← Chapters

နတ်ဆိုး အရိပ်စစ်တပ်

Vol. 3 Ch. 36

နတ်ဆိုး အရိပ်စစ်တပ်

Vol. 3 Ch. 36

“ဒါဆို နတ်ဆိုး အရိပ်စစ်တပ်ကို ရွေးချယ်မယ်!”

စုယီသည် စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။ချက်ချင်းပင် နတ်ဆိုး အရိပ်စစ်တပ်အကြောင်းကို ရှင်းပြထားသည့် အချက်အလက် အချို့သည် သူ့အတွေးထဲ ပေါ်လာသည်။

နတ်ဆိုး အရိပ်စစ်တပ်သည် ဧကရာဇ်စုအဖွဲ့ဝင်များ၏ အရိပ်ကို တစ်ကြိမ် ပွားလို့ရသည်။ကျင့်ကြံခြင်းအဆင့်သည်လည်း သူတို့မူလနှင့် တန်းတူပင် ဖြစ်သည်။ဧကရာဇ်စုဂိုဏ်း၏ အဖွဲ့ဝင်တိုင်းကို တစ်ဦးလျှင် အရိပ်တကြိမ် ပွားနိုင်သည်။ဒီကမ္ဘာတွင် ထိုစစ်တပ်၏ တည်ရှိမှုသည် ရှေးဟောင်တောရှိ အမွှေးတိုင် တစ်တိုင်စာ၊နာရီဝက်ခန့် ကြာမြင့်လိမ့်မည်။

သို့သေည် နတ်ဆိုး အရိပ်စစ်တပ်ကို တစ်ခါ သုံးပြီးတိုင်း နောက်လမတိုင်ခင်ထိ ထပ် အသုံးပြု၍ မရပါ။

“ဟိုလီမိုလီ ၊ အာ့လောက်တောင် စွမ်းအားကြီးတာလား?”

စုယီသည် အံ့ဩကာ အော်မိသွားသည်။ဧကရာဇ်စုဂိုဏ်း၏ အဖွဲ့ဝင်များကို နာရီဝက်ကြာ ပုံတူ ကူးလို့ရမည်။တစ်လ Cool down ရှိမည်။

ဒါ တကယ့်ကို မော်ကွန်းတင်ထိုက်တဲ့ စွမ်းရည်ဘဲ!

ဝူချင်းယောင်နဲ့ သခင်ကြီးချီယန်တော့ မခေါ်ဘူး!

သူသာ ရှားထန်ယိနှင့် နတ်ဆိုးဘုရင် ချင်းယန်ကို ပုံတူကူးလိုက်ရင် သူ့ကို မလွှမ်းမိုးနိုင်ဘူးလား?

ရှားထန်ယိက ဘယ်သူလဲ?

မြင့်မြတ်သောထန် အပါအဝင် အင်အားအကြီးဆုံး မင်းဆက်ခုနစ်ဆက်ကို တစ်ယောက်တည်း စွန့်စားပြီး သွားရောက်ရဲသည့် အံ့ဖွယ်ပင်။ထိုကစ သူ့ကို ဓားဝိဇ္ဇာဟု အမည်တွင်သည်။

နတ်ဆိုးဘုရင် ချင်းယန်ဆိုတာ နတ်ဆိုးဂိုဏ်းရဲ့ ဘုရင်လေးပါးထဲမှ တစ်ပါး ဖြစ်သည်။နတ်ဆိုးဂိုဏ်း၏ စွမ်းအားသည် အလွန်ကြီးမားသည်။၎င်းသည် မင်းဆက် ခုနစ်ဆက်ထပ်ပင် သာသည်။

နတ်ဆိုး အရိပ်စစ်တပ်လို့ တကယ် ခေါ်ထိုက်ပါတယ်!

စုယီသည် မိုးကြိုးတိမ်တိုက်များ အောက်ရှိ လင်းနို့အုပ်ကို ပျော်မြူးနေသည့် မျက်နှာဖြင့် ကြည့်လိုက်သည်။

ခုဆို သူ့တွင် နတ်ဆိုး အရိပ်စစ်တပ် ရှိပြီဖြစ်၍ ဘာကိုမှ မကြောက်တော့ပါ!

တစ်ကီလိုမီတာအကွာရှိ အထပ်မြင့်တစ်ခု၏ ထိပ်တွင် အကြီးအကဲလေးဦးသည် ကောင်းကင်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။

“နောက်ထပ် ကြီးမြတ်တဲ့ နတ်ဆိုးဘုရင် ရောက်လာပြန်ပြီ!”

