ကြီးမြတ်သော ဗုဒ္ဓ ရောက်ရှိလာခြင်း
Vol. 3 Ch. 30
“အနားမကပ်နဲ့။အာ့တာ ချီလင်ရဲ့ မြင့်မြတ်သော ကြာပွင့်ဘဲ။သူက သက်ရှိအရာ အားလုံးကို စုပ်ယူနိုင်တဲ့ အစွမ်း ရှိတယ်။မင်းဆိုရင်တောင် သူနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး!”
မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူသည် စုယီကို စိုးရိမ်တကြီး လှမ်းသတိပေးလိုက်သည်။
သူသည် စုယီကို မနှစ်သက်သော်လည်း ကြီးမြတ်သောဝေ့၏ ဘုရင်က စုယီကို သူတို့တိုင်းပြည်အား အလုပ်အကျွေးပြုရန် ခေါ်ဆောင်လာရမည်ဟု အမိန့်ပေးထားလေသည်။
စုယီသည် ဘာမှ ဂရုမစိုက်ဘဲ တစ်ခါတည်း ခုန်ဆင်းသွားလေသည်။
သူသည် ချီလင်၏ မြင့်မြတ်သောကြာပွင့်ရဲ့ သစ်ကိုင်းကို လက်သီးဖြင့် ထိုးလိုက်ကာ အခြား လက်တစ်ဖက်ဖြင့် နန်ရှောင်ပေါင်ကို ခါးမှ ဆွဲထုတ်လိုက်သည်။သို့သော် ချီလင်၏ မြင့်မြတ်သော ကြာပွင့်သည် တင်းတင်းကြပ်ကြပ် ဆွဲထားသည်ဖြစ်ရာ စုယီသည် နန်ရှောင်ပေါင် နာကျင်သွားမည်ကို စိုးရိမ်သဖြင့် အားများများလည်း မသုံးရဲပါ။
“စုယီ ငါ့ကို စိတ်မဆိုးပါနဲ့နော်”
နန်ရှောင်ပေါင်သည် နိုးလာခဲ့ပြီး စုယီ၏ မျက်နှာပေါ်တွင် စိုးရိမ်ကြောင့်ကြနေသည့် အမူအရာကို မြင်လိုက်သည့်အခါ သူမ၏ ရင်ထဲတွင် ချိုမြိန်မှုကို ခံစားလိုက်ရပြီး အလျင်အမြန် ပြောလိုက်သည်။
“ဘာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ!”
စုယီသည် စိတ်တိုလာသည်။သူသည် ကျူးဝူဓားကို ချက်ချင်း ဆွဲထုတ်ကာ ချီလင်၏ မြင့်မြတ်သော ကြာပွင့်ကို ခုတ်ပစ်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။
“သေစမ်း။ချီလင်၏ မြင့်မြတ်သော ကြာပွင့်!ကလေး စိတ်လိုက်မာန်ပါ မလုပ်နဲ့!”
စုယီ၏ စိတ်ထဲတွင် ဓားဝိဉာဉ် ဖုန်းလုံက အော်လိုက်သည်။ကျူးဝူဓားသည် တုန်ခါနေခဲ့သည်။စုယီကို ချီလင်၏ မြင့်မြတ်သော ကြာပွင့်အား မခုတ်စေချင်ပါ။
စုယီသည် ဒေါသထွက်လာကာ စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ “မင်း အမြဲတမ်း မာနထောင်လွှားနေတာ မဟုတ်ဘူးလား?ဒီ ဘာမဟုတ်တဲ့ ကြာပွင့်ကို ခုတ်ရမှာကို ကြောက်နေတာလား ?”
“ငါ…ဒီပန်းက သာမန်ကြာပွင့် မဟုတ်ဘူးကွ။သူ့ကို ခုတ်လိုက်ရင် အဆုံးမဲ့ ကံဆိုးခြင်းတွေ မင်းစီကို ရောက်လာလိမ့်မယ်!”
