← Chapters

မိုးကြိုးဧကရာဇ်၏ အမွေအနှစ်

Vol. 130 Ch. 1940

မိုးကြိုးဧကရာဇ်၏ အမွေအနှစ်

Vol. 130 Ch. 1940

“စီနီယာမိုးကြိုးဧကရာဇ်... ပကတိတစ်ဆယ်ဝင်္ကပါမှာ အားနည်းချက်တစ်ခုခုများရှိလား... ကျုပ်က ဝင်္ကပါနဲ့ပတ်သက်ပြီး နဲနဲပါးပါးသိထားတယ်... ကျုပ် အဲ့ဒါကို ချေဖျက်ပြီး ခင်ဗျားကိုကယ်ထုတ်နိုင်မလားလို့”

ဆူဇီမိုက မေးလိုက်၏။

“မလုပ်နဲ့”

မိုးကြိုးဧကရာဇ်က ညင်သာစွာ သက်ပြင်းချလိုက်၏။

“ဒီပကတိတစ်ဆယ်ဝင်္ကပါရဲ့ မူလဇာစ်မြစ်က အရမ်းကိုကြီးမားတယ်... သူ့ရဲ့စွမ်းအားကလည်းကြောက်ဖို့ကောင်းတယ်... တစ်ခါတုန်းက ပကတိဝင်္ကပါမဟာသခင်တစ်ယောက်က ဒီကိုရောက်လာပြီး ငါ့ကိုကယ်ထုတ်ဖို့ကြိုးစားဖူးတယ်... ဒါပေမဲ့ သူက အဲ့ဒီထဲမှာ မြှုပ်နှံခံခဲ့ရတယ်”

ဆူဇီမိုက အသံတိတ်သွား၏။

တကယ်တော့... ဝင်္ကပါအစီအရင်များအပေါ် သူ၏ အောင်မြင်ထွန်းပေါက်မှုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ အလွန်တရာမြင့်မားခဲ့သော်လည်း အထက်ဘုံမှ အင်မော်တယ်ဝင်္ကပါများနှင့်ယှဥ်လျှင် သူ၏ ဝင်္ကပါအသိအမြင်က အတော်လေးနိမ့်ကျနေသေးကြောင်း သူသိထား၏။

“ငါ့ရဲ့စိတ်ဝိညာဥ်အသိစိတ်က သိပ်ကြာကြာတောင့်ခံနိုင်တော့မှာ မဟုတ်ဘူး”

မိုးကြိုးဧကရာဇ်၏ အသံ တစ်ဖန်ထွက်ပေါ်လာသော်လည်း ထိုအသံက အရင်ကထက် သိသိသာသာ အားနည်းသွားခဲ့ပြီဖြစ်၏။

မိုးကြိုးဧကရာဇ်သည် နှစ်ပေါင်းသိန်းချီကြာအောင် အကျဥ်းချခံထားခဲ့ရပြီး သူ၏ တာအိုသစ်သီးကလည်း ကြေမွပျက်စီးနေခဲ့၏။ သူသည် ပကတိတစ်ဆယ်ဝင်္ကပါ၏ အပြင်ဘက်မှာ ဆူဇီမိုနှင့် ဆက်သွယ်ဖို့အတွက် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ထားရသည်မှာ သူ့အတွက် အားအင်ကြီးမားစွာ ကုန်ခန်းစေ၏။

သူက အဲ့ဒါကို သိပ်ကြာကြာတောင့်ခံထားနိုင်တော့မည် မဟုတ်ပေ။

မိုးကြိုးဧကရာဇ်က ဆက်ပြောလိုက်၏။

“ငါက ဒီနေရာမှာ နှစ်ပေါင်းသိန်းချီကြာအောင်ချုပ်နှောင်ခံထားရတယ်... ဒီနှစ်တွေထဲမှာ ငါက ဗလာနယ်မိုးကြိုးကျင့်စဥ်ကို ပြန်ဖွဲ့စည်းပြီးတော့ အနှစ်ထုတ်ထားတယ်... ငါအဲ့ဒီကနေ အသိအမြင်တချို့ရထားတာရှိတယ်”