“လင်းနို့တွေ အများကြီးဘဲ…လင်းနို့ဧကရာဇ်များလား?”

“မဖြစ်နိုင်တာ။သူနေတဲ့နေရာနဲ့ ဒီ ချီလင်နယ်မြေနဲ့က အတော် ဝေးတယ် မဟုတ်ဘူးလား?”

“သူမကလွဲ ဘယ်သူ ဖြစ်နိုင်သေးလို့လဲ?”

ကြီးမြတ်သော ဝေ့၏ အကြီးအကဲလေးဦးသည် ပိုဆွေးနွေးလေလေ ပိုစိုးရိမ်လေလေ ဖြစ်လာကြသည်။မင်းဆက်ခုနှစ်ဆက်သည် သန်မာကြသော်လည်း ရှေးဟောင်းတောထဲတွင်တော့ သူတို့သည် အသန်မာဆုံးများ မဟုတ်ကြပါ။

ကုန်းမြေကို စစ်တမ်းကောက်ယူရာတွင် နတ်ဆိုးမျိုးနွယ်မှ ထိန်းချုပ်ထားသော နယ်မြေများသည် လူသားမျိုးနွယ်စုထက် အဆပေါင်းများစွာ ကျော်လွန်နေပါသည်။

တကယ်တမ်း လူသားမျိုးနွယ်တွေသည်လည်း မင်းဆက်ခုနှစ်ဆက်သာ ရှိကြသည် မဟုတ်ပါ။အမျိုးမျိုးသော နယ်မြေအစွန်အဖျားတွင် လူသားများ နေထိုင်ကြသေးသည်။

လောရွှေဂိုဏ်း၏ နောက်လိုက်များသည်လည်း စိုးရိမ်လာကြပြီး အချို့ဆို ကြောက်ဒူးများပင် တုန်လာသည်။

သူတို့သည် သေမျိုးများနှင့် ရင်ဆိုင်ရလျှင် မာနကြီးနေနိုင်သော်လည်း ရောက်ရှိလာသူများသည် ကြီးမြတ်သော ဗုဒ္ဓနှင့် နတ်ဆိုးဘုရင်များဖြစ်သည်။ သူတို့လိုချင်တာက ရှီဝမ်မြို့က တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာဖို့ပင် ဖြစ်သည်။

ဒီနေရာက လုံးဝ ထိတ်လန့်စရာ ကောင်းသည်!

မိုဟောင်ရှန့်သည် မျက်မှောင်ကြုတ်ကာ ပြောသည်။ “မင်းတို့ ဒီက စောင့်နေ။ငါ ဂိုဏ်းကိုပြန်ပြီး ခေါင်းဆောင်စီကနေ ငါတို့အတွက် တပ်ကူတွေ‌ ခေါ်လာခဲ့မယ်!”

ထိုသို့ ပြောပြီးနောက် သူသည် တန်းလှည့်ထွက်သွားသည်။

ထို့နောက် နောက်လိုက် ယောကျာ်းတစ်ဦးသည် ခါးကိုထောက်ကာ သေခြင်းကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေသည့် ရဲရင့်သော မျက်နှာမျိုးဖြင့် အော်လိုက်သည်။ “နောင်တော်မို! ကျွန်တော့်ကို အစားသွားခွင့်ပေးပါ!လမ်းမှာ နတ်ဆိုးတွေ အများကြီး ဝန်းရံနေလိမ့်မယ်!ဒီလိုအခြေအနေမျိုးမှာ သင့်ကို သွားခွင့်မပေးနိုင်ဘူး!”

အခြားနောက်လိုက်များသည်လည်း သေခြင်းနှင့်ရှင်ခြင်းကြား အခြေအနေကို ရင်ဆိုင်နေရသည်။မိုဟောင်ရှန့် နောက်တစ်ကြိမ် သူရဲဘောကြောင်မည်ကို လက်မခံနိုင်တော့သဖြင့် ထုတ်ပြောလာခြင်း ဖြစ်သည်။

“ကျွန်တော် အစားသွားပါ‌ရစေ။သင်တို့အကုန်လုံးက စီနီယာ အစ်ကိုတွေ၊အစ်မတွေဆိုတော့ မစွန့်စားသင့်ပါဘူး”

“ပြန်သွားရင်တော့ ဂိုဏ်းက ငါတို့ကို သေချာပေါက် အပြစ်တင်လိမ့်မယ်။မင်းတို့အားလုံးကို အပြစ်တင်ခံစရာလား?”

