← Chapters

ဖုန်းလုံ အမြတ်ထွက်ခြင်း

Vol. 3 Ch. 32

ဖုန်းလုံ အမြတ်ထွက်ခြင်း

Vol. 3 Ch. 32

သူမ၏ နောက်လိုက် ဂိုဏ်းသား ညီအစ်ကို၊မောင်နှမများ၏ စကားကို ကြားသည့်အခါ ဝူချင်းယောင်သည် မျက်မှောင်ကြုတ်သွားသည်။သူမသည် စုယီကို သူရဲကောင်းတစ်ဦးအဖြစ် ကြားသိခဲ့ခြင်း ဖြစ်သည်။ဒါဆို လောရွှေဂိုဏ်း၏ အခြားနောက်လိုက်များသည် စုယီကို ဘာအတွက် သေစေချင်နေတာပါလိမ့်?

သူမသည် မိုဟောင်ရှန့်စီ အကြည့်လွှဲလိုက်ပြီး စတင် တွေးတော့သည်။သူမ ဘာမှ မကြားမိပေမယ့် မိုဟောင်ရှန့်ကတော့ စုယီ မကောင်းကြောင်းသာ ပြောသည်။

မိုဟောင်ရှန့်က စုယီကို ဘာလို့ ဒီလောက် မုန်းတီးနေပါလိမ့်?

ထိုသို့တွေးကာ မိုဟောင်ရှန့်အပေါ် ထားသည့် ဝူချင်းယောင်၏ သဘောထားသည် ပို၍ပင် နိမ့်ကျသွားခဲ့သည်။

ဒီလူက ဒီလောက် စိတ်ထားကျဉ်းမြောင်းတာ ဘယ်လိုလုပ် အောင်မြင်ပါ့မလဲ!

မိုဟောင်ရှန့်သာ စိတ်ဖတ်တတ်ခဲ့မည်ဆိုလျှင် “သူတို့ ငါ့အကြောင်း ပြောနေကြတာလား?”ဟု တွေးကာ သေချာပေါက် သွေးအန်နေလိမ့်မည်။

ထို့နောက် စုယီသည် ဒူးကို ကွေးကာ ခုန်တက်သွားသည်။တဟုန်ထိုး စီးဆင်းနေသော နဂါးခွန်အားများသည် ဈေးတစ်ခုလုံး၏ နံရံများကို ဖျက်စီးပစ်ခဲ့သည်။ဗုံးတစ်လုံး ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲလှိုင်းများပင် ထလာသည်။

သူ့အလျင်သည် အလွန်မြန်သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကောင်ချူးနှင့် ဆန့်ကျင်ဘက်တွင် ရောက်သွားသည်။

ကောင်ချူးသည်လည်း မျက်လုံးလျင်သည်။သူ့လက်ဖဝါးကို လှုပ်ခါလိုက်ရာ ဧရာမ ရွှေရောင်လက်ဖဝါးကြီးသည် လေထဲတွင် ပေါ်လာပြီး ၅ကျန်း အမြင့်သို့ ရောက်ရှိကာ စုယီကို ရိုက်ချလိုက်သည်။

ဘုန်း—

စုယီသည် လက်သီးဖြင့် ဧရာမ ရွှေရောင် လက်ဖဝါးကြီးကို ခွဲလိုက်သည်။သူ၏နတ်ဆိုးစွမ်းအားကို စိတ်ကူးယဉ်ဆန်စွာ ပြသခဲ့ရာ လူအားလုံး သတိလစ်မေ့မျောသွားကြသည်။

ကြီးမြတ်သော ဝေ့၏ အကြီးအကဲလေးဦးနှင့် မိုဟောင်ရှန့်တောင်မှ ပါးစပ်အဟောင်းသား ငေးကြည့်နေခဲ့သည်။

ဒါ ဘာစွမ်းအားမျိုးလဲ?

ကောင်ချူးကိုတောင် ထိပ်တိုက်ရင်ဆိုင်ရဲတယ်ပေါ့?

မိုဟောင်ရှန့်သည် ကြောက်လန့်ကာ တုန်ရီနေသည်။နောက်ဆုံးအကြိမ် သခင်ကြီးချီယန်ကို တိုက်သည့်စွမ်းအားနှင့် ခုစွမ်းအားသည် လားလားမှပင် မနီးစပ်တော့ပါ။

သူက အမြဲတမ်း သူ့စွမ်းအား အစစ်အမှန်ကို ဖုံးကွယ်ထားတာများလား?

