ဖုန့်စန်းထျန်
Vol. 130 Ch. 1950
ပကတိတစ်ဆယ်ငရဲ... ဒေါသူပုန်မီးတောက်ဝင်္ကပါတွင်။
ငရဲဖိနှိမ်မီးဖို၏ ကာကွယ်မှုအောက်ကနေ ဆူဇီမိုသို့ ရှေ့သို့တက်လှမ်းနေပြီး ဝေးသထက်ဝေးဝေး လျှောက်လှမ်းလာခဲ့၏။
ငရဲဖိနှိမ်မီုးဖိုက မီးတောက်များကို ဝါးမျိုနေစဥ် ဟင်္သပဒါးငှက်အထွတ်အမြတ်ဝိညာဥ်၏ အော်ရာက ပို၍သန်မာလာပြီး ပို၍ကြောက်စရာကောင်းလာခဲ့၏။ ၎င်း၏ အသက်ဓာတ်အားက လှည့်ပတ်လာပြီး အချိန်မရွေးနိုးထလာနိုင်၏။
ငရဲဖိနှိမ်မီးဖိုက ဒေါသူပုန်မီးတောက်ဝင်္ကပါအတွင်းရှိ မီးတောက်များကို စုပ်ယူဝါးမျိုပေးနေသော်လည်း အထဲမှာရှိသောအပူချိန်က အရမ်းကိုကြောက်စရာကောင်းနေဆဲ ဖြစ်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကြောင့်သာ မဟုတ်လျှင် သူ၏ သွေးချီက လောင်ကျွမ်းခန်းခြောက်သွားပေလိမ့်မည်။
ဆူဇီမို၏ ခန္ဓာကိုယ်ကနေ အငွေ့စီးကြောင်းများ ဖြာထွက်နေပြီး သူ၏ နှုတ်ခမ်းများက ခြောက်သွေ့နေပြီဖြစ်၏။
တကယ်ဆို... သူ၏ ခန္ဓာကိုယ်ထဲမှာ မည်သည့်ချွေးမှ မကျန်ရှိတော့ပေ။
သူ၏ အမြင်အာရုံက ဝေဝါးသွားခဲ့ပြီဖြစ်၏။
ထိုသို့ဆိုလျှင်တောင် ဆူဇီမိုသည် နောက်ဆုတ်ဖို့ စိတ်ကူးမရှိပေ။ သူသည် သူ၏ စွမ်းအားအကြီးမားဆုံး စိတ်ဆန္ဒနှင့် စိတ်ဝိညာဥ်အသိစိတ်နှင့်အတူ သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီကို ထိန်းသိမ်းပြီး သူ့ကိုယ်သူ မာန်တင်းကာ ပြတ်သားသောအကြည့်နှင့်အတူ ပကတိတစ်ဆယ်ဝင်္ကပါ၏ အနက်ပိုင်းသို့ တက်လှမ်းနေ၏။
အတန်ကြာပြီးနောက် ဆူဇီမိုသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ သူ၏ ဘေးပတ်လည်မှာရှိသည့် ချစ်ချစ်တောက်အပူလှိုင်းများက ရုတ်တရက်ပျောက်ကွယ်သွားသည်ဟုခံစားလိုက်ရ၏။
“ငါအဲ့ဒါကို ဖြတ်ကျော်နိုင်ခဲ့ပြီလား”
ဆူဇီမိုက မြေပြင်ပေါ်မှာ ဒူးထောက်ချပြီး သည်းထန်စွာ မောဟိုက်နေ၏။ သူ၏ မျက်လုံးများကို အတတ်နိုင်ဆုံး ကြိုးစားပြီးဖွင့်ကာ ရှေ့သို့ကြည့်လိုက်၏။
အစက သူ၏ ဝေဝါးနေသောအမြင်အာရုံက တဖြည်းဖြည်း ရှင်းလင်းလာခဲ့၏။
သူ၏ ရှေ့မှာ လေထဲသို့ ပျံတက်နေသည့် ဧရာမချိန်းကြိုးဆယ်ချောင်းနှင့်အတူ မြင့်မားတုတ်ခိုင်သောကျောက်တိုင်တစ်တိုင်ကို တွေ့မြင်လိုက်ရ၏။ ချိန်းကြိုးများ၏ အစွန်းတစ်ဘက်စီကို ပကတိတစ်ဆယ်ဝင်္ကပါနှင့် ချိတ်ဆက်ထားပြီး ကျန်တစ်ဘက်ကို ဧရာမကျောက်တိုင်မှာ ရစ်ပတ်ထား၏။
အတိအကျဆိုရလျှင် ချိန်ကြိုးဆယ်ခုသည် လူတစ်ယောက်ကို ကျောက်တိုင်မှာကပ်၍ ခိုင်မာစွာတုတ်နှောင်ထားခြင်းဖြစ်၏။