“အသေအချာဘ;။ဒါကြောင့် ငါဘဲ သွားသင့်တယ်။အစ်ကိုတော်မိုက အရမ်းလေးစားထိုက်တယ်။ဒါ့အတွက် ဒီမှာနေပြီး တိုက်ဖို့ လိုအပ်တယ်!”

“ငြင်းမနေကြနဲ့။အကောင်းဆုံးနည်းလမ်းနဲ့ အာ့ကို အမြန်ဆုံး ဘယ်လို ရောက်နိုင်မလဲဆိုတာ ငါ သိတယ်!”

သူ့နောက်လိုက်တွေ ပြန်သွားဖို့ ငြင်းနေကြတာကို ကြည့်ရင်း မိုဟောင်ရှန့်သည် စိတ်ဆိုးလို့မရ ဖြစ်နေသည်။ဒီလူယုတ်မာလေးတွေက ငါ့ကို ကျော်တက်ဖို့ ကြိုးစားနေတာလား?

ဝူချင်းယောင်သည် မျက်ခုံးပင့်လိုက်ပြီး ချက်ချင်း လှည့်ထွက်သွားသည်။

ရုတ်တရက် သူမသည် ဤနောက်လိုက်များမှာ အရမ်းဟန်ဆောင်တတ်ပြီး သူတို့၏ ပုံမှန် အပြုအမူများနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ကြောင်း သိလိုက်သည်။

အန္တရာယ် နီးကပ်လာသည့်အခါတွင် သူတို့သိသည်မှာ ထွက်ပြေးဖို့ပင်။ရှေးရိုးစွဲ ကျင့်စဉ်ဂိုဏ်း၏ ဂုဏ်သတင်းကို ဖျက်နေခြင်း ဖြစ်သည်!

စုယီကို တွေးလိုက်စမ်းပါ။သိန်းချီတဲ့ နတ်ဆိုးစစ်တပ်ကိုရော အံ့မခန်း ကောင်ချူးကိုရော သူ တစ်ယောက်တည်း တိုက်ခဲ့တယ်။သူ ကြောက်ခဲ့လို့လား?

နှိုင်းယှဉ်လို့ကို မရ!

ထိုအချိန်တွင် မိုဟောင်ရှန့်သည် ဝူချင်းယောင်က သူ့ကို မအားကိုးတော့မည်ကို မကြောက်ပါ။အသက်ရှင်ခြင်းသာလျှင် အရာရာကို အောင်နိုင်သည့် တစ်ခုတည်းသော လမ်းဖြစ်သည်!

ဘုန်း! ဘုန်း! ဘုန်း…

ထို့နောက် ဟိန်းဟောက်သံ အတန်းလိုက်ကြီး ထွက်ပေါ်လာကာ ရှီဝမ်မြို့ တစ်ခုလုံး အပြင်းအထန် တုန်ခါလာသည်။သစ်နွယ်ပင်များသည် လင်းနို့အုပ်စုကို ဦးတည်ကာ ကောင်းကင်အမိုးစီသို့ ပျံတက်သွားသည်။

လင်းနို့အုပ်လိုက်ကြီးသည် ထွက်ပြေးရင်း ပြုတ်ကျကုန်သည်။ခုဆို သူတို့၏ အနိမ့်ဆုံးအမှတ်သို့ ရောက်သွားသည်!

အရှည်ဆုံးနွယ်ပင်သည် မီတာနှစ်ထောင်အမြင့်သို့ ရောက်သည်။လင်းနို့များကို ဖြိုခွဲကာ သွေးများ ပန်းထွက်လာသည်။

မြို့သူမြို့သား အားလုံး ထိုမြင်ကွင်းကို မြင်လိုက်ကြပြီး ကြောက်ရွံ့တုပ်လှုပ်ကုန်သည်။

ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦး အပါအဝင် လောရွှေဂိုဏ်း၏ နောက်လိုက်များလည်း ကြောင်ကုန်ကြသည်။

ချီလင်၏ မြင့်မြတ်သော ကြာပွင့်က သူ့စွမ်းအားကို ပြလိုက်တာလား?

စုယီသည် အပျက်အစီးများ ကြားမှ ခုန်ကျော်သွားသည်။နွယ်ပင်များ မြင့်တက်လာသည်နှင့်အမျှ ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားသကဲ့သို့ တစ်ကီလိုမီတာ အချင်းဝက်အတွင်း လမ်းများနှင့် မြေပြင်များ လှုပ်ခတ်သွားခဲ့သည်။

“သူမ အောင်အောင်မြင်မြင်နဲ့ နိုးထလာတာများလား?”

