ပြုသည်။
သို့သော် ထိုအရာသည် နတ်ဆိုးမြေခွေး ကြယ်ပွင့်ပိုင်ဆိုင်သည့် တန်ဖိုးအရှိဆုံး အရာ မဟုတ်ပါ။
နတ်ဆိုးမြေခွေး ကြယ်ပွင့် သာမက ကျားနက်ဧကရာဇ်ပေးသည် နတ်ဆိုးဧကရာဇ်၏ နတ်စွမ်းအင်သည်လည်း နတ်ဆိုးမျိုးနွယ်တွင် ရှားပါးသည့် ရတနာတစ်ပါး မဟုတ်ပါ။ထိုအရာကို သိသည့်အတွက် စုယီသည် ကျားနက်ဧကရာဇ်အပေါ် နှစ်သက်မှုများ သိသိသာသာ လျော့ကျသွားသည်။
ကျူးဝူဓားအနေနှင့် ပြောရမည်ဆိုလျှင်လည်း မသေမျိုးဓား ဖြစ်သော်ငြား အခြားသူများအတွက် အသုံးပြုလို့မရသဖြင့် ကြက်သားခုတ်ရုံမှ တစ်ပါး အခြား အသုံးမကျပေ။
ရိုးသားပုံရသည့် ကျားနက်ဧကရာဇ်ကမှ တကယ့်ကို အလွန်ကောက်ကျစ်သည့်သူ ဖြစ်သည်။
ပြောရမည်ဆိုလျှင် နတ်ဆိုးဘုရင်ချင်းယန် ပေးသည့် နဂါးစွမ်းအင် ဆေးပြားများကသာ တန်ဖိုးအရှိဆုံး ဖြစ်သည်။
စိတ်မလုံသဖြင့် သူတို့သည် ဧကရာဇ်စုဂိုဏ်းထံမှ အကူအညီတောင်းခြင်းကိုလည်း ခေတ္တ ရှောင်ကြဉ်ကြသည်။
စုယီသည် ကောင်းကင်နှင့်မြေကြီးကြား အကန့်အသတ်မဲ့ အပူအပင် မရှိသည့် ခြေလှမ်းများကို စတင် စစ်ဆေးကြည့်သည်။ဒီနည်းလမ်းသည်လည်း နတ်စွမ်းအင်များလိုပင် အလွန်ဆန်းကြယ်သည်။အပြည့်အဝ ထောက်ခံသည်ကတော့ ချက်ချင်း မိုင်တစ်ထောင်အကွာအဝေးကို ကူးပြောင်းပေးနိုင်တာပင် ဖြစ်သည်။တကယ်တော့ အဲဒါသည် မျှော်လင့်ချက်တစ်ခုပင် ဖြစ်သည်။၎င်းသည် တိုက်ပွဲတွင် အသုံးပြုသူ၏ လှုပ်ရှားမှုများကို ခန့်မှန်းရခက်စေပြီး ရန်သူမှ ဖမ်းမိရန် ခက်ခဲစေသည်။၎င်းသည် အမှန်တကယ်ပင် အသုံးဝင်သည်။
ချက်ချင်းပင် စုယီသည် နတ်ဆိုးအမြုတေကို ယူလိုက်ပြီး ကျင့်ကြံလေသည်။
သူသည် ကောင်းကင်နှင့်မြေကြီးကြား အကန့်အသတ်မဲ့ အပူအပင် မရှိသည့် ခြေလှမ်းများကို အလွန် စိတ်ဝင်စားသော်လည်း သူ၏ လက်ရှိ နတ်ဆိုးအစွမ်းသည် အမျိုးမျိုးသော နတ်ဆိုးလုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် အလွန်အားနည်းသည်။
နတ်ဆိုးအမြုတေ နှစ်ရာကျော်ကို အသုံးပြုပြီးနောက် စုယီသည် နတိဆိုးစွမ်းအင်ကို ဆေးပြားအဖြစ် ပြောင်းလဲသည့်နယ်ပယ်နှင့် နီးကပ်လာသည်။ကံကောင်းလျှင် သူသည် တစ်ခါတည်း အောင်မြင်သွားနိုင်သည်။
အနက်ရောင် အကြေးခွံဘုရင် စစ်တပ် ပြန်ဆုတ်သွားပြီးနောက် ရှီဝမ်မြို့တွင် ပျော်ပွဲရွှင်ပွဲအား တခမ်းတနား ကျင်းပကြူည်။ထို ကြီးမားသော အောင်မြင်မှုကြီးသည် မြို့ကလူတွေကို အရင်ကထပ် ပို၍ပင် စည်းလုံးသွားစေသည်။
နောက်ရက်များတွင် လူတိုင်းသည် အားကျိုးမာန်တက် ကျင့်ကြံကြလေသည်။အားလုံးသည် စုယီလိုမျိုး ဖြစ်လာစေရန် စိတ်နှစ်ထားသည်။
ကံဆိုးသည်မှာ အစကတည်းကပင် သူတို့သည် စုယီနှင့် အတော်လေး အလှမ်းကွာနေသည်။သူ့ကိုမှီဖို့ထပ် ကောင်းကင်ကို တက်တာကမှ ပိုလွယ်လိမ့်မည်။ဒါ့အပြင် စုယီကလည်း တစ်နေ့တစ်ခြား ပိုပိုတော်လာရာ သူတို့သည် ပို၍ အပြင်းအထန် ကြိုးစားရတော့သည်။
လေးရက်ပင် မကြာသေးပါ။မိုဟောင်ရှန့်နှင့် ဝူချင်းယောင် အပါအဝင် လောရွှေဂိုဏ်း၏ နောက်လိုက်များ ရောက်လာကာ နောက်ထပ် အကဲဖြတ်မှုများကို စတင်ခဲ့သည်။
တံတားဖြူ တက္ကသိုလ်၏ အားကစားကွင်းတွင်
“ဘာလဲ? အနက်ရောင် အကြေးခွံဘုရင် တိုက်တာလား?”