ဖုန်းလုံက ဒေါသတကြီး ပြောသည်။ဒီ မိုက်မဲတဲ့ ကလေးက ဘာလို့များ ဒီလောက်ထိ စိတ်လိုက်မာန်ပါ ဖြစ်နေရတာလဲ?
စုယီသည် ကျူးဝူဓားကို ချက်ချင်းပင် တာအို သိုလှောင်ခန်းထဲသို့ ပြန်ထည့်လိုက်သည်။ချီလင်၏ မြင့်မြတ်သော ကြာပွင့်ရဲ့ ပွင့်ဖက်ကို သူ၏ ဘယ်လက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး သူ၏လက်များဖြင့် ၎င်းအား တစ်စစီ ဆုတ်ဖြဲပစ်ဖို့ ပြင်လိုက်သည်။
“မလုပ်ပါနဲ့! စုယီ ရပ်လိုက်။သူက ငါ့ကို နာကျင်အောင် မလုပ်ပါဘူး!”
နန်ရှောင်ပေါင်သည် သူ့ကို ရပ်တန့်ဖို့ အမြန်တားလိုက်သည်။သူမ၏ စကားများသည် စုယီ၏ လုပ်ရပ်ကို ဇဝေဇဝါ ဖြစ်သွားစေသည်။
“ မင်း ဘာတွေပြောနေတာလဲ?”
စုယီက သူမအား လှည့်စားနေသည်ဟု ထင်ကာ အပြစ်တင်လိုက်သည်။
နန်ရှောင်ပေါင်၏ မျက်လုံးများသည် ကြည်လင်နေကာ လေးနက်စွာ ပြောလာသည်။ “ဒီရက်တွေမှာ ဒီပန်းက ငါက ချီလင်ရဲ့ မြင့်မြတ်တဲ့ ခန္ဓာကိုယ်အရင်းအမြစ်လို့ ပြောပြီး ငါ့ကို သူ့စီ ခေါ်တယ်။သူက ငါ့ရဲ့ ချီလင်၏ မြင့်မြတ်တဲ့ခန္ဓာကိုယ်ကို နိုးကြားဖို့အတွက် ကူညီပေးချင်နေတာပါ”
ချီလင်၏ မြင့်မြတ်သော ခန္ဓာကိုယ်?
စုယီသည် ပဟေဠိဆန်စွာ ကြည့်ကာ ရဲရင့်စွာ ပြောသည်။ “အစ်မ၊ ငါတို့နှစ်ယောက်လုံးက ကမ္ဘာကလေ။နင်က ချီလင်၏ မြင့်မြတ်သော ခန္ဓာကိုယ် ဟုတ်၊မဟုတ် နင် သိလို့လား?”
ထိုအခါ နန်ရှောင်ပေါင်၏ မျက်နှာသည် ဒေါသကြောင့် နီမြန်းလာကာ စိတ်ကောက်တော့သည်။ “ငါ့ဘိုးဘေးတွေထဲမှာ နတ်ဘုရားတွေ ဘာတွေ ရှိနေရင်ရော ဘယ်လိုလုပ်မလဲ?”
သူမ ပြောတာ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု စုယီက တွေးလိုက်သည်။သူတို့သည် ရှေးဟောင်းတောထဲသို့ ရောက်လာကြခြင်း ဖြစ်သည်။
သူတောင်မှ ဧကရာဇ်စုဂိုဏ်းကို တည်ထောင်ကာ တာအိုကို ပိုင်ဆိုင်ခဲ့သည်။ယခုဆိုလျှင် နတ်ဆိုးလမ်းစဉ် ပေါ်သို့တောင် ကျရောက်နေလေပြီ။
မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိတော့ဘူး!
“ငါ့ကို ယုံပါ။ငါ ခု ရူးသွားပြီလို့များ နင် ထင်နေတာလား?”
