← Chapters

အပေါင်းအသင်းမရှိတာ ရူးချင်စရာဘဲ

Vol. 3 Ch. 37

အပေါင်းအသင်းမရှိတာ ရူးချင်စရာဘဲ

Vol. 3 Ch. 37

ဘာအသံလဲ?

လူတိုင်း စိုးထိတ်နေကြသည်။အသံသည် သူတို့၏ နားထဲတွင် ပဲ့တင်ထပ်နေလေရာ ကြက်သီးများ ထလောက်အောင်ပင် ကြောက်စရာကောင်းသည်။

ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦးသည်လည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

“တကယ် သူမဘဲ…လင်းနို့ဧကရာဇ်!”

မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူသည် တုန်ရီသော အသံဖြင့် ပြောလေသည်။သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နေသည်။

အမျိုးသမီး ကျင့်ကြံသူက ပြောသည်။ “သွားကြစို့။ ဒီမစ်ရှင်က ကျရှုံးမှာ သေချာနေပြီ”

ကြီးမြတ်သောဝေ့၏ အကြီးအကဲသည် သူတို့အား စုယီကို ခေါ်ဆောင်လာဖို့ သာမက ရှီဝမ်မြို့ကို ထိန်းချုပ်ဖို့ပါ အမိန့်ပေးလိုက်သည်။ခုလို အခြေအနေမှာ အကြီးအကဲကလည်း စိတ်ဆိုးမှာ မဟုတ်လောက်ပါဘူး။

သူတို့၏စွမ်းအားသည် မှော်မြို့တော်ကို သိမ်းပိုက်နိုင်အောင် မလုံလောက်ပါ!

“ခဏလောက်တော့ စောင့်လိုက်ပါ!”

အခြားကျင့်ကြံသူက ပြောသည်။အကြီးအကဲလေးဦး၏ အကြားတွင် အထက်အဆင့် တစ်ယောက်မှ မရှိပေ။ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် မောင်နှမလိုပင် ခင်မင်ကြသည်။ထိုကျင့်ကြံသူ၏ စကားကိုလည်း မည်သူမျှ ကလန်ကဆန် မလုပ်ကြပါ။

လင်းနို့ဧကရာဇ်တောင် လူကိုယ်တိုင် မရောက်‌လာသေးခင် ထွက်ပြေးသွားရင် ဘယ်လောက် ရှက်စရာကောင်းလိုက်မလဲ?

“သူ သူ သူ—”

“ပီ ပီ—”

ထို့နောက်တွင် လင်းနို့များနှင့် ငှက်နတ်ဆိုးများ တစ်ပြိုင်တည်း အော်ဟစ်နေကြသကဲ့သို့ ဆူညံသံများသည် မြို့၏ အနောက်ဘက်စီမှ ထွက်ပေါ်လာသည်။

အသံလာရာကို ကြည့်လိုက်လျှင် မည်းမှောင်နေအောင် သိပ်သည်းသော အရာတစ်ခုသည် မိုးကုတ်စက်ဝိုင်းမှ တဖြည်းဖြည်း တက်လာသည်။မိုးခြိမ်းသံများ အဆတစ်ထောင်ခန့် ဖြစ်ပေါ်လာသည်။

“မိစ္ဆာတွေ လာနေပြီ! မိစ္ဆာတွေ လာနေပြီ!”

“ဘုရား ဘုရား၊ အာ့တာ ဘာသံကြီးလဲ?”

“အာ့တာ မြို့အနောက်ဘက်က လာတာ။လာ ကြည့်လှည့်။ အာ့တာ ဘာကြီးလဲ?”

“ကြောက်စရာကောင်းလိုက်တာ။ အာ့တာ ငှက်နတ်ဆိုး စစ်တပ်လား?”

မကြာသေးမီက လွှတ်တင်ခဲ့သည့် ဂြိုလ်တုသည် အခင်းဖြစ်ပွားရာနေရာအား ရှီဝမ်မြို့၏ တရားဝင်ဝဘ်ဆိုဒ်တွင် ထုတ်လွှင့်ခဲ့ပြီး နိုင်ငံသားအားလုံးကို ထိတ်လန့်စေခဲ့သည်။

အေးချမ်းတာဖြင့် မကြာသေး။နောက် အန္တရာယ်တစ်ခုက ရောက်ရှိလာပြန်ပြီ။

“ငါတို့ သူတို့ကို ဘယ်လိုမှ ယှဉ်မရဘူး။နောက်ဆုတ်တာက အကောင်းဆုံးဘဲ”

