← Chapters

အစစ်အမှန်နဂါး ရေဆန့်ကျင်ပုတီး

Vol. 130 Ch. 1948

အစစ်အမှန်နဂါး ရေဆန့်ကျင်ပုတီး

Vol. 130 Ch. 1948

ထျန်ကျစ်ရီသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး အဆက်မပြတ်တိုက်ခိုက်ခဲ့ရ၏။ သူမ၏ မျိုးဆက်သွေးက အဆိပ်ကို ဆက်လက်၍ မဖိနှိမ်နိုင်တော့ဘဲ နောက်ဆုံးမှာတော့ အဲ့ဒါကို တောင့်မခံနိုင်တော့ပေ။

ကျန်ရှိနေသော နှစ်ယောက်က ပြေးဝင်လာနေစဥ်မှာတောင် သူမက မည်သည့်ခွန်အားကိုမှ ဆက်လက်၍ မစုစည်းနိုင်တော့ပေ။

သူမသည် လုပ်ကြံသတ်ဖြတ်ခြင်း တာအိုကိုကျင့်ကြံထားပြီး သူမ၏ စိတ်ကို နှစ်ပေါင်းများစွာ မီးဆေးထားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ သေဆုံးခါနီးဆဲဆဲအချိန်မှာပင် သူမ၏ နှလုံးသားက မည်သည့်စိတ်ခံစားချက်မှမရှိဘဲ အလွန်တရာတည်ငြိမ်နေ၏။

တကယ်တော့... ထိုအခိုက်အတန့်မှာ သူမ၏ စိတ်ထဲသို့ အရာများစွာက တဖျတ်ဖျတ်ပေါ်ထွက်လာ၏။

“ဘယ်လောက်နှ​မြောဖို့ကောင်းလဲ... ငါကနောက်ဆုံးမှာ ဒီအင်မော်တယ်ဝင်္ကပါကို မဖြေရှင်းနိုင်ခဲ့ဘူး”

“အဲ့ဒါလည်းကောင်းတာပဲ... ငါက တမလွန်လောကကို သွားရမယ်ဆိုရင် ငါ့အဖေနဲ့အမေကို ပြန်တွေ့ရမှာမလား”

“အာ... ငါသာငါ့ရဲ့ဓားမြှောင်တွေကို မဆုံးရှုံးခဲ့ရဘူးဆိုရင် ငါက စောစောတုန်းက ထိခိုက်ဒဏ်ရာရပြီး အဆိပ်မိခဲ့မှာ မဟု​တ်ဘူး”

“ငါ့ရဲ့ဓားမြှောင်နှစ်လက်က အဲ့ဒီလူရဲ့လက်ထဲမှာ အလဟဿမဖြစ်စေဖို့ ငါမျှော်လင့်မိတယ်”

ထျန်ကျစ်ရီက သူမ၏ နှုတ်ခမ်းကိုကိုက်ပြီး သူမ၏ စိတ်ထဲသို့ ပုံရိပ်တစ်ခုက ဖျတ်ခနဲဝင်ရောက်လာ၏။

“ငါသေရတော့မှာပဲ... ဒီလိုအချိန်မှာ ငါ့ရဲ့နောက်ဆုံး အတွေးက ဘာလို့ အဲ့ဒီမုန်းစရာကောင်းပြီး အရှက်မဲ့တဲ့လူဖြစ်နေတာလဲ”

ဇီ...

ထိုစဥ်မှာပင် ထက်ရှသောလက်နက်တစ်ခုက လေထုကိုဖြိုခွင်းလာသည့်အလား စူးရှသောခပ်ဖျော့ဖျော့အသံတစ်ခုက လေထဲကနေထွက်ပေါ်လာ၏။

အဲ့ဒီနောက် အလွန်တရာကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ခံစားလိုက်ရပြီး သူမက ရင်တစ်ချက်ထိတ်သွား၏။

“မကောင်းတော့ဘူး”

ရုတ်တရက် ဖားပြုတ်က စူးစူးဝါးဝါးအော်ဟစ်လိုက်၏။

အဲ့ဒီနောက် ချက်ချင်းပင် အသံကယတိပြတ်ရပ်တန့်သွား၏။

ထျန်ကျစ်ရီက အလိုလိုမော့ကြည့်လိုက်၏။

အဖြူရောင်ဓားချီကတစ်ခုက ထိုသူ၏ နှာရောင်ထဲသို့ ဝင်ရောက်ကာ သူ့ကို ချက်ချင်းပင်ထိုးဖောက်၍ သူ့အမြုတေစိတ်ဝိညာဥ်ကို ဖျက်ဆီးပစ်လိုက်၏။

