ချီလင်၏ မြင့်မြတ်သော ကြာပွင့်
Vol. 3 Ch. 29
ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီးသည် ဉာဏ်ကြီးရှင် ပုံစံပြောင်း နတ်ဆိုးကြီး တစ်ကောင်ဖြစ်ပြီး ကြက်သွေးရောင် မြွေဘုရင်ထပ် အနည်းငယ် ပို၍ သန်မာလေသည်။စုယီကို ခုခံဖို့လောက်ထိတော့ သူ့မှာ အစွမ်းမရှိပါ။
ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီး၏ တောင်းပန်သံကို ကြားသည့်အခါ တခြားနတ်ဆိုးများသည် စုယီအား အားကိုးတကြီးဖြင့် ကြည့်ကုန်ကြသည်။
စုယီ ပြသလိုက်သည့် ခွန်အားသည် ပို၍ ရှင်းကာ ပိုပြီး လက်တွေ့ဆန်သည်။ထိုအချက်ကပင် စုယီက သခင်ကြီးချီယန်ထပ် ပိုသန်မာသည် ဖြစ်ကြောင်း သူတို့အား ခံစားမိစေသည်။
စုယီသည် သူ၏ခြေထောက်ကို အသာအယာ ဖယ်ကာ ပြောလိုက်သည်။ “ခုကစပြီး မင်းရော မင်း နောက်လိုက်တွေရော ငါ့ကို မင်းတို့ရဲ့ဘုရင်အဖြစ် လက်ခံရမယ်။နားလည်လား?”
“ဒီလက်အောက်ခံတွေက…နားလည်…နားလည်ပါတယ်…”
ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီးသည် အလျင်အမြန် ပြန်ဖြေလိုက်သည်။အသက်ရှင်ရသည့် ခံစားချက်သည် သု့ကို မျက်ရည်များပင် ကျလာစေသည်။
စုယီ၏ ခွန်အားသည် အလွန် အစွမ်းထက်သောကြောင့် သခင်ကြီး ချီယန်ပင်လျှင် ထိုကဲ့သို့သော စွမ်းအားကို မပိုင်ဆိုင်နိုင်ပါ။ထို့ကြောင့် သူ့တွင် အမုန်းတရားများ မပေါ်ပေါက်နိုင်ဘဲ အံ့သြရုံသာ ဖြစ်သည်။
ရန်သူက မိမိထပ် ပိုပြီး အဆမတန် စွမ်းအားကြီးနေပါက စိတ်တို၊ဒေါသထွက်ရန် ခက်ခဲသည်။ကြောက်သာ ကြောက်နေပါလိမ့်မည်။
ဘုန်း!
ရှီဝမ်မြို့ ရှိရာတွင် ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပွားသဖြင့် မြက်ခင်းပြင်ပင် တုန်ခါသွားသည်။စုယီသည် လန့်သွားကာ လှည့်ကြည့်သည်။
သူ ပထမဆုံး တွေးလိုက်မိသည်မှာ နန်ရှောင်ပေါင်ပင်။ထို့ကြောင့် သူသည် ရှီဝမ်မြို့ ရှိရာစီသို့ မပြေးသွားမီ အမိန့်တစ်ခု ပေးခဲ့သည်။ “မင်းတို့ ဒီဘုရင်ကို ချီလင်နယ်မြေက နတ်ဆိုးတွေ နှိမ်နင်းဖို့အတွက် ကူညီပေးကြ။သခင်ကြီးချီယန်က ထွက်သွားပြီ။ခုချိန်ကစပြီး ငါက ချီလင်နယ်မြေရဲ့ ဘုရင်ဘဲ!”
ကောင်းကင်နှင့်မြေကြီးကြား အကန့်အသတ်မဲ့ ပူပန်မှုကင်းသည့် ခြေလှမ်းများကို လေ့ကျင့်ပြီးသည်ဖြစ်ရာ စုယီသည် ပင်ကိုယ်အားဖြင့်ကို မြန်နေပြီ ဖြစ်သည်။စုယီသည် မြက်ခင်းပြင်အဆုံးသို့ ငါးစက္ကန့်ပင် မကြာဘဲ ရောက်သွားကာ သစ်တောထဲတွင် ပျောက်ကွယ်သွားသည်။
ခက်ခက်ခဲခဲ မတ်တပ်ထရပ်ပြီးနော်က ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီးသည် ပါးစပ်အပြည့် သွေးများကို ထွေးထုတ်လိုက်ကာ ကျိန်ဆဲလေသည်။ “မကြားကြဘူးလား? ဘုရင်ကြီးက ချီလင်နယ်မြေ တစ်ဝန်းလုံးကို သိမ်းချင်တယ်တဲ့။မကူညီကြတော့ဘူးလား?”