ဖုန်းလုံ၏ အသံသည် စုယီ၏ အတွေးထဲ ပျံ့လွင့်လာသည်။

ဘယ်လိုမှ ယှဉ်မရနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်သည် အခု နောက်လာသည့် ရန်သူမှာ အခြေတည် အဆင့်ထပ် ကျော်လွန်ခြင်းဟု ဆိုခြင်းဖြစ်သည်။

ခက်ခဲသောရွေးချယ်မှုတစ်ခုကို ဆုံးဖြတ်ရသောအခါ စုယီ၏နှလုံးသားသည် အနည်းငယ် နာကျင်သွားခဲ့သည်။ အကယ်၍ သူထွက်သွားပါက ရှီဝမ်မြို့သည် ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးခြင်းသို့ ကျရောက်လိမ့်မည်။အကြောင်းမှာ နတ်ဆိုးမျိုးနွယ်သည် လူသားများကို အမြဲရက်စက်နေသောကြောင့် ဖြစ်သည်။၎င်းတို့သည် လူသားတို့အား အစားအစာမျှသာ သဘောထားကြသည်။

“ဘာတွေ တွေးနေတာလဲ?”

နန်ရှောင်ပေါင်သည် စုယီ၏လက်ကို မြဲမြံစွာ ကိုင်ထားရင်း စိတ်ပူကာ မေးလိုက်သည်။

စုယီက တွေးဆသည့် အမူအရာဖြင့် ပြောသည်။ “ ဒီတစ်ခေါက် ရန်သူက သာမန် မဟုတ်ဘူး”

သူသည် အသေးစိတ် မပြောသော်ငြား နန်ရှောင်ပေါင်က သူ ဆိုလိုချင်သည်ကို နားလည်သွားသည်။

“ငါတို့ ထွက်ပြေးသင့်လား?”

နန်ရှောက်ပေါင်က စာနာစိတ်ဖြင့် အကြံပြုသည်။စုယီ၏ ဖိအားကို သူမ နားလည်သော်လည်း စုယီသည် ရှီဝမ်မြို့အတွက် သူ့အသက်ကို အကြိမ်ပေါင်းများစွာ စွန့်စားခဲ့သည်။သူသည် လုံလောက်သည်ထက် ပိုလုပ်ခဲ့သည်။

သူမသည် စုယီကို တစ်မြို့လုံးထပ်ပင် ပို ဂရုစိုက်ပါသည်။

စုယီသည် ပြန်မဖြေပါ။သူသည်လည်း တုံ့ဆိုင်းနေခဲ့သည်။

နတ်ဆိုး အရိပ်စစ်တပ်၏ အကူအညီဖြင့် ယခုအကြိမ်တွင် သူသည် ရှီဝမ်မြို့အား အန္တရာယ်မှ ကာကွယ်ပေးလိုက်နိုင်မယ်ဆိုရင်တောင် နောက်တစ်ကြိမ်ကျရင်ရော?

အချိန်ကြာလာသည်နှင့်အမျှ အမျိုးမျိုးသော စွမ်းအားတွေ ပေါင်းစုလာကြပြီး သူ ရှိနေလျှင်တောင် အခြေအနေသည် ပိုဆိုးရွာလာနိုင်သည်။

“စောင့်ကြည့်ကြတာပေါ့”

သူသည် မြင့်မြတ်‌တဲ့ သူတော်စင် ဖြစ်၍ မဟုတ်ဘဲ သူ၏ ကမ္ဘာမြေက ဟွားရှိလူမျိုးများနှင့် ဆက်စပ်နေသောကြောင့်သာ ဖြစ်သည်။သူ တတ်စွမ်းသလောက် ကူညီချင်သည်။

ထိုစဉ် လင်းနို့နှင့် ငှက်မိစ္ဆာ စစ်တပ်သည် ရှီဝမ်မြို့ပေါ်တွင် ပျံဝဲနေပြီ ဖြစ်သည်။မိုးကြိုးတိမ်တိုက်များအောက်တွင် နတ်ဆိုးမိစ္ဆာ အုပ်စုလိုက်ကြီး ဟိန်းဟောက်နေသလိုပင်။

လင်းနို့အများစုသည် သိမ်းငှက်တစ်ကောင်လောက် ကြီးသည်။အခြား ငှက်မိစ္ဆာများသည် ပို၍ပင် ကြီးသေးသည်။တစ်ချို့တောင်ပံများဆို ကောင်းကင်ထပ် ပေ၃၀ အကွာတွင် လေယျာဉ်ပျံလို ပျံဝဲနေကြသည်။