တစ်ဘ​က်မှာတော့ နောက်ထပ်ဆင်တူသောဓားချီတစ်ခုက နက်မှောင်နေသော ဧရာမကင်းခြေများကိုဖြတ်ကာ ပျောက်ကွယ်သွား၏။

နက်မှောင်နေသောကင်းခြေများ၏ ခန္ဓာကိုယ်က ဓားချီဖြင့် နှစ်ပိုင်းထိုးခွဲခံလိုက်ရပြီး အနက်ရောင်သွေးများက လေထဲမှာ ပြည့်နှက်သွား၏။

ကင်းခြေများပေါ်ရှိကျင့်ကြံသူကလည်း ချမ်းသာရာမရဘဲ... ထိုခုတ်ချက်ဖြင့် သက်ဖြတ်ခြင်းခံလိုက်ရ၏။

ဓားချီနှစ်ခုက ပကတိတစ်ဆယ်ငရဲမှ ဤပညာရှင်နှစ်ဦးကို သတ်ဖြတ်ပစ်လိုက်၏။

ထျန်ကျစ်ရီက မှင်တက်သွား၏။

သူမက မသေဘူးလား။

ထျန်ကျစ်ရီသည် မလှမ်းမကမ်းတောအုပ်ထဲကို အလိုလိုကြည့်လိုက်သော်လည်း သူမသည် ကျင့်ကြံသူများ၏ မည်သည့်အငွေ့အသက်ကိုမှ မတွေ့မြင်ရပေ။

ဓားချီနှစ်ခုက ဘယ်ကနေရောက်လာသလဲ သူမက မဆုံးဖြတ်နိုင်ပေ။

အဲ့ဒါဘယ်သူပါလိမ့်။

“ပကတိတစ်ဆယ်ငရဲမှာ... တစ်ယောက်ယောက်က ငါ့ကိုကယ်လိုက်တာလား။

တိုက်ခိုက်ပြီးတဲ့နောက် အဲ့ဒီလူက ဘာလို့ ပေါ်ထွက်မလာတာလဲ။

ထျန်ကျစ်ရီ၏ စိတ်ထဲသို့ အတွေးများစွာက တဖျတ်ဖျတ်ဝင်ရောက်လာ၏။ ထိုစဥ်မှာပင် သူမသည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား သူမ၏ ခေါင်းကို မော့ပြီး ကောင်းကင်ထက်ရှိ တံလျှပ်မျက်လုံးကို ကြည့်လိုက်၏။ သူမက ခပ်မြန်မြန်လှုပ်ရှားပြီး ဘေးဘက်မှာရှိသောတောအုပ်ထဲသို့ ဒယီးဒယိုင်တိုးဝင်သွား၏။

ထျန်ကျစ်ရီသည် သူမ၏ သိုလှောင်အိတ်ကိုပုတ်ပြီး နက်မှောင်နေသောစက္ကူထီးတစ်လက်ကို ထုတ်ယူကာ အဲ့ဒါကို ဖွင့်လိုက်၏။

လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်စာလုံးများစွာကို ထီးပေါ်မှာ ခတ်နှိပ်ထား၏။ ထျန်ကျစ်ရီသည် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး စကားလုံးတချို့ကို ရွတ်ဆိုလိုက်၏။

စက္ကူထီးပေါ်ရှိ အင်းကွက်စာလုံးများက ဝင်းလက်လာကာ သူမကို လွှမ်းခြုံသွား၏။

သူမ၏ ပုံရိပ်က တဖြည်းဖြည်းဖျော့တော့သွားပြီး အနက်ရောင်စက္ကူထီးနှင့်အတူ နေရာကနေပျောက်ကွယ်သွား၏။

လိပ်ပြာတစ်ကောင်က မလှမ်းမကမ်းသစ်ကိုင်းတစ်ကိုင်းပေါ်မှာ ရပ်နားကာ အရာရာတိုင်းကို ကြည့်ရှုနေ၏။

ထိုလိပ်ပြာကို ဆူဇီမိုက ဆင့်ခေါ်ထားခြင်းဖြစ်၏။

စောစောက ဓားချီနှစ်ခုသည်လည်း သူထုတ်လွှတ်လိုက်သည့် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီများဖြစ်၏။