နန်ရှောင်ပေါင်သည် စုယီထံသို့ သူမအကြည့်ကို ပြင်လိုက်ကာ အတည်ပေါက် ပြောလိုပ်သည်။ “နင် ငါ့ကို ကာကွယ်နေတာကိုဘဲ မလိုချင်ဘူး။ငါလည်း နင့်ကို ကာကွယ်ချင်တယ်”
စုယီသည် စိတ်မပါဘဲ လွှတ်ပေးလိုက်ရတော့သည်။
“မင်း အန္တရာယ် ဖြစ်လာရင်တော့ ငါ ဝင်ပါရလိမ့်မယ်”
ထိုသို့ ပြောခဲ့ပြီးနောက် စုယီသည် တွင်းထဲမှ ခုန်ထွက်သွားသည်။
နန်ရှောင်ပေါင်သည် ယေးယေးမျှ ပြုံးကာ သူမ၏ မျက်လုံးများကို ပိတ်လိုက်သည်။ထို့နောက်တွင် သူမသည် ချီလင်၏ မြင့်မြတ်သော ကြာပွင့်နှင့်အတူ ပေါင်းစပ်သွားခဲ့သည်။
လမ်းပေါ်သို့ ပြန်ရောက်သည့်အခါ စုယီသည် အနီးရှိ အဆောက်အအုံများပေါ်တွင် နွယ်တက်နေသည့် နတ်ဆိုး သစ်ကိုင်းများစွာကို မြင်လိုက်ရသည်။အချင်းဝက်အားဖြင့် ငါးရာမီတာလောက်ထိ ပျံ့နှံ့နေပြီး မည်သူမျှ အနားသို့ မကပ်ရဲကြပါ။
ဘုန်း!
ရထား လုံးပက်လောက်ထိ ထူသော သစ်နွယ်များသည် မိုးမျှော်တိုက်ကြီးကို ဝင်တိုက်မိရာ ဖန်ကွဲစများသည် မိုးစက်မိုးမှုန်များကဲ့သို့ ကျလာသည်။မိုးမျှော်တိုက်ကြီးသည် ပေါက်ကွဲသံကြီးနှင့်အတူ ပြိုကျသွားတာ ဖုန်မှုန့်များ လိပ်တက်လာပြီး စုယီကိုပင် ဖုံးသွားသည်။
တွင်းကြီးတောင်မှ ဖုန်မှုန့်တွေနှင့် ပြည့်သွားသည်။
“ဒီ နတ်ဆိုး တစ်ပိုင်း…”
အကွာအဝေးတစ်ခုရှိ ဧရာမပန်ကာကြီးပေါ်တွင် ရပ်နေသော မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူ၏ မျက်နှာသည် တင်းမာနေခဲ့သည်။
ဒီ နတ်ဆိုးတစ်ပိုင်းက ချီလင်၏ မြင့်မြတ်သော ခန္ဓာကိုယ် ဖြစ်နိုင်လောက်လား?”
မဟုတ်ရင် သူက ဘာလို့ ဒီလောက် သောင်းကျန်းနေရတာလဲ?
သူသာမက အခြား အကြီးအကဲ သုံးဦးသည်လည်း အတွေးတူတူပင် ဖြစ်သည်။နန်ရှောင်ပေါင်ကိုတော့ သူတို့သည် အသိအမှတ်မပြုဘဲ မေ့တောင် မေ့နေပြီ ဖြစ်သည်။သူမကို သင်္ဂြိုလ်ခွင့်တောင် မရဘဲ သေသွားပြီ ဟူ၍သာ ယူဆထားကြသည်။
“အဲ့ဒါ နတ်ဆိုးတစ်ပိုင်းဘဲ!”