ကောင်ချူး၏ မျက်လုံးအိမ်သည် ကျုံ့သွားသည်။စုယီက သူ့ကို ဓားဖြင့်ထိုးရန် ဟန်ပြင်နေသည်ကို မြင်တော့ အလျင်အမြန် ရှောင်တိမ်းလိုက်သည်။

သူ့ခြေထောက်အောက်ရှိ မှော်ဆန်သော ရွှေရောင်ပန်းကန်ပြားသည် သူ့စိတ်နှင့်သူ ရွေ့ကာ စုယီကို အလွယ်တကူပင် ရှောင်တိမ်းနိုင်ခဲ့သည်။

စုယီ၏ ခွန်အားသည် သာလွန်နေပါသော်လည်း သူသည် မပျံနိုင်ပါ။ထို့ကြောင့် အောက်ဘက်ရှိ ဖုန်မှုန့်များ၊အပျက်အစီးများကြားထဲသို့ ဗရမ်းဗတာ ပြုတ်ကျသွားသည်။

ကောင်ချူးသည် ပျံတက်သွားကာ လေထဲရှိ မီတာ‌တစ်ထောင်အမြင့်တွင် ရပ်လိုက်သည်။

စုယီသည် ထိုအမြင့်သို့ မရောက်နိုင်ပါ။

ရွှီး!

ထိုအချိန်တွင် ကွန်ကရစ်ပြားတစ်ခုသည် အမြောက်ကျည်ကဲ့သို့ ကောင်ချူးစီသို့ လွင့်ပျံလာသည်။

ကောင်ချူးသည် အလွယ် ကိုင်တွယ်၍ မရပါ။သူသည် အကွာအဝေးတစ်ခုမှ နေကာ ကွန်ကရစ်ပြားကို လက်ဝါးဖြင့်ရိုက်ပြီး ပိုင်းချလိုက်သည်။

ထို့နောက် ကောင်ချူးသည် သူ့လက်ဝါးကို အောက်သို့ အဆက်မပြတ် ရိုက်ချနေခဲ့သည်။အရမ်းကို လျင်မြန်လွန်းသည်။ဧရာမ ရွှေရောင်လက်ဝါးကြီးများ တစ်ခုပြီးတစ်ခု အောက်ရှိလမ်းမပေါ်သို့ အဆက်မပြတ် ကျရောက်လာသည်။

ဘုန်း!ဘုန်း!ဘုန်း…

အရှေ့ပိုင်းခရိုင်တစ်ခုလုံး မြေငလျင် လှုပ်ခါသကဲ့သို့ မြေကြီးများ တုန်ခါလာခဲ့သည်။ပေါက်ကွဲသံများသည် နားကန်းလောက်အောင်ပင် ဆူညံသည်။

မရေမတွက်နိုင်သော အကျိုးအပဲ့များ လေထဲသို့ လွင့်စင်လာသည်။ချီလင်၏ မြင့်မြတ်သောကြာပွင့်ရဲ့ အကိုင်းအခတ်များတောင်မှ ထင်မှတ်မထားဘဲ ထိခိုက်ကုန်သည်။ကမ္ဘာပျက်မြင်ကွင်းလိုပင် အဆောက်အအုံများသည် စက္ကူအပိုင်းအစလေးများကဲ့သို့ ပြိုကျကာ များစွာသော မော်တော်ယျာဉ်များသည်လည်း လေထဲ လွင့်လာသည်။

မြို့ထဲရှိ ကြည့်ရှုသူများတောင် ထိခိုက်မည်စိုးသဖြင့် အနောက်သို့ အလျင်အမြန် ဆုတ်သွားရသည်။

စမတ်ဖုန်းနှင့် တီဗီမှကြည့်သူများကတော့ ကြောက်လန့်ကုန်သည်။ဒီလောက်ပစ်ခတ်နေတာ စုယီက အသက်ရှင်ပါအုံးမလား?

အမြင့်တစ်နေရာတွင် ကောင်ချူးသည် မြင့်မြတ်သော နဂါးရဟန္တာပုံစံကဲ့သို့ ရွှေရောင်အလင်းတန်းများ ဖြာထွက်ကာ ကုန်းမြေပေါ်သို့ သူ၏စွမ်းအားများကို ပြသနေပေသည်။သူနှင့်ယှဉ်လျှင် သက်ရှိအရာမှန်သမျှ သေးငယ်သွားခဲ့သည်။

ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦီးသည်လည်း ရွေးစရာမရှိသဖြင့် သူမကြားစေရန် အသက်ရှုသံလောက်လေးတင် တိုးတိုးပြောကြလေသည်။

“ဒီကောင် ရူးများသွားပြီလား?”

