← Chapters

သူရဲကောင်းများ

Vol. 3 Ch. 38

သူရဲကောင်းများ

Vol. 3 Ch. 38

ချင်းယိဂိုဏ်းကို စည်းရုံးရမယ်?

မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူသည် စိတ်ထဲက ကြိတ်ပျော်နေသော်ငြား သူ့မျက်နှာမှာ တုံ့ဆိုင်းနေသည့် ပုံစံမျိုး ဖြစ်နေသည်။

တကယ်တော့ ချင်းယိဂိုဏ်းသည် မှော်မြို့ကို စိတ်ဝင်စားနေသည် ဆိုသည့်အကြောင်း သတင်းရထားပြီး ဖြစ်သည်။သို့သော် ရှေးရိုးစွဲဂိုဏ်းတစ်ခု၏ အဓိက ဂိုဏ်းခွဲတစ်ခု အနေဖြင့် အသုံးချဖို့ အကြောင်းပြရန်ကလည်း မသေချာပါ။

သူသည် ပြသာနာ တက်ချင်ယောင်ဆောင်ကာ ပြောသည်။ “ချင်းယိဂိုဏ်းက အရမ်းမြင့်မားပြီး ကြီးမြတ်တယ်။သူတို့လှုပ်ရှားဖို့ တောင်းဆိုချင်ရင်…”

“လက်မခံချင်လည်း မေ့လိုက်တော့”

စုယီက လက်ကို ယမ်းခါလိုက်ည်။တခြားသူတွေက သူ့အား အခွင့်အရေးယူမည်ကို မခံနိုင်ပါ။

သူ့စိတ်ထဲမှာကား။ ရှီဝမ်မြို့ မင်းအတွက် ငါ အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီးပြီ။ကျန်တာတော့ မင်းအပေါ်ဘဲ မူတည်တယ်။

အရံ အစီအစဉ် မရှိပါက ယခုအချိန်တွင် နတ်ဆိုးအရိပ်စစ်တပ်ကို အသုံးပြုခြင်းသည် အချည်းနှီးသာ ဖြစ်လိမ့်မည်။

ထိုသို့တွေးကာ စုယီသည် နန်ရှောင်ပေါင်ကို ခေါ်ပြီး ထွက်သွားရန် ပြင်သည်။

“နေအုံး!”

မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူသည် စုယီကို အမြန် လှမ်းတားလိုက်သည်။ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသည့် အမူအရာဖြင့် သူသည် အံကို ကြိတ်ထားသည်။ “ကောင်းပြီ!ငါ့မိတ်ဆွေဟောင်းကို သွားတွေ့ပြီး သိန်းချီတဲ့ အသက်တွေ အကြောင်း ပြောလိုက်မယ်!”

အခြား အကြီးအကဲသုံးဦးသည် ဘာမှ မလုပ်နိုင်ဘဲ မျက်လုံး ကလယ်ကလယ် ဖြစ်နေသည်။သူကတော့ ဘယ်လို သရုပ်ဆောင်ရမယ်ဆိုတာ တကယ်သိတာဘဲဟ။

စုယီသည် မုတ်ဆိတ်နှင့် ကျင့်ကြံသူကို လှည့်ကြည့်ကာ အံ့ဩခြင်းမရှိ ပကတိ တည်ငြိမ်သည့်ပုံစံဖြင့် ပြန်ပြောသည်။ “ခုချက်ချင်း မက်ဆေ့ဂ်ျပို့လိုက်!”

သူသည် အရူးမဟုတ်ပါ။သူ ဧကရာဇ်စုဂိုဏ်းမှ ကြားသိခဲ့ရသလောက်ဆိုလျှင် ချင်းယိဂိုဏ်းသည် ရှီဝမ်မြို့နှင့် ပတ်သက်၍ စိုးရိမ်နေသည့် ဂိုဏ်းများတွင် ပါဝင်သည်။

သူ ချင်းယိဂိုဏ်းကို ရွေးချယ်ရသည့်အကြောင်းမှာ နားလည်သလောက်ဆို ချင်းယိဂိုဏ်းသည် ကြောင်သူတော်များ မအုပ်ချုပ်ဘဲ အမှန်တကယ် ဂုဏ်သိက္ခာရှိသော ဂိုဏ်းတစ်ခုဖြစ်ကြောင်း သူသိသည်။

သူသည် မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူကို ကတိပေးရင်း ချင်းယိဂိုဏ်း မကြာမီ ရောက်လာဖို့ မျှော်လင့်နေမိသည်။

ကျေးဇူးတရားအတွက်?