အဝေးကနေ ကြည့်လျှင် ထိုလူ၏ ခန္ဓာကိုယ်က ညှိုးခြောက်၍ ပိန်လှီနေ၏။ သူ၏ ဆံပင်များက ရှည်လျားရှုပ်ပွေနေပြီး ခြောက်သွေ့နေသောပေါင်းပင်များကဲ့သို့ သူ၏ မျက်နှာပေါ်ကို အုပ်မိုးကျဆင်းနေ၏။
“အဲ့ဒါက.... မိုးကြိုးဧကရာဇ်လား”
ဆူဇီမိုက ဖြည်းဖြည်းချင်းထရပ်ပြီး ကျောက်တိုင်ပေါ်ရှိ ပုံရိပ်ကို ငေးငိုင်စွာကြည့်ကာ သူ၏ ရင်ထဲမှာ ဝမ်းနည်းမှုခံစားချက်တစ်ခုက ပျံ့နှံ့လာခဲ့၏။
အတိတ်ကာလတုန်းက မြင့်မားသောစိတ်ဝိညာဥ်နှင့် ပြိုင်ဘက်ကင်းခဲ့သော ပညာရှင်ကို ဤနေရာမှာ နေ့အလင်းရောင်က်ု တွေ့မြင်ရစေခြင်းမရှိဘဲ နှစ်ပေါင်းသိန်းချီကြာအောင် ချုပ်နှောင်ထားခဲ့လေသည်။
သူ၏ အရေပြားက ခြောက်သွေ့အက်ကွဲနေသော သစ်ခေါက်များကဲ့သို့ဖြစ်ပြီး ၎င်း၏ အရောင်အဝါကို ဆုံးရှုံးထားရပြီဖြစ်၏။
သူ၏ ခန္ဓာကိုယ်က အရမ်းကိုပိန်လှီ၍ အရိုးများကိုပင် ရှင်းလင်းစွာတွေ့မြင်နေရ၏။
တစ်ခါတုန်းက ဤအန္တိမပကတိအင်မော်တယ်မှာ သူ၏ ယခင်ဂုဏ်ကျက်သရေက ဆက်လက်၍ မရှိတော့ပေ။
သူ၏ ဦးခေါင်းက အောက်သို့ ငိုက်စိုက်ကျနေပြီး သူ၏ အော်ရာက အားနည်းနေ၏။
တကယ်ဆို... သူက အသက်ရှိနေသေးသလားပင် မသိရပေ။
ကောင်းကင်နှင့်မြေကြီး အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်၊ ကောင်းကင်ဘုံကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာ သူ၏ နာမည်ဖြင့် ကိုင်လှုပ်ခဲ့သော အန္တိမပကတိအင်မော်တယ်က ဤကဲ့သို့ ဆိုးဝါးသောအခြေအနေသို့ ကျဆင်းနေလိမ့်မည်ဟု မည်သူက စဥ်းစားမိပါ့မလဲ။
အဲ့ဒါက နှစ်ပေါင်းသိန်းချီကြာသွားခဲ့ပြီဖြစ်၏။
ဤနှစ်များအတွင်း သူ၏ အထီးကျန်မှုကို အသာထား... အမဲလိုက်စုဝေးပွဲ တစ်ကြိမ်ကျင်းပတိုင်း အောက်ဘုံမှတက်လှမ်းလာသော သက်ရှိများတစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေခြင်းကို စောင့်ကြည့်နေရသော စိတ်ပိုင်းဆိုင်ရာညည်းပန်းနှိပ်စက်မှုကပင် သူ့ကို လဲပြိုကျသွားစေဖို့ လုံလောက်နေ၏။
သည့်ယခင်က ဆူဇီမိုမှာ မျှော်လင့်ချက်ပါးပါးလေး ရှိနေခဲ့၏။
ထူးခြားအံ့မခန်းတစ်စုံတစ်ရာဖြစ်လာဖို့ သူက မျှော်လင့်နေမိခဲ့၏။
မိုးကြိုးဧကရာဇ်သည် သူ၏ အချုပ်အနှောင်ကနေ ရုန်းထွက်ပြီး အပြင်လောကမှာ ပြန်လည်ပေါ်ထွက်လာဖို့ သူက မျှော်လင့်နေခဲ့၏။
သို့သော်လည်း မိုးကြိုးဧကရာဇ်ကို တွေ့မြင်လိုက်သည့်အချိန်မှာပင် ထိုလူက အဲ့ဒါကိုဆက်လက်၍ ကျော်ဖြတ်နိုင်မှာမဟုတ်တော့ကြောင်း ဆူဇီမိုက နားလည်သဘောပေါက်လိုက်၏။
