နတ်ဆိုးဧကရာဇ် ဖြစ်ရန် ဆန္ဒပြုခြင်း!
Vol. 2 Ch. 27
မကြာမီ ကျင့်ကြံသူ လေးဦး ပါလာသည့် ကြီးမားသော ယပ်တောင်ကြီးသည် တောင်ထိပ်ရှိ ကွင်းပြင်နေရာတွင် ဆင်းသက်လေသည်။
မုတ်ဆိတ်နှင့် လူက စုယီကို ကြည့်ကာ မေးလိုက်သည်။ “ မင်းက အနက်ရောင် အကြေးခွံဘုရင်ကို သတ်တဲ့ နတ်ဆိုးတစ်ပိုင်းလား?”
စုယီသည် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။အနက်ရောင် အကြေးခွံဘုရင် သေဆုံးသည့်သတင်းက အတော်လေး ပျံ့နှံ့သွားပြီး စုယီသည် ထိုအကြောင်းအရာနှင့် စပ်လျဉ်း၍ လူသိများလာပုံ ရသည်။
“ဘာဖြစ်လို့လဲ။လိုချင်တာများ ရှိလို့လား?”
စုယီသည် ထိုယောကျာ်း၏ တစ်ဖက်သားကို အထင်သေးသည့် အမူအရာကြောင့် စိတ်တိုသွားသည်။
“မင်းက သိန်းချီတဲ့လူတွေကိုကယ်ပြီး သူရဲကောင်း ဖြစ်လာတယ်။ငါတို့က မင်းကို နတ်ဆိုးမျိုးနွယ်စီ ပြန်ဆွဲခေါ်ပြီး ကယ်တင်ပေးမယ်”
အမျိုးသမီး ကျင့်ကြံသူက ပြောလေသည်။သူမ၏စကားကို တစ်ဖက်လူက ငြင်းပယ်ဖို့ရန် ခက်လောက်အောင်ပင် နူးညံ့စွာ ပြောသည်။
သူမသည် ခဏရပ်ကာ ဆက်ပြောသည်။ “ကြီးမြတ်သောဝေ့ရဲ့ အကြီးအကဲလေးဦးဘဲ။သင့်ရဲ့ နတ်ဆိုးနည်းလမ်းတွေကို ဖယ်ရှားဖို့ ကျွန်ုပ်တို့ ကူညီပေးပြီး ကြီးမြတ်သောဝေ့ဂိုဏ်းမှာ ခိုလှုံခွင့် ပေးမယ်။အဆင့်လေး ဗိုလ်ချုပ်ကြီး နေရာကိုလည်း ပေးမယ်။စွမ်းအားကျင့်ကြံဖို့အတွက် သင်လိုအပ်သည့်အရာမှန်သမျှကိုလည်း ထောက်ပံ့ပေးမယ်”
ကြီးမြတ်သော ဝေ့ဂိုဏ်း!
နန်းဆက်ခုနှစ်ဆက်ထဲက တစ်ခုဘဲ!
စာယီသည် ကြီးမြတ်သောဝေ့ဂိုဏ်းမှ လူတွေ ဖြစ်မည်ဟု မထင်ထားသည့်အတွက် အံ့အားသင့်သွားသည်။
သူ သိသလောက်ကတော့ နန်းဆက် ခုနှစ်ဆက်ထဲမှာ ကြီးမြတ်သောဝေ့ဂိုဏ်းက ပျမ်းမျှအားဖြင့် အားအကောင်းဆုံးဖြစ်သည်။၎င်း၏ လက်အောက်တွင် များစွာသော ကျင့်ကြံသူမိသားစုများနှင့် ဂိုဏ်းခွဲပေါင်းများစွာ ရှိသည်။နယ်မြေတစ်ခုလုံးကို ချုပ်ကိုင်ထားသည့် ဂိုဏ်းဖြစ်သည်။
“တကယ်လား?”