“ပြီးပြည့်စုံတဲ့ ဗလာနယ်မိုးကြိုးကျင့်စဥ်ကို ငါမင်းကို သင်ပေးမယ်... အဲ့ဒီကျင့်ကြံရေးနည်းစနစ်က မင်းအတွက် အကူအညီဖြစ်ဖို့ ငါမျှော်လင့်တယ်”

ဆူဇီမိုက တုန်လှုပ်သွား၏။

မိုးကြိုးဧကရာဇ်သည် ဤဗလာနယ်မိုးကြိုးကျင့်စဥ်ကို မှီခိုပြီး သူ၏ လမ်းတစ်လျှောက် တိုက်ခိုက်ကာ လူတိုင်းပေါ်တက်လှမ်း၍ အန္တိမပကတိအင်မော်တယ်ဘွဲ့ကို ခံယူနိုင်ခဲ့၏။

ထိုကျင့်ကြံရေးနည်းစနစ်က ဘယ်လောက်တောင်စွမ်းအားကြီးမားသလဲ စဥ်းစားကြည့်နိုင်၏။

ဒါ့အပြင် မိုးကြိုးဧကရာဇ်သည် ပြီးခဲ့သည့်နှစ်ပေါင်းသိန်းချီအတွင်း အဲ့ဒါကို ပြန်လည် ကောက်ချက်ချကာ ပြင်ဆင်ထားခဲ့၏။

“ဗလာနယ်မိုးကြိုးကျင့်စဥ်ကို ထျန်ဟွမ်ကုန်းမြေတိုက်က လူတစ်ယောက်ကို လက်ဆင့်ကမ်းပေးရမှာ သိပ်ကောင်းတယ်... အဲ့ဒါဆိုရင် ငါက နောင်တမရှိဘဲ သေနိုင်ပြီ”

ဆူဇီမိုက စကားပြောဖို့ ဟန်ပြင်လိုက်၏။

ရုတ်တရက် မိုးကြိုးဧကရာဇ်၏ အသံက ပြောင်းလဲသွားပြီး ဆူဇီမို၏ စိတ်ထဲသို့ ရှုပ်ထွေးဆန်းကြယ်သောအသံများက ဝင်ရောက်လာ၏။

ထိုစကားသံတစ်ခုချင်းစီမှာ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ မိုးကြိုး၏ သမာသမတ်ကျမှုနှင့် ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုပါဝင်နေ၏။

ဆူဇီမို၏ စိတ်ထဲမှာ ထိုစကားလုံးများက လျှပ်စီးကြောင်းများဖြင့် တောက်ပနေသော မိုးကြိုးအဆောင်လက်ဖွဲ့များအဖြစ် အသွင်ပြောင်းလဲသွားသည်ဟုထင်ရ၏။

အချိန်အတန်ကြာပြီးနောက် ဗလာနယ်မိုးကြိုးကျင့်စဥ်တစ်ခုလုံးက ဆူဇီမို၏ စိတ်ထဲမှာ စွဲထင်သွားခဲ့၏။

ဤကျင့်ကြံရေးနည်းစနစ်က အရမ်းကိုကျယ်ပြောနက်နဲပြီး လျှို့ဝှက်ဆန်းကြယ်ကာ တကယ့်ကို အံ့မခန်းဖြစ်၏။ တစ်ခဏအတွင်း ဆူဇီမိုသည် ၎င်း၏ အနှစ်သာရာကို နားလည်ဆင်ခြင်နိုင်မည် မဟုတ်ပေ။

ထိုအခိုက်အတန့်မှာ မိုးကြိုးဧကရာဇ်၏ အသံက တဖြည်းဖြည်းအားပျော့သွား၏။

“အဲ့ဒီမှာ ငါ့ရဲ့ ထိုးထွင်းအသိမြင်တချို့ပါတယ်... ငါကမင်းကို ကြိုးစားပြီးတော့ အဲ့ဒါတွေကို ရှင်းပြပေးမယ်... မင်းတတ်နိုင်သလောက် မှတ်ထားကြည့်”

