← Chapters

မြေခွေးနတ်ဆိုး ချဉ်းကပ်လာခြင်း

Vol. 3 Ch. 34

မြေခွေးနတ်ဆိုး ချဉ်းကပ်လာခြင်း

Vol. 3 Ch. 34

စုယီသည် ယိုင်တိယိုင်တိုင် လမ်းလျှောက်လာသည်။သူ၏ခါးကို သူ့ညာလက်ဖြင့် ထိန်းကိုင်ရင်း သူ့မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့သည်။

တာအိုဆက်သွယ်ရေး စက်ကြီးနှင့် ပေါင်းစည်းခြင်းကိုတောင် ကြံ့ကြံခံခဲ့တာ ဒီလောက် နာကျင်မှုကတော့ သူ့အတွက် ဘာမှ မဟုတ်ပါ။

“ရှေးဟောင်းတောကို ရောက်ကတည်းက ငါ့ရဲ့ အကြီးမားဆုံး တိုးတက်မှုက စွမ်းအားမဟုတ်ဘဲ နာကျင်မှုကို ခံနိုင်ရည်ရှိခြင်းဘဲ”

စုယီသည် ရှုံ့မဲ့ရင်း တွေးလိုက်သည်။သူ မကူးပြောင်းခင်ကတည်းက ဒီလိုနာကျင်မှုမျိုးကို သူ မကြာခဏ ခံစားခဲ့ရသည်။

သူသည် ဖုန်မုန်တိုင်း၏ နောက်ဆက်တွဲ အကြွက်းအကျန်များကဲ့သို့ ဖြစ်နေသော ဖုန်မှုန့်များ ဝန်ရံနေသည့် ကြီးမားသော ချိုင့်ခွက်ကြီးထဲမှ အားယူကာ ထွက်လိုက်သည်။

ထို့နောက် တင့်တယ်သော ပုံရိပ်တစ်ခုသည် ကောင်းကင်မှ ဆင်းသက်ကာ စုယီရှေ့တွင် ရပ်လိုက်သည်။

စုယီသည် ကြည့်လိုက်ရာ ဝူချင်းယောင်ကို တွေ့လိုက်သည်။

သူမ၏ အဖြူရောင်ဝတ်စုံသည် ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါး ဆင်းသက်လာသကဲ့သို့ တလူလူ လွင့်နေသည်။စုယီသည် ထိုမျှ ကျက်သရေရှိပြီး လှပတင့်တယ်လွန်းသည့် အမျိုးသမီးကို ပထမဆုံးအကြိမ်အဖြစ် ကြည့်နေခဲ့သည်။

သို့ရာတွင် သူ့နှလုံးသားအား တခြားသူကို အပ်နှံထားပြီးသား ဖြစ်သဖြင့် သူသည် ဘာမျှ မခံစားရဘဲ သူမကို မျက်မှောင်သာ ကြုတ်ပြီးကြည့်နေခဲ့သည်။

ဝူချင်းယောင်သည် သူမ၏လက်ကို ဖြန့်လိုက်ကာ ကျောက်စိမ်းဖြူ ပန်းအိုးကို ထုတ်လိုက်သည်။ထို့နောက် စုယီစီသို့ လျှောက်လာရင်း ပြောလေသည်။ “ဒါက အရိုးကို ပြန်ကုစားတဲ့ ဆေးဘဲ။ရှင့်ရဲ့ ဒဏ်ရာတွေကို ကုသပေးနိုင်တယ်”

စုယီသည် ၎င်းကို ချက်ချင်း မယူဘဲ မေးလိုက်သည်။ “မင်းက ဘယ်သူလဲ?”