ထျန်ကျစ်ရီက အဆိပ်ငါးဖော်ကို ကိုင်တွယ်နိုင်မည်ဆိုလျှင် သူက ဝင်ရောက်တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။

ဤနေရာမှာရှိသော တိုက်ပွဲသည် စိတ်အာရုံတချို့ကို ဆွဲဆောင်နိုင်ခြေရှိပြီး ဆူဇီမိုက သူ့ကိုယ်သူဖော်ထုတ်ခံလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ထျန်ကျစ်ရီက အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကိုတွေ့မြင်သောအခါ သူက ဒီအတိုင်း ငြိမ်မနေုနိုင်တော့ပေ။

ထျန်ကျစ်ရီသည် မိုးကြိုးဧကရာဇ်အကြောင်းနှင့်ပတ်သက်၍ များစွာသိရှိထားပြီး အင်မော်တယ်ဝင်္ကပါထဲကို အတင်းအကျပ်ဝင်ရောက်ကာ စွန့်စားခဲ့၏။ သူမသည် မိုးကြိုးဧကရာဇ်၏ ဘက်မှာ ရပ်တည်နေသောလူတစ်ယောက် ဖြစ်ဖို့များလေသည်။

ထိုသို့သာမဟုတ်လျှင် သူမက အင်မော်တယ်ဝင်္ကပါကို ဖြတ်ကျော်ဖို့အတွက် သူမ၏ အသက်ကို စွန့်စားစရာလိုမည် မဟုတ်ပေ။

ထို့ကြောင့်ပင်လျှင် ဆူဇီမိုက ထျန်ကျစ်ရီကို ကယ်တင်လိုက်ခြင်းလည်းဖြစ်၏။

တကယ်တော့... သူတိုက်ခိုက်လိုက်ပြီးနောက် သူသည် တံလျှပ်မျက်လုံးမှ စိတ်အာရုံကို ဆွဲဆောင်မိမည်ကို စိုးရိမ်နေပြီး ပေါ်ထွက်မလာဘဲ သူ၏ လိပ်ပြာသွင်ပြင်ကိုသာ ထိန်းသိမ်းထား၏။

ထျန်ကျစ်ရီက အနက်ရောင်ထီးကိုဖွင့်၍ သူမ၏ ပုံရိပ်ကို ရုပ်သိမ်းလိုက်သောအခါ ဆူဇီမိုက တိတ်တဆိတ်အံ့အားသင့်သွား၏။

ထိုအနက်ရောင်ထီးက သာမန်ပစ္စည်းတစ်ခု မဟုတ်သည်မှာ သိသာနေ၏။

အဲ့ဒါက ထျန်ကျစ်ရီကို ပျောက်ကွယ်သွားအောင် မလုပ်ပေးနိုင်ပေ။ ထိုအစား ၎င်းသည် ဘေးပတ်ဝန်းကျင်နှင့် တစ်သားတည်းကျအောင် ပေါင်စည်းသွားပြီး တံလျှပ်မျက်လုံးကိုပင် လှည့်စားနိုင်၏။

တကယ်တော့... ထျန်ကျစ်ရီက နေရာမှာပင် ရှိနေဆဲ ဖြစ်၏။ သို့သော်လည်း ဆူဇီမို၏ အမြင်အာရုံနှင့်ပင်လျှင် သူမ၏ ပုံရိပ်ကို မတွေမြင်ရတော့ပေ။

တကယ်တော့... သူ၏ အာရုံခံသတိစိတ်နှင့်အတူ ထျန်ကျစ်ရီ၏ တည်နေရာကို ဆူဇီမိုက အကြမ်းဖျင်းခန့်မှန်းမိနိုင်၏။

သူက သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီး မီးပဒေသာနှင့် တမလွန်မီးရောင်ကို လှည့်ပတ်လိုက်မည်ဆိုလျှင် သူသည် ထျန်ကျစ်ရီ၏ လမ်းကြောင်းများကို ထွင်းဖောက်၍မြင်ရပေလိမ့်မည်။

ထျန်ကျစ်ရီက သူမ၏ ပုံရိပ်ကို ရုပ်သိမ်းပြီးနောက် ထွက်ခွာသွားဖို့ အလောတကြီးမရှိဘဲ သူမက နေရာမှာပင် ဆေးလုံးအချို့ကို စားသုံးကာ သူမ၏ ဒဏ်ရာများတည်ငြိမ်စေဖို့အတွက် ခဏမျှအနားယူလိုက်၏။

