← Chapters

ထျန်ဟွမ်ကုန်းမြေတိုက်မှ တစ်စုံတစ်ယောက်

Vol. 130 Ch. 1939

ထျန်ဟွမ်ကုန်းမြေတိုက်မှ တစ်စုံတစ်ယောက်

Vol. 130 Ch. 1939

သက်ပြင်းချသံက တိတ်ဆိတ်ငြိမ်သက်နေသောလိုဏ်ဂူထဲမှာ အလွန်တရာရုတ်တရက်ဆန်လွန်း၏။ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး သတိတင်ထားသော အမူအရာနှင့်အတူ နေမထိထိုင်မသာဖြစ်လာခဲ့၏။

ဤသက်ပြင်းချသံက အမျိုးသားတစ်ယောက်ထံမှဖြစ်ပြီး ထျန်ကျစ်ရီထံမှ မဟုတ်သည်မှာ သိသာနေ၏။

လိုဏ်ဂူထဲမှာ တခြားတစ်ယောက်ယောက်ရှိနေသေးတာများလား။

သူသည် ထျန်ကျစ်ရီနှင့် လိုဏ်ဂူထဲတွင် စကားပြောဆိုနေခဲ့သည်မှာ အတော်ကြာသွားခဲ့ပြီဖြစ်သော်လည်း သူက ဤလူ၏ တည်ရှိမှုကို သတိမထားမိခဲ့ပေ။

ဆူဇီမိုက ထျန်ကျစ်ရီကို ကြည့်လိုက်၏။ သူမက ထိုသက်ပြင်းချသံကိုလုံးဝမကြားရသည့်အလား သူမ၏ အမူအရာက တည်ငြိမ်နေ၏။

သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်ပြီး ဆူဇီမိုက လိုဏ်ဂူကို စေ့စေ့စပ်စပ်စစ်ဆေးကြည့်လိုက်သော်လည်း အချည်းနှီးသာဖြစ်ရ၏။

ထိုသက်ပြင်းချသံက လိုဏ်ဂူထဲကနေလာခြင်း ဟုတ်ပုံမရပေ။ ထိုအစား အဲ့ဒါက သူ့စိတ်ထဲကလာတာ ဖြစ်ရပေမည်။

“ငါ့ကိုရှာမနေနဲ့... ငါအဲ့ဒီမှာမရှိဘူး”

အိုမင်း၍လျှို့ဝှက်ဆန်းကြယ်သောအသံ ဆူဇီမ်ို၏ စိတ်ထဲမှာ နောက်တစ်ဖန်ထွက်ပေါ်လာ၏။

“ခင်ဗျားဘယ်သူလဲ”

ဆူဇီမိုက အသံထွက်၍ပြောဆိုခြင်းမဟုတ်ဘဲ သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့်သာ မေးမြန်းလိုက်ခြင်းဖြစ်၏။

“ငါဘယ်သူလဲ... ငါဘယ်သူပါလိမ့်….”

လျှို့ဝှက်ဆန်းကြယ်သောလူက တီးတိုးရေရွတ်လိုက်သော်လည်း ပြန်ဖြေမလာခဲ့ပေ။ သူက စိတ်ထိခိုက်ခံစားစွာဖြင့် သက်ပြင်းသာချလိုက်၏။

“ဒီလောက်နှစ်တွေကြာပြီးတဲ့နောက် ထျန်ဟွမ်ကုန်းမြေတိုက်က လူတစ်ယောက်နဲ့ နောက်ဆုံးငါက တွေ့ရပြီပေါ့လေ”

ဆူဇီမိုက တုန်လှုပ်သွား၏။

သူသည် အထက်ဘုံသို့ တက်လှမ်းလာသည်မှာ နှစ်တစ်ထောင်ကျော်ကြာသွားခဲ့ပြီဖြစ်ပြီး သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှလာခြင်းဖြစ်ကြောင်းကို မည်သူ့ကိုမှ မပြောခဲ့ဖူးပေ။

သို့သော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သောလူက စကားတစ်ခွန်းတည်းဖြင့် သူ၏ နောက်ခံကို ဖော်ထုတ်လိုက်၏။

“ခင်ဗျား.. ခင်ဗျားက...”

