← Chapters

တထာဂတဗုဒ္ဓလက်ဖဝါး

Vol. 3 Ch. 31

တထာဂတဗုဒ္ဓလက်ဖဝါး

Vol. 3 Ch. 31

ကောင်ချူးသည် အရှေ့ဘက်ခရိုင်၏ ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံတက်သွားသည်။သူသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ သစ်နွယ်ပင်များကို ကြည့်ပြီး ‌မျက်မှောင်ကြုတ်သွားသည်။စိတ်တိုနေသည့်ပုံ မပေါ်ဘဲ တည်ကြည်ခန့်ညားသည့် အရှိန်အဝါများ သူ့ကိုယ်မှ ထွက်နေသည်။

ကြီးမြတ်သော ဝေ့၏ အကြီးအကဲလေးဦးသည် ဧရာမ ယပ်တောင်ကြီးနှင့် သူ့ရှေ့သို့ ပျံသွားကာ သူ့ကို နှုတ်ဆက်လိုက်သည်။

“သင်တို့ရော ရောက်နေတာဘဲ”

ကောင်ချူးသည် တည်ငြိမ်စွာ ပြောသည်။သူ၏ အမူအရာသည် မတူကွဲပြားစွာ အကြီးအကဲလေးဦး၏ အရေးပါမှုကို လစ်လျူရှုထားပုံ ရသည်။

ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦးသည် နှစ်ထောင်ချီကျော် နေလာခဲ့သော်လည်း မသေနိုင်သော အကြီးအကဲများဖြင့် သတ်မှတ်ထားရုံသာ ရှိသည်။ထိုနေရာတွင် အတော်ဆုံး မဟုတ်ပါ။

မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူသည် ပြုံးကာ ပြောသည်။ “အနောက်ဗုဒ္ဓက သင့်ကို ပို့လိုက်မယ်လို့ ထင်မထားဘူး။ဘာရည်ရွယ်ချက်များ ရှိလို့ပါလိမ့်?”

ကောင်ချူးသည် သူ့အား ကြည့်ကာ ပြောသည်။ “ဗုဒ္ဓ၏ အဆုံးအမများကို ဖြန့်ကျက်ရန်နှင့် ဆန်းကြယ်သောမြို့ကို ကယ်တင်ရန် ရောက်ရှိလာခြင်း ဖြစ်တယ်”

ထိုစကား ကြားသည့်အခါ အကြီးအကဲလေးဦး၏ မျက်နှာ အမူအရာများသည် ချက်ချင်းပင် မည်းမှောင်သွားသည်။

ထိုစကားသည် အဓိပ္ပာယ်တစ်မျိုး သက်ရောက်နေပေသည်။ “ဒီမြို့က ခုချိန်မှာ အနောက်ဗုဒ္ဓ၏ ထိန်းချုပ်မှုအောက်မှာ!”‌ဆိုသည့် အဓိပ္ပာယ်မျိုး။

ကောင်ချူးသည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။သူသည် မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်သည်။ “ချီလင်၏ မြင့်မြတ်သော ကြာပွက့် ထပ်ပေါ်လာမယ်လို့ မမျှော်လင့်မိခဲ့ဘူး။ဒီ ဆန်းကြယ်တဲ့မြို့ထဲမှာ ချီလင်၏ မြင့်မြတ်သော ခန္ဓာကိုယ် ရှိနေတာများလား?”

ထိုသို့တွေးကာ သူသည် သူ့ညာလက်ကို မြှောက်ပြီး အောက်သို့ ဆင်းသွားခဲ့သည်။

ချက်ချင်းပင် ကြီးမားသော ရွှေရောင် လက်ဖဝါးကြီးသည် ကြီးမားသော တောင်ကြီးသဖွယ် ကောင်းကင်ယံမှ ပြုတ်ကျလာကာ ဖုန်မှုန့်များ လွင့်ထွက်လာသည်။ထိုလက်ဖဝါးသည် အောက်မှာရှိသည့် ကြီးမားသည့် နွယ်ပင်များကို ဖိလိုက်သည်။‌ကြီးမားသော ရွှေရောင် လက်ဖဝါးကြီး၏ရှေ့တွင် ဘေးနားရှိ အဆောက်အအုံများသည် သေးငယ်သွားသည်။တစ်မြို့လုံး ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။

မြို့ကို လက်ဖဝါးကြီးက ဖိထားတယ်!

