← Chapters

ပြိုင်ဘက်ကင်း နတ်ဆိုးစစ်တပ်

Vol. 3 Ch. 40

ပြိုင်ဘက်ကင်း နတ်ဆိုးစစ်တပ်

Vol. 3 Ch. 40

နတ်ဆိုးမြေခွေး ကြယ်ပွင့်သည် နတ်အရိပ်က မိစ္ဆာများကို သတ်နေသည်ကို မြင်သည့်အခါ သူသည် နောက်လှည့်ပြီး မြေပြင်ကို ကြည့်လိုက်သည်။သူ့အမူအရာသည် လုံးဝ မည်းမှောင်နေသည်။သူ့အရိပ်က ဒီမှာ မဟုတ်ဘူးလား?

နောက်ထပ်အရိပ်တစ်ခုက ထွက်လာရတာတုန်း?

ထိုအချိန်တွင် သူသည် ဧကရာ‌ဇ်စုဂိုဏ်း စကားဝိုင်းတွင် ဝူချင်းယောင် ပြောလိုက်သည်ကို မှတ်မိသွားသည်။

ဝူချင်းယောင်: ဒီအရိပ်တွေက ဧကရာဇ်စုရဲ့ နတ်စွမ်းအင်တွေလား?”

ကျားနက်ဧကရာဇ်: အရိပ်တွေ? ဘာအရိပ်တွေတုန်း?

နတ်ဆိုးမြေ‌ခွေး ကြယ်ပွင့်: ဧကရာဇ်စု? ငါ့နှယ်! မထူးဆန်းတော့ပါဘူးကွာ။ ငါ့ရဲ့ခွန်အားတွေ၊ စွမ်းအင်တွေ အကုန်ပိုင်ဆိုင်ထားတဲ့ အရိပ်တစ်ခုကို တွေ့လိုက်တယ်။တကယ့်ကို ငါ့အရိပ်လိုဘဲ!”

ဧကရာဇ်စု: ဟမ် ဒါက ဧကရာဇ်ရဲ့ နတ်စွမ်းအင်ဘဲ။မင်းတို့အားလုံးရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊ ခွန်အားတွေအကုန်လုံးကို ဖန်တီးထားတဲ့ အရိပ်တွေ။ဒီဧကရာဇ်ကို နတ်အရိပ်စစ်တပ်လို့ ခေါ်တယ်။အနာဂတ်မှာ မင်းတို့ အန္တရာယ်ကြုံလာခဲ့ရင်လည်း ငါ သူတို့ကို လွှတ်ပေးမယ်!”

နတ်ဆိုးမြေခွေး ကြယ်ပွင့်: နေပါအုံး! နတ် အရိပ်စစ်တပ်? ဒါဆို လင်းနို့ဧကရာဇ်ကို ခုနက သတ်လိုက်တာက ရှားထန်ယိရဲ့ အရိပ်ပေါ့?

ဓားဝိဇ္ဇာ ရှားထန်ယိ: ငါ့အရိပ်?

သူသည် နောက်တစ်ကြိမ် ထပ်မံ ဟန်ဆောင်လိုက်ပြန်သည်။ထို့နောက် မျက်လုံးဖွင့်ကာ နန်ရှောင်ပေါင်ကို ပြုံးပြရင်း ပြောသည်။ “မျက်လုံး ဖွင့်လို့ရပြီ”

နန်ရှောင်ပေါင်သည် ကြောင်တစ်ကောင်လို ဒေါသတကြီး ခုန်အုပ်ရန် အသင့် ဖြစ်နေသည်။သူမသည် မျက်လုံးဖွင့်ချင်တာ ကြာပြီဖြစ်ရာ သူပြောလိုက်လျှင်ဘဲ ချက်ချင်း ဖွင့်လိုက်သည်။

“ဘာတွေ ဖြစ်သွားတာလဲ?”

နန်ရှောင်ပေါင်သည် မိုးကြိုးတိမ်တိုက်ကြီးတွင် မီတာတစ်ရာခန့် ရှည်လျားသော အပေါက်ကြီးသာ တွေ့ကာ လင်းနို့ဧကရာဇ်၏ အရိပ်အယောင်တောင် မတွေ့ရသဖြင့် အလျင်စလို မေးလိုက်သည်။

စုယီက ပခုံးတွန့်ကာ ပြောသည်။ “မှော်ဆန်ပြီး သန်မာတဲ့ လူတစ်ယောက်က လင်းနို့ဧကရာဇ်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာ။တစ်စက္ကန့်တောင် မကြာလိုက်ဘူး။ငါဆို လက်ညှိုးလေးတောင် မထောင်လိုက်ရတာ”

သူသည် တိုက်ပွဲကို မတိုက်ခဲ့ရသဖြင့် ဝမ်းနည်းနေသည့်ပုံမျိုး ဟန်ဆောင်နေသည်။

“အာ့လိုလား?”