စုယီသည် တွေဝေသွားသည်။လူသားမျိုးနွယ်တွေ ကြားတွင် ကြီးမြတ်သော ဝေ့ဂိုဏ်း၏ ဂုဏ်သတင်းသည် အကျော်ကြားဆုံးနှင့် အမွှေးပျံ့ဆုံး ဖြစ်သည်။ဝူချင်းယောင်တောင်မှ ကြီးမြတ်သောဝေ့အကြောင်း ပြောသည့်အခါတွင် ကြီးမြတ်သောဝေ့ဂိုဏ်း၏ လက်ရှိဘုရင်ကြီးသည် အလွန်အရည်အချင်းရှိကြောင်း၊ သူ၏အုပ်ချုပ်မှုအောက်တွင် မြင့်မြတ်သော ထန်ဂိုဏ်းကိုပါ ကျော်တက်နိုင်မည်ဖြစ်ကြောင့် စသည်ဖြင့် ချီးကျူးဂုဏ်ပြုလေ့ရှိသည်။
အမျိုးသမီးကျင့်ကြံသူသည် ပြုံးကာ ခေါင်းငြိမ့်သည်။ “ဒါပေါ့၊ ထူးခြားတဲ့မြို့တော်ရဲ့ မူလဇာစ်မြစ်ကို သေချာမဖော်ထုတ်နိုင်သေးပေမယ့် မင်းလည်း လူသားမျိုးနွယ်ဘဲလေ။မကြာခင်မှာ မင်းကို ထောက်ပံ့ဖို့ တပ်တွေ စေလွှတ်ပေးမယ်။ကျားသစ်နက် ဧကရာဇ်တောင်မှ ကြီးမြတ်သော ဝေ့ဂိုဏ်းကို စစ်မတိုက်ဝံ့ပါဘူး”
သူ၏စကားလုံးများသည် ဂုဏ်ယူဝင့်ကြွားစွာ ထွက်ပေါ်လာသည်။
ဝေ့ဂိုဏ်း၏ အကြီးအကဲလေးယောက် ဖြစ်သည့်အလျောက် ကျန်သုံးယောက်သည်လည်း ထိုနည်းတူပင်။ကြီးမြတ်သော ဝေ့ဂိုဏ်း ကို စတင်တည်ထောင်ချိန်မှစ၍ ၎င်းတို့သည် မွေးဖွားခဲ့ပြီး ဝေ့ဂိုဏ်း နှင့်ပတ်သက်သည့် အရာအားလုံးကို မြင်တွေ့ခဲ့ရသည်။ရှေးယခင်က ဝေ့ဂိုဏ်းသည် အလွန်အားနည်းခဲ့သည်။သို့ရာတွင် ဘုရင်အသစ်က စွမ်းအားများ ရရှိလာကတည်းက ဝေ့ဂိုဏ်းသည် အလျင်အမြန် ဖွံ့ဖြိုးလာကာ များစွာသော မသေမျိုးကျင့်ကြံသူ အဓိကဂိုဏ်းများကို ဆွဲဆောင်နိုင်ခဲ့သည်။
“အခု လက်ရှိကျင့်စဉ်ကို စွန့်လွှတ်ပြီး အစကနေ ပြန်စမယ်ဆိုရင် လက်ရှိထပ် ပိုသန်မာလာနိုင်တယ်ဆိုတာ သေချာပါ့မလား?”
စုယီသည် သတိထားပြီး မေးလိုက်ကာ ထိုလူများ၏ ပုံစံကို သေချာအကဲဖြတ်နေသည်။
ပြောရမယ်ဆိုလျှင် သူသည် ဘယ်သောအခါမှ ရှေးဟောင်းတော၏ အကြောင်းကို အမှန်တကယ် နားမလည်ခဲ့ပါ။
“ငါ မင်းကို စစ်ဆေးပေးရမလား?”