ရဟတ်ယာဉ်ထဲမှ ထုတ်လွှင့်နေသူများ အပါအဝင် အကုန်လုံး ကြောင်သွားကြသည်။

မြို့သူမြို့သားများသည် သူတို့၏ ဖုန်းများနှင့် တီဗီများမှ ကြည့်နေကြသည်။

ဒါ မန္တာန်တစ်ခုလား?

“ဘုရားရေ! ဒါ ဘာကြီးလဲ? မန္တာန်လား? ဗုဒ္ဓအစွမ်းလား?”

“တထာဂတဗုဒ္ဓလက်ဖဝါး?”

“ဒီဘုန်းကြီးက ဘုရားလောင်းလား၊ ဒါမှမဟုတ် ရဟန္တာများလား?*

“ဒီအစွမ်းက…သူက လူရော ဟုတ်သေးရဲ့လား?”

“ဒါမှ ကျင့်ကြံသူအစစ်!”

တစ်မြို့လုံး အုံကြွလာသည်။ကောင်ချူး ရောက်ရှိလာပုံသည် အံ့ဩလောက်အောင်ပင် အထင်ကြီးစရာကောင်းသည်။စုယီ တစ်ယောက်ထဲနှင့် သိန်းချီသော နတ်ဆိုးစစ်တပ်ကို တိုက်ခိုက်သည့် မြင်ကွင်းကဲ့သို့ ဒုတိယမြောက် အံ့အားသင့်စေသည့် မြင်ကွင်းဖြစ်သည်။

ဝူချင်းယောင်နှင့် မိုဟောင်ရှန့်တို့လို လောရွှေဂိုဏ်း၏ ကျင့်ကြံသူများပင် ကြည့်နေရင်း ကြက်သီးများ ထလာကြသည်။

ဒါက အနောက်ဗုဒ္ဓ နန်းဆက်ရဲ့ ကြီးမြတ်သော ဗုဒ္ဓဘဲ။အံ့လောက်အောင် စွမ်းအားကြီးတာဘဲ။နှလုံးသားဖြင့် ပေါင်းစပ်ခြင်း အဆင့်ကိုတောင် ကျော်လွန်သွားပြီ။သေနိုင်လောက်သည့် တည်ရှိမှုပင်!

စုယီသာ်လည်း လန့်သွားသည်။သူတောင်မှ ခုချိန်ကစပြီး ရွှေရောင် လက်ဖဝါးကြီးနှင့် ရင်ဆိုင်ရန် ယုံကြည်ချက် မရှိတော့ပါ။

ပြိုင်ဘက်သည် နှလုံးသားနှင့် ပေါင်းစပ်ခြင်းအဆင့်ကိုပင် ကျော်လွန်ပြီးသူ ဖြစ်ရမည်!

လူသားမျိုးနွယ်ကျင့်စဉ်တွင် ဒြပ်စပ်ရှစ်မျိုးအားဖြင့် ချီခွဲခြားခြင်း၊ပက်လယ်ဝိဉာဉ် နိုးထခြင်း၊ ဥပဒေအရ ဆေးပြားများ မှီဝဲခြင်း နှင့် နှလုံးသားဖြင့် ပေါင်းစပ်ခြင်းဟူ၍ အဆင့်များစွာ ရှိသည်။နှလုံးသားဖြင့် ပေါင်းစပ်ခြင်းအဆင့်သည် နတ်ဆိုးမျိုးနွယ်၏ နတ်ဆိုးဘုရင်ရဲ့ နတ်ဆိုးစွမ်းအားနှင့် အဆင့်တူသည်။ဆိုလိုသည်မှာ ဒီဗုဒ္ဓသည် အနက်ရောင် အကြေးခွံဘုရင်၊သခင်ကြီးချီယန် နှင့် ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦးထပ် ပို၍ သန်မာသည်။

“ဒါနဲ့ပတ်သက်ပြီး ငါ ဘာလို့ ခံစားချက် မကောင်းနေပါလိမ့်?”