စုယီသည် သူ့အား ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် လုပ်ထားသော်လည်း သစ္စာဖောက်ဖို့ မကြိုးစားပါ။သူသည် နတ်ဆိုးတစ်ကောင်အဖြစ် မွေးဖွားပြီး ချီလင်နယ်မြေပေါ်တွင် ကြီးပြင်းလာသည့်အတွက် ဒီနေရာသည် သူ့အိမ်သာ ဖြစ်သည်။သူ ထွက်မသွားချင်ပါ။
ထို့ကြောင့် ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီး၏ ဦးဆောင်မှုဖြင့် သူတို့သည် စုယီနာမည်ကို သုံးကာ ချီလင်တစ်နယ်လုံးကို စတင် ရှင်းလင်းကြသည်။
ရှီဝမ်မြို့ အရှေ့ပိုင်းခရိုင်၏ မြို့လယ်တစ်နေရာတွင်။
တစ်ချိန်က လူစည်ကားသော လမ်းများသည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မိုးမျှော်တိုက်နှစ်ခု၏ တစ်ဝက်ခန့်သည် ပေါက်ကွဲထွက်ကာ မီးလောင်ကျွမ်းနေပြီး အနက်ရောင် မီးခိုးငွေ့များဖြင့် လွင့်နေခဲ့သည်။
မီးခိုးများကြားတွင် လမ်းမပေါ်ရှိ မရေမတွက် နိုင်သော ကားများသည် မှောက်လျက် ရှိနေသည်။
မိုးမျှော်တိုက်နှစ်ခုအကြားရှိ လမ်းမအလယ် နေရောင်အောက်တွင် ရွှေရောင်တောက်နေသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေကာ ရွှေရောင် မီးတောက်များကဲ့သို့ မြင့်တက်နေသည်။
တဖြည်းဖြည်းနှင့် လူများသည် အပေါက်ကြီး၏ ပတ်ပတ်လည်သို့ ရောက်ရှိလာကြပြီး ၎င်းကို အနီးကပ် လာကြည့်ချင်ကြသည်။
မကြာမီ လူအုပ်၏ထိပ်ဆုံးက ရဲရင့်သော အမျိုးသားတစ်ဦးသည် အပေါက်စွန်းသို့ လျှောက်သွားပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။သူ၏မျက်လုံးများသည် အံ့ဩမှုကြောင့် ပြူးကျယ်သွားသည်။
“ဒါက…”
အပေါက်ကြီးသည် နှစ်ဆယ်မီတာခန့် နက်ကာ ၎င်း၏အောက်ခြေတွင် ရောင်ခြည်များ ဖြာထွက်နေသော ပွင့်ဖက်များနှင့် ကြီးမားသော အစိမ်းရောင်ကြာပွင့်ကြီး ရှိသည်။ပွင့်ဖက်များသည် သွေးကြောကဲ့သို့ အနီရောင်အလင်းတန်းများ ဖြာထွက်နေခဲ့သည်။အပေါက်၏ အောက်ခြေတွင် ပွင့်လန်းနေကာ ထိပ်တွင် လည်နေခဲ့သည်။
ထိုအစိမ်းရောင်ကြာပွင့်ကို မြင်သည့်အခါ လူအုပ်ထိပ်ရှိ အမျိုးသားသည် အသက်ရှုသံများ မြန်ဆန်လာသည်။အကြောင်းပြချက် မရှိပါဘဲ သူသည် ထိုကြာပန်းကို လိုချင်တပ်မက်စိတ် ပြင်းပြလာခဲ့သည်။
ထို့နောက် သူသည် ပိုင်ဆိုင်လိုစိတ်ဖြင့် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ တွင်းထဲသို့ ပြုတ်ကျသွားလေသည်။
ထိုမြင်ကွင်းသည် လူများစွာကို ကြောက်လန့်သွားစေသည်။လူများ ပို၍ ပို၍ စုဝေးလာကြပြီး လူအုပ်ရှေ့က အမျိုးသားလိုပင် တစ်ခုခုမန်းမှုတ်ခံရသလို တွင်းထဲသို့ ပြုတ်ကျသွားသည်။
လုံးဝ အထူးအဆန်းပင်!