မိုဟောင်ရှန့်သည် ရှောခ့်ရသွားကြီး မယုံသင်္ကာ ဖြစ်ကာ မေးလိုက်သည်။
လောရွှေဂိုဏ်း၏ နောက်လိုက်တစ်ဦးသည် ခေါင်းငြိမ့်ကာ ပြောသည်။ “ သူက သိန်းချီတဲ့ နတ်ဆိုးစစ်တပ်ကို ခေါ်လာတာ။ပြီးတော့…”
“ပြီးတော့ ဘာဖြစ်လဲ?” မိုဟောင်ရှန့်က ဆက်မေးသည်။အနက်ရောင် အကြေးခွံဘုရင်သည် နယ်ပယ်အရ သခင်ကြီးချီယန်ထက် ပို၍ ကျော်ကြားသူ ဖြစ်သည်။နတ်ဆိုးဘုရင် မျိုးဆက်လည်း ကျောထောက် နောက်ခံ ရှိသည်။
“ပြီးတော့ သူ့ကို နတ်ဆိုးတစ်ပိုင်းက တစ်ယောက်တည်း သတ်လိုက်တာ…အနက်ရောင် အကြေးခွံဘုရင်လည်း…သေပြီ…”
နောက်လိုက်၏မျက်နှာသည် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နေသည်။
မိုဟောင်ရှန့်နှင့် အခြားနောက်လိုက်များလည်း အံ့ဩသွားကာ ဝူချင်းယောင်တောင်မှ လှုပ်ရှားလာသည်။
ဒီမလာခင်ကမှ မိုဟောင်ရှန့် ပြောပြသဖြင့် နတ်ဆိုးတစ်ပိုင်း၏ အကြောင်းကို သူမ ကြားခဲ့သည်။ဧကရာဇ်စုပြောသည့် နတ်ဆိုးစွမ်းရည်ရှိသည့် ဓားသမားအကြောင်းကို သူမ တွေးမိသွားသည်။
အနက်ရောင် အကြေးခွံဘုရင်ကို သတ်တာ သူများလား?
“ဘယ်လိုဖြစ်နိုင်မှာလဲ။သူက အရမ်းကို စွမ်းအားကြီးတာလား?”
မိုဟောင်ရှန့်သည် အစက လက်စားချေရန် တေးထားသော်လည်း ယခုတော့ တွေးရုံဖြင့်ပင် ကြောက်လာသည်။
ဝူချင်းယောင်က “ ကောင်းပြီ။ ဝိဉာဉ်ရင်းမြစ် အကဲဖြတ်ခြင်းကို စလိုက်ရအောင်”ဟု ပြောသည်။
မိုဟောင်ရှန့်သည် သူ့နေရာ ပျောက်သွားမှန်း သိလိုက်သည်။
ထို့နောက် လောရွှေဂိုဏ်း၏ နောက်လိုက်များသည် ခံစားချက်တွေကို ဘေးပို့ပြီး မည်သူ့ကို လမ်းကြောင်းပေါ် ခေါ်တင်လို့ရနိုင်မလဲဟု စတင် အကဲဖြတ်ကြတော့သည်။
အားကစားကွင်းထဲရှိ လူများသည် စကားပြောနေကြသည်။သူတို့အားလုံးနီးပါး ပြောနေကြသည့် အကြောင်းအရာမှာ ပြီးခဲ့သည့်ရက်က ကြီးမားသည့် တိုက်ပွဲ အကြောင်းပင် ဖြစ်သည်။
“စုယီရဲ့ ကိုယ်ထဲမှာ ဘာအစွမ်းတွေ ရှိနေတယ်လို့ နင်ထင်လဲ?”