စုယီသည် သူ့ဘာသာ ရေရွတ်လိုက်သည်။ဗုဒ္ဓနန်းဆက်များသည် နတ်ဆိုးတွေကို သတ်ရခြင်းကို နှစ်သက်ပုံ ရသည်။

မွေးဖြူဒဏ္ဍာရီ၏ ဇာတ်လမ်းကို လူတိုင်း သိကြသည်။

အထူးသဖြင့် စာဟိုင်ပြောသည့် စကားပင်။ “နာယကကြီး မင်းရဲ့ဇနီးက ရှည်လျားတဲ့ တီကောင်ဘဲ”

ကောင်ချူးသည် ရွှေရောင်အပြားကြီးပေါ်တွင် ရပ်ကာ တစ်ချိန်လုံး မျက်မှောင်ကြုတ်ထားသည်။

“ချီလင်၏ မြင့်မြတ်သော ကြာပွင့်က သူ စပြီး ‌ထွက်ပေါ်လာချင်း အရမ်းစွမ်းအားကြီးမယ်လို့ မထင်ထားမိဘူး။သူ့ကို နောက်ထပ် ဆန့်ကျင့်လို့ မဖြစ်တော့ဘူး။မဟုတ်ရင် တစ်မြို့လုံး ဒုက္ခရောက်ကုန်လိမ့်မယ်”

သူ၏ ကျင့်ကြံခြင်းအဆင့်သည် အမြင့်ဆုံး ဖြစ်သည်။သူသည် ချီလင်၏ မြင့်မြတ်သော ကြာပွင့်မှလာသည့် ကြောက်မက်ဖွယ် သတ်ဖြတ်ချင်စိတ် အရိပ်အယောင်များကို ခံစားမိသည်။

သူသည် ချီလင်၏ မြင့်မြတ်သောကြာပွင့်အား နောက်တစ်ကြိမ် ထပ်ရိုက်လိုက်လျှင် မြို့သူ၊မြို့သားအားလုံး သွေးဖြင့် ယဇ်ပူဇော်သကဲ့သို့ ချီလင်၏ မြင့်မြတ်သောကြာပွင့်ရဲ့ ဝါးမျိုခြင်း ခံလိုက်ရမည်ကို သူ ကြောက်နေခဲ့သည်။

ထို့နောက် ရုတ်တရက် သူသည် စုယီကို သတိထားမိသွားသည်။

အတော် အားပြင်းတဲ့ ချီနဲ့ သွေးဘဲ!

ကောင်ချူးသည် အနက်ရောင် အကြေးခွံဘုရင်ကို သတ်ခဲ့သော နတ်ဆိုးတစ်ပိုင်းကို သတိရသွားသည်။ထိုအဖြစ်အပျက်သည် နန်းဆက် ခုနစ်ဆက်ရှိ တရားရုံး အပါအဝင် သာမန်လူများကိုပါ ဆန်းကြယ်သောမြို့ ရောက်ရှိလာခြင်းကို စိုးရိမ်စေခဲ့သည်။အနက်ရောင် အကြေးခွံဘုရင်၏ သနားစဖွယ် သေဆုံးမှုသည် ဆန်းကြယ်မြို့၏ နတ်ဆိုးတစ်ပိုင်းကို တစ်ကမ္ဘာလုံး သိသွားစေခဲ့သည်။

ထိုသို့တွေးကာ ကောင်ချူးသည် စုယီစီသို့ ဦးတည်ကာ ပျံသန်းသွားသည်။

ရွှေရောင်အပြားသည် သူ့ကို ရှော့ပင်းမောလ်ပေါ်သို့ သယ်ဆောင်သွားသည်။ရဟတ်ယာဉ်ထဲရှိ ထုတ်လွှင့်သူတို့သည် သူတို့၏ ကင်မရာကို ထိုနေရာသို့ ပြောင်းချိန်လိုက်သည်။

ကောင်ချူးက စုယီကို တိုက်ခိုက်တော့မည်ကို မြင်သည့်အခါ တစ်မြို့လုံး၏ ရင်ထဲတွင် စိုးရိမ်စိတ်များ ပြည့်နှက်လာသည်။

ဟွားရှတွင် ဘုန်းတော်ကြီးက နတ်ဆိုးကို သတ်သည့်ဇာတ်လမ်းများ မြောက်မြားစွာ ရှိသည်။သူတို့သည် အဆိုးဆုံးကို ကြိုတွေးကာ ဘာမှ မကူညီနိုင်ဘဲ ဖြစ်နေကြသည်။

ယခုလက်ရှိတွင် စုယီသည် တစ်မြို့လုံး၏ ကယ်တင်ရှင် ဖြစ်သည်။ကောင်ချူးက သူ့ကို နှိမ်နင်းလိုက်သည့် အဖြစ်အပျက်ကို မည်သူမျှ မကြည့်ချင်ကြပါ။

“ဆိုတော့ မင်းက အနက်ရောင် အကြေးခွံဘုရင်ကို သတ်တဲ့ နတ်ဆိုးတစ်ပိုင်းလား?”