“ချီး!အဲ့ဒါ ကောင်ချူးလေ။ရက်စက်ကြမ်းတမ်းမှာပေါ့!”

“အရမ်းသန်မာတယ်။ငါတို့ လေးယောက်ပေါင်းရင်တောင် သူ့ကို နိုင်မှာ မဟုတ်ဘူး”

“လူတိုင်း ဂရုစိုက်ကြ။ငါတို့ ကောင်ချူးတင် မဟုတ်ဘူး။ ချီလင်၏ မြင့်မြတ်သော ကြာပွင့်ကိုလည်း သတိထားမှရမယ်!”

ကောင်ချူးက မဆင်မခြင် ပစ်ခတ်နေစဉ်တွင် သူသည် ချီလင်၏ မြင့်မြတ်သောကြာပွင့်ရဲ့ တွင်းပေါက်ကို မထိခိုက်အောင် တမင်တကာ ရှောင်ရှားနေခဲ့သည်။သစ်နွယ်တွေကို ဂရုစိုက်ခြင်း မဟုတ်ပါ။အတက်အလက်တွေကို အကုန်ဖြတ်ပစ်မယ်ဆိုလျှင်တောင် ချီလင်၏ မြင့်မြတ်သောကြာပွင့်သည် ထိခိုက်မည် မဟုတ်ပါ။

ထို့နောက် စုယီ၏ပုံရိပ်သည် ၁ကီလိုမီတာအကွာသို့ ရောက်သွားသည်။

သူသည် အမိုးတစ်ခုမှ တစ်ခုသို့ ခုန်ကျော်ရင်း လျင်မြန်စွာ ရွေ့လျားနေသည်။အမေရိကန် ရုပ်ရှင်ကားတစ်ကားရှိ ပင့်ကူလူသားအတိုင်းပင် သူသည် အဆောက်အအုံနှစ်ခုကြား လျင်မြန်စွာ ပြေးနေခဲ့သည်။

ကောင်ချူးသည် သူရောက်လာတာကို သိသဖြင့် အလျင်အမြန် လှည့်ကြည့်လိုက်သည်။

အရမ်းဝေးကွာလွန်းသဖြင့် စုယီကို ထိခိုက်အောင် လုပ်ရန် သူ့အတွက် ခက်ခဲနေသည်။သူသည် အနီးကပ်တိုက်ဖို့သာ ရှိတော့သည်။

စုယီသည် ကြောက်စရာစွမ်းအားကို ပြသခဲ့သော်လည်း ကောင်ချူးကတော့ ရင်တောင်မခုန်ပါ။

ဧကရာဇ်စုသည် အရင်ကလည်း သူ့ထပ်စွမ်းအားကြီးသည့် နတ်ဆိုးများကို တိုက်ခိုက်လာသည်ဖြစ်ရာ လုံးဝ မကြောက်တော့ပါ!

သူ၏ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ လခြမ်းပုံစံ ဓားချီအလင်းတန်းသည် ထွက်ပေါ်လာသည်။မြို့သူမြို့သားများသည် စုယီ၏ဓားချီကို ပထမဆုံး မြင်ဖူးကြခြင်း မဟုတ်သော်လည်း ယခုအချိန်ထိ မှင်သက်ငေးမောကြဆဲပင်။

အရမ်း ခန့်ညားတာဘဲ!

အရမ်း ကျက်သရေရှိတယ်!

သူသာ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်လိုက်လျှင် ပိုပြီးတော့တောင် သူရဲကောင်းနှင့် တူသွားလိမ့်မည်။ပြိုင်ဘက်ကင်း မသေမျိုး ဓားသမားလိုပေါ့။

ကောင်ချူးသည် ဗုဒ္ဓ၏ ဂါထာတော်တစ်ပိုဒ်ကို တီးတိုး ရေရွတ်နေသည်။ထိုအခါ သူ့ကိုယ်ထဲမှ ရွှေရောင် အလင်းကွင်းလေးများ ထွက်ပေါ်လာကာ စုယီ၏ ဓားချီနှင့် ယှဉ်တိုက်ရန် အလျင်အမြန် ကြီးထွားလာသည်။

ပေါက်ကွဲမှုသည် ပြင်းထန်သော မုန်တိုင်းတစ်ခုသဖွယ် ဖြစ်ပေါ်လာပြီး အနီးရှိ အဆောက်အအုံများ တုန်ခါသွားလေသည်။

စုယီသည် အဆောက်အအုံတစ်ခု၏ လက်ရန်းပေါ်သို့ ခုန်တက်ကာ မြို့စွန်စီသို့ ပျံသန်းရန် ပြင်သည်။