မိုးကြိုးဧကရာဇ်က ဗလာနယ်မိုးကြိုးကျင့်စဥ်မှ သူ၏ ထိုးထွင်းအသိအမြင်များကို သင်ကြားပေးနေ၏။

ဆူဇီမိုသည် ဗလာနယ်မိုးကြိုးကျင့်စဥ်ကို အရင်က ကျင့်ကြံခဲ့ဖူးသော်လည်း အဲ့ဒါက ပြီးပြည့်စုံမှုမရှိပေ။

ဒါ့အပြင် အဲ့ဒါသည် အောက်ဘုံလောက၏ မိုးကြိုးနတ်ဘုရားစွမ်းအားတစ်ခုသာဖြစ်၏။

ထိုအခိုက်အတန့်မှသာ မိုးကြိုးဧကရာဇ်၏ အကူအညီနှင့်အတူ ဆူဇီမိုအတွက် မိုးကြိုးတာအိုတံခါးက ဖြည်းဖြည်းချင်းပွင့်လာခဲ့ပြီး ၎င်း၏ လျှို့ဝှက်ချက်များကို ဖမ်းဆုပ်နိုင်မည့်အခွင့်အရေး သူ့ကိုပေးလာခဲ့၏။

မိုးကြိုးဧကရာဇ်၏ အသံက တဖြည်းဖြည်းအားပျော့သွားပြီး နောက်ဆုံးမှာ ပျောက်ကွယ်သွား၏။

တကယ်တော့... မိုးကြိုးဧကရာဇ်သည် ဗလာနယ်မိုးကြိုးကျင့်စဥ်မှ သူ၏ နားလည်ဆင်ခြင်မှုများအားလုံးကို ကုန်စင်အောင်သင်ကြားမပေးနိုင်ခဲ့ပေ။

ထိုသို့ဆိုလျှင်တောင် စောစောက မိုးကြိုးတာအို၏ သဘောတရားများနှင့် အသိအမြင်များက ဆူဇီမိုအနေဖြင့် သူ၏ လက်ကျန်ဘဝတစ်လျှောက်လုံး အသုံးချဖို့ လုံလောက်နေ၏။

မိုးကြိုးဧကရာဇ်၏ ဓမ္မပညာရပ်မှာပါဝင်သော အချက်အလက်များက အရမ်းကို သိပ်သည်းများပြားလွန်း၏။

ဆူဇီမိုအနေဖြင့် အချိန်တိုအတွင်းမှာ အဲ့ဒါကို ကြေညက်အောင်လုပ်ဖို့ မလွယ်ပေ။

သူသည် လောလောဆယ်မှာ အဲ့ဒါကို မှတ်သားထားရုံသာတတ်နိုင်ပြီး အဲ့ဒါကို နားလည်ဆင်ခြင်ကာ ကျင့်ကြံဖို့အတွက် သင့်လျော်သည့် အခွင့်အရေးတစ်ခုကို ရှာဖွေရပေမည်။

ယခုအချိန်မှာ သူ့အတွက် အရေးကြီးသောတစ်စုံတစ်ရာရှိနေ၏။

သူသည် မိုးကြိုးဧကရာဇ်ကို ကယ်ထုတ်နိုင်မည့်နည်းလမ်းကို စဥ်းစားရမည်ဖြစ်၏။

သူ၏ အစွမ်းအစအရ သူ့အနေဖြင့် ပကတိတစ်ဆယ်ဝင်္ကပါကို ချေဖျက်ပြီး မိုးကြိုးဧကရာဇ်ကို ကယ်ထုတ်ဖို့က မဖြစ်နိုင်သလောက်ပင်ဆိုတာကို သူသိထား၏။

အရင်တုန်းက ပကတိအင်မော်တယ်တစ်ယောက်ပင်လျှင် ပကတိတစ်ဆယ်ဝင်္ကပါကိုချေဖျက်ရင်း အထဲမှာ သေဆုံးခဲ့ရ၏။