သူ့ရှေ့မှလူက ဘဝနေဝင်ချိန်သို့ရောက်ရှိနေသော ပိန်လှီခြောက်ကပ်နေသည့် အဖိုးအိုတစ်ယောက်ဖြစ်၏။
အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဆူဇီမိုက ကျောက်တိုင်ရှိရာသို့လျှောက်လှမ်းလာခဲ့၏။
မည်သို့ပင်ဆိုစေ... မိုးကြိုးဧကရာဇ်က အသက်ရှုနေသေးသရွေ့ သူက ဒုက္ခိတတစ်ယောက်ဖြစ်နေသည်ဆိုလျှင်တောင် ထိုသူကို သူက အတတ်နိုင်ဆုံးကြိုးစားကယ်ထုတ်ရပေမည်။
ကျောက်တိုင်ရှေ့သို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုက ဆတ်ခနဲတုန်ယင်သွားကာ သူ၏ မျက်လုံးက ပြူးကျယ်သွား၏။
မိုးကြိုးဧကရာဇ်၏ ရင်ဘက်ပေါ်မှာ သူ၏ ခန္ဓာကိုယ်ကို ကျောက်တိုင်နှင့်အတူ ထိုးဖောက်ထားသော အေးစက်စက်ဆေဘာတစ်လက်ရှိနေ၏။
သူ၏ ရင်ဘတ်ပေါ်မှ ဒဏ်ရာပတ်လည်ရှိသွေးများက ခြောက်သွေ့နေပြီး မည်းနက်နေသော သွေးခဲတချို့ကိုပင် တွေ့မြင်လိုက်ရ၏။
မိုးကြိုးဧကရာဇ်ကို ဤနေရာမှာ ချိန်းကြိုးဆယ်ခုဖြင့် ချုပ်နှောင်ထားရုံသာမက သူသည် နှစ်ပေါင်းသိန်းချီကြာအောက် ဆေဘာတစ်လက်ဖြင့်ပါ ထိုးစိုက်ခံထားရ၏။
မိုးကြိုးဧကရာဇ် ကြိတ်မှိတ်ခံစားခဲ့ရသည့် နာကျင်မှုကို ဆူဇီမိုက ဆက်လက်၍ စဥ်းစားမကြည့်နိုင်တော့ပေ။
“စီနီယာ မိုးကြိုးဧကရာဇ်....”
ဆူဇီမိုက တုန်ယင်နေသောအသံဖြင့် ညင်သာစွာအော်ခေါ်လိုက်၏။
ခဏကြာပြီးနောက် သူက ဆူဇီမို၏ အသံကို ကြားလိုက်ရသည့်အလား မိုးကြိုးဧကရာဇ်၏ ခေါင်းက အနည်းငယ်လှုပ်ရှားသွားပြီး တဖြည်းဖြည်းမော့လာခဲ့၏။
မိုးကြိုးဧကရာဇ်က ညှိုးခြောက်ရှုပ်ပွနေသော ဆံပင်များကြားကနေ သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။
အဲ့ဒါသည် လောကကိုဖန်တီးပြီးနောက် အမှောင်ထုကိုထိုးဖောက်မည့် ပထမဆုံးအလင်းရောင်ဖြစ်သည့်အလားပင်။
သူ၏ မျက်လုံးများက ထိန်းမနိုင်သိမ်းမရဖြစ်ပြီး လျှံထွက်လုနီးပါးဖြစ်သော မိုးကြိုးလျှပ်စီးများဖြင့် တဖျတ်ဖျတ်လက်လာ၏။
ဆူဇီမို၏ မျက်လုံးထဲတွင် မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးရှိနေသည်။ သို့သော်လည်း မိုးကြိုးဧကရာဇ်၏ မျက်လုံးနှင့် တွေ့ဆုံမိသည့်ခဏမှာပင် သူက စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
ဆူဇီမိုက တုန်လှုပ်သွား၏။
ထိုမျက်လုံးများမှာ အဆုံးမဲ့စွမ်းပကားတစ်ခုပါဝင်နေပုံရ၏။
အဲ့ဒါက မိုးကြိုး၏ အမျက်ဒေါသဖြစ်၏။
ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် ထင်ယောင်ထင်မှားတစ်ခုကို မြင်ယောင်လာခဲ့၏။
ထိုမျက်လုံးများမှာ သူ့ကိုအလွယ်တကူသတ်ဖြတ်နိုင်သည့် စွမ်းအားများရှိနေသည့်အလားပင်။
ထိုမျက်လုံးများက ဤကဲ့သို့သောစွမ်းပကားတစ်ခုကို ပိုင်ဆိုင်ထားသည့်အချက်သည် အတိတ်ကာလတုန်းက မိုးကြိုးဧကရာဇ်၏ ပြိုင်စံရှား ဂုဏ်ကျက်သရေကို သက်သေပြပေးနေ၏။
အဲ့ဒါက ဆူဇီမိုဖြစ်သည်ကို တွေ့မြင်သောအခါ မိုးကြိုးဧကရာဇ်က အံ့အားသင့်သွားပုံရပြီး သူ၏ မျက်လုံးထဲရှိ မိုးကြိုးလျှပ်စီးကလည်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။
ထိုသို့ဆိုလျှင်တောက် ထိုမျက်လုံးများက အချိန်မရွေး ရုန်းကန်ပေါက်ကွဲနိုင်သည့် စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားဆဲ ဖြစ်၏။
“အဲ့ဒါမင်းလား”
မိုးကြိုးဧကရာဇ်က ပြောလိုက်၏။
“မင်းက ပကတိတစ်ဆယ်ဝင်္ကပါကို တကယ်ပဲဖြတ်ကျော်နိုင်ခဲ့တာပဲ”
“ကျုပ်က ကံကောင်းသွားလို့ ရတနာတစ်ခုရဲ့ အကူအညီနဲ့ ဒေါသူပုန်မီးတောက်ဝင်္ကပါကို ဖြတ်ကျော်လာနိုင်ခဲ့တာ”
ဆူဇီမိုက မိုးကြိုးဧကရာဇ်အသက်ရှင်နေသေးသည်ကို တွေ့မြင်သောအခါ ဝမ်းသာအားရဖြစ်သွားပြီး ခပ်မြန်မြန်ပြောလိုက်၏။
မိုးကြိုးဧကရာဇ်က သူ၏ မျက်လုံးနှစ်ဖက်ကို အနည်းငယ်ပင့်ပြီး ဆူဇီမို၏ ဦးခေါင်းထက်မှာ ရစ်ဝဲနေသည့် စတုရန်းကြေးမီးဖိုကို ကြည့်ကာ သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။
ဆူဇီမိုက မိုးကြိုးဧကရာဇ်ကို အလေးအနက်ဦးညွှတ်ပြီး ပြောလိုက်၏။
“စီနီယာမိုးကြိုးဧကရာဇ်... ကျုပ်က ဆူဇီမိုပါ... ဗလာနယ်မိုးကြိုးကျင့်စဥ်ကို ကျုပ်ကိုသင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“မိုးကြိုးဧကရာဇ်... မိုးကြိုးဧကရာဇ်...”
မိုးကြိုးဧကရာဇ်သည် ပြန်ပြောင်းစဥ်းစားတွေးတောနေသည့်အလား တွတ်တွတ်ရေရွတ်လိုက်၏။
ခဏနေပြီးနောက် သူကပြောလိုက်၏။
“အထက်ဘုံမှာ မိုးကြိုးဧကရာဇ်ဆိုတာ မရှိတော့ဘူး... ငါ့ရဲ့နာမည်က ဖုန့်စန်းထျန်”
ယခုအခါမှသာ ဆူဇီမိုသည် မိုးကြိုးဧကရာဇ်၏ အစစ်အမှန်နာမည်ကို သိရှိလိုက်ရ၏။
မိုးကြိုးဧကရာဇ်က ပြောလိုက်၏။
“ငါ ဒီနေရာမှာပိတ်မိနေတာ အရမ်းကြာသွားခဲ့ပြီ... ငါအဲ့ဒါကို တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး... အဲ့ဒီကျင့်ကြံရေးနည်းစနစ်ကို မင်းကိုသင်ကြားပေးပြီးတဲ့နောက် ငါ့မှာ နောင်တဆိုတာမရှိတော့ဘူး”
“စီနီယာ... ခင်ဗျားရဲ့တာအိုသစ်သီးက တကယ်ပဲ...”
