← Chapters

ဓားဖြင့် ကောင်းကင်ကို ပိုင်းဖြတ်ခြင်း

Vol. 3 Ch. 39

ဓားဖြင့် ကောင်းကင်ကို ပိုင်းဖြတ်ခြင်း

Vol. 3 Ch. 39

မရင်းနှီဘူးလား?

ဒါဆို နင်က ရင်နှီးချင်သေးတာလား?

နန်ရှောင်ပေါင်သည် ချက်ချင်းပင် သဝန်တိုလာသည်။သို့သော် သေရေးရှင်ရေး အခြေအနေတွင် သူမသည် သူ့ကို မေးခွန်းမထုတ်ပါ။သူမသည် ပြေးနေရင်း ဆူပုတ်နေရုံသာ ဖြစ်သည်။

မကြာခင် သူတို့နှစ်ဦးသည် မိုးမျှော်တိုက်၏ အောက်ခြေသို့ ရောက်လာသည်။စုယီသည် နန်ရှောင်ပေါင်ကို ကောက်ချီကာ အဆောက်အအုံ၏နံရံများသို့ တက်လိုက်သည်။သူသည် ထိုနံရံများကို လျှောက်နေစဉ်တွင် ကောင်းကင်နှင့်မြေကြီးကြား အကန့်အသတ်မဲ့ အပူအပင်ကင်းသည့် ခြေလှမ်းများကို သုံးသည်။

သူတို့သည် မီတာတစ်ရာခန့် မြင့်သည့် အဆောက်အအုံ၏ ခေါင်မိုးပေါ်သို့ ငါးစက္ကန့်ပင် မကြာဘဲ ရောက်သွားသည်။

ထိုနေရာမှ သူတို့သည် တစ်မြို့လုံး၏ ရုပ်ပျက်ဆင်းပျက် အခြေအနေနှင့် လင်းနို့ဧကရာဇ်၏ ပြင်းပြသည့် ပုံစံကိုပါ ရှင်းလင်းစွာ မြင်နေရသည်။

“ငါတို့ ဒီမှာ ဘာလုပ်ကြမှာလဲ?”

နန်ရှောင်ပေါင်က မေးသည်။သူမသည် စုယီ နောက်တစ်ကြိမ် တိုက်ခိုက်မည်ကို စိတ်ပူနေဆဲပင် ဖြစ်သည်။

စုယီ နောက်ဆုံးအကြိမ် တိုက်ခိုက်သည့် အနက်ရောင် အကြေးခွံဘုရင်နှင့် တိုက်ပွဲတုန်းက သေမလို ဖြစ်ခဲ့သည်ကို သူမ လုံးဝ မေ့မရပါ။

စုယီက တိုးငြင်းစွာ ပြောသည်။ “မကြောက်ပါနဲ့ မျက်လုံး မှိတ်ထားလိုက်”

“မျက်လုံး မှိတ်ထားရမယ်။ ဘာလို့လဲ?”

နန်ရှောင်ပေါင်သည် စိတ်ရှုပ်စွာ မေးလိုက်သော်လည်း နာခံစွာ မျက်လုံးမှိတ်ပြီးပြီ ဖြစ်သည်။

စုယီသာဆိုလျှင် သူမသည် အမြဲတမ်း လုံးဝ ယုံကြည်ထားသည်။

“ငါ ပြောတဲ့အချိန်မှ မျက်လုံးဖွင့်နော်”

စုယီက ညွှန်ကြားလိုက်ရာ နန်ရှောင်ပေါင်က ခေါင်းငြိမ့်လေသည်။

ချက်ချင်းပင် စုယီသည် လင်းနို့ဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။သူ့မျက်လုံးထဲတွင် စိတ်ဝင်စားခြင်းနှင့် လူသတ်ချင်စိတ်များ ဖုံးလွှမ်းနေသည်။

လင်းနို့ဧကရာဇ်သည်လည်း သူ၏ သတ်ဖြတ်ချင်စိတ်ကို သတိထားမိသွားကာ ချက်ချင်း နောက်လှည့်ကြည့်လာသည်။

“နတ်ဆိုးတစ်ပိုင်း…အတော်လေး စွမ်းအားကြီးတာဘဲ။အနက်ရောင် အကြေးခွံဘုရင်နဲ့ ကောင်ချူးကို သတ်လိုက်တဲ့ တစ်ယောက်များလား?”