ဟ! ကြီးမြတ်သောဝေ့က သူ့ကို လာရှာတဲ့အချိန်ထိ စောင့်ကြရအောင်!

မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူသည် ပျော်ရွှင်စွာဖြင့် စာရွက်နဲ့ စုတ်တံကို ကောက်ကိုင်လိုက်ကာ စာပို့ခိုနှင့် စာပို့လိုက်သည်။စုယီက အပြင်ပန်းမှာ တည်ငြိမ်နေသော်ငြား တကယ်တမ်း သူ့ကို အရူးတစ်ယောက်လို ကြည့်နေသည်ကို အနည်းအကျဉ်းတောင် သတိမထားမိ။

နန်ရှောင်ပေါင်က နှုတ်ခမ်းစူနေသည်။သူမသည် စကားဝင်ပြောချင်သော်ငြား သူမကိုယ်သူမ ထိန်းလိုက်ပြီး ဘာမှ မပြောတော့ပါ။

သူမအမေ ပြောပုံအရဆိုလျှင် အမျိုးသမီးများသည် အိမ်တွင် ယောကျာ်းများကို နိုင်စားနိုင်သော်လည်း အပြင်မှာတော့ ယောကျာ်းသားကို မျက်နှာသာပေးရမည်။

ထိုစဉ် လင်းနို့ ဧကရာဇ်သည် ချီလင်၏ မြင့်မြတ်သောပန်းနှင့် ချီလင်၏ မြင့်မြတ်သော ကြာပွင့်ကို ရှာရင်း ရှီဝမ်မြို့ကို ဆက်လက် စောင့်ကြည့်နေသည်။

မိုးကြိုးတိမ်တိုက်များအောက်တွင် သူ၏ နတ်ဆိုးစစ်တပ်သည် လုံးဝ ကြောက်စရာပင်။တစ်မြို့လုံး ထိတ်လန့်တုန်လှုပ်နေကြပြီး ကိုယ့်အိမ်မှာကိုယ် ပုန်းနေကြသည်။

ထန်ချွမ်မင်သည် ကြီးကြီးမားမား စိတ်ရှုပ်မခံဝံ့ဘဲ ရှီဝမ်မြို့၏ တရားဝင်ဝဘ်ဆိုဒ်မှတစ်ဆင့် နေထိုင်သူများကို တစ်သမတ်တည်း အေးချမ်းစေရန် စာသားမှတစ်ဆင့် ဆက်သွယ်ပေးခဲ့ပါသည်။

သူတောင်မှ အချိန်မရွေး မြို့ကို စွန့်ခွာပြီး ထွက်ပြေးရန် ပြင်ဆင်ထားခဲ့သည်။

တရားဝင်ဝဘ်ဆိုက်တွင် ကောမန့်များ ဆက်တိုက် ကျလာသည်။

“စုယီက ငါတို့ကို ဘာလို့ မကူညီတာလဲ?”

“အာ့တာပြောတာ! စုယီက အရမ်း စွမ်းအားကြီးတာ!”

“မင်းတို့ ရူးနေလား? သူ ခုနလေးတင် ဒဏ်ရာရထားတာလေကွာ!”

“ဘယ်လောက်တောင် ကြာပြီလဲ? သူ ခုထိ ပြန်မကောင်းသေးဘူးလား?ငါတို့အားလုံးက ကမ္ဘာမြေသားတွေဘဲ!”

“မြို့ဘုရင် စုယီကို အကူအညီတောင်းကြည့်ပါ!”

ကောမန့်အများစုသည် စုယီကို ဖော်ပြထားသည်။အထူးသဖြင့် အရေးကြီးသော အခိုက်အတန့်များတွင် လူများသည် သန်မာမှုအပေါ် မှီခိုလေ့ရှိသည်။

ထန်ချွမ်မင်သည် စုယီကို တွေးမိပါသည်။သို့သော် စုယီကို ခဏတိုင်း ထပ် ထပ်ပြီး ဒုက္ခတွေ မပေးချင်။အသက်မစွန့်ခိုင်းချင်ပါ။

ထန်ချွမ်မင်၏ စားဖိုမှူး ကိုယ်ရံတော် ကျန်းယိချန်သည် ဝင်ပြောသည်။ “ကျွန်တော် စုယီကို သွားရှာလိုက်ရမလား?”