ဆူဇီမိုက ဆက်လက်၍ ပြောချင်သော်လည်း ရပ်တန့်လိုက်၏။
စောစောက မိုးကြိုးဧကရာဇ်၏ မျက်လုံးထဲမှ မိုးကြိုးလျှပ်စီးကို တွေ့မြင်သောအခါ သူ၏ ရင်ထဲမှာ မျှော်လင့်ချက်တစ်စွန်းတစ်စက ထွန်းညှိလာခဲ့၏။
မိုးကြိုးဧကရာဇ်၏ တာအိုသစ်သီးက ကျန်ရှိနေဦးမလား။
“အဲ့ဒါက ကြေမွသွားခဲ့ပြီ”
မိုးကြိုးဧကရာဇ်၏ အသံကတည်ငြိမ်နေပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို စေညွှန်ကာ သူ၏ အသိစိတ်ထဲကနေ ကြေမွပျက်စီးနေသော တာအိုသစ်သီးအပိုင်းအစကို ပစ်ထုတ်လိုက်၏။
ဆူဇီမိုက အဲ့ဒါကို တွေ့မြင်သောအခါ နောက်ဆုံးမှာ လက်လျှော့လိုက်ပြီဖြစ်၏။
အရင်တုန်းက တျဲယွဲ့သည့် ဘုရင်ယွင်ရို၏ ကိုယ်ပွားထံမှ ပြီးပြည့်စုံသော တာအိုသစ်သီးတစ်လုံးကို သူ့အား ပေးခဲ့၏။
သို့သော်လည်း ထိုတာအိုသစ်သီးက သိုင်းတာအိုပင်မခန္ဓာထံမှာ ကျန်ရစ်ခဲ့၏။
ဒါ့အပြင် သူ့မှာပြီးပြည့်စုံသော တာအိုသစ်သီးတစ်လုံးရှိမည်ဆိုလျှင်တောင် အဲ့ဒါသည် မိုးကြိုးဧကရာဇ်၏ ကျင့်ကြံမှုကို ပြန်လည်ဖြည့်တင်းပေးနိုင်လိမ့်မည် မဟုတ်ပေ။
တာအိုသစ်သီးများသည် ကျင့်ကြံသူတစ်ယောက်၏ တစ်ဘဝစာကျင့်ကြံမှု၏ အဆီအနှစ်ဖြစ်၏။
၎င်းကိုစုပ်ယူသန့်စင်နိုင်သော်လည်း မတူကွဲပြားသော တာအိုသစ်သီးနှစ်ခုက တစ်ခုကိုတစ်ခု အစားထိုးပေးနိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“စီနီယာ... ခင်ဗျားရဲ့တာအိုသစ်သီးကို ဆုံးရှုံးထားရတယ်ဆိုလည်း ရပါတယ်... ကျုပ်ဒီနေရာကိုရောက်လာပြီဆိုမှတော့... ခင်ဗျားကို ခေါ်ထုတ်သွားပေးမယ်”
မိုးကြိုးဧကရာဇ်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“ငါက ပကတိချိန်းကြိုးတစ်ဆယ်နဲ့ တုပ်နှောင်ခံထားရတယ်... နောက်ပြီး ငါက ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာစိုက်ဝင်နေတဲ့ ဒီဆေဘာကနေလည်း ရုန်းထွက်နိုင်မှာမဟုတ်ဘူး”
ထိုဆေဘာက သာမန်ပစ္စည်းတစ်ခုမဟုတ်သည်မှာ သိသာနေ၏။
နှစ်ပေါင်းသိန်းချီ ကြာပြီးတာတောင် ၎င်းက အေးစက်၍ ထက်ရှနေဆဲ ဖြစ်၏။
မိုးကြိုးဧကရာဇ်ပြောသည့် ပကတိချိန်းကြိုးတစ်ဆယ်ဆိုသည်မှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ ကြီးမားတုတ်ခိုင်သော ချိန်းကြိုးများဖြစ်ရပေမည်။
“စီနီယာ... သည်းခံလိုက်... ကျုပ်အဲ့ဒီဆေဘာကို ကူပြီး ဆွဲထုတ်ပေးမယ်”
ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးကာ ဆေဘာ၏ လက်ကိုင်ကို သူ၏ လက်နှစ်ဖက်ဖြင့် လျင်မြန်စွာ ဖမ်းဆုပ်လိုက်၏။
“အဲ့ဒီဆေဘာကို မထိနဲ့”
မိုးကြိုးဧကရာဇ်၏ အမူအရာက ပြောင်းလဲသွားပြီး ခပ်မြန်မြန်အော်ပြောလိုက်၏။