လင်းနို့ဧကရာဇ်သည် မျက်လုံးများကို မှေးကျဉ်းပြီး သူ့ဘာသာ တီးတိုးပြောနေသည်။သူမ၏အကြည့်သည် ရုတ်တရက် နန်ရှောင်ပေါင်စီသို့ ရုတ်တရက် ပြောင်းသွားပြီး သူမ၏ မျက်လုံးသည် စူးရှလာသည်။

တစ်ချိန်ထဲမှာပင် စုယီသည် သူ့စိတ်အာရုံထဲတွင် အမိန့်ပေးလိုက်သည်။ “နတ်ဆိုး အရိပ်စစ်တပ်ကို သုံးပါ!”

ချက်ချင်းပင် အရိပ်များသည် သူ့ခြေရင်းမှ တစ်ဆင့် မြေပြင်မှ ထွက်ပေါ်လာသည်။အတိအကျ ခြောက်ယောက် ဖြစ်သည်။ယင်းတို့မှာ ဝူချင်းယောင်၊ သခင်ကြီးချီယန်၊ နတ်ဆိုးဘုရင် ချင်းယန်၊ ကျားနက်ဧကရာဇ်၊ ရှားထန်ယိနှင့် နတ်ဆိုးမြေခွေး ကြယ်ပွင့်တို့၏ အရိပ်များသာ ဖြစ်သည်။အကုန်လုံးသည် သရဲတစ္ဆေလို ငြိမ်သက်နေကြသည်။

သူတို့အနက် ကျားနက်ဧကရာဇ်သည် အရပ်မြင့်သည်။သုံးကျန်းလောက်ပင် ရှိသည်။နတ်ဆိုးဘုရင် ချင်းယန်ကတော့ နတ်ဆိုးမြေခွေး ကြယ်ပွင့်နှင့် ဆင်သည်။ရှားထန်ယိကတော့ ခါးတွင် ဓားနှစ်ချောင်း ချိတ်ဆွဲထားသည့်အတွက် သူမှန်း သိသာပါသည်။

ထူးဆန်းစွာဖြင့် စုယီသည် လှည့်ပက်ကြည့်နေသည်။တစ်ချက်ကြည့်လိုက်ရုံဖြင့် သသသည် အံ့လောက်အောင် တစ်ဦးချင်းစီ၏ ပုံစံကို မှတ်မိသွားသည်။

သူသည် နတ်ဆိုး အရိပ်စစ်တပ်နှင့် စိတ်ချင်း ဆက်နွယ်သွားကာ အတွေးဖြင့်ပင် ထိန်းချုပ်လို့ ရသည်။ကြီးမြတ်သော တာအိုဆက်သွယ်ရေးစက်ကြီး၏ ထိန်းချုပ်မှုအောက်မှာကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဒီခံစားချက်က…

လုံးဝကို ပျော်စရာကောင်းတယ်!

သူသည် လင်းနို့ဧကရာဇ်အား နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။သူ့မျက်လုံးထဲရှိ သတ်ချင်စိတ်များသည် ပို၍ပင် ပြင်းထန်လာခဲ့သည်။

လင်းနို့ဧကရာဇ်သည် သူ့ခြေရင်းရှိ အရိပ်ခြောက်ခုကို သတိပြုမိလိုက်သည်။သို့ရာတွင် သူမ စိတ်မဝင်စားပါ။အစစ်လောက် စွမ်းရည်မရှိနိုင်သည့် အဆင့်နိမ့်များဟုသာ တွေးလိုက်သည်။

“သူမက ချီလင်၏ မြင့်မြတ်သောခန္ဓာလား?”

လင်းနို့ဧကရာဇ်က သူ့ဘာသာ တွေးသည်။နှစ်ထောင်ပေါင်းများစွာ နေလာခဲ့ပြီးသည် ဖြစ်ရာ သူသည် ကံကောင်းစွာဖြင့် ယခင်က ချီလင်၏ မြင့်မြတ်သော ခန္ဓာကို မှတ်မိနေသည်။ထို့ကြောင့်ပင် သူမသည် နန်ရှောင်ပေါင်ကို ရင်းနှီးသလို ခံစားရခြင်း ဖြစ်သည်။

နေရာတိုင်းတွင် မြို့သူမြို့သားများသည် ကြောက်လန့်တကြားဖြင့် ဖရိုဖရဲ ပြေးလွှားနေကြသည်။မြို့စွန်နှင့် နီးသည့်သူများမှ မြို့မှ တစ်ခါတည်း ထွက်ပြေးကုန်သည်။

မကြာသေးခင်ကမှ ပြန်လည် တည်ငြိမ်လာသည့် ရှီဝမ်မြို့သည် ယခု ပြန်လည် ဖရိုဖရဲ ဖြစ်သွားရပြန်သည်။

“ပြေးကြ!”