ချက်ချင်းပင် ဆူဇီမို၏ စိတ်ထဲသို့ မေးခွန်းများစွာက ဝင်ရောက်လာ၏။ သူက အချိန်မီမတုံ့ပြန်နိုင်ဘဲ ဘယ်ကနေစပြောရမည် မသိပေ။

“မင်းစိုးရိမ်ထိတ်လန့်နေစရာမလိုဘူး”

လျှို့ဝှက်ဆန်းကြယ်သောလူက ပြောလိုက်၏။

“ငါက... မင်းရဲ့နောက်ခံကိုမှတ်မိတယ်ဆိုတာ... ငါကလည်း ထျန်ဟွမ်ကုန်းမြေတိုက်ကနေ လာတာမို့ပဲ”

ဆူဇီမိုက ကြောင်အ,မှင်တက်သွား၏။

သူသည် ဤနေရာမှာ ထျန်ဟွမ်ကုန်းမြေတိုက်မှ တစ်စုံတစ်ယောက်နှင့် ကြုံတွေ့ရလိမ့်မည်ဟု ထင်မှတ်မထားပေ။

ဒါ့အပြင် ဤလျှို့ဝှက်ဆန်းကြယ်သောလူ၏ နည်းလမ်းများက မဟူရာအင်မော်တယ်တစ်ယောက်၏ အတိုင်းအတာကို များစွာကျော်လွန်နေပုံရ၏။ ထိုသူက သူ့အရင်တက်လှမ်းခဲ့သော ထျန်ဟွမ်ကုန်းမြေတိုက်မှ စီနီယာတစ်ယောက်ဖြစ်ဖို့များလေသည်။

တကယ်တော့... ထိုသို့ဆိုလျှင်တောင် ဆူဇီမိုသည် အဲ့ဒါကို အလွယ်တကူမယုံကြည်ရဲပေ။

“ခင်ဗျားက ထျန်ဟွမ်ကုန်းမြေတိုက်ကဆိုရင်တောင်မှ ကျုပ်က ထျန်ဟွမ်ကုန်းမြေတိုက်ကလာတယ်ဆိုတာကို ဘယ်လိုပြောနိုင်တာလဲ”

ဆူဇီမိုက ထပ်၍မေးလိုက်၏။

လျှို့ဝှက်ဆန်းကြယ်သောလူက ပြောလိုက်၏။

“စောစောက မင်းအသုံးပြုခဲ့တဲ့ မဟာကစဉ့်ကလျား အမြုတေလက်ဝါးကို အမြုတေဧကရာဇ်က ဖန်တီးခဲ့တာပဲ... သူက ကစဉ့်ကလျားအမြုတေဂိုဏ်းလို့ခေါ်တဲ့ သူ့ကိုယ်ပိုင်အမွေအနှစ်ဂိုဏ်းကို ထျန်ဟွမ်ကုန်းမြေတိုက်မှာထားခဲ့တယ်... အဲ့ဒီဂိုဏ်းက ရှိနေသေးလား ငါသိချင်မိတယ်”

ထိုနေရာအရောက်တွင် ဆူဇီမိုက ဆက်လက်၍ သံသယမရှိတော့ပေ။

ထိုအတိတ်ကာလအဖြစ်အပျက်များကို တိကျမှန်ကန်စွာပြောနိုင်သူ မည်သူမဆို ထျန်ဟွမ်ကုန်းမြေတိုက်မှလာသောလူတစ်ယောက် သေချာပေါက်ဖြစ်ရပေမည်။