မိုဟောင်ရှန့်သည် ဓားပျံပေါ်တွင် မတ်တပ်ရပ်ကာ အံကြိတ်ပြီး ပြောလိုက်သည်။
ဝူချင်းယောင် အပါအဝင် လောရွှေဂိုဏ်း၏ နောက်လိုက်အသစ်များသည် စပ်စုကာ ကြည့်ကြသည်။
သို့သော် စုယီသည် အလွန်လျင်မြန်သဖြင့် သူတို့ သေချာ ရှင်းရှင်းလင်းလင်း မမြင်လိုက်ကြရပါ။
“သူ ဘာလို့ အာ့ဘက်ကို သွားနေတာလဲ? ဖြစ်နိုင်တာက…”
လောရွှေဂိုဏ်း၏ တပည့်တစ်ဦးသည် မေးဖို့ရန် တုံ့ဆိုင်းနေသည်။သူတို့သည်လည်း ချီလင် မြင့်မြတ်သော ကြာပွင့်၏ ဒဏ္ဍာရီကို ကြားခဲ့ပြီး ဖြစ်သည်။
ချီလင်၏ မြင့်မြတ်သော ကြာပွင့် ပေါ်လာချိန်တိုင်း ချီလင်၏ မြင့်မြတ်သော ခန္ဓာကိုယ်သည် ထွက်ပေါ်လာမြဲ ဖြစ်သည်။
စုယီက ချီလင်၏ မြင့်မြတ်သော ခန္ဓာကိုယ်များ ဖြစ်နေမလား?
ဝူချင်းယောင်သည် မျက်လုံးမှိတ်ကာ သူမ၏ စိတ်အာရုံမှ တစ်ဆင့် ဧကရာဇ်စုဂိုဏ်းထဲတွင် စုံစမ်းမေးမြန်းလေသည်။
ဝူချင်းယောင်: ဧကရာဇ်စုဂိုဏ်း၏ အရှင်သခင်။သင် စိတ်ဝင်စားနေတဲ့ တစ်ယောက်က ချီလင်၏ မြင့်မြတ်သော ခန္ဓာကိုယ်လား?ဒါကြောင့် သူ့ကို ရွေးချယ်ခဲ့တာလား?
သခင်ကြီးချီယန်: ချီလင်၏ မြင့်မြတ်သော ခန္ဓာကိုယ်?အာ့တာ ဒဏ္ဍာရီ သပ်သပ်ဘဲ မဟုတ်ဘူးလား။မင်း ရူးနေတာလား?
မြေခွေးနတ်ဆိုး ကြယ်ပွင့်: ချီလင်၏ မြင့်မြတ်သော ခန္ဓာကိုယ်က ဒဏ္ဍာရီသပ်သပ် မဟုတ်ဘူး။မင်းလို ချီလင်နယ်မြေကို လက်ဝါးကြီးအုပ်ထားတဲ့ ရှေးရိုးစွဲကြီးက ချီလင်၏ မြင့်မြတ်သော ခန္ဓာကိုယ် တည်ရှိမှုကို မေးခွန်းထုတ်ရဲတယ်ပေါ့။
နတ်ဆိုးဘုရင် ချင်းယန်: ချီလင်၏ မြင့်မြတ်သော ကြာပွင့်က ချီလင်နယ်မြေမှာ ပေါ်ပေါက်လာတယ်ဆိုတာ ဖြစ်နိုင်လို့လား?
ဓားဝိဇ္ဇာ ရှားထန်ယိ: ချီလင်၏ မြင့်မြတ်သော ခန္ဓာကိုယ်?စိတ်ဝင်စားစရာဘဲ။ ချီလင်၏ မြင့်မြတ်သော ခန္ဓာကိုယ်ပါ ငါတို့ ဂိုဏ်းမှာ ပါလာရင် အရမ်းကို အင်အားကြီးသွားမှာ
ဧကရာဇ်စုဂိုဏ်း၏ အဖွဲ့ဝင်များသည် သူတို့၏ စိတ်အာရုံထဲတွင် မကြာခဏ စကားပြောလေ့ရှိကြသည်။သူတို့သည် အပြည့်အဝ မပေါင်းစည်းသေးသော်လည်း သူတို့ အချင်းချင်း စတင် အသိအမှတ် ပြုလာကြပြီ ဖြစ်သည်။ဧကရာဇ်စုက ၎င်းတို့အား ဂိုဏ်း၏ အံ့ဖွယ်ကောင်းပြီး အတုမရှိတဲ့အနာဂတ် အကြောင်းကို မကြာခဏ ကတိပေးထားသောကြောင့်လည်း ဖြစ်သည်။