“လောရွှေဂိုဏ်းက ဝူချင်းယောင်ပါ။နောက်ကျရင် ကျွန်မတို့တွေက တစ်ဂိုဏ်းထဲသားတွေ ဖြစ်လာလိမ့်မယ်”

ဝူချင်းယောင်သည် နက်နဲသောအရာတစ်ခုကို အရိပ်အမြွတ် ပြနေစလိုမျိုး ပြောလိုက်သည်။စုယီသည် နားမလည်ပါ။သူ့ကို ရေဂိုဏ်းမှာ ပါဝင်လာအောင် လုပ်မယ်ဆိုပြီး လှောင်ပြောင်နေတာလား။

ဝူချင်းယောင်!

စုယီသည် သတိရသွားပြီး သူ့လက်ကို မြှောက်ကာ ကျောက်စိမ်းဖြူပန်းအိုးကို ပေးရန် အချက်ပြလိုက်သည်။

ဧကရာဇ်စုဂိုဏ်းထဲမှာရှိတဲ့ ဝူချင်းယောင်က သူ့ကို ထိခိုက်အောင် လုပ်ရဲခဲ့လျှင် သူသည် သူမကို တစ်ခါတည်း နှိမ်နင်းပစ်နိုင်သည်။

ထို့ပြင် ဝူချင်းယောင်၏ ကြည်လင်သောမျက်လုံးများမှ တစ်ဆင့် သူမသည် စက်ဆုပ်ဖွယ်လူ မဟုတ်ဘူးဆိုတာ သူ တပ်အပ်ပြောနိုင်သည်။

တကယ်တော့ အပေါ်ယံဆိုတာ လှည့်စားနိုင်ပါတယ်။ဝူချင်းယောင်သာ လှည့်ဖျားတဲ့နေရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေလျှင် သူမသည် သူ့အတွက် သင်ခန်းစာတစ်ခု ဖြစ်လာလိမ့်မည်!

မိန်းမတစ်ယောက်၏ စိတ်သည် သမုဒ္ဒရာကဲ့သို့ပင် နားလည်ဖို့ရန် ခက်ခဲလှသည်!

ဝူချင်းယောင်သည် ကျောက်စိမ်းဖြူ ပန်းအိုးအား စုယီထံသို့ အသာအယာ လှမ်းပစ်လိုက်သည်။

ကျောက်စိမ်းဖြူ ပန်းအိုးကို ဖမ်းလိုက်ပြီးနောက် စုယီသည် ခေါင်းငြိမ့်ကာ ပြောသည်။ “ဒီဆေးသာ စစ်မှန်ခဲ့ရင်၊ မင်းအပေါ် ကျေးဇူးကြွေး တင်သွားပြီ”

သေချာတွေးကြည့်လျှင် ဧကရာဇ်စုဂိုဏ်း၏ အဖွဲ့ဝင်တိုင်း အပေါ်တွင် သူ ကျေးဇူးကြွေး တင်နေသည်။လာရောက် ပူးပေါင်းပြီးနောက် အဖွဲ့ဝင်တိုင်းသည် သူ့အား အရင်းအမြစ်များ ဆက်သခဲ့သည်။သူ ဘာတစ်ခုမှ ပြန်မဆပ်ရသေးပါ။

ဝူချင်းယောင်သည် ခေါင်းငြိမ့်ကာ ပေါ့ပါးစွာပြုံးသည်။ “ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ”

ထိုသို့ ပြောပြီးနောက် သူမသည် နောက်လှည့်ကာ ထွက်သွားလေသည်။

နတ်ဆိုးများနှင့် လူသားများသည် မတူညီတဲ့ လမ်းကြောင်းကို လျှောက်လှမ်းကြသည်။သူမသည် ဧကရာဇ်စုဂိုဏ်းတွင် ပါဝင်ထားတာတောင်မှ တကယ်အပြင်မှာတော့ သူမသည် နတ်ဆိုးများနှင့် အကွာအဝေးတစ်ခု ခြားထားခဲ့သည်။

သူမ ထွက်သွားသည့်ပုံရိပ်ကို ကြည့်ရင်း စုယီသည် ကျောက်စိမ်းဖြူ ပန်းအိုးကို ဖွင့်လိုက်သည်။အတွင်းထဲတွင် အရိုးများကို ပြန်လည်ကုသသည့် ဆေး ငါးလုံး ပါဝင်သည်။သူသည် တစ်လုံးကို ယူကာ ဒီတိုင်း မျိုချလိုက်သည်။