ထိုစဥ်မှာပင် လျှို့ဝှက်ဆန်းကြယ်သောလူက ဆက်ပြောလိုက်၏။

“စောစောက မင်းထုတ်ဖော်လိုက်တဲ့ အသံပိုင်းလျှို့ဝှက်အတတ်ကနေ ငါ ရင်းနှီးနေကျ အော်ရာတစ်ခုကိုခံစားမိတယ်... မင်းက ဗလာနယ်မိုးကြိုးကျင့်စဥ်လို့ခေါ်တဲ့ ကျင့်ကြံရေးနည်းစနစ်တစ်ခုကို ကျင့်ကြံထားတာဖြစ်ရမယ်”

ဆူဇီမိုက ပို၍ပင် အံ့အားသင့်သွား၏။

သူ၏ နဂါးဟိန်းသံလျှို့ဝှက်အတတ်ကို မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းမှ လျှို့ဝှက်အတတ်တချို့နှင့် အမှန်တကယ်ပင် ပေါင်းစည်းထား၏။

လျှို့ဝှက်အတတ်တစ်ခုတည်းနှင့် ဤလျှို့ဝှက်ဆန်းကြယ်သောလူက သူ၏ ကျင့်ကြံရေးနည်းစနစ်ကို ကောက်ချက်ချနိုင်နေလေသည်။

ဆူဇီမိုက တုန်လှုပ်နေစဥ် လျှို့ဝှက်ဆန်းကြယ်သောလူက ဆက်ပြောလိုက်၏။

“ငါက... မတက်လှမ်းခင် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဗလာနယ်မိုးကြိုးကျင့်စဥ်လို့ ခေါ်တဲ့အမွေအနှစ်တစ်ခုကို ချန်ထားရစ်ခဲ့တယ်”

“အာ...”

ဆူဇီမို၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူကခါးကိုမတ်ကာ အသံထွက်လုနီးပါးဖြစ်သွား၏။

“ခင်ဗျားက...”

ဆူဇီမို၏ မူမမှန်မှုကို သတိထားမိသွားပြီး ထျန်ကျစ်ရီက အနည်းငယ်ထိတ်လန့်သွား၏။ သူမက နောက်သို့ အနည်းငယ်ဆုတ်ခွာပြီး ဆူဇီမိုကိုကြည့်ကာ မေးမြန်းလိုက်၏။

“ရှင်ဘာလုပ်နေတာလဲ”

ဆူဇီမိုက သူဣန္ဒြေပျက်သွားသည်ကို နားလည်သဘောပေါ​က်သွားပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ့ကိုယ်သူတည်ငြိမ်စေလိုက်၏။

သူ့ကိုအပြစ်တင်လို့ မရပေ။

စောစောက သူကြားခဲ့ရသည့်အရာက သူ့ကို တကယ်ပင်ကြီးမားစွာ တုန်လှုပ်သွားစေ၏။

သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ တစ်စုံတစ်ယောက်နှင့် ဤနေရာမှာကြုံတွေ့လာရမည်ဟု ထင်မှတ်မထားခဲ့ပေ။

အဲ့ဒါထက် သူကြုံတွေ့ရသော ထျန်ဟွမ်ကုန်းမြေတိုက်မှလူသည် ထာဝရလူသားဧကရာဇ်နှင့် တစ်ခေတ်တည်းမှာ အထက်ဘုံသို့တက်လှမ်းသွားသော ဒဏ္ဍာရီလာမိုးကြိုးဧကရာဇ်ဖြစ်နေလိမ့်မည်ဟု သူကထင်မှတ်မထားမိပေ။

ရုတ်တရက် ဆူဇီမိုသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွား၏။

သူကထျန်ကျစ်ရီကို ကြည့်ပြီးမေးလိုက်၏။

“ပကတိတစ်ဆယ်ဝင်္ကပါမှာ ချုပ်နှောင်ခံထားရတဲ့လူက မိုးကြိုးနည်းစနစ်တွေကို အသုံးပြုတဲ့နေရာမှာ ကျွမ်းကျင်တယ်မလား”