“ကယ်ပါအုံး! တစ်ယောက်လောက် ကယ်ပေးပါ!”

“မိစ္ဆာတွေ အပြင်မှာရှိတယ်။အပြင် မထွက်ကြနဲ့!”

“ဒီမှာနေရင်တော့ သေချာပေါက် သေမှာ! လူတိုင်း ငါ့နောက် လိုက်ခဲ့။ ထွက်ပြေးကြမယ်! လူများလေ မိစ္ဆာတွေကို အတူတကွ ရင်ဆိုင်နိုင်လေဘဲ!”

“အပြင်ထပ် မြို့ထဲမှာက မိစ္ဆာတွေ ပိုများတယ်။မင်းတို့ ရူးနေကြတာလား?”

ငိုယိုကာ ကျိန်ဆဲကြသည်။အော်ဟစ်သံများ ၊ ငိုကြွေးသံများနှင့် ပြည့်နှက်နေသော ရှီဝမ်မြို့သည် မှေးမှိန်လာကာ ကြောက်စရာ ကောင်းလာတော့သည်။

နတ်ဆိုးစစ်တပ် ရောက်လာသည့်အခါ ရှီဝမ်မြို့သည် ပြိုကွဲသွားကာ လူများ၏ နှလုံးသားများ ကွဲကြေကုန်တော့သည်။

အဝေးတစ်နေရာတွင် ထန်ချွမ်မင်သည် ကျန်းယိချန် ထိန်းချုပ်သည့် ရဟတ်ယာဉ်ထဲသို့ ဝင်လိုက်သည်။

သူတို့သည် ထွက်ပြေးဖို့ ပြင်ဆင်နေကြသည်။

“ဟူး ငါ ရှီဝမ်မြို့ကို ဆက် မကာကွယ်နိုင်တော့ဘူး”

ရဟတ်ယာဉ် ထွက်သွားပြီးနောက် ထန်ချွမ်မင်သည် သက်ပြင်းရှည်ကြီး ချလိုက်တော့သည်။

ထိုအချိန်တွင် လင်းနို့ဧကရာဇ်သည် နန်ရှောင်ပေါင်ကို စိုက်ကြည့်ရင်း လှောင်လေသည်။ “ချီလင်၏ မြင့်မြတ်သောခန္ဓာ? ငါ့လက်အောက်ကို လာလိုက်စမ်းပါ။နင့်ကို ပိုသန်မာအောင် ကူညီပေးမယ်!”

နန်ရှောင်ပေါင်သည် မျက်လုံးမှိတ်ထားဆဲ ဖြစ်သည်။သူမသည် အသံကြားပေမယ့် မျက်လုံး ဖွင့်မကြည့်သလို ဘာမှလည်း မတုံ့ပြန်ပါ။

စုယီက အော်လေသည်။ “နင်ကများ ငါ့မိန်းမကို သစ္စာခံခိုင်းရဲတယ်?”

မှင်စာလေး!

လင်းနို့ဧကရာဇ်၏ မျက်လုံးများသည် ချက်ချင်းပင် စူးရှလာကာ သူမ၏ လက်ကို ဖြန့်လိုက်လျှင်ဘဲ နတ်ဆိုးချီများ စုလာကြကာ စုယီနှင့် နန်ရှောင်ပေါင်စီသို့ လင်းနို့ပုံစံပြောင်းကာ တရှိန်ထိုး ဝင်လာသည်။

စုယီ၏ နှုတ်ခမ်းစွန်းလေးသည် သရော်ပြုံးဖြင့် ကွေးညွတ်သွားသည်။

စာယီနောက်ရှိ ရှားထန်ယိ၏ နတ်အရိပ်သည် ချက်ချင်း လှုပ်ရှားတော့သည်။

သူသည် ရှေ့သို့ ခုန်တက်သွားသည်။သူသည် တည်ငြိမ်ကာ ကြမ်းတမ်းသည်။လျှပ်စီးနှုန်းထပ်ပင် ပို၍မြန်သည်။လင်းနို့ ဧကရာဇ် တုန်လှုပ်သွားသည်။

လင်းနို့ဧကရာဇ်သည် သူမ၏လက်ကို လှန်လိုက်ရာ အမြက်ထွက်နေသည့် ဓားကောက်တစ်ချောင်း ထွက်ပေါ်လာသည်။

ရှားထန်ယိ၏ နတ်အရိပ်သည် လင်းနို့ဧကရာဇ်စီ မရောက်သေးခင်မှာပင် သူသည် သူ့ဓားကို အဆက်မပြတ် ဝေ့ယမ်းနေသည်။ဓားချီသည် နေ့အလင်းရောင်ကဲ့သို့ တစ်လောကလုံးကိုပင် လင်းထိန်သွားစေသည်။

“ဘယ်လို ဖြစ်နိုင်…”

လင်းနို့ဧကရာဇ်၏ မျက်လုံးများ ပြူးကျယ်လာကာ သူမ ဘာမှ မတုံ့ပြန်ရသေးခင်မှာပင် ဓားချီသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ ဖောက်ဝင်ကာ သူမအား နှစ်ပိုင်း ပိုင်းလိုက်သည်!