ဒီမှာရှိသည့် အဆောက်အအုံများ၏ တည်ဆောက်မှုသည် လူများကို မတော်တဆ ထိခိုက်‌မိစေနိုင်သည်။

ကောင်ချူးသည် စုယီထွက်ပြေးတော့မည်ဟု ထင်ကာ တရကြမ်း နောက်က လိုက်လာသည်။

ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦးလည်း နောက်မှ လိုက်လာသည်။စုယီက အနောက်ဗုဒ္ဓမင်းဆက်၏ လက်တွင်းသို့ မကျရောက်တာ သေချာအောင် အတည်ပြုပြီး တာဝန်ကို ပြီးဆုံးရမည်။အနောက်ဗုဒ္ဓလက်တွင်းသို့ စုယီ ရောက်ရှိသွားပါက ကြီးမြတ်သောဝေ့ အတွက်သာမက ကျန်မင်းဆက်များလည်း ထိခိုက်နစ်နာလာနိုင်သည်။

ကောင်ချူးသည် သူ၏လက်များကို တရစပ် ပြင်းထန်စွာ လှုပ်ရမ်းနေခဲ့သည်။သို့သော် သူ့လက်ဖဝါးများအားလုံးကို စုယီက ကျွမ်းကျင်စွာ ရှောင်ရှားနိုင်ခဲ့သည်။

စုယီတွင် ကောင်းကင်နှင့်မြေကြီးကြား အကန့်အသတ်မဲ့ အပူအပင်ကင်းသည့် ခြေလှမ်းများ ရှိသည်ဖြစ်ရာ သူ့အလျင်သည် ကြောက်ခမန်းလိလိပင် ဖြစ်သည်။ထို့ကြောင့် ကောင်ချူး၏ ဧရာမ ရွှေရောင်လက်ဖဝါးများကို အေးဆေးပင် ရှောင်ရှားနိုင်သည်။

သူတို့နှစ်ဦး ပျံသန်းနေသည့် မြင်ကွင်းကို ကြည့်ရင်း မိုဟောင်ရှန့်က ခေါင်းငြိမ့်ကာ ပြောလေသည်။ “ဒီနတ်ဆိုး သေသွားတာ အကောင်းဆုံးဘဲ။မဟုတ်ရင် သာမန်လူတွေ အခက်တွေ့ကုန်ကြမှာ”

စုယီသည် နတ်ဆိုးတစ်ပိုင်း ဖြစ်နေတာတောင် ဒီလောက် အားကောင်းသည့် စွမ်းအားကို ပြသနိုင်သည်။အနာဂတ်တွင် သူသည် အပြည့်အဝ ပြီးပြည့်စုံလာလျှင် သူ ဘယ်လောက်ထိ စွမ်းအားကြီးလာမယ်ဆိုတာ မှန်းဆလို့ကို မရနိုင်ဘူး!

လောရွှေဂိုဏ်း၏ အခြားနောက်လိုက်များသည် သဘောတူစွာ ကြွေးကြော်ကြသည်။

ဝူချင်းယောင်သည် သူ့ကို လှည့်မကြည့်ဘဲ သူ၏စိတ်အာရုံထဲတွင် တိတ်တဆိတ် မက်ဆေ့ဂ်ျ ပို့နေခဲ့သည်။

ဧကရာဇ်စုဂိုဏ်းတွင်

ဝူချင်းယောင်: ဧကရာဇ်စုဂိုဏ်း၏ အရှင်သခင်။သင်စိတ်ဝင်စားနေတဲ့ ဟိုတစ်ယောက်ကို အနောက်ဗုဒ္ဓမင်းဆက်ရဲ့ ကြီးမြတ်တဲ့ဗုဒ္ဓက ခု လိုက်ဖမ်းနေတယ်

ကျားနက်ဧကရာဇ်: အနောက်ဗုဒ္ဓမင်းဆက်? အာ့ ခေါင်းတုံးဘုန်းကြီးတွေရော ချီလင်ကို ရောက်လာကြတာလား?

သခင်ကြီးချီယန်: ငါ အမြန် ထွက်ပြေးလာတာ ကံကောင်းတာဘဲ…

မြေခွေးနတ်ဆိုး ကြယ်ပွင့်: ကျွတ်၊ ကျွတ်။ ဧကရာဇ်စု ၊ ခင်ဗျား ဘာလို့ အနောက်ဗုဒ္ဓမင်းဆက်ကို မနှိမ်နင်းတာလဲ?