စုယီက သူ့ဘာသာ တွေးလိုက်သည်။ရုတ်တရက် ဖုန်မှုန့်များကြားမှ ပုံရိပ်တစ်ခုသည် မြှားတစ်စင်းကဲ့သို့ ထိုးထွက်လာသည်။

အာ့တာ နန်ရှောင်ပေါင်ဘဲ!

သူမသည် လက်ရာမြောက် ဝတ်စုံကို ဝတ်ဆင်ထားကာ စုယီ၏ ရင်ခွင်ထဲသို့ ခုန်ဆင်းလိုက်သည်။သူသည် နောက်သို့ လဲကျသွားကာ အရိုးများ ကျိုးတော့မလိုပင် ဖြစ်သွားသည်။

“ဟဲဟဲ! စုယီ! ငါ အောင်မြင်စွာ နိုးထလာပြီ! ခုဆို ငါက ချီလင်၏ မြင့်မြတ်သော ခန္ဓာ ဖြစ်ပြီ!”

နန်ရှောင်ပေါင်သည် စုယီ၏ လည်ပင်းကို သိုင်းဖက်ကာ စိတ်လှုပ်ရှားစွာဖြင့် မနားတမ်း ပြောနေလေသည်။ယခုအခါ သူမ၏ အရှိန်သည် မည်သည့် ခန္ဓာကျင့်ကြံသူ၊ ပုံစံပြောင်း နတ်ဆိုးထပ် နိမ့်ကျတော့မည် မဟုတ်ပါ။

စုယီသည် သူမ၏ စွမ်းအားများ အဆမတန် တိုးပွားလာကြောင်း ခံစားမိသည်။အနည်းဆုံး နဂါးဆယ်ကောင်၏ ခွန်အားမျိုး ပိုင်ဆိုင်လိမ့်မည်။

“နိုးထပြီးနောက် နင် ပထမဆုံးလုပ်တာက ငါ့ကို သတ်ဖို့လား?”

စုယီက ပြောလိုက်သည့်အခါ နန်ရှောင်ပေါင်သည် မျက်နှာများ နီမြန်းလာပြီး စုယီပေါ်မှ ဖယ်လိုက်သည်။

သူမ၏ ရှက်ရွံ့မှုကို ဖုံးကွယ်ရန်အတွက် သူမသည် တခစ်ခစ်ရယ်လေသည်။ “ မဟုတ်တာ! ရှင့်ကို ဒီလောက်ချစ်တာကို!”

ထို့နောက် စုယီသည် မတ်တပ်ရပ်ကာ သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးလေသည်။

“သန္ဓေပြောင်းသွားပြီလား? နင် အခု ဆူးပန်းတွေနဲ့ ပြည့်နေပြီပေါ့?”

“ဟွန့် နင်ကမှ သန္ဓေပြောင်းတာ။ငါက ပိုတောင် လှလာသေးတယ်!”

“အာ့လိုလား? ချီလင်၏ မြင့်မြတ်သော ကြာပွင့်ကရော?”

“အာ့တာက ငါ့ကိုယ်ထဲမှာလေ။ ဟဲဟဲ ၊ ငါ သူ့ရဲ့ ကျင့်ကြံခြင်း လမ်းစဉ်တွေနဲ့ မန္တာန်တွေ အကုန်လုံးကို အမွေဆက်ခံထားတာ။ဒါပေမယ့် အာ့တာတွေက ချီလင်၏ မြင့်မြတ်သော ခန္ဓာတစ်ခုထဲကဘဲ ကျင့်ကြံဖို့ သင့်တော်တာတဲ့။ဘာဖြစ်ဖြစ် ငါ နင့်ကို အကုန်သင်ပေးမယ်”

“အာ့တာတွေ လိုမနေဘူး”

စစ်ဆေးပြီးနောက် စုယီသည် နန်ရှောင်ပေါင် သန္ဓေမပြောင်းတာကို တွေ့ကာ စိတ်သက်သာရာ ရသွားသည်။

ထိုအချိန်တွင် ကောင်းကင်သို့ ထိုးတက်နေသော နွယ်ပင်များသည်လည်း တောင်ကြီး ပြိုကျသလို မြေပြင်ပေါ်သို့ ပြန်ကျလာသည်။စုယီသည် လန့်သွားပြီး နန်ရှောင်ပေါင်ကို သူ၏ လက်မောင်းဖြင့် အမြန်ပွေ့ဖက်ပြီး ကာလိုက်သည်။

“ပြီးရင် ငါ ဒီက ထွက်သွားမယ်။ငါ့နောက် လိုက်ချင်လား? လိုက်မယ်ဆိုရင် ခုကစပြီး နင် နတ်ဆိုးတွေနဲ့ဘဲ ဆက်ဆံရလိမ့်မယ်။ဘာလို့ဆို ငါက နတ်ဆိုးဘုရင် ဖြစ်လာဖို့ အစီအစဉ် ချထားတာ!”