“အဲ့ဒါအမှန်ပဲ”

ထျန်ကျစ်ရီက ပြောလိုက်၏။

ထိုအခိုက်အတန့်မှာ ဆူဇီမို၏ မျက်လုံးရှေ့တွင် ကိစ္စများစွာက ရှင်းလင်းစွာ တဖြည်းဖြည်းပေါ်ထွက်လာ၏။

စောစောက ထျန်ကျစ်ရီပြောခဲ့သည့်အကျဥ်းသားမှာ ထျန်ဟွမ်ကုန်းမြေတိုက်၏ မိုးကြိုးဧကရာဇ်ဖြစ်နေ၏။

ပကတိမိုးကြိုးမြို့တော်က မိုးကြိုးစွမ်းအားများအားလုံးကို ဖြတ်တောက်ထားသည့်အကြောင်းအရင်းမှာ မိုးကြိုးဧကရာဇ်ကို ဖိနှိမ်ဖို့ဖြစ်ရပေမည်။

တည်တံ့သောအမူအရာနှင့်အတူ ဆူဇီမိုက ပကတိတစ်ဆယ်ဝင်္ကပါရှိရာဘက်သို့ အလေးအနက်ဦးညွှတ်လိုက်၏။

“ရှင်ဘာလုပ်နေတာလဲ”

ဆူဇီမို၏ ထူးဆန်းသော အပြုအမူကိုတွေ့မြင်သောအခါ ထျန်ကျစ်ရီက တွေဝေရှုပ်ထွေးသွားပြီးမေးလိုက်၏။

ဆူဇီမိုက ရှင်းပြမနေပေ။

ဆူဇီမို၏ ဦးညွှတ်မှုသည် သူကဗလာနယ်မိုးကြိုးကျင့်စဥ်ကို ကျင့်ကြံထားခဲ့သောကြောင့် သို့မဟုတ် မိုးကြိုးဧကရာဇ်သည် ထျန်ဟွမ်ကုန်းမြေတိုက်၏ ရှေးဟောင်းခေတ်မှာတုန်းက လူသားမျိုးနွယ်အတွက် တိုက်ခိုက်ပေးခဲ့သောကြောင့်သာလျှင် မဟုတ်ပေ။

အဲ့ဒါထက်... အထက်ဘုံလောကမှာ မိုးကြိုးဧကရာဇ်ပြုလုပ်ခဲ့သော အရာရာတိုင်းအတွက်ကြောင့်ဖြစ်၏။

အဲ့ဒါက သူ၏ သဘောထားကြီးမြတ်မှုနှင့် ရဲဝံ့စွန့်စားမှုတို့ကြောင့်ဖြစ်၏။

“စောစောကစကားကိုပြောခဲ့တာ သိပ်ကောင်းတယ်... ထျန်ဟွမ်ကုန်းမြေတိုက်က လူတစ်ယောက်ဆိုတဲ့အတိုင်းပဲ”

မိုးကြိုးဧကရာဇ်၏ အသံက ဆူဇီမို၏ စိတ်ထဲမှာ ထွက်ပေါ်လာ၏။

“ဒါပေမဲ့... မင်းအဲ့ဒီလမ်းကိုဆက်မလျှောက်တာ မင်းအတွက် ပိုကောင်းလိမ့်မယ်”

“အဲ့ဒီလမ်းက အရမ်းကိုခက်ခဲလွန်းတယ်... သမိုင်းတစ်လျှောက်မှာ အောက်ဘုံကလာတဲ့ သက်ရှိပေါင်းများစွာက ကြိုးစားခဲ့ပြီးပြီ... ဒါပေမဲ့အကုန်လုံးကျရှုံးခဲ့တယ်”

“တကယ်ဆို... အဲ့ဒီလူတွေက အချိန်သဲမြစ်ထဲမှာ တစ်စွန်းတစ်စမကျန်ပျောက်ကွယ်သွားကြပြီ”