အသစ်ရောက်လာသည့် မြို့သူမြို့သားများသည် အံ့ဩကာ အနားသို့ မကပ်ရဲကြပေ။သို့သော် သူတို့၏ စူးစမ်းလိုစိတ်က ရှေ့ထွက်လာပြီး ကိုယ်တိုင် စစ်ဆေးစေခဲ့သည်။
ထိုအချိန်တွင် ဝေ့ဂိုဏ်း၏ အကြီးအကဲလေးဦးသည် ထိုနေရာသို့ ရောက်လာခဲ့သည်။သူတို့သည် ဧရာမယပ်တောင်ကြီးကို စီးကာ ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။
“အာ့တာက…ချီလင်ရဲ့ မြင့်မြတ်သော ကြာပွင့်လား?”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ? ဒဏ္ဍာရီက တကယ်ကြီးလား?”
“ထူးခြားတဲ့မြို့တော်က ကောင်းကင်ကနေ ကျလာတယ်။ခုတော့ ချီလင်ရဲ့ မြင့်မြတ်သော ကြာပွင့်ပါ ပေါ်လာတယ်။ဒါ တိုက်ဆိုင်မှု ဖြစ်နိုင်လို့လား?”
“ချီလင်ရဲ့ မြင့်မြတ်သော ကြာပွင့်က ချီလင်ရဲ့ မြင့်မြတ်တဲ့ ခန္ဓာကိုယ်ပေါ်လာချိန်မှ ထွက်ပေါ်တာလေ!”
ဝေ့ဂိုဏ်း၏ အကြီးအကဲလေးဦးသည် ရှောခ့်ရပြီး ရေရွတ်လေသည်။သူတို့သည် ချီလင်၏ မြင့်မြတ်သော ကြာပွင့်ကို ကြာကြာ မကြည့်ရဲဘဲ ဧရာမယပ်တောင်ကြီးကို ပြန်လှည့်လိုက်သည်။
မကြာခင် ဝူချင်းယောင်၊ မိုဟောင်ရှန့်နှင့် လောရွှေဂိုဏ်း၏ အခြားနောက်လိုက်များလည်း ရောက်ရှိလာခဲ့သည်။
“အနားမကပ်နဲ့။ အာ့တာ ချီလင်၏ မြင့်မြတ်သော ကြာပွင့်ဘဲ။မင်းကို ဝါးမျိုသွားလိမ့်မယ်!”
မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူသည် သူတို့ကို သတိပေးကာ လှမ်းအော်လိုက်သည်။ဝူချင်းယောင်နှင့် အခြားသူများသည် မျက်နှာများ ဖြူရော်သွားကာ လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။
ဒဏ္ဍာရီလာ ချီလင်၏ မြင့်မြတ်သော ကြာပွင့်။သူတို့ ယခင်က ကြားခဲ့ဖူးသော်လည်း တကယ် ရှိမယ်လို့တော့ မထင်ထားခဲ့ပါ။
ခဏအကြာ လောရွှေဂိုဏ်း၏ နောက်လိုက်များသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
ချီလင်၏ မြင့်မြတ်သောကြာပွင့်သည် ရက်စက်ကြမ်းကြုတ်မှုကို ကိုယ်စားပြုသည် ဖြစ်ရာ သူတို့သည် ရှီဝမ်မြို့မှ ချက်ချင်းပင် ထွက်ခွာသွားကြသည်။
ထိုနေရာတစ်ဝိုက်သို့ မြို့သူမြို့သားများသည် ပို၍ ပို၍ ရောက်လာကြကာ လောရွှေဂိုဏ်း၏ နောက်လိုက်များသည် အခြေအနေကို အမြန် ထိန်းချုပ်လိုက်ရသည်။ဒဏ္ဍာရီလာ ချီလင်၏ မြင့်မြတ်သော ကြာပွင့်အကြောင်းကို ပြန်ပြောပြရင်း အနားကပ်မလာဖို့ ဟန့်တားကြရသည်။
ဒဏ္ဍာရီအရ ရှေးယခင်အချိန်က အပြစ်မဲ့သူတွေကို လိုက်သတ်ခဲ့သည့် ကြမ်းကြုတ်သည့် မသေမျိုးတစ်ယောက် ရှိခဲ့သည်။မည်သူမှ သူမနှင့် မပတ်သက်ချင်ကြပါ။အဆုံးတွင် ထိုခေတ်၏ အားကြီးသော အင်အားစုများက နှိမ်နင်းလိုက်သည်။ထိုအခါ သူမသည် သူမ၏ နောင်လာနောင်သားများကို ကာကွယ်နိုင်ရန်အတွက် သူမ၏ ရုပ်ခန္ဓာကို ချီလင်၏ မြင့်မြတ်သော ကြာပွင့်အဖြစ်သို့ ပြောင်းလဲခဲ့သည်။