ပြောပြောဆိုဆိုဖြင့် မုတ်ဆိတ်မွေးနှင့်လူကြီးသည် စုယီ၏ရှေ့သို့ ယပ်တောင်ပေါ်မှ ဆင်းလာခဲ့သည်။
စုယီသည် လန့်သွားကာ သူ၏ညာလက်ကို မြှောက်လိုက်သည်။
အစကတော့ သူသည် အရေးပေါ် လိုအပ်ချက်အရ နတ်ဆိုးကျင့်စဉ်ကို ရွေးချယ်ခဲ့သည်။အရည်အသွေးမြင့် စွမ်းအားကျင့်ကြံရေးလမ်းစဉ်များကို အစ်ထုတ်နိုင်ရန်အတွက် ဧကရာဇ်စုဂိုဏ်းကို သူ တည်ထောင်ခဲ့သည်။
နတ်ဆိုးကျင့်စဉ်ကို ကျင့်သုံးသည့် လူသားကို မျိုးနွယ်နှစ်ခုလုံးက စက်ဆုပ်ရွံရှာကြသည်။
မုတ်ဆိတ်မွေးနှင့်လူကြီးသည် စုယီ၏ခါးကို ကိုင်ကာ စုယီ၏ စွမ်းအင်အရင်းအမြစ်ကို ရှာရန်အတွက် သူ၏ စိတ်ဝိဉာဉ်ကို အသုံးပြုသည်။
အပြင်ပန်းမှာတော့ စုယီသည် တည်ငြိမ်နေသည်။သို့သော် သူသည် သတိတရား၏ အရေးပါပုံကို သိသည့်အတွက် အချိန်မရွေး ကြုံလာမည့် တိုက်ပွဲအတွက် သူသည် အဆင်သင့် ဖြစ်နေခဲ့သည်။
တစ်ခုခုဖြစ်လာလျှင် သူ၏ပြိုင်ဘက်ကို သတ်သင့်လျှင သတ်ရမည်!
နတ်ဆိုးအမြုတေ နှစ်ရာထပ် မနည်း စုပ်ယူပြီးသည့်အပြင် မရပ်မနားလည်း လေ့ကျင့်နေသဖြင့် သူသည် ယခုအခါ နဂါး အကောင်တစ်ရာ့နှစ်ဆယ်၏ စွမ်းအားမျိုးကို ရောက်ရှိနေပြီ ဖြစ်သည်။
“ဟမ်?”
မုတ်ဆိတ်မွေးနှင့် လူကြီးက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ရာ ကျန် အကြီးအကဲ သုံးဦးသည် အနားသို့ စုဝေးလာခဲ့သည်။
“သူက ဒြပ်စင်ငါးခုနဲ့ ပြင်းထန်တဲ့ သွေးခုန်နှုန်းရှိတဲ့ ခန္ဓာကိုယ်ဘဲ!”
“ဘာ? မဖြစ်နိုင်တာ၊ တကယ်ကြီးလား? ဒြပ်စင်ငါးခုနဲ့ သွေးခုန်နှုန်းပြင်းထန်တဲ့ ခန္ဓာကိုယ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?”
“သေချာလို့လား။မင်း မှားနေတာရော မဖြစ်နိုင်ဘူးလား?”
“ငါတို့ကို မကြောက်ပါနဲ့၊ ဒါက ငါတို့ ပေါ့ပေါ့တန်တန် လုပ်လို့ရတဲ့ အရာမဟုတ်ဘူး!”
အကြီးအကဲလေးဦးသည် မဖြစ်နိုင်သည့်အရာကို တွေ့လိုက်ရသကဲ့သို့ စုယီ၏ ခါးကို ဆက်တိုက် စစ်ဆေးနေခဲ့သည်။
သူတို့အမူအရာကို ကြည့်၍ စုယီသည် တစ်ခုခု လွဲချော်နေသည်ကို ခံစားမိလိုက်သည်။
“သေချာတယ်…သူက တကယ် ဒြပ်စင် ငါးခုနဲ့ သွေးခုန်နှုန်းပြင်းတဲ့ ခန္ဓာကိုယ်ဘဲ။ဒါဆို သူ ကျင့်ကြံလို့မရဘူးပေါ့?”
အကြီးအကဲလေးဦးအနက်မှ အမျိုးသမီး အကြီးအကဲသည် မကျေမနပ် ဖြစ်သွားသည်။သူ၏မျက်နှာသည် တန်ဖိုးကြီးသာ့် ရတနာတစ်ပါးကို ဆုံးရှုံးလိုက်ရသည့် မျက်နှာမျိုး ဖြစ်နေသည်။
မကျင့်ကြံနိုင်ဘူး?
ထိုစကားလုံး ကြားတော့ စုယီသည် ဒေါသကြောင့် ပေါက်ကွဲလုနီးနီး ဖြစ်သွားသည်။
ငါက လုံးဝကို ပညာရှင်ဘဲ၊ဟုတ်ပြီလား?