ထျန်ကျစ်ရီသည် မည်သို့သောမျိုးဆက်သွေးကို ပိုင်ဆိုင်ထားသလဲ မသိရသော်လည်း သူမ၏ ဒဏ်ရာများ တည်ငြိမ်လာပြီးနောက် သူမ၏ ခန္ဓာကိုယ်ထဲရှိအဆိပ်က ဆက်လက်၍ခြိမ်းခြောက်နိုင်စွမ်းမရှိတော့ဘဲ တစ်စတစ်စဖယ်ရှားခံလာရ၏။

သိပ်မကြာခင် သူမ၏ မျက်နှာက သွေးရောင်တချို့ပြန်ရလာ၏။

တကယ်တော့... ရေလွှမ်းမိုးဝင်္ကပါကနေရရှိလာခဲ့သည့် ဒဏ်ရာများက အချိန်တိုအတွင်းမှာ လုံးလုံးသက်သာပျောက်ကင်းသွားခြင်း မရှိပေ။

ထျန်ကျစ်ရီက မတ်တတ်ထရပ်၍ အဝေးတစ်နေရာသို့ လျှောက်လှမ်းသွား၏။

ဆူဇီမိုက သူ၏ တောင်ပံများကိုခတ်ပြီး နောက်ကနေဖြည်းဖြည်းချင်းလိုက်ပါသွား၏။

ထျန်ကျစ်ရီသည် အနက်ရောင်ထီးကိုကိုင်ဆွဲပြီး တောအုပ်ထဲမှာ လှည့်ပတ်နေ၏။

သိပ်မကြာခင် သူမက လိုဏ်ဂူတစ်ခုကို ရှာတွေ့သွားပြီး အထဲသို့ တိုးဝင်သွား၏။

“ဒီနေရာကို တံလျှပ်မျက်လုံးကနေ ထောက်လှမ်းကြည့်ရှုနိုင်မှာ မဟုတ်ဘူး... တာအိုရောင်းရင်း ရှင်ကျွန်မနောက်ကို လိုက်လာတာကြာပြီ... ထွက်လာခဲ့တော့”

ထျန်ကျစ်ရီက ပြောလိုက်၏။

ခဏနေပြီးနောက် လိုဏ်ဂူထဲမှာ ပုံရိပ်တစ်ခုက ရုတ်တရက်ပေါ်ထွက်လာ၏။

ထိုလူက သန့်ရှင်းသောအစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်များရှိနေ၏။ သူက အပြုံးတစ်ခုနှင့်အတူ သူမကို ခေါင်းညိတ်ပြလိုက်၏။

“တကယ်ပဲရှင်ကိုး”

ထျန်ကျစ်ရီက ဆူဇီမိုကိုတွေ့မြင်သောအခါ အံ့အားသင့်သွားခြင်းမရှိပေ။

“မင်းအဲ့ဒါကို ခန့်မှန်းမိတာလား”

ဆူဇီမိုက ပြုံး၍မေးလိုက်၏။

ထျန်ကျစ်ရီက အသံတိတ်နေ၏။

ဆူဇီမိုကလွဲလျှင် ပကတိတစ်ဆယ်ငရဲမှာ အဆိပ်ငါးဖော်ထဲမှနှစ်ယောက်ကို တိတ်တဆိတ်သတ်ဖြတ်နိုင်ပြီး သူမနောက်သို့ လိုက်ပါလာနိုင်မည့် အခြားလူကို သူမစဥ်းစားလို့ မရနိုင်ပေ။

“ကျွန်မရှင့်ကို အကြွေးတင်နေပြီ... နောက်ကျရင် အဲ့ဒါကို ကျွန်မပြန်ဆပ်မယ်”

ထျန်ကျစ်ရီက အမူအရာကင်းမဲ့စွာပြောလိုက်၏။

ဆူဇီမိုက ပြုံးလိုက်၏။

“နောက်ဆိုတာမလိုပါဘူး... မင်းအခုပဲအဲ့ဒါကို ပြန်ပေးဆပ်လို့ရတယ်”

“ရှင်က... ကျွန်မကို ဘာလုပ်ပေးစေချင်လို့လဲ”