ဆေး မသောက်လျှင်တောင်မှ သူ၏ ပြန်လည်ကုစားရေး စွမ်းအင်သည် အားကောင်းသည်။သို့သော် ပိုမြန်သည့် ကုစားခြင်းက အမြဲ ပို၍ သာလွန်သည်။

အဝေးက လမ်းဆုံလမ်းခွတစ်ခုတွင် မိုဟောင်ရှန့်သည် မှုန်ကုပ်ကုပ်မျက်နှာဖြင့် ကြည့်ကာ လက်သီးများကို ဆုပ်ထားသည်။သူ့နောက်မှ လောရွှေဂိုဏ်း၏ နောက်လိုက်များသည် တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်လက်ပျက် ကြည့်နေကြသည်။

ဒီ အစ်မတော်က နတ်ဆိုးတစ်ပိုင်းနဲ့ ကြိုက်နေတာလား?

အရိုးများကို ပြန်လည်ကုစားတဲ့ဆေးသည် လောရွှေဂိုဏ်း၏ ဒဏ်ရာများကို ကုစားသည့် မြင့်မြတ်တဲ့ ဆေးတစ်မျိုး ဖြစ်သည်။ဒါက သူမက ဒီအတိုင်း ပေးပစ်တယ်တဲ့လား?

သူတို့သည် အတင်းအဖျင်းများ ပြောကာ ‌မိုဟောင်ရှန့်၏ နောက်ကျောကို ကြည့်ရင်း လှောင်ပြောင်နေကြသည်။

မိုဟောင်ရှန့်သည် များသောအားဖြင့် ကြီးကြပ်ကွပ်ကဲလေ့ ရှိသည်။ထို့ကြောင့် သူ့ကို မကြာခဏ မြှောက်ပင့် ပြောဆိုကြသော်လည်း စိတ်ထဲကနေတော့ တကယ် ‌မလေးစားကြပါ။

ဒီ ပလေးဘွိုင်းက အစ်မတော်ကို လက်ထပ်နိုင်မယ်လို့များ တွေးနေတာလား?

သူ့အဖေက ဂိုဏ်းခေါင်းဆောင်ဆိုရင်တောင်မှ အသုံးမဝင်ဘူး!

မိုဟောင်ရှန့်သည် သူ့နောက်လိုက်များ၏ အတွေးများကို မသိသော်လည်း သူသည် အလွန်အမင်း ရှက်သွားကာ လုယူခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။

“ချီးဘဲ…ဒီဘဝမှာ မင်းကို မသတ်ရရင် ငါအသက်ရှင်ရတာ အလကားဘဲ!”

မိုဟောင်ရှန့်သည် စိတ်ထဲတွင် မြဲမြံစွာ ကြုံးဝါးလိုက်သည်။ထိုအချိန်ကစ သူ့ဘဝပန်းတိုင်သည် ဝူချင်းယောင်ကို လက်ထပ်ဖို့တင် မဟုတ်တော့ဘဲ စုယီကို ဖြုတ်ချဖို့ပါ တိုးလာသည်။

တစ်ချိန်တည်းမှာပင် ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦးသည် စုယီအား စစ်ဆေးခဲ့သည်။

“ဒီ လူငယ်လေးက ကောင်ချူးရဲ့ ခန္ဓာကိုယ်ကို ဖျက်စီးခဲ့တယ်။အရမ်း စွမ်းအားကြီးတယ်! ငါတို့ ရန်သူတွေ ဖြစ်လို့မရဘူး!”

“သူ့ဓားက သော့ချက်ဘဲ!”

“မှော်ရတနာတွေက စွမ်းအားရဲ့ တစ်ပိုင်းတစ်စဘဲ!”

“ငါတို့ သူ့ကို အနိုင်ယူမှရမယ်!”

ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦးသည် စုယီနှင့် ပိုပြီး နီးကပ်လာဖို့အတွက် ရှီဝမ်မြို့တွင် ကြာကြာနေရန် ဆုံးဖြတ်လိုက်သည်။

ကောင်ချူး ချုပ်ငြိမ်းသွားသော်လည်း ရှီဝမ်မြို့သည် မအေးချမ်းသေးပါ။ချီလင်၏ မြင့်မြတ်သောကြာပွင့်သည် ရှိနေဆဲပင် ဖြစ်သည်။

ကံကောင်းသည်မှာ ချီလင်၏ မြင့်မြတ်သောကြာပွင့်ရဲ့ အတက်အလက်များသည် မီတာတစ်ထောင် အကွာအဝေးအတွင်းသာ သွားနိုင်ကြသည်။ရှီဝမ်မြို့တွင် သိသိသာသာ အသေအပျောက် သို့မဟုတ် ပျက်စီးမှု မရှိခဲ့ပါ။

လည်နေသည့် ရဟတ်ယာဉ်ထဲမှ ကြော်ငြာသူသည် ချီလင်၏ မြင့်မြတ်သောကြာပွင့်ပေါ်တွင် ကင်မရာကို ချိန်ထားကာ ဖုန်မှုန့်များကြားထဲမှ ၎င်းအား ကြည့်နေခဲ့သည်။လူတိုင်းသည် တင်းမာလာပြီး ချီလင်၏ မြင့်မြတ်သော ကြာပွင့်ရဲ့ ဒဏ္ဍာရီသည်လည်း ပျံ့နှံ့သွားသည်။

ဒဏ္ဍာရီလာ ယုတ်ညံ့သော နတ်ဆိုး!

၎င်းသည် သာမန်လူများကို လိုက်လံ သတ်ဖြတ်သည့် နတ်ဆိုးများကို မွေးထုတ်ပေးသည်။

ထိုသတင်းသည် ကြားသည့်သူတိုင်းကို စိုးရိမ်သွားစေသည်။

လောရွှေဂိုဏ်း၏ နောက်လိုက်များသည်လည်း အထက်အရာရှိများထံသို့ သတင်း ပြန်ပို့ကြသည်။

ချီလင်၏ မြင့်မြတ်သောကြာပွင့် ပေါ်လာခြင်းသည် ရှီဝမ်မြို့အား ကမ္ဘာပေါ်တွင် တားမြစ်နေရာ ဖြစ်လာစေခဲ့သည်။ချီလင်၏ မြင့်မြတ်သောပန်းပွင့်အား နှိမ်နင်းရန် အဓိကအင်အားစုများက ကျွမ်းကျင်သူများကို စေလွှတ်မည် ဖြစ်သည်။

ချီလင်၏ မြင့်မြတ်သောခန္ဓာ ပေါ်လာလျှင် ကမ္ဘာကြီး ပရမ်းပတာ ဖြစ်လာမှာ အသေအချာပင်!

အခြားတစ်ဖက်တွင်တော့ ဝူချင်းယောင်သည် ဧကရာဇ်စုဂိုဏ်းကို စာတစ်စောင် ပို့လိုက်သည်။

ကျားနက်ဧကရာဇ်: အနောက်ဗုဒ္ဓမင်းဆက်ရဲ့ ကောင်ချူးက အသတ်ခံရပြီတဲ့လား? နတ်ဆိုးတစ်ပိုင်းက ဒီလောက်တောင် စွမ်းအားကြီးတာလား?

သခင်ကြီးချီယန်: ဒီကလေး တိုးတက်တာ အရမ်းမြန်တာဘဲ။ဧကရာဇ်စု အသိအမှတ်ပြုတာ မှန်တယ်!

နတ်ဆိုးဘုရင် ချင်းယန်: တကယ်လား?အနောက်ဗုဒ္ဓမင်းဆက်မှာ သန်မာတဲ့ တိုက်ခိုက်ရေးသမား များများစားစား မရှိပေမယ့်လည်း အာ့တာ အခြေတည်စ ဝိဉာဉ်ဘဲလေ။တစ်လလောက်ဘဲ ကျင့်ကြံရသေးတဲ့ သေမျိုးက အခြေတည်စ ဝိဉာဉ်ကို သတ်နိုင်တယ်တဲ့လား?