ထို ချီလင်၏ မြင့်မြတ်သော ရုပ်ထန္ဓာကို ပိုင်ဆိုင်သည့် မည်သူမဆို ကမ္ဘာကို လွှမ်းမိုးနိုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်ကာ ထာဝစဉ် နုပျိုနေပြီး ဘယ်တော့မှ သေမည် မဟုတ်ပါ။
သို့သော် ချီလင်၏ မြင့်မြတ်သော ကိုယ်ခန္ဓာကို ရရှိသူများသည် မကောင်းမှုဆီသို့ အလွယ်တကူသွေးဆောင်ခံရပြီး နတ်ဆိုးများဖြစ်လာနိုင်သည်။
မျိုးဆက်တစ်ခုပြီးတစ်ခု ချီလင်၏ မြင့်မြတ်သော ကိုယ်ခန္ဓာရှိသူတို့သည် လူသတ်ပွဲများကို ကျူးလွန်ခဲ့ပြီး ချီလင်၏ မြင့်မြတ်သော ကြာပွင့်သည်လည်း ရက်စက် ကြမ်းကြုတ်လာသည်။ချီလင်မြို့သူ၊မြို့သားများမှ လွဲ၍ အခြား ချဉ်းကပ်လာသော သက်ရှိသတ္တဝါမှန်သမျှသည် လှည့်ဖြားခြင်း ခံရပြီး စုပ်ယူခံရကာ သင့်လျော်သောသင်္ချိုင်းပင် မရနိုင်ဘဲ သေဆုံးသွားမည်ဖြစ်သည်။
“ကြောက်စရာ မကောင်းဘူးလား?”
“ဘုရား ဘုရား၊ ငါတို့ မြန်မြန်ထွက်ခွာသင့်တယ်။ချီလင်ရဲ့ မြင့်မြတ်တဲ့ ခန္ဓာကိုယ်ရှိတဲ့ တစ်စုံတစ်ယောက် ပေါ်လာရင် ဘယ်လိုလုပ်မလဲ? ငါတို့ အာ့ကျ သွားပြီပေါ့?”
“ရှီဝမ်မြို့မှာ ဘယ်အချိန်ကတည်းက ဒီလိုအရာ ရှိနေတာလဲ?”
မြို့သူမြို့သားများသည် အချင်းချင်း ဆွေးနွေးကြသည်။ သူတို့ရှေ့ရှိ တွင်းကြီးကို ကြည့်ရင်း ကြက်သီးများ ထလာကြသည်။စပ်စုတတ်ဆုံးလူများတောင်မှ ကြောက်လို့ ရှေ့ဆက် မတိုးကြတော့ပါ။
ထို့နောက် နန်ရှောင်ပေါင်သည် အာ့နေရာသို့ ချက်ချင်း ရောက်လာကာ ဝူလင် ကားတစ်စီးပေါ်မှ ခုန်ချလိုက်သည်။
သူမသည် တွင်းရှိရာသို့ ဦးတည်သွားသည်။သူမ၏ မျက်လုံးများသည် အရောင်မှိန်နေကာ ခြေလှမ်းများကတော့ ပို၍ ပို၍ မြန်လာသည်။
“ရပ်လိုက်။ အာ့နေရာကို မသွားနဲ့!”
မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူသည် နန်ရှောင်ပေါက် အလျင်စလိုဖြင့် ထိုနေရာသို့ ဦးတည်သွားနေတာကို မြင်သည့်အခါ ချက်ချင်းပင် ဒေါသတကြီး လှမ်းတားလိုက်သည်။
သို့သော် နန်ရှောင်ပေါင်သည် သူ့စကားကို လုံးဝမကြားဘဲ အရှိန်ကို ပိုမြင့်လေသည်။
မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူသည် ဒေါသထွက်လာကာ မျက်လုံးများပင် နီရဲလာသည်။သူမကိုက သေချင်နေမှတော့ သူလည်း နှောင့်ယှက်မနေတော့ဘူး ဟု တွေးကာ တစ်စက်မှ မလှုပ်တော့ပါ။
လောရွှေဂိုဏ်း၏ နောက်လိုက်များသည် ချီလင်၏ မြင့်မြတ်သော ကြာပွင့်က သူတို့ကို ဖမ်းစားမှာ စိုးသဖြင့် မလှုပ်ရဲကြပါ။
“သူမလား!”