ထန်ချွမ်မင်သည် ဆုံးဖြတ်ချက်ချရန် တွေဝေနေခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်ရှိ လင်းနို့ဧကရာဇ်သည် မြို့ပေါ်မှနေ၍ အမိန့်ပေးသည်။ “တစ်မြို့လုံးကို သတ်!”

အနက်ရောင် အကြေးခွံဘုရင် သေဆုံးသည့်သတင်းနှင့် အမျိုးမျိုးသော အင်အားစုများ တလှုပ်လှုပ်ဖြစ်နေသည်ကို သိသဖြင့် လင်းနို့ဧကရာဇ်သည် မနှောင့်နှေးချင်ပါ။

သူမ စကားဆုံးသောအခါ လင်းနို့များနှင့် ငှက်နတ်ဆိုး အကုန်လုံးသည် ကောင်းကင်ကြီး ပြိုကျသည့်အလား မြေ‌သို့ ထိုးဆင်းလာသည်။

ကပ်ဘေးသည် နောက်တစ်ကြိမ် ထပ်ရောက်လာသည်။

မြို့၏ မြောက်ဘက်တွင် အနက်ရောင်ဝတ်ထားသည့် လူတစ်ယောက်သည် လမ်းအတိုင်း လျှောက်လာသည်။ထိုမြင်ကွင်း မြင်သည့်အခါ သူသည် လုံးဝ တုန်သွားသည်။

၎င်းမှာ နတ်ဆိုးမြေခွေး ကြယ်ပွင့်ပင်။

“သေစမ်း! လင်းနို့ဧကရာဇ်က တကယ်ရက်စက်တာဘဲ။ မျက်တောင်တစ်ချက် မခတ်ဘဲနဲ့ တစ်မြို့လုံးကို တကယ် သတ်နိုင်တယ်!”

နတ်ဆိုးမြေခွေး ကြယ်ပွင့်သည် စိတ်ထဲမှ ကျိန်ဆဲရင်း မြို့မှ ချက်ချင်း ထွက်သွားသည်။

သူသည် မှော်မြို့ အဆုံးမသတ်ခင် ချီလင်၏ မြင့်မြတ်သော ကြာပွင့်ကို ရှာရန် လိုအပ်သည်။

သူသည် ဧကရာဇ်စုဂိုဏ်းသားများ၏ စကားကြောင့် စပ်စုဖို့ရန် ရောက်လာခြင်း မဟုတ်ပါ။သူ၏ တကယ့်ရည်မှန်းချက်မှာ ချီလင်၏ မြင့်မြတ်သောကြာပွင့်ကို ရှာရန်သာ ဖြစ်သည်။

သူသာ ချီလင်၏ မြင့်မြတ်သောကြာပွင့်ကို ခိုးနိုင်လျှင် သူ့ ကျော်ကြားမှုသည် တိုးပွားလာလိမ့်မည်။

ယောကျာ်းတစ်ယောက်၏ ဘဝတွင် ကျော်ကြားမှုနှင့် အောင်မြင်မှုထပ် ပိုအရေးကြီးတာ ဘာမှ မရှိပါ။

ထိုစဉ် မရေမတွက်နိုင်သည့် ငှက်နတ်ဆိုးများ မြေပြင်သို့ ထိုးဆင်းလာကာ ရှီဝမ်မြို့တစ်လျှောက် ပျံ့နှံ့သွားသည်။

စုယီ၊ နန်ရှောင်ပေါင်နှင့် အကြီးအကဲလေးဦးသည် ထိုမြင်ကွင်းကို မြင်ပြီးနောက် အပြင်းအထန် လှုပ်ရှားတော့သည်။

မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူသည် အမြန် အော်လေသည်။ “မြန်မြန်ပြေး!”

နန်ရှောင်ပေါင်သည် စုယီလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း သူနှင့်အတူ ထွက်ပြေးချင်မိသည်။

သို့သော် သူမသည် မလှုပ်ရှားပါ။

“ဘာလုပ်မလို့လဲ?”