ဒီအချိန်တွင်တော့ စစ်တပ်၏အင်အားသည် အနက်ရောင် အကြေးခွံဘုရင်၏ စစ်တပ်ထပ် များစွာ သာလွန်ပေသည်။အနည်းဆုံး တစ်သန်းခန့် ရှိလိမ့်မည်။

ထိုမြင်ကွင်းကို ကြည့်ရင်း လူတိုင်း အားအင်များ ချိနဲ့လာကြသည်။

မြို့ဘုရင်၊ ထန်းချွမ်မင်သည် ထိုအရာကို မြင်သည့်အခါ ဖြူလျော်နေသည့် မျက်နှာဖြင့် မြေပြင် ပေါ်သို့ ပုံလျက်သား လဲကျသွားသည်။ “ပြီးသွားပြီ၊ အကုန်ပြီးသွားပြီ” ဟူ၍လည်း ရေရွတ်နေခဲ့သည်။

‌သူ့နောက်ရှိ ကျန်းယိချန်သည်လည်း ကြောက်လန့်မှုကြောင့် တုန်ယင်နေခဲ့သည်။သူသည် နောက်လှည့်ပြေးဖို့ အဆင်သင့် ဖြစ်နေလေသည်။

“ဘုရားရေ…အကုန် ပြီးဆုံးသွားပြီဘဲ…”

“မြို့ကို စွန့်ခွာပြီး ထွက်ပြေးကြတော့! ကိုယ်လွတ်ရုန်းပြီး အသက်ရှင်အောင် ပြေးကြ!”

“ဘာလို့ ဒီလောက်များတဲ့ မိစ္ဆာတွေက နောက်တစ်ကြိမ် လာတိုက်ခိုက်တာလဲ? သူတို့က ငါတို့နဲ့ ရန်ငြိုးများ ရှိတာလား?”

“သေပါတော့! ငါ လုံလောက်တဲ့ထိ မကျင့်ကြံရသေးဘူး။ သေကုန်တော့မှာဘဲ!”

“ငါတို့ကို ရွှမ်ယွမ်လူသားဧကရာဇ်က ကယ်တင်ရှင်တွေ ဖြစ်စေချင်တယ်ဆိုတာ တကယ်ရော ဟုတ်လို့လား? သူက ငါတို့ကို ဒီတိုင်း ကစားနေတာ!”

လူတိုင်း စိုးရိမ်ထိတ်လန့်နေကြသည်။မြို့၏ နေရာတိုင်းမှ မိန်းမများနှင့် ကလေးငိုသံများ ထွက်ပေါ်လာခဲ့သည်။

သူတို့သည် ကျင့်ကြံခြင်းလမ်းစဉ်၏ လမ်းကြောင်းပေါ်တွင် ရှိနေသော်ငြား သူတို့၏ စွမ်းအင်သည် အရမ်းနည်းသည်။သူတို့သည် ယခုအချိန်ထိ ထိုမျှ အင်အားတောင့်တင်းသည့် နတ်ဆိုးကို ခုခံနိုင်သည့် စွမ်းရည် မရှိသေးပါ။

ထို့နောက် ထောင့်ချီသော လင်းနို့များသည် ပြန့်ကျဲသွားကာ လိမ်လည်ကောက်ကျစ်ပြီး ဆိုးယုတ်တဲ့ ပုံစံမျိုး ပေါ်လာသည်။

၎င်းမှာ ကျောတွင် လင်းနို့တောင်ပံပါသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။သူမသည် ‌ပုံပြောင်းထားသော်ငြား လူသားပုံစံ မပြည့်စုံပါ။သူမ၏ လက်များတွင် လင်းနို့လက်သည်းများ ရှိနေဆဲပင်။သူမ၏ သွေးနီရောင် ဆံပင်များသည် လေထဲတွင် အရိုင်းဆန်စွာ လွင့်နေသည်။သူမ၏မျက်နှာသည် စွဲမက်ဖွယ်ကောင်းလှသည်။မြွေအရေခွံဖြင့် ပြုလုပ်ထားသော ၀တ်စုံရှည်ကို ၀တ်ဆင်ထားပြီး သူမ၏အကြည့်များသည် သေစေနိုင်လောက်သည်။

လင်းနို့ဧကရာဇ်!