ကောင်ချူးက မေးလိုက်သည်။သူ့အမူအရာမှာ စက်ဆုပ်သည့်ပုံ မပေါ်သလို စိတ်လှုပ်ရှားသည့်ပုံလည်း မပေါ်ပါ။ပကတိ တည်ငြိမ်မြဲပင် ဖြစ်သည်။

စုယီသည်လည်း ဘာအမူအရာမှ မပြဘဲ ပြန်ဖြေသည်။ “ဟုတ်တော့ရော ဘာဖြစ်လဲ? ကျွန်တော်နဲ့ ကိစ္စတစ်ခုခုများ ရှိလို့လား?”

“မင်းက တစ်မြို့လုံးကို မင်းဘာသာ ကယ်တင်ပြီး စိတ်ကောင်းရှိကြောင်း ပြသခဲ့တယ်။ခု နောက်ပြန်လှည့်မယ်ဆိုရင် မင်းမှာ သေချာပေါက် အောင်မြင်မယ့် အနာဂတ် ရှိတယ်။ငါနဲ့အတူ အနောက်တိုင်းဗုဒ္ဓကိုလိုက်ပြီး ဗုဒ္ဓဂိုဏ်းနဲ့ ပူးပေါင်းကာ မင်းရဲ့ နတ်ဆိုးကျင့်စဉ်တွေကို ဘာလို့ မဖယ်ရှားတာလဲ?”ကောင်ချူးသည် ဆိုလိုရင်းကို တိုက်ရိုက် ပြောလိုက်သည်။သူ့အသံကို အကွာအဝေးတစ်ခုရှိ တိုက်ရိုက်လွှင့်သည့် ကင်မရာက အလုံအလောက် ဖမ်းမိလိုက်သည်။

ဝိုး—

တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ဗုဒ္ဓဂိုဏ်းကို နတ်ဆိုးတစ်ယောက်က ပူးပေါင်းတာ ကောင်းတဲ့အရာ ဟုတ်ပါ့မလား?

ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦးသည် မကျေနပ်သော်လည်း ကောင်ချူးကိုတော့ ဝင်မနှောင့်ယှက်ရဲပါ။

ကောင်ချူးသည် အနောက်ဗုဒ္ဓမင်းဆက်၏ မင်းမျိုးမင်းနွယ်တစ်ဦး ဖြစ်သည်။သူ့ကို နှောင့်ယှက်ခြင်းသည် မင်းဆက်တစ်ခုလုံးကို နှောင့်ယှက်ရာ ရောက်သည်။

ကြီးမြတ်‌သောဝေ့သည် တိုးတက်နေသော်လည်း အနောက်ဗုဒ္ဓမင်းဆက်၏ နောက်မှာသာ ရှိသေးသည်။အနောက်ဗုဒ္ဓမင်းဆက်သည် မြင့်မြတ်သောထန်၏ နောက် ဒုတိယနေရာတွင် ဖြစ်သည်။

စုယီသည် မျက်မှောင်ကြုတ်လိုက်သည်။ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦးက သူ့ကို ဖိတ်ကြားခဲ့သည်။ယခုကျတော့ အနောက်ဗုဒ္ဓမင်းဆက်တဲ့။သူက ဒီလောက် လိုချင်စရာကောင်းတဲ့ ပိုင်ဆိုင်မှုတစ်ခု ဖြစ်နေလို့လား?

သို့သော် သူသည် ဘယ်သူ တစ်ဦးတစ်ယောက်၏ လက်ပါးစေမှ မဖြစ်ချင်ပါ!