ဆူဇီမိုက အသံတိတ်နေ၏။

မိုးကြိုးဧကရာဇ်က သူ့ကိုစေတနာနှင့်​ဖျောင်းဖျနေခြင်းဖြစ်ကြောင်း သူနားလည်သဘောပေါက်၏။

ထိုလမ်းကြောင်းက ဘယ်လောက်ခက်ခဲသလဲ မိုးကြိုးဧကရာဇ်ထက်ပို၍ မည်သူကမှ သိရှိလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုက တကယ့်ကိုရှားရှားပါးပါး ပါရမီရှင်တစ်ယောက်ဆိုတာ မိုးကြိုးဧကရာဇ်က ပြောနိုင်၏။

သို့သော်လည်း သူသည် အထက်ဘုံမှာနှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့ပြီး ပါရမီရှင်ပေါင်းစုံကို တွေ့မြင်ဖူးခဲ့၏။

ဆူဇီမိုကို နောက်ပြန်လှည့်ပြီး ဤလမ်းကြောင်းပေါ်သို့မတက်လှမ်းဖို့ သူကဖျောင်းဖျနေသည်မှာ သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ ဤလူကို စိတ်လိုက်မာန်ပါ တဇွတ်ထိုးပြုလုပ်ပြီး အလောင်းများဖြင့်ပြည့်နှက်နေသည့် ဤလမ်းကြောင်းပေါ်မှာ အချိန်မတိုင်ခင် မသေဆုံးစေလိုသောကြောင့်ဖြစ်၏။

သို့သော် ဆူဇီမိုသည် မိုးကြိုးဧကရာဇ်၏ နာမည်ကို ကြားဖူးသော်လည်း ထိုသူက သူ့အကြောင်းနှင့်ပတ်သက်၍ ဘာမှမသိပေ။

သူက ဆူဇီမိုကို နားလည်သဘောပေါက်ခြင်းမရှိသလို ထိုသူ၏ စိတ်နေစရိုက်ကိုလည်း မသိပေ။

အဲ့ဒါထက် ဆူဇီမိုသည် တစ်ခါက အောက်ဘုံလောကမှာ သိုင်းတာအိုကိုတည်ထောင်ပြီး သက်ရှိအားလုံးကို ကောင်းချီးပေးခဲ့သည်ဆိုတာကို သူ မသိပေ။ ထိုသူက ထာဝရသိုင်းဧကရာဇ်အဖြစ်ကျော်ကြားခဲ့ပြီး သူ၏ အောင်မြင်ထွန်းပေါက်မှုက လူသားဧကရာဇ်ကိုပင် ကျော်တက်သွားခဲ့၏။

ဆူဇီမိုကလည်း ရှင်းပြမနေပေ။

မိုးကြိုးဧကရာဇ်က ဆက်ပြောလိုက်၏။

“အဲ့ဒီတုန်းက ငါ့အပြင် ထျန်ဟွမ်ကုန်းမြေတိုက်ကနေ လင်းကျန့်ကလည်း တက်လှမ်းခဲ့တယ်... သူက အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို တက်လှမ်းသွားပြီး ငါ့အရင် အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာခဲ့တယ်... သူက အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်ဧကရာဇ်ရဲ့ မြင့်မြင့်မားမားသတ်မှတ်ခြင်းကိုခံရပြီး တိုက်ပွဲဘုရင်ဘွဲ့ကိုပါ ခံယူနိုင်ခဲ့တယ်”

“ငါက ပြီးခဲ့တဲ့နှစ်တွေအားလုံးထဲ ဒီနေရာမှာ အကျဥ်းချခံထားရတာဆိုတော့... သူ့ဆီကနေ ဘာသတင်းမှ မရတော့ဘူး... ဒါပေမဲ့ သူ့ရဲ့နည်းလမ်းတွေနဲ့ ခွန်အားအရဆိုရင်... သူက အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်​မြေမှာ အင်မော်တယ်နိုင်ငံတစ်ခုကို သေချာပေါက်တည်ထောင်နိုင်လိမ့်မယ်လို့ ငါယုံတယ်”