ဓားဝိဇ္ဇာ ရှားထန်ယိ: သူ ဓားသုံးတယ်လား? စိတ်ဝင်စားစရာဘဲ။ငါ့တပည့်အဖြစ်တောင် သူ့ကို ခေါ်ထားချင်လာပြီ။

နတ်ဆိုးမြေခွေး ကြယ်ပွင့်: ချီလင်နယ်မြေ၊ ဟမ်? ငါ အာ့ကို သွားနေပြီ!

ယခုအချိန်တွင် ဧကရာဇ်စုဂိုဏ်း၏ အဖွဲ့ဝင်များသည် ဧကရာဇ်စုက သေမျိုးကို ပြုစုပျိုးထောင်နေပြီး နတ်ဆိုးများလမ်းကြောင်းပေါ်သို့ ပို့ဆောင်နေကြောင်း အားလုံးသိကြသည်။ တစ်လအတွင်း အခြေတည်သော ဝိညာဉ်ကို သတ်ခြင်းသည် စံနှုန်းထက်ပင် ကျော်လွန်ခဲ့သည်။

နတ်‌ဆိုးမြေခွေး ကြယ်ပွင့်မှလွဲ၍ အခြားသူများသည် စိတ်ဝင်စားရုံသာ ဖြစ်သည်။သူ့လိုမျိုး ချီလင်နယ်မြေအထိ သွားရောက်ပြီး စပ်စုဖို့ စိတ်ကူးမရှိကြပါ။

ကုသပြီးနောက် စုယီသည်လည်း နတ်ဆိုးမြေခွေး ကြယ်ပွင့် ပြောတာကို မြင်လိုက်သည်။

“ဒီကောင် တကယ် လာနေတာ…”

ချိုင့်ခွက်အစွန်းတွင်ထိုင်ရင်း စုယီသည် မျက်မှောင်ကြုတ်နေခဲ့သည်။သူ့ကိုယ်သူ ဧကရာဇ်စုမှန်း ပေါ်သွားမည်ကို စိုးရိမ်သဖြင့် သူသည် ဧကရာဇ်စုဂိုဏ်းမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံရန် ဆန္ဒမရှိပေ။

ဒါ့အပြင် နတ်ဆိုးမြေခွေး ကြယ်ပွင့်သည် သခင်ကြီးချီယန်ထပ် ပိုမိုသန်မာသည်မှာ သိသာသည်။ဒီနတ်ဆိုး၏ စကားပြောပုံကို ကြည့်လျှင် သူသည် ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်တတ်မှန်း ပေါ်လွင်သည်။သူသာ ရန်သူ ဖြစ်လာလျှင် တကယ့်အိပ်မက်ဆိုးပင်။

သို့သော်လည်း…

လုံးဝကို အချိန်ကိုက်ပင် ဖြစ်သည်!

သူသည် အသုံးဝင်နိုင်သည်!

စုယီသည် သူ့ဘာသာ တွေးလိုက်သည်။အနောက်ဗုဒ္ဓမင်းဆက်သည် လွယ်လွယ် အလျှော့ပေးမည် မဟုတ်ပါ။ဒါ့အပြင် အခြားမင်းဆက်ခြောက်ဆက်သည်လည်း သေချာပေါက် ရောက်ရှိလာမည် ဖြစ်သည်။ရှီဝမ်မြို့၏ အနာဂတ်သည် အေးချမ်းဖို့ရန် မလွယ်ကူပါ။

နတ်ဆိုးမြေခွေး ကြယ်ပွင့်သည် သူ့လက်ထဲတွင် လက်နက်တစ်ခု ဖြစ်လာနိုင်သည်!