ထျန်ကျစ်ရီက မေးလိုက်၏။

ဆူဇီမိုက ပြောလိုက်၏။

“ငါမင်းကို မေးခွန်းတချို့မေးချင်တယ်... အဲ့ဒါတွေကို မှန်မှန်ကန်ကန်ဖြေပေးရုံပဲ”

“ဒါပဲလား”

ထျန်ကျစ်ရီက အဲ့ဒါကို မယုံကြည်နိုင်သေးပေ။

ဆူဇီမိုက အထူးတလည်ရှင်းပြမနေတော့ဘဲ လိုရင်းကိုတန်းပြောလိုက်၏။

“မင်းက အင်မော်တယ်ဝင်္ကပါကို ဘာလို့စိန်ခေါ်ခဲ့တာလဲ”

ထျန်ကျစ်ရီက သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး အသံတိတ်နေ၏။

ဤကိစ္စက သူမ၏ လျှို့ဝှက်ချက်နှင့် ပတ်သက်နေပြီး သူမက အဲ့ဒါကို မပြောဆိုနိုင်ပေ။

သူမအကျပ်တွေ့နေသည်ကို သူက ပြောနိုင်ပုံရပြီး ဆူဇီမိုက ဤအကြောင်းနှင့်ပတ်သက်၍ ဆက်လက်၍ မေးမြန်းခြင်းမရှိတော့ဘဲ အခြားမေးခွန်းတစ်ခုကို မေးလိုက်၏။

“မင်းက ရေလွှမ်းမိုးဝင်္ကပါရဲ့ သက်ရောက်မှုကို ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိတာလဲ”

ဆူဇီမိုက မေးလိုက်၏။

ထျန်ကျစ်ရီက စိတ်သက်သာရာရသွား၏။

အဲ့ဒါသည် အရေး​ကြီးသော လျှို့ဝှက်ချက်တချို့နှင့် ပတ်သက်မှုမရှိသရွေ့ သူမက အရာရာတိုင်းကို ပြောပြပေးနိုင်၏။

ထျန်ကျစ်ရီက သူမ၏ သိုလှောင်အိတ်ထဲကနေ အက်ကွဲကြောင်းများဖြင့်ပြည့်နှက်နေသော ပုတီးစေ့တစ်စေ့ကို ထုတ်ယူပြီး ဆူဇီမိုကို ကမ်းပေးလိုက်၏။

“အဲ့ဒါက အစစ်အမှန်နဂါး ရေဆန့်ကျင်ပုတီးပဲ... ကျွန်မဆရာက အစစ်အမှန်နဂါးတာအိုသစ်သီးကနေ အဲ့ဒါကို သန့်စင်ပြုလုပ်ထားတာ”

“ဒီပုတီးစေ့ရဲ့တန်ဖိုးက ဘယ်အသိစိတ်ရှိဓမ္မရတနာထက်မှ မနိမ့်ကျဘူး... ကံဆိုးစွာနဲ့ပဲ အဲ့ဒါက ရေလွှမ်းမိုးဝင်္ကပါရဲ့စွမ်းအားကို မခုခံနိုင်ခဲ့ဘူး”

“ကျွန်မမှာ... အစစ်အမှန်နဂါးတစ်ကောင်ရဲ့ မျိုးဆက်သွေးမရှိတဲ့အတွက် ဒီအစစ်အမှန်နဂါး ရေဆန့်ကျင်ပုတီးရဲ့ စွမ်းအားအပြည့်အဝကို အသက်မသွင်းနိုင်ဘူး”

“ဒါပေမဲ့ အဲ့ဒီရတနာက အခုတော့ ကျွန်မရဲ့ လက်ထဲမှာ ပျက်စီးသွားပြီ”

ဆူဇီမိုကလည်း စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။

သူ့မှာ အစစ်အမှန်နဂါးတစ်ကောင်၏ မျိုးဆက်သွေးမရှိသော်လည်း သူ့မှာ နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်ရှိနေ၏။

သူသည် အစစ်အမှန်နဂါးရေဆန့်ကျင်ပုတီးကို သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် အသက်သွင်းပါက သူသည် ရေလွှမ်းမိုးဝင်္ကပါကို ဖြတ်ကျော်နိုင်မည့်အခွင့်အရေးရှိလေသည်။

သို့သော်လည်း ယခု ပုတီးစေ့က ကြေမွပျက်စီးနေပြီး ဤနည်းလမ်းက ဆက်လက်၍ အလုပ်ဖြစ်တော့မည် မဟုတ်ပေ။

All Chapters