သူက အရမ်းကို နိမ့်ကျနေသေး၏။

ဒါ့အပြင် သူက ပကတိတစ်ဆယ်ဝင်္ကပါကို ချေဖျက်နိုင်ခဲ့ပြီး မိုးကြိုးဧကရာဇ်နှင့် တွေ့ရမည်ဆိုလျှင်တောင် ဘာဆက်နိုင်ဖြစ်မလဲ။

မိုးကြိုးဧကရာဇ်၏ တာအိုသစ်သီးက ကြေမွထားပြီး နှစ်ပေါင်းသိန်းချီကြာအောင် ချုပ်နှောင်ခံထားရပြီးနောက် သူက လမ်းဆုံးသို့ ရောက်ရှိနေလောက်လေပြီ။

ပကတိတစ်ဆယ်ဝင်္ကပါ၏ အပြင်ဘက်မှာ အဆင့်မြင့်အင်မော်တယ်များစွာနှင့် ပကတိအင်မော်တယ်ပညာရှင်များကပါ စောင့်ကြည့်နေကြ၏။ သူသည် မိုးကြိုးဧကရာဇ်ကို ကယ်ထုတ်သွားဖို့နေနေသာ သူပင်လျှင် ပကတိတစ်ဆယ်ငရဲကနေ အသက်ရှင်လျက် ထွက်နိုင်ချင်မှ ထွက်နိုင်ပေလိမ့်မည်။

ထိုသို့ဆိုလျှင်တောင် ဆူဇီမိုသည် အဲ့ဒါကိုစမ်းကြည့်ဖို့အတွက် နည်းလမ်းတစ်ခုကို စဥ်းစားရမည်ဖြစ်၏။

သူသည် ဤအကျဥ်းသား၏ သရုပ်သကန်ကို မသိရှိခဲ့လျှင် သူသည် ဤကဲ့သို့ စွန့်စားဖို့အတွေးများကို တွေးမိချင်မှ တွေးမိပေလိမ့်မည်။

သို့သော်ယခု... ဤနေရာမှာ ချုပ်နှောင်ထားသူက မိုးကြိုးဧကရာဇ်ဆိုတာကို သူသိရှိထားပြီဖြစ်ပြီး သူက တစ်စုံတစ်ရာပြုလုပ်ခြင်းမရှိဘဲ ထွက်ခွာသွားရမည်ဆိုလျှင် စိတ်ထဲမှာ မသက်မသာခံစားနေရပေလိမ့်မည်။

ပကတိမိုးကြိုးမြို့တော်.... မြို့တော်အရှင်၏ ဂေဟာတွင်...။

အချိန်က တဖြည်းဖြည်းကုန်ဆုံးသွားပြီး ပကတိတစ်ဆယ်ငရဲရှိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများက ပိုမိုကြမ်းတမ်းလာခဲ့၏။

နိုးထလာသော ကမ္ဘာမြေသားရဲများက ပို၍များပြားလာပြီး ပကတိတစ်ဆယ်ငရဲမှာ ထင်တိုင်းကျဲ သတ်ဖြတ်မှုများကို ပြုလုပ်နေကြ၏။ အထဲမှာရှိသော မဟူရာအင်မော်တယ်များအတွက်တော့ သူတို့ပုန်းကွယ်စရာနေရာလွတ်က ကျဥ်းမြောင်းလာခဲ့၏။

အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်ရှိ အမည်များက အဆက်မပြတ်ပြောင်းလဲနေ၏။

မဟူရာအင်မော်တယ်တချို့သည် အဆင့်သတ်မှတ်ချက်ပေါ်သို့ ဝင်ရောက်လာခဲ့ကြ၏။ သို့သော်လည်း နောက်ခဏ၌ သူတို့၏ အမည်များက အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်ကနေ ပျောက်ကွယ်သွားပြန်၏။

ထိုမဟူရာအင်မော်တယ်များက သေဆုံးသွားပြီဟု အဓိပ္ပါယ်ရလေသည်။

သို့သော်လည်း လီထျန်နှင့် ကျန့်ယွီကဲ့သို့ စစချင်း မြို့တော်အရှင်များနှင့် အဆင့်မြင့်အင်မော်တယ်များ မြင့်မြင့်မားမား သတ်မှတ်ထားခဲ့သည့်သူတချို့ကတော့ အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်မှာ ရှိနေကြဆဲဖြစ်၏။