“မသိဘူးလေ။ ဒါပေမယ့် အနက်ရောင် အကြေးခွံဘုရင်တောင်မှ ဒီလောရွှေဂိုဏ်းရဲ့ နောက်လိုက်တွေ အားလုံးထပ် သန်မာတယ်တဲ့!”
“အာ ဒီလိုဆို စုယီတစ်ယောက်ဘဲ ငါတို့ကို သင်ပြနိုင်မှာပေါ့”
“စုယီက နတ်ဆိုးဟာကို။ဘယ်လိုလုပ် ငါတို့ကို သင်ပြနိုင်မလဲ?”
“မင်း ဘယ်လိုထင်လဲ။သူက ဘာလို့ နတ်ဆိုး ဖြစ်ဖို့ ရွေးချယ်လိုက်တာလဲ?”
လောရွှေဂိုဏ်း၏ နောက်လိုက်များသည် ထိုတီးတိုးသံများကို ကြားသည့်အခါ အားလုံးသည် မကျေမနပ် ဖြစ်ကုန်ကြသည်။နောက်လိုက်အသစ်များကို သူတို့သည် အရင်လို နွေးထွေးစွာ မကြိုဆိုတော့ပါ။
သို့သော် ဝူချင်းယောင်ကတော့ စုယီအကြောင်းကို အတော် စိတ်ဝင်စားနေပြီး သူနှင့်တွေ့ဆုံဖို့ အခွင့်အရေး ရချင်နေမိသည်။
သိန်းချီတဲ့ နတ်ဆိုးသားရဲစစ်တပ်ကြီးကို တစ်ဦးတည်း တိုက်ခိုက်နိုင်တဲ့ သူရဲကောင်းတစ်ယောက်က ဗီလိန်တော့ လုံးဝ မဖြစ်နိုင်ဘူး။
နတ်ဆိုးတစ်ပိုင်း ဖြစ်နေရင်တောင်မှ သူက လူ့အသိတရားရှိသည့် နတ်ဆိုးတစ်ပိုင်းသာ ဖြစ်မည်။
သတိမထားလိုက်မိခင်မှာပင် လတစ်ဝက်သည် ကုန်သွားသည်။
မြို့ပြင်ရှိ တောင်ထိပ်ပေါ်တွင်
ဘုန်း!
တောင်တစ်တောင်လုံး ပြင်းထန်စွာ လှုပ်ခါနေခဲ့သည်။ထိုတောင်ပေါ်တွင် စုယီသည် ထိုင်နေကာ သူ့အား အနက်ရောင် နတ်ဆိုးချီများက ရစ်ပတ်ထားသည်။
သူသည် သက်ပြင်းချလိုက်သည်!
ပုံစံပြောင်း နတ်ဆိုး!
သူသည် လူသာမျိုးနွယ် ဖြစ်သော်လည်း နတ်ဆိုးအစွမ်းကို ဆေးပြားအဖြစ် ပြောင်းလဲနိုင်သည့်အဆင့်သို့ မြင့်တက်သွားပြီ ဖြစ်သည်။သူသည် သန္ဓေပြောင်းနတ်ဆိုးအဆင့်သို့ တရှိန်ထိုး တက်သွားသည်။
နတ်ဆိုးအမြုတေ နှစ်ရာကို သုံးစွဲပြီးနောက် သူ့နတ်ဆိုးအစွမ်းသည် ကြက်သွေးရောင် မြွေဘုရင်ထပ် သာလွန်သွားပြီ ဖြစ်သည်။သို့သော် နတ်ဆိုးဘုရင် ချင်းယန်ကိုတော့ မမှီသေးပါ။
စုယီသည် မျက်လုံးများကို ဖွင့်လိုက်သည်။သူ၏သားငယ်အိမ်များသည် နီရဲနေသည်။
ထိုအချိန်တွင် ဧရာမ ယပ်တောင်ကြီးသည် ကောင်းကင်ယံတွင် ပျံသန်းနေသည်။သူ့မျက်နှာပြင်ပေါ်တွင် ပုံရိပ်လေးခု ရှိသည်။အမျိုးသားသုံးယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ရှေးခတ်ဝတ်စုံများကို ဝတ်ဆင်ထားကာ အသက် လေးဆယ်၊ငါးဆယ်ဝန်းကျင်လောက်ရှိသည်။မသေမျိုး အရှိန်အဝါ ရှိသည်။သူတို့၏ပစ်မှတ်သည် မလွဲမသွေ စုယီပင် ဖြစ်သည်။
စုယီသည် ချက်ချင်း မတ်တပ်ရပ်ကာ သူတို့အား သတိနှင့် ကြည့်လိုက်သည်။
ယခုအခါ သူသည် နတ်ဆိုးတစ်ယောက် ဖြစ်သည်။လူသားများနှင့် နတ်ဆိုးများသည် အခဲမကျေနိုင်သည့် ရန်သူများ ဖြစ်သည်။ အခြားသူများသည် သူ့အား အချိန်မရွေး တိုက်ခိုက်နေသည်။
…