မကြာခင်အချိန်ကမှ စုယီကျင့်ကြံရေးသည် အရှိန်အဟုန်ဖြင့် အဆင့်မြင့်သွားကာ သူ့ကိုယ်သူ ယုံကြည်မှု ရှိလာခဲ့ခြင်း ဖြစ်သည်။အခုကျ ကြီးမြတ်သော ဝေ့ဂိုဏ်းရဲ့ အကြီးအကဲလေးယောက်က သူ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ကျင့်ကြံဖို့ မသင့်တော်ဘူးတဲ့လား?
ငါ့ကို လာနောက်နေတာလား?
စုယီသည် ပြောစရာ စကားပျောက်သွားသည်။စုယီက သူတို့ စွမ်းအားကျင့်ကြံရေး လမ်းစဉ်က အားနည်းလို့ဘဲ ဖြစ်မှာပါလို့ သူ့ဘာသာ တွေးလိုက်သည်။
“ကောင်းပြီ။ သူက နတ်ဆိုးကျင့်စဉ်ကိုဘဲ လေ့ကျင့်လို့ရတယ်”
မုတ်ဆိတ်နှင့်လူကြီးက သက်ပြင်းချလိုက်သည်။ “နတ်ဆိုးတစ်ပိုင်းဖြစ်တော့ရော ဘာဖြစ်လဲ?သူက ကြီးမြတ်တဲ့ ဝေ့ဂိုဏ်းနဲ့ နတ်ဆိုးမျိုးနွယ်ကြားမှာ တမန်တော် လုပ်ပေးလို့ရတာဘဲ”
ထိုအခါ ကျန် အကြီးအကဲ သုံးဦးသည် မျှော်လင့်ချက် ရောင်ခြည်သမ်းလာသည်။
သူတို့ ဒီကို လာသည့်အဓိကအချက်က စုယီကို စစ်မှုထမ်းစေချင်လို့ ဖြစ်သည်။
စုယီသည် လူသားကျင့်ကြံရေး လမ်းစဉ်ကို မလိုက်နိုင်သော်လည်း နတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံလို့ ရသေးသည်။
ကြီးမြတ်သော ဝေ့ဂိုဏ်းက စည်းမျဉ်းတွေကို အမြဲ ချိုးဖောက်နေကြဘဲ။ဒီတော့ နတ်ဆိုးတစ်ပိုင်းကို လက်ခံတော့ရော ဘာဖြစ်မှာလဲ?
လူအများရှေ့မှာ လူလုံး ထုတ်မပြရပေမယ့် အဆင်ပြေပါသည်။
ဝေ့ဂိုဏ်း၏ အကြီးအကဲလေးယောက်သည် အချင်းချင်း ပြောနေကြရင်း ပိုပြီး စိတ်လှုပ်ရှားလာကြသည်ကို မြင်တဲ့အခါ စုယီသည် မနေနိုင်ဘဲ ဝင်ဖြတ်ပြောလိုက်သည်။ “ဟေ့၊ ဟေ့၊ ဟေ့။ ခင်ဗျားတို့နဲ့ ဝေ့ဂိုဏ်းကို လိုက်ပါမယ်လို့ အခုထိ ကျွန်တော် မပြောရသေးဘူးနော်!”
ယခုအခါ သူသည် နတ်ဆိုးတစ်ပိုင်းပင် ဖြစ်သည်။လူသားမျိုးနွယ်တို့၏ နယ်မြေကို သွားခြင်းသည် သေခြင်းတရားက စောင့်ကြိုနေမှာ အသေအချာပင်!