ထို့နောက် ဓားချီသည် အထက်သို့ ပျံတက်သွားကာ မီတာရာချီ ရှည်လျားသည့် တိမ်တိုက်ကြီးများကို ဖြိုခွဲလိုက်သည်။ထိုအခါ ‌မုန်တိုင်းပြီးနောက် ပထမဆုံး ကျရောက်သည့် နေခြည်ပမာ နေရောင်ခြည်သည် ဖြာကျလာသည်။

နတ်ဆိုးမြေခွေး ကြယ်ပွင့်သည် မြို့ကို ဖြတ်နေရင်း ထိုမြင်ကွင်းကို မြင်လိုက်သည့်အခါ မယုံကြည်နိုင်သည့် မျက်နှာမျိုးဖြင့် ပါးစပ် အဟောင်းသား ဖြစ်နေသည်။

ဝူချင်းယောင်၊ မိုဟောင်ရှန့်နှင့် လောရွှေဂိုဏ်း၏ အခြားနောက်လိုက်များပင် ထိတ်လန့်သွားကြသည်။

လင်းနို့ဧကရာဇ်ကို သတ်ဖို့ ဓားတစ်ချက်ဘဲ?

အာ့တာ ဘယ်သူလဲ?

မိုးမျှော်တိုက်၏ ခေါင်မိုးထပ်တွင်။

စုယီသာ် လက်သီးဆုပ်ထားသည်—ရှားထန်ယိက သူ့ကို မလိမ်ခဲ့ဘူးဘဲ!

နောက်ဆုံးအကြိမ်တုန်းက အလွန်ဆုံး ဓားနှစ်ချက်ဘဲလို့ ရှားထန်ယိ ပြောခဲ့သည်။တကယ် မှန်သည်။

ထို့နောက် သူသည် အခြား နတ်အရိပ်တွေကို ရှီဝမ်မြို့အတွင်းမှာ ရှိသည့် နတ်ဆိုးများ၊ မိစ္ဆာများ အကုန်လုံးကို နှိမ်နင်းရန် အမိန့်ပေးလိုက်သည်။တွေးရုံဖြင့် သူ့နောက်ရှိ နတ်ဆိုးအရိပ်စစ်တပ်သည် ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် အမြင့်တစ်နေရာ၌ ရှားထန်ယိ၏ နတ်အရိပ်သည် နောက်ထပ် ဓားချက်ကို ‌ထုတ်လွှတ်လိုက်ရာ ထောင်ချီသော နတ်ဆိုးချီများ ထွက်ပေါ်လာသည်။ယင်းသည် လင်းနို့ဧကရာဇ်၏ခန္ဓာကို အခြေတည်ဝိဉာဉ်အပါအဝင် လုံးဝ ဖျက်စီးပစ်လိုက်ရာ နတ်ဆိုးအမြုတေသာ ကျန်ခဲ့တော့သည်။

စုယီက ၎င်းကို ချန်ထားဖို့ အမိန့်ပေးခဲ့လို့သာ နတ်ဆိုးအမြုတေက ကျန်ရှိခြင်း ဖြစ်သည်။မဟုတ်လျှင် နတ်ဆိုးအမြုတေလည်း ပြာဖြစ်သွားလိမ့်မည်။

စုယီသည် ချက်ချင်း ခုန်ကာ နတ်ဆိုးအမြုတေကို ဖမ်းလိုက်သည်။

ထိုမြင်ကွင်းအား ဝူချင်းယောင်၊ မိုဟောင်ရှန့်နှင့် အခြားသူများက မြင်စွားကာ အသက်ရှု မှားလောက်အောင်ထိ ရှောခ့်ရသွားသည်။

အာ့ဒီ မှော်ဆန်တဲ့အရိပ်က စုယီ လွှတ်လိုက်တာလား?

“ဧကရာဇ်စုက အရိပ်လွှတ်ပြီး ငါတို့ကို ကူညီပေးတာများလား?”

ဝူချင်းယောင်သည် မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။လင်းနို့ဧကရာဇ်လေ။ဒါတောင် ခဏတွင်းချင်း အသတ်ခံရတယ်?