“အထင်ကြီးစရာပဲ... အဲ့ဒီလီထျန်က လူသုံးရာကျော်ကို သတ်ဖြတ်ခဲ့ပြီးပြီ”

“ကျန့်ယွီကလည်း သိပ်မဆိုးပါဘူး... သူက နောက်ကနေ သိပ်မကွာဘဲ လိုက်လာတာ”

မြို့တော်အရှင်များနှင့် အဆင်မြင့်အင်မော်တယ်များစွာက စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးပြောဆိုနေကြ၏။

ပကတိတစ်ဆယ်ဝင်္ကပါထဲရှိ သွေးသံရဲရဲသတ်ဖြတ်ခြင်းများက ပကတိအင်မော်တယ်များနှင့် အဆင့်မြင့်အင်မော်တယ်များကို စိတ်လှုပ်ရှားစေ၏။

မင်းသားယွမ်ကျောက အပြုံးတစ်ခုနှင့်အတူ သူ၏ အင်မော်တယ်သစ်သီးများကို အေးအေးလူလူစားသုံးနေ၏။

အဲ့ဒီနောက် သူကတစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား ရုတ်တရက် မေးလိုက်၏။

“ကျင်းယွဲ့... ဆူဇီမိုနဲ့ ထျန်ကျစ်ရီက ဒီလောက်ကြာပြီးတာတောင်... အဲ့ဒီလိုဏ်ဂူထဲမှာ ရှိနေသေးတာလား.... သူတို့ထွက်မလာကြသေးဘူးလား”

“ထွက်မလာကြသေးဘူး”

ပကတိအင်မော်တယ်ကျင်းယွဲ့က တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုနှင့်အတူ သူ၏ခေါင်းကို ခါပြလိုက်၏။

ပုံမှန်အားဖြင့်ဆိုလျှင် အချိန်ဤမျှကြာမြင့်ပြီးနောက် သူတို့နှစ်ယောက်ကြား တိုက်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ပြီးသွားခဲ့ပြီမှာ ကြာနေလောက်လေပြီ။

သို့သော်လည်း လိုဏ်ဂူထဲကနေ မည်သည့်လှုပ်ရှားမှုမှ ရှိမလာသေးပေ။

ထိုလိုဏ်ဂူမှာ အခြားထွက်ပေါက်မရှိသည်ကို တံလျှပ်မျက်လုံးကနေတစ်ဆင့် ရှင်းရှင်းလင်းလင်းတွေ့မြင်နေရ၏။ တစ်နည်းအားဖြင့်ဆိုလျှင် သူတို့နှစ်ယောက်က လိုဏ်ဂူထဲမှာပဲရှိနေသေး၏။

“သူတို့နှစ်ယောက်က အထဲမှာ နှစ်ယောက်စလုံး သေသွားတာများလား”

လျှိုယွီက ရယ်မောလိုက်၏။

“အဲ့ဒါက ဖြစ်နိုင်တယ်”

ပကတိအင်မော်တယ်ကျင်းယွဲ့က တီးတိုးရေရွတ်ပြီး တံလျှပ်ကြေးမုံကိုကြည့်လိုက်၏။

ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွားပြီး ပြောလိုက်လေသည်။

“အရှင်မင်းသား... ကြည့်ပါဦး”

မင်းသားယွမ်ကျောက ပကတိအင်မော်တယ်ကျင်းယွဲ့၏ လမ်းညွှန်မှုအတိုင်း လိုက်ပါကြည့်ရှုလိုက်၏။

တံလျှပ်ကြေးမုံထဲတွင် ကျင့်ကြံသူတစ်ရာကျော်ပါသော လူတစ်အုပ်စုက ဆူဇီမိုနှင့် ထျန်ကျစ်ရီရှိသော လိုဏ်ဂူဆီသို့ သွားနေကြ၏။