အဆောက်အအုံတွေကြားထဲ လျင်မြန်စွာ ခုန်ကူးနေရင်းမှ စုယီသည် သူ့‌လက်မောင်းထဲရှိ နန်ရှောင်ပေါင်ကို မေးလိုက်သည်။

“အဓိပ္ပာယ်မရှိတာ! သေချာပေါက် လိုက်မှာပေါ့။ငါက ခုဆို အရမ်းသန်မာနေပြီ။နင့်ကို ကူနိုင်ပြီ။ငါ မရှိရင် နင်က အရူးတစ်ပိုင်း ဖြစ်သွားတာနဲ့ ဘယ်နတ်ဆိုးမှ နင့်စီ လာမှာ မဟုတ်ဘူး!”

နန်ရှောင်ပေါင်က ချွဲနွဲ့သည့် အမူအရာဖြင့် “ဟွန်း နင့်အနားမှာ တစ်သက်လုံး ကပ်တွယ်နေမှာနော်”ဟု ပြောသည်။

စုယီသည် ရင်ထဲတွင် နွေးထွေးသွားကာ နူးညံ့စွာ ပြုံးလေသည်။

နတ်ဆိုးသားရဲတွေဘဲ ရှိသည့် အန္တရာယ်များသည့် ကမ္ဘာကို သွားတာတောင်မှ နန်ရှောင်ပေါင်က သူ့နောက် လိုက်ချင်ပါတယ်တဲ့။

သျှောင်နောက် ဆံထုံးပါ ဆိုတာမျိုးများလား?

နှစ်ယောက်အတူ လက်တွဲထားပြီး ကမ္ဘာကြီးကို ရင်ဆိုင်မည်!

သူတို့ ထွက်သွားပြီးနောက် နွယ်ပင်အားလုံးလည်း မြေပေါ်ကျသွားသည်။ ဖုန်မှုန့်များသည် မီတာရာချီထိ မြင့်တက်သွားသည်။နွယ်ပင်များသည် အသက်မရှိသလို အပျက်အစီးများတွင် မလှုပ်မယှက် ငြိမ်နေကြသည်။

ကောင်းကင်တွင် လင်းနို့အနည်းငယ်သာ ကျန်တော့သည်။တစ်ကောင်နှင့် တစ်ကောင် အချက်ပြနေသလိုမျိုး သံပြိုင် အော်နေကြသည်။

စုယီနှင့် နန်ရှောင်ပေါင်သည် လူနေအဆောက်အအုံ တစ်ခု၏ အမိုးပေါ်တွင် ရပ်ကြသည်။နန်ရှောင်ပေါင် တွေးလိုက်သည်နှင့် လက်ရာမြောက် ဝတ်စုံသည် အားကစားဝမ်းဆက်အဖြစ် ပြောင်းသွားသည်။

ဤအင်္ကျီဝတ်ရုံသည် ခုခံအားကောင်းရုံသာမက ၎င်း၏ပုံစံကို စိတ်ဆန္ဒအရ ပြောင်းလဲနိုင်ပြီး မယုံနိုင်လောက်အောင် မှော်ဆန်သည်။

ဝတ်ရုံကြောင့် လူများကြားမှာ ထင်းမနေရန်အတွက် နန်ရှောင်ပေါင်က ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

“ငါ့ကလေးတွေကို နာကျင်အောင် ဘယ်သူက

လုပ်ရဲတာလဲ?”

သက်ချင်စိတ် ပြင်းပြနေသည့် အေးစက်စက် အသံတစ်ခုသည် ရှီဝမ်တစ်မြို့လုံးသို့ ပျံ့နှံ့သွားသည်။နဲသားဝက်ဘ် ကမ္ဘာကိုးခုကို ဖြတ်သန်းလာသည့် လေအေးကဲ့သို့ အကြောက်တရားသည် လူတိုင်း၏ ကျောထဲထိ စိမ့်ဝင်သွားသည်။

…

All Chapters