အနက်ရောင် အကြေးခွံဘုရင်နှင့် သခင်ကြီးချီယန်ထပ် ပိုမို ကြောက်စရာကောင်းသည့် နတ်ဆိုးကြီးပင် ဖြစ်သည်။

သူမသည် ရှီဝမ်မြို့ကို ငုံ့ကြည့်ကာ ပြောသည်။ “မင်းတို့လုပ်ရမှာက ချီလင်၏ မြင့်မြတ်သောခန္ဓာကို ထုတ်ပေးဖို့ဘဲ။ပြီးရင် ငါ့ကို သစ္စာခံလိုက်။ဒါဆို မင်းတို့ အသက်ရှင်ပြီ”

သူမ၏ အသံသည် ‌နေရာလပ်မကျန် တစ်မြို့လုံးသို့ ပျံ့လွင့်သွားသည်။

သူတို့ကို နောက်ထပ် အရှုံးပေးခိုင်း နေကြပြန်ပြီ!

လူတိုင်း အသည်းထဲထိ စိမ့်နေအောင် ကြောက်သွားသည်။ရှေးဟောင်းတောထဲကို ရောက်လာသည့်အချိန်ကတည်းက သူတို့ မည်သူ့ကို စော်ကားခဲ့ဖူးလို့လဲ?

သူတို့ကို သားကောင်အဖြစ် အမြဲ သဘောထားခဲ့ပြီး သူတို့ စိတ်ဆန္ဒရှိသလို ကစားနေကြသည်။ယင်း ခံစားချက်သည် သူတို့အား ဒေါသဖြစ်စေသည့်အပြင် ခွန်အားမရှိသလိုလည်း ခံစားရစေသည်။

ရှေးဟောင်းတောထဲတွင် ဘာဥပဒေမှ မရှိပါ။

ရှင်သန်ခြင်းသည်သာ အသင့်တော်ဆုံး ဖြစ်သည်။

“သူမက ငါ့ကို လိုချင်တာလား?”

နန်ရှောင်ပေါင်သည် မျက်မှောင်ကြုတ်နေသည်။သူမသည် ကြောက်နေတာမဟုတ်ဘဲ စိတ်ရှုပ်နေခြင်းသာ ဖြစ်သည်။

စုယီသည် လင်းနို့ဧကရာဇ်ကို ကြည့်ပြီး စိတ်ထဲမှ မေးလိုက်သည်။ “မင်းလှုပ်ရှားမယ်ဆိုရင် သူမကို မင်း နိုင်လောက်မလား?”

“မနိုင်ဘူး။မင်းရဲ့ ခန္ဓာကိုယ်က မသန်မာဘူး။သူမကို တိုက်ဖို့အတွက် လုံလောက်တဲ့ စွမ်းအားကို မင်း မခံနိုင်ဘူး”

ဖုန်းလုံက အသေအချာကြီး ပြောလာသည့်အခါ စုယီသည် စိတ်ထိခိုက်သွားသည်။

ထို့နောက် ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦးသည် သူတို့ရှေ့သို့ ရောက်လာသည်။

မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူက ဦးစွာပြောသည်။ “စုယီ ငါတို့နဲ့ လိုက်ခဲ့ပါ။နတ်ဆိုးမျိုးနွယ် အုပ်စုရဲ့ အုပ်စိုးရှင်က လင်းနို့ဧကရာဇ်လို့ ပြောကြတယ်။ရှီဝမ်မြို့က မလုံခြုံနိုင်တော့ဘူး!”

အခြားသုံးယောက်ကလည်း ပြောသည်။သူတို့အားလုံးသည် စုယီနှင့် နန်ရှောင်ပေါင်ကို ကြီးမြတ်သောဝေ့စီသို့ လိုက်စေချင်ကြသည်။

ယခုအချိန် သူတို့ ထွက်ပြေးကြလျှင်တောင် သူတို့ကို လိုက်လံ သတ်ဖြတ်ကြပေလိမ့်မည်။

စုယီသည် လက်သင့်မခံဘဲ ပြန်မေးလိုက်သည်။ “လင်းနို့ဧကရာဇ်ကို ကျွန်တော် တွန်းလှန်နိုင်ရင် ရှီဝမ်မြို့ကို ခေါ်သွားနိုင်မလား?”

ထိုစကားကြားသည့်အခါ အကြီးအကဲ လေးဦးသည် အသံတိတ်သွားသည်။

တစ်ချိန်တည်းမှာပင် စုယီသည် သူ၏စိတ်အာရုံထဲမှ ဧကရာဇ်စုဂိုဏ်းအား စုံစမ်းနေသည်။

ဧကရာဇ်စု: ရှယးထန်ယိ၊ နတ်ဆိုးဘုရင် ချင်းယန်၊ လင်းနို့ဧကရာဇ်နဲ့ယှဉ်ရင် မင်းတို့ထဲက ဘယ်သူက ပိုသန်မာလဲ?