မဟူရာအင်မော်တယ်အချို့သည် ပကတိတစ်ဆယ်ငရဲသို့ ဝင်ရောက်လာပြီးနောက် တစ်ယောက်တည်းပြုမူလှုပ်ရှားကြ၏။

တစ်ယောက်တည်းလှုပ်ရှားခြင်းက ခွန်အားအရာမှာ အားနည်းသော်လည်း အဲ့ဒါက လှုပ်ရှားသွားလာခြင်းမှာ အားသာချက်ရှိလေသည်။

တစ်ယောက်တည်းက သေးငယ်သောပစ်မှတ်ဖြစ်ပြီး စိတ်အာရုံများစွာကို ဆွဲဆောင်မိလိမ့်မည် မဟုတ်ပေ။

အဲ့ဒီမှာ အခြားသူများနှင့် ပူးပေါင်းထားသည့် မဟူရာအင်မော်တယ်အချို့လည်းရှိကြ၏။

သူတို့သည် သုံးယောက်မှ ငါးယောက်၊ ဆယ်ယောက် သို့မဟုတ် အယောက်တစ်ရာကျော်ထိ အုပ်စုဖွဲ့ထားကြပြီး အသင်းအဖွဲ့များ အမျိုးမျိုးကွဲပြားနေကြ၏။

သို့သော်လည်း ထိုအဖွဲ့များမှာ အလွန်ဆုံး လူအယောက်တစ်ကျော်သာ ပါရှိတတ်၏။

လူအရေအတွက်အရမ်းများပြားသွားလျှင် သူတို့၏ လူအုပ်စုက ကြီးမားလာမည်ဖြစ်ပြီး ကမ္ဘာမြေသားရဲများစွာ၏ ပစ်မှတ်ထားခြင်းခံရပေလိမ့်မည်။

ဒါ့အပြင် လူအရမ်းများပြီး အန္တရာယ်နှင့်ကြုံတွေ့ရပါက ရုန်းရင်းဆန်ခတ်ဖြစ်၍ လူတိုင်းကို အမိန့်ပေးနိုင်ဖို့ မလွယ်ပေ။

ပကတိအင်မော်တယ်ကျင်းယွဲ့က ညင်သာစွာ ပြုံးလိုက်၏။

“အရှင်မင်းသား... အဲ့ဒီအုပ်စုရဲ့ခေါင်းဆောင်က ယင်ဖေးပဲ... အခုဆိုရင်သူက အမဲလိုက်အဆင့်သတ်မှတ်ချက်ရဲ့ အဆင့်-၈ နေရာမှာ ရပ်တည်နေတယ်... သူက ရက်စက်ကြမ်းတမ်းပြီးတော့ အရမ်းကိုသန်မာတယ်... သူက အခုဆိုရင် လူနှစ်ရာကျော်ကို သတ်ဖြတ်ခဲ့ပြီးပြီ”

“သူတို့အုပ်စုက အခြားအဖွဲ့ဆယ်ဖွဲ့ကျော်ကိုဖျက်ဆီးပြီး ကမ္ဘာမြေသားရဲနှစ်ကောင်ရဲ့ သတ်ဖြတ်မှုကနေလည်း အသက်ရှင်လျက် လွတ်မြောက်လာခဲ့တယ်...အဲ့ဒီမှာ ကျန်တဲ့သူတွေက သေခြင်းရှင်းခြင်းနဲ့ သွေးလွှမ်းတိုက်ပွဲတွေကို တွေ့ကြုံဖြတ်ကျော်ပြီးတဲ့နောက် အားမနဲကြတော့ဘူး”

မင်းသားယွမ်ကျောက ခေါင်းညိတ်ပြလိုက်၏။

ပကတိအင်မော်တယ်ကျင်းယွဲ့က ဆက်ပြောလိုက်လေသည်။

“သူတို့က အဲ့ဒီလိုဏ်ဂူထဲကို ဝင်သွားမယ်ဆိုရင် အထဲမှာရှိတဲ့ ဟိုနှစ်ယောက်က သေသလား ရှင်သလား ကျုပ်တို့သိရတော့မယ်”

All Chapters