ဧကရာဇ်စုက သူတို့အား ဘာမှ ပြန်မပြောပါ။ထိုအချိန်တွင် စုယီသည် အတော်လေး စိတ်အဆင်မပြေ ဖြစ်နေခဲ့သည်။
သူသည် ဖုန်တောထဲမှ ခုန်ထွက်ကာ အနီးအနားရှိ ဈေးတစ်ခု၏ အမိုးပေါ်သို့ ဆင်းလိုက်သည်။သူ၏မျက်နှာမှ ဖုန်များကို သုတ်လိုက်ပြီး သူ၏ အကြည့်သည် နန်ရှောင်ပေါင်ရှိရာစီသို့သာ မမှိတ်မသုံ စိုက်ကြည့်နေသည်။
ထိုအချိန်တွင် အဆောက်အအုံတစ်ခုလုံးသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။မြင့်မြတ်သော ကြာပွင့်၏ အတက်အလက်များသည် မြစ်ထဲတွင် ကူးခတ်နေသော မြွေများကဲ့သို့ ကြောက်စရာ ကောင်းလှသည်။
ချီလင်၏ မြင့်မြတ်သော ကြာပွင့် ပြသသည့် အစကနဦး စွမ်းအားကပင် လူများကို ကျောရိုးထဲထိ စိမ့်နေအောင် ကြောက်သွားစေဖို့ လုံလောက်သည်!
ဝေ့ဂိုဏ်း၏ အကြီးအကဲလေးဦးသည် စုယီခန္ဓာကိုယ်၏ အခြေအနေကို သတိပြုမိသဖြင့် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။စုယီသည် ချီလင်၏ မြင့်မြတ်သော ခန္ဓာကိုယ် မဟုတ်ပါ။
ရဟတ်ယာဉ်တစ်စင်းသည် အရှေ့ပိုင်းခရိုင်ရှိ ပြသာနာကို သတင်းထောက်များနှင့်အတူ တစ်မြို့လုံးသို့ ထုတ်လွှင့်ခဲ့သည်။
လူသားတွေရဲ့ လိုက်လျောညီထွေမှုဟာ တကယ်ကို အားကောင်းတယ်လို့ ဆိုရပါမယ်။
ရှီဝမ်မြို့သည် တည်ငြိမ်နေပြီ ဖြစ်သည်။မြို့သူမြို့သားများသည် ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်နေကြစဉ်တွင် နည်းပညာပိုင်းကိုလည်း မျက်ကွယ် မပြုခဲ့ကြပါ။
ဆက်သွယ်ရေးနှင့် မြို့ပြကာကွယ်ရေးများကို ထန်ချွမ်မင်မှ အဓိက လုပ်ဆောင်ချက်များအဖြစ် သတ်မှတ်ခဲ့သည်။ရှေးဦးစွာ မြို့ရှိလူများကို ပေါင်းစည်းခဲ့ပြီး နောက်တွင် မည်သူ့ကိုမှ လစ်လျူမရှုဘဲ ကာကွယ်ပေးခဲ့သည်။
ယခင်မြို့၏လူများကို ပေါင်းစည်းကာ နောက်ပိုင်းတွင် ၎င်းတို့အား လျစ်လျူမရှုဘဲ အကာအကွယ်ပေးခဲ့သည်။
ထို့ကြောင့် ချီလင်မြို့၏ မြင့်မြတ်သော ကြာပွက့် အတက်အလက်များကို တိုက်ရိုက်ထုတ်လွှင့်မှုသည် တစ်မြို့လုံးသို့ ပျံ့နှံ့သွားခဲ့သည်။
“ဘုရားရေ! အာ့တာ ဘာပါလိမ့်?”
“အာ့တာ သစ်ပက် အတက်အလက်တွေလား?ဒါမှမဟုတ် မြွေတွေလား?”
“မြေကြီးအောက်မှာ ဘယ်လိုငရဲက ပုန်းနေတာလဲ?”
“မြို့ထဲမှာ ဘာလို့ ဒီအရာတွေရော ရှိနေရတာလဲ?သေလိုက်တော့!ဘယ်သူမှ ထပ်ပြီး အေးဆေးနေလို့ ရမှာ မဟုတ်ဘူး!”