မိုဟောင်ရှန့်သည် နန်ရှောင်ပေါင်ကို မှတ်မိသွားကာ ကြီးမားသော ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
စုယီက သူ့ကို လုပ်ခဲ့သည့် နာကျင်မှုက အတွေးထဲ ပြန်ပေါ်လာသည်။ယခုတော့ ချီလင်၏ မြင့်မြတ်သော ကြာပွင့်က သူ့မိန်းမကို ဖမ်းစားတော့မည်။သူမ သေရတော့မည်။သူသည် အလွန်အမင်း ကျေနပ်နေသည်။
ဝူချင်းယောင်သည် မျက်မှောင်ကြုတ်ကာ တစ်ခုခု လုပ်ချင်နေသည်။သို့သော် နန်ရှောင်ပေါင်သည် အရမ်းမြန်ကာ တွင်းထဲသို့ အလျင်စလို ခုန်ချသွားသည်။
ဘုန်း—
သစ်ပင်အမြစ်များနှင့် သစ်နွယ်များသည် ဧရာမ စပါးအုံးမြွေကြီးများကဲ့သို့ မြေပြင်ပေါ်တွင် ထိုးထွက်လာကြပြီး လမ်းသည်လည်း ပြင်းထန်စွာ လှုပ်ခါသွားသည်။
“အမြန် နောက်ဆုတ်ကြ!”
မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူက အော်လိုက်သည်။ထိုသို့ ပြောပြီးနောက် ဝေ့ဂိုဏ်း၏ အကြီးအကဲလေးဦးသည် အရင်ဆုံး နောက်ဆုတ်သွားသည်။
သူတို့၏ ကျင့်ကြံမှုသည် မြင့်မားသော်လည်း ယုတ်မာသော ရှေးခေတ်တည်ရှိမှု ဖြစ်သည့် ချီလင်၏ မြင့်မြတ်သော ကြာပွင့်နှင့် ယှဉ်ပြိုင်ဖို့တော့ အလှမ်းဝေးသည်။
လောရွှေဂိုဏ်းမှ နောက်လိုက်များ အပါအဝင် လူအများသည် ထိတ်လန့်တကြား ပြေးကုန်ကြသည်။
ဘုန်း!
လမ်းအဆုံးတွင် ပုံရိပ်တစ်ခု ပေါ်လာပြီး တွင်းကြီး၏နောက် မီတာရာချီကို ဖြတ်ကျော်ကာ နွယ်ပင်ကြီးကို ဖမ်းဆွဲပြီး လှမ်းတက်လိုက်သည်။
အဲ့ဒါ စုယီဘဲ!
သူသည် မျက်မှောင်ကုတ်ထားသည်။သူ၏ နှလုံးသားထဲတွင် စိုးရိမ်စိတ်များဖြင့် ပြည့်နေသည်။
နတ်ဆိုးကျင့်ကြံသူ ဖြစ်လာပြီးနောက်တွင် သူ၏ အာရုံခံစွမ်းရည်သည် များစွာ မြင့်တက်လာသည်။အထူးသဖြင့် အနံ့ခံစွမ်းရည် ဖြစ်သည်။ဒီအရာ၏အဆုံးတွင် နန်ရှောင်ပေါင်၏ အနံ့ကို သူ အာရုံခံမိသည်။
“သူ ဒီအောက်ကို ပြုတ်ကျသွားတာလား?”
စုယီသည် ထိုသို့ တွေးပြီးနောက် တွင်းကြီး၏အောက်ခြေသို့ လျှောက်သွားကာ ငုံ့ကြည့်လိုက်သည်။သူ့အမူအရာသည် ရုတ်ချည်း ပြောင်းလဲသွားသည်။
နန်ရှောင်ပေါင်၏ ခန္ဓာကိုယ် တစ်ပိုင်းသည် ချူလီရဲ့ မြင့်မြတ်သော ကြာပွင့်၏ ပွင့်ဖက်တွေထဲ နစ်မြုပ်နေသည်ကို သူ တွေ့လိုက်သည်။သူမ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း နစ်မြုပ်လာသည်။သူ့ရှုထောင့်မှကြည့်လျှင် ချီလင်၏ မြင့်မြတ်သော ကြာပွင့်သည် နန်ရှောင်ပေါင်ကို စားသုံးနေပုံရသည်။
…