မြို့ပြင်တွင် ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦးသည်လည်း လင်းနို့ဧကရာဇ် အသတ်ခံရပြီး စုယီက နတ်ဆိုးအမြုတေကို ဖမ်းယူလိုက်သည့် မြင်ကွင်းအား မြင်လိုက်သည်။

သူတို့အကြည့်များ ပြောင်းလဲသွားသည်။သူတို့သည် ဆုံးဖြတ်ချက် မှားယွင်းခဲ့မိသည့်အတွက် ရှက်မနေကြဘဲ စိတ်တောင် လှုပ်ရှားနေကြသည်။

စုယီလိုလူမျိုးက ပေးတဲ့ ကျေးဇူးကြွေးက သေချာပေါက် ကြီးမြတ်တဲ့ ဆုလာဘ်တစ်ခုခုသာ ဖြစ်လိမ့်မည်?

ကြီးမြတ်သောဝေ့သည် တစ်ရပ်ရပ်တွင် နိုင်ငံရေးအခက်အခဲတစ်ခု ကြုံတွေ့လာပါက စုယီစီက ပြန် အကူအညီတောင်းနိုင်မည်!

“ဒီလူငယ်လေးက သူက တကယ်ကို အသိအမှတ်ပြုထိုက်တယ်”

“သူက နတ်ဆိုးမျိုးနွယ်မှာ အဓိကပုံရိပ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ငါ ခံစားမိနေတယ်!”

“ဒါတင် ဘယ်ကမလဲ။ သူ့အင်္ကျီလက်ထဲမှာ ထုတ်မပြတဲ့ ဝှက်ဖဲတွေ အများကြီး ရှိသေးတယ်။သူ့ကို ကြီးမြတ်တဲ့ စွမ်းအားတစ်ခု ချီးမြှောက်ထားတာ ဖြစ်လိမ့်မယ်”

“အာ့တုန်းက သူ့ကို ပြန်မတိုက်ခဲ့တာ ကံကောင်းတာဘဲ”

အကြီးအကဲလေးဦးသည် သက်ပြင်းချကုန်သည်။သူတို့သည် ထိန်းမနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်နေကြသည်။

ထိုစဉ် နတ်ဆိုး အရိပ်စစ်တပ်သည် နတ်ဆိုးများကို စတင် သုတ်သင်တော့သည်။

နတ်ဆိုးဘုရင် ချင်းရန်၏ နတ်အရိပ်သည် အလွန်လွှမ်းမိုးနေပါသည်။ သူပေါ်လာတိုင်း မီတာတစ်ရာအတွင်းမှာရှိတဲ့ ဘီလူးတွေအားလုံး တစ်ချိန်တည်းမှာပဲ သေဆုံးကြသည်။

ကျားနက်ဧကရာဇ်၏ နတ်အရိပ်သည်လည်း အစွမ်းကြီးသည်ပင်။သူသည် သူ၏ ခြေဗလာ၊ လက်ဗလာဖြင့် နတ်ဆိုးများကို တစ်စစီ ဆုတ်ဖြဲသည်။

နတ်ဆိုးမြေခွေး ကြယ်ပွင့်၏ နတ်အရိပ်ကတော့ တစ္ဆေတစ်ကောင်လိုပင် အလွန် လျင်မြန်သည်။

မကြာခင်မှာပင် နတ်ဆိုးမြေခွေးကြယ်ပွင့်သည် သူ့ကိုယ်သူ ပြန်တွေ့သွားသည်။

“‌ချီး! အာ့တာ ငါ့ရဲ့ကိုယ်ပိုင်အရိပ်လား?”

နတ်ဆိုးမြေခွေး ကြယ်ပွင့်သည် သူနှင့် တစ်ထပ်တည်းတူသော အရိပ်ကို အသိအမှတ်ပြုသည့်အနေဖြင့် အံ့အားသင့်စွာ အော်ပြောလေသည်။သူသည် ကောင်းကင်နှင့် မြေကြီးကြား အကန့်အသတ်မဲ့ အပူအပင်ကင်းသည့် ခြေလှမ်းများကို ချက်ချင်းသုံးလိုက်သည်။

ကံမကောင်းစွာပင် နတ်အရိပ်သည် သူ့ကို ဂရုမစိုက်ဘဲ သူ့အနားက ဖြတ်သွားလေသည်။သူသည် နောက်က အမြန်လိုက်လာသည့်အခါ ထို နတ်အရိပ်သည် နတ်ဆိုးများကို အမှန်တကယ် လိုက်သတ်နေကြောင်း တွေ့လိုက်ရသည်။

…

All Chapters