မြို့သူမြို့သားများသည် အပြင်းအထန် ဆွေးနွေးနေကြသည်။
သို့သော် အရင်နှင့်ယှဉ်လျှင် သူတို့သည် တင်းမာရုံသာ ဖြစ်သည်။ထိတ်လန့်တုန်လှုပ်ခြင်း မရှိကြတော့ပါ။
မြို့သူမြို့သား အများစုသည် ပိုမို သန်မာလာကြပြီး ကျင့်ကြံခြင်းလမ်းစဉ်ကို တရားဝင် စတင်လာပြီ ဖြစ်သောကြောင့် ဖြစ်သည်။
ဝှစ်—
ကောင်းကင်ယံမှ လေနှင့် မိုးကြိုးကို သယ်ဆောင်လာသည့် အသံကဲ့သို့ တစ်ခုခု ဆုတ်ဖြဲလိုက်သည့်အသံ ထွက်လာသည်။
ဝေ့ဂိုဏ်း၏ အကြီးအကဲလေးဦး၊ ဝူချင်းယောင်၊ မိုဟောင်ရှန့်နှင့် အခြားသူများသည် လှည့်ကြည့်လိုက်ကြသော်လည်း ကောင်းကင်ပေါ်တွင် ရွှေရောင်သက်တန့်ကြီးကိုသာ မြင်လိုက်ရသည်။
“အဲ့ဒါက…”
မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူ၏ ပုံစံသည် မကြည်မသာ ဖြစ်လာကာ သူ၏ မျက်လုံးများသည် လေးနက်သည့် သတိတရားကို ဖော်ပြနေသည်။
အနီးကပ် စစ်ဆေးကြည့်သောအခါတွင် ကဿပဘုရားရှိ ဘုန်းကြီးတစ်ပါးသည် ရွှေမီးရောင်ဖြင့် ဝိုင်းရံထားသော ရွှေပြားပေါ်တွင် တိကျပြတ်သားသည့် မျက်နှာထား၊ ဖြောင့်မတ်သော ရောင်ဝါနှင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
“အနောက်တိုင်းဗုဒ္ဓ မင်းဆက်၊ ကောင်ချူး!”
အကြီးအကဲလေးဦးအနက်မှ အမျိုးသမီး ကျင့်ကြံသူသည် အံကြိတ်ထားသည်။နာမည်ကပင် သူတို့အား လေးလံသည့် ဖိအားကို ဖြစ်ပေါ်စေသည်။
ဝူချင်းယောင်၊ မိုဟောင်ရှန့်နှင့် ကောင်ချူး၏ နယ်မြေက မဟုတ်သော အခြားသူများမှာ သူ့၏ အစွမ်းထက်သော အငွေ့အသက်ကို ခံစားနိုင်ပြီး သူ၏ထူးခြားသောအသွင်အပြင်သည် သူ၏ကိုယ်ပိုင်လက္ခဏာကို ဆုံးဖြတ်ရန် လွယ်ကူစေသည်။
“အနောက်တိုင်း ဗုဒ္ဓ မင်းဆက်ရဲ့ လူတစ်ယောက်!”
အနောက်တိုင်း ဗုဒ္ဓမင်းဆက်ရှိ လူတိုင်းသည် ဗုဒ္ဓ လေ့ကျင့်ပေးထားသည့် မင်းမျိုးမင်းနွယ်များ ဖြစ်သည်။ကောင်ချူးသည် အနောက်ဗုဒ္ဓမင်းဆက်ကို ထီးနန်းစိုးစံသော တော်ဝင်မိသားစု၏ ညီတော်တစ်ပါးဖြစ်သည်။
မင်းဆက် ခုနှစ်ဆက်ထဲတွင် အနောက်တိုင်း ဗုဒ္ဓမင်းဆက်သည် နတ်ဆိုးတွေကို အမုန်းဆုံး မင်းဆက်ဖြစ်သည်ဟု ဆိုကြသည်။
…