နတ်ဆိုးဘုရင် ချင်းယန်: အနောက်ဗုဒ္ဓမင်းဆက်မှာ စွမ်းအားကြီးတဲ့လူတွေ သိပ်မရှိဘူး။သူတို့ကိုတောင် မနိုင်ရင် ငါတို့ကြားမှာရှိဖို့ မထိုက်တန်ဘူး!

ဓားဝိဇ္ဇာ ရှားထန်ယိ: ဟုတ်တယ်။ အနောက်ဗုဒ္ဓမင်းဆက်က သိပ်မများဘူး

ထိုအချိန်တွင် ရန်သူက လိုက်ဖမ်းတာ‌ခံနေရသည့် စုယီသည် သူတို့စကားဝိုင်းကို သတိမပြုမိပါ။သူ့အတွေးထဲတွင် ကောင်ချူးကို ဘယ်လို သတ်ရမလဲဟူသည့် အတွေးနှင့်သာ ပြည့်နေသည်။

ကောင်ချူးကလည်း ညှာတာမည့်ပုံစံ မပေါ်သလို စုယီကလည်း သနားငဲ့ညာဖို့ ရည်ရွယ်ချက် မရှိပါ။

သို့သော် ကောင်ချူးသည် အလွန်အားကောင်းသည်ဖြစ်ရာ ထိပ်တိုက်ရင်ဆိုင်လျှင် သူ ရှုံးပေလိမ့်မည်။

အထူးသဖြင့် ကောင်ချူးက ပျံနိုင်ပြီး သူကတော့ မပျံနိုင်ပါ။

“သေစမ်း။နောက်ကျရင် ပျံတဲ့နည်းလမ်းဖြစ်ဖြစ် တိမ်တိုက်တွေကို အမိန့်ပေးပြီး တိမ်တိုက်စီးတဲ့နည်းဖြစ်ဖြစ် သင်မှရမယ်!”စုယီသည် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။တစ်ချိန်ထဲမှာပင် မြို့သူမြို့သားများသည် သူတို့ခေါင်းပေါ်မှ သူ ခုန်ပျံကျော်လွှားသွားတာကို မြင်လိုက်ကြသည်။

သူတို့၏ မျက်လုံးထဲတွင် စုယီကို ထွက်ပြေးနေသည့် သနားစဖွယ် လူတစ်ယောက်သဖွယ် မြင်နေကြသည်။

“သူ့ရဲ့ ကျင့်ကြံခြင်းက မင်းထပ် အဆများစွာ သာတယ်။မင်းရဲ့ နတ်ဆိုးအစွမ်းက သူနဲ့ ကြာကြာတိုက်ဖို့ထိ မလုံလောက်ဘူး”

စုယီ၏ အတွေးထဲတွင် ဖုန်းလုံ၏အသံသည် ထွက်ပေါ်လာသည်။

“ငါလည်း သိတယ်ဟ!ငါ့ကို အာ့လိုပြောဖို့ တကယ် လိုအပ်လို့လား?”စုယီသည် ဒေါသတကြီး တွေးလိုက်သည်။ဖုန်းလုံသည် အတန်ကြာမှ နိုးလာရုံမက ဘာအကူအညီမှ မရဘဲ အရေးမပါသည့်အရာများကိုသာ မကြာခဏ ပြောလေသည်။

ဖုန်းလုံသည် သူ၏ နှလုံးသားနှင့် စိတ်ကို မျှဝေရာ စုယီ၏ ဝေဖန်မှုကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် ဒေါသထွက်လာသည်။

“အချိန်တစ်ခုကစပြီး ငါ၊ ဖုန်းလုံက ဓားဝိဉာဉ် ဖြစ်လာခဲ့တယ်။ဓားဝိဉာဉ်တွေ အားလုံးထဲမှာ စွမ်းအားအကြီးဆုံးဘဲ။ကြီးမြတ်သော မသေမျိုး ဓားခုနစ်ဆင်းထပ်ကို သာတယ်။ဘုန်းတော်ကြီးတစ်ပါးလောက်ကို ငါက ကြောက်စရာလား?”ဖုန်းလုံသည် စုယီစိတ်ထဲတွင် ကြွေးကြော်နေသည်။ထိုစကားကို ကြားပြီးပြီးချင်းမှာပင် စုယီ၏ ကျူးဝူဓားသည် စတင်ပြီး ပြင်းထန်စွာ တုန်ခါလာသည်။

ချက်ချင်းပင် ဓားသွား၌ သွေးစွမ်းအင်စီးကြောင်းများ လျင်မြန်စွာ ထွက်ပေါ်လာပြီး ဓားသွားကို ရစ်သိုင်းကာ လူတစ်ယောက်၏ပုံစံနီးပါး ဖြစ်ပေါ်လာသည်။

…

All Chapters