ထို့နောက် စုယီသည် ဆက်လက် ပြန်လည်ကုစားလေသည်။

တစ်နာရီ ကြာပြီးနောက် သူ့ဒဏ်ရာများသည် ကုသပြီးဖြစ်ကာ အရိုးများကို ကုသသည့်ဆေးသည် လုံးဝအစွမ်းထက်သည်ဟု ပြောလို့ရသည်။

သူသည် မတ်တပ်ရပ်ကာ ချီလင်၏ မြင့်မြတ်သောကြာပွင့်ရှိရာ တွင်းစီသို့ ပြန်လာခဲ့သည်။ပတ်ပတ်လည်ရှိ နွယ်ပင်များသည် သတိရှိပုံပေါ်ပြီး သူ့ကို အန္တရာယ်လည်း မပြု‌သည့်အတွက် သူသည် ငြိမ်ငြိမ်သာ ထိုင်စောင့်နေခဲ့သည်။

တွင်းထဲရှိလေထုတွင် ဖုန်မှုန့်များဖြင့် ပြည့်နေသဖြင့် သူသည် ချီလင်၏ မြင့်မြတ်သော ကြာပွင့်ကို မမြင်နိုင်ပါ။သို့သော် နန်ရှောင်ပေါင်ကိုတော့ သူ အာရုံခံမိသည်။

မိန်းကလေးသည် အလျင်အမြန်ပင် သန်မာလာနေသည်!

“တကယ်ကြီးဘဲဟ။ ချီလင်၏ မြင့်မြတ်သော ခန္ဓာက အနာဂတ်မှာ ကောက်ကျစ်တဲ့နတ်ဆိုး ဖြစ်လာမှာလား?”

စုယီသည် သူ့ကိုယ်သူ ရေရွတ်နေမိသော်လည်း အရမ်းတော့ စိတ်ပူမနေပါ။

သူ့ဘက်ကကြည့်လျှင် ဘယ်ခန္ဓာမှ ကောက်ကျစ်တယ်လို့ မရှိတာ။လူ့နှလုံးသားက နတ်ဆိုးဆန် သွားရုံသာ ဖြစ်သည်။

နန်ရှောင်ပေါင်ဆိုလျှင်တော့ သူမသည် စိတ်ကောင်းရှိသူ ဖြစ်သည်။သူ့မျက်စိအောက်တွင် သူမသည် လုံးဝ ဒဏ္ဍာရီလာ ကောက်ကျစ်တဲ့နတ်ဆိုး ဖြစ်လာမည် မဟုတ်တာ သေချာသည်။

ပြီးတော့ သူကလည်း နတ်ဆိုးတစ်ပိုင်းဘဲလေ။သိပ်ကွာတာမှ မဟုတ်တာ။

ရဟတ်ယာဉ်ထဲရှိ ကင်မရာသည် စုယီကို ဖမ်းမိလိုက်သည်။လူတိုင်းသည် စုယီနှင့် မြင့်မြတ်သောကြာပွင့် အကြားမှာ ဆက်နွယ်မှု တစ်စုံတစ်ရာ ရှိနေလားဟူ၍ သိချင်လာကြသည်။

အချိန်သည် ဖြည်းညင်းစွာ ကုန်ဆုံးသည်။

နေဝင်ပြီး လထွက်ကာ မကြာမီတွင် နေ့သစ်တစ်ခုသို့ ရောက်ရှိလာသည်။

ချီလင်၏ မြင့်မြတ်သော ကြာပွင့်ရဲ့ နွယ်ပင်များသည် လမ်းမပေါ်တွင် တည်ရှိနေကာ လုံးဝ ငြိမ်သက်နေပြီး မကြမ်းတမ်းတော့ပါ။

ဖြောက်—

ရုတ်တရက် ကောင်းကင်မြင့်မှ အမည်းရောင် အစက်တစ်စက်သည် တိမ်တိုက်များကို ဖြတ်ကာ ရှီဝမ်မြို့ထဲသို့ ထိုးကျသွားသည်။

…

All Chapters