“တောင်းပန်ပါတယ်။ကျွန်တော့် ဘယ်သူ့ကိုမှ မမှီခိုချင်သလို မင်းဆက်ခုနှစ်ဆက်ထဲ ဘယ်မင်းဆက်နဲ့မှလည်း မပူးပေါင်းချင်ဘူး”စုယီက ငြင်းပယ်လိုက်သည်။

ထိုအခါ ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦးသည် ပျော်သွားကြပြီး ကောင်ချူးကတော့ မျက်မှောင်ကြုတ်လေသည်။

မိုဟောင်ရှန့်နှင့် အခြားနောက်လိုက်များကတော့ ပါးစပ် အဟောင်းသား ဖြစ်နေသည်။အနောက်ဗုဒ္ဓမင်းဆက်က စုယီကို ဖိတ်ကြားတာကို သူက ငြင်းရဲတယ်?

သူတို့ကိုသာ လာဖိတ်လို့ကတော့ တစ်ခါတည်း တန်းပြီး လက်ခံလိုက်မည်!

အနောက်တိုင်းဗုဒ္ဓမင်းဆက်သည် မင်းဆက် ခုနှစ်ဆက်ထဲတွင် ဒုတိယမြောက် ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။သူ့အုပ်ချုပ်မှုအောက်တွင် ဂိုဏ်းခွဲများစွာနှင့် မိသားစုများစွာ ရှိရာ လောရွှေဂိုဏ်းထပ် ပို၍ သန်မာသည်!

ဝူချင်းယောင်သည် စုယီကို စစ်ဆေးလိုက်သည်။သူမ၏ မျက်လုံးထဲတွင် စပ်စုချင်စိတ်များ အပြည့်ပင်။

ဆိုတော့ ဒါက ဧကရာဇ်စု အသိအမှတ်ပြုထားတဲ့ ဓားသမား ဉာဏ်ကြီးရှင်ပေါ့လေ?

“သင်သည် နတ်ဆိုးလမ်းကို လျှောက်လမ်းနေပြီး မှန်ကန်သည့်လမ်းညွှန်မှု မရှိပါက အဆုံးတွင် လူသားမျိုးနွယ်ကို ထိခိုက်စေလိမ့်မည်။ကျွန်ုပ် ထိုသို့ အဖြစ်မခံနိုင်ပါ။သင် ပြန် ဆင်ခြင်သုံးသပ်မယ်လို့ မျှော်လင့်ပါတယ်!”ထိုသို့ ကောင်ချူးက ပြောလိုက်သည့်အခါ စုယီ၏ အမူအရာသည် အေးစက်သွားသည်။

ဖိတ်ကြားချက်ကို လက်မခံလို့ အခု ငါ့ကို ခြိမ်းခြောက်နေတာလား?

ကြီးမြတ်သောဝေ့၏ အကြီးအကဲ လေးဦးသည်လည်း ကောင်ချူး၏လုပ်ရပ်ကို မကျေနပ်ကြပါ။

တကယ်တော့ သူတို့သာ ကောင်ချူးလို့ စွမ်းအားမျိုး ပိုင်ဆိုင်ခဲ့လျှင် သူတို့လည်း အလားတူလုပ်ရပ်မျိုးကိုသာ လုပ်မှာဖြစ်သည်။

“ငြင်းလိုက်! ဆက်ပြီး ငြင်းစမ်းပါ!”

မိုဟောင်ရှန့်သည် စိတ်ထဲမှ အော်ဟစ်နေခဲ့သည်။စုယီသာ ထပ်ပြီး ငြင်းလိုက်ပါက ကောင်ချူးကို ရန်စသလို ဖြစ်သွားမည်မှာ အသေအချာပင်။

သူသည် စုယီကို အနောက်တိုင်းဗုဒ္ဓမင်းဆက်သာိ့ မပူးပေါင်းစေချင်ပါ။ထိုသို့ ပူးပေါင်းပါက သူသည် အနာဂတ်တွင် စုယီအား လက်စားချေလို့ရတော့မည် မဟုတ်ပါ။

သေချာပါသည်။စုယီက ထပ်ပြီး ငြင်းပယ်ခဲ့သည်။ “ခြိမ်းခြောက်ခံရတာ ကျွန်တော် မကြိုက်ဘူး!”