ဝေ့ဂိုဏ်း၏ အကြီးအကဲ လေးဦးက ကာကွယ်ပေးမည် ဆိုလျှင်တောင် သူသည် အနှောင့်အယှက် အမျိုးမျိုးကို ရင်ဆိုင်ရအုံးမည် ဖြစ်သည်။
ထိုစကား ကြားသည့်အခါ အကြီးအကဲလေးဦးသည် သူ့ဘက်သို့ ချက်ချင်း လှည့်လာသည်။
အမျိုးသမီး ကျင့်ကြံသူက အရင်ပြောသည်။ “မင်းက ကျားနက်ဧကရာဇ်ကို သတ်ထားတာလေ။ကျားသစ်နက် ဧကရာဇ်က မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး။မင်း အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဝေ့ဂိုဏ်းကို လိုက်ခဲ့တာဘဲ။အခြား နန်းဆက် ခြောက်ဆက်ကလည်း နတ်ဆိုးမျိုးနွယ်တွေကို အတော် နာကြည်းနေကြတာဆိုတော့ မင်း သူတို့နဲ့တွေ့ရင် သူတို့ကလည်း မင်းကို လိုက်သတ်ကြအုံးမှာဘဲ”
စုယီ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ချိုးသွားသည်။
ဝေ့ဂိုဏ်းက ဘာပါလိမ့်?
ဧကရာဇ်စုဂိုဏ်းလိုမျိုးဘဲ ကြောက်စရာကောင်းလား?
စုယီက ဘာမှမတုံ့ပြန်သဖြင့် အကြီးအကဲလေးဦး၏ အမူအရာမှာ အကျည်းတန်လာသည်။
သူတို့သည် စုယီက သိန်းချီသည့်နတ်ဆိုးစစ်တပ်ကို တစ်ဦးတည်း တိုက်ခိုက်ခြင်းကို သဘောကျသော်လည်း အဆုံးမှာတော့ စုယီသည် နတ်ဆိုးသာ ဖြစ်သည်။နောက်ပြန်လှည့်ဖို့ အခွင့်အရေးပေးနေတာတောင် သူက ငြင်းပယ်မလို့လား?
ခဏအကြာ သူတို့ကြားရှိ လေထုသည် အေးစက်လာသည်။
စုယီသည် ကျူးဝူဓားကို ထုတ်ရန် လက်ဖြန့်လိုက်ကာ တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေခဲ့သည်။
ကျူးဝူဓား ပေါ်လာတာကို မြင်သည့်အခါ အကြီးအကဲလေးဦး၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားသည်။
“ကျူး…ကျူးဝူဓား!”
မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူက ပြောလိုက်သည်။အကြီးအကဲလေးဦးသည် စုယီနှင့် အကွာအဝေး တစ်ခုအကွာသို့ တစ်စုတစ်စည်းတည်း ဆုတ်သွားသည်။
ကျူးဝူဓားထံရှိ သူတို့၏ အကြည့်များသည် ပလိပ်ရောဂါ နတ်ဘုရားကို မြင်လိုက်ရသလို ဖြစ်သည်။
ထိုအချိန်တွင် ဓားဝိဉာဉ် ဖုန်းလုံ၏အစံသည် စုယီ၏ စိတ်အာရုံတွင် ပေါ်လာသည်။
စုယီသည် မျက်ခုံးများကို ပင့်လိုက်သည်။အိုး…ပုံပြင်တစ်ပုဒ် ရှိတာလား?
ထိုသို့ တွေးပြီးနောက် စုယီသည် အေးစက်သော မျက်နှာဖြင့် ပြောလိုက်သည်။ “သင်တို့ သွားသင့်ပြီ။ကျွန်တော့်ဓားက ကြီးမြတ်တဲ့ ဝေ့ရဲ့သွေးကို ကြိုက်တယ်တဲ့။သင်တို့ ဓားစာမိချင်မှာ မဟုတ်ပါဘူး။ဟုတ်တယ်မလား?”
ထိုစကားကို ကြားတော့ အကြီးအကဲလေးဦး၏ မျက်နှာများသည် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
စုယီသာဆိုရင် သူတို့ ဒေါသထွက်မှာ အသေအချာပင်။ကျူးဝူဓားကို ကြောက်လို့သာ ဖြစ်သည်။
“စုယီ။ဒါ နောက်ဆုံးအကြံ ပေးတာ။မကြာခင် အနောက်တိုင်းဗုဒ္ဓ မင်းဆက်က ဒီနေရာကို စစ်တပ်ကြီး တစ်တပ် ပို့လိမ့်မယ်။သူတို့က နတ်ဆိုးတွေကို အမုန်းဆုံးဘဲ။ဒီက ထွက်သွားမလား၊ လက်ခံမလားဆိုတာ မင်း သေချာရွေးပါ” အကြီးအကဲလေးဦးအနက်မှ အမျိုးသမီးက ဆိုသည်။ထိုသို့ပြောပြီးနောက် သူတို့လေးဦီးသည် နောက်လှည့်ကာ ရှီဝမ်မြို့စီသို့ ပျံထွက်သွားကြသည်။
အနောက်တိုင်းဗုဒ္ဓ မင်းဆက်?