နန်ရှောင်ပေါင်သည် စိုးရိမ်တကြီးမေးသည်။စုယီမျက်လုံးထဲရှိ စူးရှသည့်အကြည့်ကို မြင်လိုက်သောအခါ သူမသည် ချက်ချင်း သူ့ရည်ရွယ်ချက်ကို နားလည်သွားသည်။

သူမသည် စိတ်တိုလာကာ စုယီကို လှမ်းဆွဲလေသည်။ “အစ်ကို! ပြန် မတိုက်ပါနဲ့! တစ်ကြိမ်၊ နှစ်ကြိမ်ဆို တော်ပြီပေါ့။ လုံလောက်ပြီလေ။နင့်ကိုယ်နင် မသေမျိုးလို့များ ထင်နေတာလား?”

“စူပါဟီးရိုးတွေဆိုတာ စိတ်ကူးယဉ်ဇာတ်ကား‌တွေမှာဘဲ ရှိတာဟ။ငါတို့က ရှေးဟောင်းတောထဲမှာ။နင် သူတို့ကို ဘယ်နကြိမ် ကာကွယ်မှာလဲ?သူတို့ကိုယ် သူတို့ သေချာပေါက် မှီခိုရမယ်!ကိုယ် ကိုယ်တိုင် အသက်ရှင်ဖို့ ကြိုးစားတာက အရေးကြီးဆုံးဘဲ!”

ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦးသည်လည်း အကြည့်တွေ ပြောင်းပြီး ဇဝေဇဝါ ဖြစ်ကုန်သည်။

ဒီ နတ်ဆိုးတစ်ပိုင်းက တကယ် ရူးသွားတာလား?

အနက်ရောင် အကြေးခွံဘုရင်နှင့် ကောင်ချူးကို သတ်ပြီးနောက် လင်းနို့ဧကရာဇ်ကို သတ်နိုင်မယ်လို့ တွေးနေတာလား?

သူ စိတ်ကူးယဉ်နေတာဘဲ!

စုယီက မလှုပ်သည်ကို မြင်သည့်အခါ နန်ရှောင်ပေါင်သည် အံကြိတ်ကာ စုယီ၏ ညာလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း သက်ပြင်းချတော့သည်။ “ထားပါတော့။ သေမယ်ဆိုရင်လည်း တူတူသေကြမယ်။နင် ဘယ်သွားသွား ငါက နင့်အနားမှာ ကပ်တွယ်နေမှာ။သေတဲ့ထိ”

ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦးသည် ပိုစိုးရိမ်လာသည်။စုယီ သေသွားရင် သူတို့ရမယ် အကျိုးခံစားခွင့်က ဘာဖြစ်သွားမှာလဲ?

“မရူးစမ်းပါနဲ့! သွားကြ‌ရအောင်! လင်းနို့ဧကရာဇ်က ဒီလောက် စွမ်းအားကြီးတာ! ဓားဝိဇ္ဇာနဲ့ နတ်ဆိုးဘုရင်ဘဲ သူမကို သတ်နိုင်လိမ့်မယ်!” အမျိုးသမီး ကျင့်ကြံသူသည် စုယီ ရူးသွားပြီဟု ထင်ကာ ထိတ်ထိတ်ပျာပျာ အော်လိုက်သည်။

စုယီသည် သူမကို လစ်လျူရှုလိုက်သည်။သူ မရူးပါ။

ငြိမ်နေသည်ဆိုတာက သူ့တွင် ရည်မှန်းချက် သပ်သပ်ရှိ၍သာ ဖြစ်သည်။

အောင်မြင်မှုကြီး တစ်ခုစီတိုင်းက သူ့အား လူသစ်များ ခေါ်ဖို့ အခွင့်အရေး ထပ်ပေးသည်။လင်းနို့ဧကရာဇ်နဲ့ တွေ့ဆုံရတာ ကြုံတောင့်ကြုံခဲပင်။

ဒါ့အပြင် နတ်ဆိုးမြေခွေး ကြယ်ပွင့်သည်လည်း ရှီဝမ်မြို့သို့ ရောက်နေသည်။

သူ့ကို ခြိမ်းခြောက်ရမည်!

ထိုသို့တွေးပြီးနောက် စုယီ၏မျက်လုံးသည် ပို၍ တိကျပြတ်သားလာသည်။သူသည် နန်ရှောင်ပေါင်၏ လက်ကို နူးညံ့စွာ ကိုင်ရင်း “ငါနဲ့ နီးနီးကပ်ကပ်နေ!”ဟု ပြောသည်။

သူသည် မီတာတစ်ရာအကွာရှိ မိုး‌မျှော်တိုက်စီသို့ ခပ်သွက်သွက် လျှောက်သွားလေသည်။သူ့ ပစ်မှတ်!