ထိုသို့ ပြောကာ စုယီသည် သူ့လက်ဖဝါးကို ဖြန့်လိုက်ပြီး ကျူးဝူဓားကို ဆင့်ခေါ်ကာ တိုက်ပွဲအတွက် အဆင်သင့် ဖြစ်နေခဲ့သည်။

ထိုမြင်ကွင်းသည် လူတိုင်းကို သွေးဆူစေခဲ့သည်။လူတစ်ဦးချင်းစီသည် လွတ်လပ်မှုကို တောင့်တကြသည် ဖြစ်ရာ စုယီ၏သဘောထားသည် လေးစားဖွယ် ကောင်းသော်လည်း မြို့သူမြို့သားများကို စိုးရိမ်စေခဲ့သည်။

ကောင်ချူးသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။သူသည် လူအများ၏ ရှေ့မှောက်တွင် စုယီ၏ အသိအမှတ်မပြုခြင်းကို ခံလိုက်ရသည်။စုယီက သူ့ကိုယ်သူ မင်းဆက်ခုနှစ်ဆက်ရဲ့ ဖိတ်ကြားမှုကိုတောင် ငြင်းပယ်ရလောက်အောင် သူ့ကိုယ်သူ ဓားဝိဇ္ဇာ ရှားထန်ယိလိုမျိုး အရည်အသွေး ပြည့်မီတယ်လို့များ ယုံကြည်နေတာလား?

ပေါက်ကွဲသံနှင့်အတူ!

ကောင်ချူး၏ အရှိန်အဝါသည် ပေါက်ကွဲထွက်လာကာ ဖုန်မှုန့်များ လွင့်စင်သွားသည်။ထိုအချိန်တွင် သူသည် ကမ္ဘာပေါ်ရှိ နတ်ဆိုးများနှင့် မိစ္ဆာများအားလုံးကို သုတ်သင်တော့မည့် ဒေါသကြီးနေသော ဗုဒ္ဓကဲ့သို့ အသွင်ပြောင်းသွားသည်။

စုရီက အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့စွမ်းအားကို ထုတ်လွှတ်လိုက်သည်။သူ့ကြွက်သားတွေသည် ဖောင်းကြွလာပြီး သူ့အင်္ကျီအဖြူဟာ မခံနိုင်တော့ဘဲ ပြဲထွက်သွားသည်။ နေရောင်အောက်တွင် သူ၏ကိုယ်ခန္ဓာအပေါ်ပိုင်းသည် သံမဏိဖြင့် ထုလုပ်ထားသည့် ရုပ်တုမျိုးကဲ့သို့ အမြင်အာရုံများကို ဖမ်းစားနေခဲ့သည်။

သူသည် ထွက်ပြေး၍ မရပါ။သူသည် နန်ရှောင်ပေါင်ကို စောင့်ရအုံးမည် ဖြစ်သည်။သူ့တွင် တိုက်ခိုက်ဖို့မှလွဲ အခြား ရွေးချယ်စရာ မရှိတော့ပါ။

၎င်းမှာ သူ့လက်ရှိ လေ့ကျင့်ရေး၏ အသီးအပွင့်ကို စစ်ဆေးဖို့ရန် အံ့လောက်စရာ အခွင့်အရေးလည်း ဖြစ်သည်။

“ဒီကောင် တကယ် သေချင်နေတာဘဲ!သူက အနောက်ဗုဒ္ဓမင်းဆက်ကိုများ ရန်စရဲတယ်!”

“သူက စိတ်ကြီးဝင်နေတာလေ။အနက်ရောင် အကြေးခွံဘုရင်ကို သတ်ပြီးကတည်းက သူ့ကို ဘယ်သူကမှ မနိုင်ဘူးလို့ တွေးနေတာလေ!”

“ဟဟဟ။ဒီ နတ်ဆိုးတစ်ပိုင်းက သေမှအေးမှာ!”

“ဒီ ကြီးမြတ်တဲ့ဗုဒ္ဓက ငါတို့ ဂိုဏ်းသခင်ထပ်တောင် ပိုအင်အားကြီးသေးတယ်။သူတော့ သေမှာ သေချာတယ်!”

လောရွှေဂိုဏ်း၏ နောက်လိုက်များသည် စတင် ငြင်းခုန်ကြသည်။သူတို့အားလုံးသည် စုယီ အသတ်ခံရမည်ဟု လက်ခံကြသည်။

…

All Chapters