ကျားနက်ဧကရာဇ်: လင်းနို့ဧကရာဇ်? ဘာလို့လဲ? သူမကို စိတ်ကူးယဉ်နေတာလား?

မြေခွေးနတ်ဆိုး ကြယ်ပွင့်: ငါလည်း မှော်မြို့ကို ရောက်ပြီးပြီ။ လင်းနို့ဧကရာဇ်ကို‌ တွေ့ခဲ့တယ်။အာ့ စုန်းမအိုကြီးက ဘယ်အချိန် ထွက်လာရမယ်ဆိုတာ သေချာသိတယ်ဗျာ!

နတ်ဆိုးဘုရင် ချင်းယန်: လင်းနို့ဧကရာဇ်? သူမကို ကျွန်တော်နဲ့ ယှဉ်နေတာလား?

ရှားထန်ယိ: အများဆုံး ဓားနှစ်ချက်ဘဲ

နတ်ဆိုးဘုရင် ချင်းယန်နှင့် ရှားထန်ယိသည် ဧကရာဇ်စုဂိုဏ်းတွင် ဂုဏ်ယူရသည့် မောက်မာသည့် ပုံရိပ်နှစ်ခု ဖြစ်သည်။သူငယ်ချင်း မရှိသည့်အတွက် လိုရှင်းတိုရှင်းနှင့် အမြဲ စိတ်ကြီးဝင်နေတတ်သည်။

စုယီသည် ထိုစာကို ဖတ်ပြီးနောက် စိတ်သက်သာရာ ရသွားသည်။

သူသည် မျက်လုံးကို ဖွင့်ကာ တွေးဆနေသည်။ “သင်တို့ ရှီဝမ်မြို့ကို မကာကွယ်နိုင်ဘူးဆိုရင် တခြား သင်တို့သိတဲ့ ရှေးရိုးစွဲဂိုဏ်း ဒါမှမဟုတ် မြင့်မြတ်တဲ့ထန် ဖြစ်ဖြစ် မရှိဘူးလား?”

မရှေးမနှောင်းအချိန်မှာပင် သူသည် စတင် ထွက်ခွာသွားသည်။ဒါ မတိုင်ခင် သူသည် မြို့သူမြို့သား အားလုံး ပိုပြီး မသန်မာလာခင် ရှီဝမ်မြို့အတွက် အစောင့်အရှောက်ကို ရှာမှရမည်။

“ဟမ်း မြင့်မြတ်သော ထန်က အဆင်မပြေဘူး။သူက ရှီဝမ်မြို့ကို သေချာပေါက် အသုံးချမှာ။ရှေးရိုးစွဲဂိုဏ်းတွေ အနေနဲ့ဆို ချင်းယိဂိုဏ်းက အကြီးအကဲတစ်ဦးကို သိတယ်။သူတို့ကို မက်ဆေ့ဂ်ျ ပို့လိုက်မယ်။အဲ့ဒါ…”

မုတ်ဆိတ်မွေးနှင့် အကြီးအကဲသည် တုံ့ဆိုင်းနေသည်။

ချင်းယိဂိုဏ်း၊ ရှေးရိုးစွဲဂိုဏ်း၊ လောရွှေဂိုဏ်းခွဲတွေကတောင် သူ့စွမ်းအားနဲ့ မယှဉ်နိုင်ပါ။သူ့တည်ရှိမှုကို မင်းဆက်ခုနစ်ဆက်ကတောင် လေးစားကြသည်။

စုယီက ချက်ချင်း ပြောသည်။ “မင်း သူတို့ကို ရအောင် စည်းရုံးနိုင်ရင် ငါ ကြီးမြတ်သောဝေ့ကို ကျေးဇူးမမေ့ပါဘူး!”

နတ်ဆိုးမျိုးနွယ်တွေကိုတော့ သူ မယုံကြည်ရဲပါ။ရှေးရိုးစွဲများသည် တကာ် ဖြောင့်မတ် မှန်ကန်သည်ဟု မဆိုချင်သော်ငြား အနည်းဆုံးတော့ သူတို့သည် ရှီဝမ်မြို့၏ မြို့သူမြို့သားတွေကို ပေါ်ပေါ်တင်တင် သတ်ဖြတ်ခြင်းတော့ မပြုကြပါ။

…

All Chapters