“ညီကိုလင်းနဲ့ငါက တူညီတဲ့အင်မော်တယ်မဟာနယ်မြေထဲမှာ မရှိခဲ့ကြပေမယ့်... ငါတို့မှာ တူညီတဲ့စိတ်ကူးတွေနဲ့ ယုံကြည်မှုတွေရှိခဲ့ကြတယ်... မင်းက ဒီနေရာကနေထွက်ခွာသွားပြီး အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို သွားဖို့အခွင့်အရေးရမယ်ဆိုရင်... သူ့ကိုသွားရှာပါလား... မင်းက ထျန်ဟွမ်ကုန်းမြေတိုက်ကလာတာဆိုတာကို သူသိရင် သူက အရမ်းကိုဝမ်းသာအားရဖြစ်သွားလိမ့်မယ်”

ထိုနေရာအရောက်တွင်... မိုးကြိုးဧကရာဇ်က ခဏမျှရပ်တန့်လိုက်၏။

“ဪ ဒါနဲ့... လင်းကျန့်ဆိုတာ ဘယ်သူလဲ မင်းသိချင်မှသိမှာ... ဒါပေမဲ့ ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သူ့ရဲ့ဘွဲ့ကိုတော့ မင်းသေချာပေါက်သိလိမ့်မယ်”

“သူက... ထာဝရလူသားဧကရာဇ်ပဲ”

“အာ...”

ဆူဇီမိုက တုန်လှုပ်သွား၏။

သူသည် ထာဝရလူသားဧကရာဇ်၏ နာမည်ကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်၏။

သူသည် အထက်ဘုံသို့ တက်လှမ်းလာပြီးနောက် ထာဝရလူသားဧကရာဇ်နှင့်ပတ်သက်သည့် တစ်စုံတစ်ရာကို ပထမဆုံးအကြိမ် ကြားသိရခြင်းလည်းဖြစ်၏။

ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

“စီနီယာလူသားဧကရာဇ်က ဘာတွေလုပ်နေမလဲ ကျုပ်သိချင်မိတယ် “

“ဘာတွေဖြစ်ခဲ့လို့လဲ”

ဆူဇီမိုက တစ်ခုခုကို သွယ်ဝိုက်ပြောဆိုနေခြင်းဖြစ်ကြောင်း မိုးကြိုးဧကရာဇ်က သတိထားမိသွား၏။

ဆူဇီမိုသည် တစ်စုံတစ်ရာကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပဟေဠိနန်းတော်မှ တိုက်ပွဲအကြောင်းနှင့် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ထာဝရလူသားဧကရာဇ် ပြန်လာပုံအကြောင်းကို ပြန်ပြောပြလိုက်၏။

ထိုအချိန်တုန်းက ထာဝရလူသားဧကရာဇ်သည် အထက်ဘုံသို့ပြန်သွားခဲ့သော်လည်း သူက ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်မှာ သိသာ၏။

“လောကရဲ့ အဟန့်အတားကို ချိုးဖျက်ပြီးတော့ အတင်းအကျပ်ဆင်းသက်တာက အရမ်းကို အန္တရာယ်များလွန်းတယ်”

မိုးကြိုးဧကရာဇ်က ပြောလိုက်၏။

“အကောင်းဆုံးရလဒ်အနေနဲ့ သူ့ရဲ့တာအိုက ပျက်စီးသွားလိမ့်မယ်... အဆိုးဆုံးဆိုရင်တော့... သူကသေတောင်မှ သေသွားနိုင်တယ်... ကံဆိုးစွာနဲ့ပဲ ငါကဒီနေရာမှာပိတ်မိနေတော့... သူ့ကိုအကူအညီ မပေးနိုင်ခဲ့ဘူး”

All Chapters