စုယီက သူတို့အကြံကို လစ်လျူရှုတာ တွေ့သည့်အခါ အကြီးအကဲလေးဦးသည် နှောက်လှည့် ထွက်သွားသည်။

စုယီဆပ်မည့် ကျေးဇူးကြွေးသည် သူတို့အသက်လောက်တော့ အရေးမကြီးပါ။

မကြာမီတွင် သူတို့သည် လမ်းအဆုံး၌ ပျောက်ကွယ်သွားသည်။

ထိုစဉ် ရှီဝမ်မြို့ကတော့ သတ်ဖြတ်ခံနေရသည်။မုန်တိုင်းထန်နေသည့် မှောင်မိုက်သော ကောင်းကင်အောက် နေရာတိုင်းတွင် ကြောက်လန့်တကြား အော်ဟစ်သံများ ညည်းညူသံများ မကြားဝံ့လောက်အောင် ပျံ့နှံ့နေသည်။အရာအားလုံး ကြောက်မက်ဖွယ် ဆိုးရွားနေကြသည်။

ဝူချင်းယောင်၊ မိုဟောင်ရှန့်နှင့် အခြားသူများသည်လည်း စုယီနှင့် နန်ရှောင်ပေါင် ရှိရာစီသို့ ဦးတည်ကာ ထွက်ပြေးလာကြသည်။

“သူ လင်းနို့ဧကရာဇ်ကို တိုက်ဖို့တွေးမယ်တော့ မထင်ဘူး။တွေးလောက်လား?”

မိုဟောင်ရှန့်က ဒေါသတကြီး တွေးသည်။ထိုသို့တွေးသည်မှာ သူတစ်ယောက်တည်း မဟုတ်ပါ။အခြားသူများလည်း ပါသည်။

သူတို့သည် စုယီ၏ နတ်ဆိုးတစ်ဝက်လက္ခဏာကို မကြိုက်သော်လည်း၊ ဤနတ်ဆိုးတစ်ဝက်၏ တရားမျှတမှုသည် လူသားမျိုးနွယ်ကို လွှမ်းမိုးမှု ရှိသည်။မှော်မြို့အတွက် သူသည် သေချာပေါက် အသေခံ ကြိုးစားမည် ဖြစ်သည်။

ဝူချင်းယောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။သို့သော် စုယီက နန်ရှောင်ပေါင်၏ လက်ကို တွဲထားသည်ကို မြင်သဖြင့် သူမသည် တုံ့ဆိုင်းသွားပြီး ဘာပြောရမည် မသိတော့ပါ။

သူမ ပြောလိုက်လျှင်လည်း ဘာမှ ပြောင်းလဲမည် မဟုတ်ပါ။အထူးသဖြင့် သူမသည် စုယီနှင့် နီးကပ်နိုင်မည် မဟုတ်။

ထိုသို့ဖြင့် စုယီနှင့် သူမသည် တစ်ယောက်ကိုတစ်ယောက် ကျော်သွားကြသည်။

ထိုမြင်ကွင်းသည် မိုဟောင်ရှန့်အား တိတ်တဆိတ် စိတ်သက်သာရာ ရစေသည်။သူသည် ဝူချင်းယောင်ကို နားလည်မှုလွဲသွားခြင်းသာ ဖြစ်မည်။

နန်ရှောင်ပေါင်သည် ဝူချင်းယောင်၏ အကြည့်ကို သတိထားမိကာ တိုးတိုးလေး မေးလိုက်သည်။ “စုယီ၊ လောရွှေဂိုဏ်းက အမျိုးသမီးနောက်လိုက်ကို သိလား?”

ဝူချင်းယောက်သည် နတ်သမီးတမျှ ချောမောပေရာ နန်ရှောင်ပေါင်သည် မနာလိုသွားသည်။အထူးသဖြင့် စုယီကို ကြည့်သည့် ဝူချင်းယောင်၏အကြည့်ပင်။

“မသိဘူး”

စုယီက အလွယ်ပင် အမြန် ဖြေလိုက်သည်။သူသည် လင်းနို့ဧကရာဇ်ကိုသာ အာရုံစိုက်ထားသည်။ထို့ကြောင့် သူသည် သေချာ မဖြေချင်ပါ။

…

All Chapters