စုယီသည် မျက်မှောင်ကြုတ်ကာ အလေးအနက် တွေးနေသည်။
လူသားမျိုးနွယ် မင်းဆက်ခုနှစ်ဆက်ထဲက နှစ်ဆက်က ရှီဝမ်မြို့ကို မျက်စိကျနေကြသည်။နတ်ဆိုးကျင့်စဉ်ကို ကျင့်သုံးသည့် သူ့အတွက်တော့ အဆင်မပြေပါ။
“မဟုတ်ဘူး! ငါ သေမှာကို ဒီတိုင်း ထိုင်စောင့်မနေနိုင်ဘူး!”
စုယီ၏မျက်လုံးများ အရောင်တောက်လာသည်။အနက်ရောင် အကြေးခွံဘုရင်နှင့် သခင်ကြီးချီယန်ကို တွေးပြီး သူသည် ရည်မှန်းချက်တစ်ခု ပေါ်လာသည်။
သူ့ခန္ဓာကိုယ်တွင် ဒြင်စင်ငါးမျိုးနှင့် ပြင်းထန်တဲ့သွေးခုန်နှုန်း ရှိသည်ဟု အကြီးအကဲလေးဦးက ပြောလိုက်သဖြင့် သူ၏ရည်မှန်းချက်သည် ပိုမို ခိုင်မာသွားသည်။
သူ နတ်ဆိုးဘုရင်တစ်ယောက် ဖြစ်ချင်သည်!
အတုမရှိတဲ့ ကြီးမြတ်သော နတ်ဆိုးဘုရင်တစ်ပါး!
မဟုတ်ဘူး။မဟုတ်သေးဘူး!
နတ်ဆိုးဘုရင်ဆိုတာက သိက္ခာမရှိဘူး!
သူ့ကိုယ်သူ နာမည်ပေးရမည်ဆိုလျှင် နတ်ဆိုးဧကရာဇ်သာ ဖြစ်လိမ့်မည်!
ထိုသို့တွေးပြီး စုယီသည် ချက်ချင်း ထထွက်သွားသည်။
နတ်ဆိုး အမုတေကို အသုံးပြုပြီး ဖြစ်သည်။နေနှင့်လ၏ စွမ်းအင်များကို စုပ်ယူခြင်းနှင့် ယှဉ်လျှင် နတ်ဆိုးအမြုတေကို ကျင့်ကြံခြင်းက ပို၍ မြန်သည်!
သူသည် ရှီဝမ်မြို့၏ ဆန့်ကျင်ဘက် ဦးတည်ရာသို့ အလျင်အမြန် ပြေးသွားပြီး မကြာမီတွင် တောနက်ထဲ၌ ပျောက်ကွယ်သွားသည်။
ထိုစဉ် မီတာတစ်ရာ ဝေးကွာသည့် လောင်ကျွင်းတောင်ထိပ်၌
သခင်ကြီးချီယန်သည် ချောက်ကမ်းပါးစွန်းတွင် ရပ်နေသည်။သူ၏မျက်နှာသည် မည်းမှောင်နေခဲ့သည်။
“ကြီးမြတ်သော ဝေ့ဂိုဏ်းရဲ့ အကြီးအကဲလေးယောက်က ရောက်နေပြီဘဲ။ငါ ဒီမှာ ကြာကြာနေလို့ မရလောက်တော့ဘူး”
သူသည် သူ့ဘာသာ ရေရွတ်လိုက်သည်။သူသည် အလွန် တုံ့ဆိုင်းနေသော်လည်း သူ့အသက်က ပို၍ အရေးကြီးသည်။
ဒါပေမယ့် စုယီကရော?
…