နန်ရှောင်ပေါင်က သူ့အား သံသယအကြည့်နှင့် ကြည့်ကာ လက်ရန်းစီ သွား၍ မြို့ကို ငုံ့ကြည့်လိုက်သည်။

ထိုအချိန်တွင် ရှီဝမ် မြို့သူမြို့သားများ၏ အော်ဟစ်သံများ တိုးတိမ်သွားပြီး နတ်ဆိုးများ၏ အော်သံများ ပိုတိုးလာခဲ့သည်။

နတ် အရိပ်စစ်တပ်သည် ခြောက်ယောက်ဘဲ ရှိသော်ငြား အရာရာကို သုတ်သင်ပစ်နိုင်သည့် လွှမ်းမိုးမှုရှိသည့် စွမ်းအားကို ပြသခဲ့ကြသည်။

နာရီဝက်ဆိုသော အချိန်သည်ပင် ယခုအခါ ကြာနေသလို ခံစားနေရသည်။

စုယီသည် နန်ရှောင်ပေါင်ကို ချီကာ ခုန်ဆင်းပြီး လမ်းပေါ်သို့ ဆင်းသက်ကာ သူမကို မေးသည်။ “လိုချင်တာ တစ်ခုခု ရှိသေးလား?ငါတို့ အမြန်လုပ်ရမယ်။ ငါတို့ မြို့ကနေ ထွက်သွားဖို့ လိုတယ်!”

နန်ရှောင်ပေါင်က ခေါင်းရမ်းသည်။ “ဘာမှ မလိုတော့ဘူး။ငါ ခေတ်မီ လူ့အဖွဲ့အစည်းရဲ့ ပစ္စည်းတွေကို မသုံးတော့ဘူး”

ထိုစကား ကြားသည့်အခါ စုယီက ရယ်‌လိုက်ပြီး နန်ရှောင်ပေါင်၏ လက်ကိုဆွဲကာ မြို့ပြင်သို့ စတင်ထွက်သွားလေတော့သည်။

ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် သူသည် ရုတ်တရက် နောက်လှည့်ပြီး ရှီဝမ်မြို့ကို ကြည့်လိုက်သည်။ယခုအခါတွင် မီးတောက်များ၊ ဖုန်မှုန့်များ၊ အပျက်အစီးများနှင့် ပြည့်နေသည့် မြို့ပျက်ကို ကြည့်ကာ သက်ပြင်းချလေသည်။ “ဒီနာကျင်မှုကို မင်းတို့ မှတ်ထားပြီး ကြိုးစား ကျင့်ကြံကြမယ်လို့ မျှော်လင့်ပါတယ်!”

နန်ရှောင်ပေါင်က သူ့ကိုဆွဲကာ နှစ်သိမ့်လေသည်။ “အာ့အကြောင်းတွေ မတွေးပါနဲ့။မြို့အတွက် ဒီ့ထပ် ပိုကောင်းအောင် မလုပ်နိုင်တော့ဘူးလေ။နင်သာ မရှိရင် ဒီမြို့က ရှိသမျှလူ အကုန်သေတာကြာပြီ”

သူမလည်း ဝမ်းနည်းနေပေမယ့် စုယီက သူ့အသက်ကိုရင်းပြီး ထပ်တိုက်ခိုက်နေမှာကို မကြည့်ရက်တော့ပါ။

သူတို့နှစ်ဦးသည် မြို့မှ အမြန် ထွက်ခွာသွားကြသည်။

တစ်ဖက်မှာတော့ နတ် အရိပ်စစ်တပ်သည် ရှီဝမ်မြို့အတွင်းရှိ နတ်ဆိုးများအားလုံးကို သုတ်သင်ပစ်ကာ မြေကြီးထဲသို့ လျင်မြန်စွာ ဝင်သွားသည်။ပျောက်ကွယ်သွားပြီးနောက် သူတို့သည် နန်ရှောင်ပေါင်နှင့် စုယီ၏နောက်တွင် ပေါ်လာကာ သူတို့နောက်မှ လိုက်လာသည်။နန်ရှောင်ပေါင်ကတော့ သတိမထားမိပါ။

နတ်အရိပ်စစ်တပ် စပေါ်လာချိန်နှင့် တိုက်ပွဲပြီးဆုံးချိန်ကြား ဆယ့်ငါးမိနစ်သာ ကြာသည်။

ထို့ကြောင့် ရှီဝမ်မြို့သည် အသေအပျောက် သိပ်မရှိဘဲ။လူသိန်းချီ ထပ်မနည်း အသက်ရှင်ကျန်ခဲ့သည်။

ကောင်းကင်တွင် မိုးကြိုးတိမ်တိုက်များ ဖုံးလွှမ်းနေသဖြင့် သစ်တောသည် မည်းမှောင်ကာ အုံ့မှိုင်းနေသည်။များစွာသော နတ်ဆိုးများနှင့် မိစ္ဆာများသည် အမှောင်ထဲတွင် ပုန်းကွယ်ရင်း ချောင်းမြောင်းနေကြသည်။ဒီကို လာသည့် မည်သည့်သေမျိုးမဆို ဒူးတုန်အောင် ကြောက်ကြလိမ့်မည်။

“ဒါနဲ့ နင့်အဒေါ်တို့ မိသားစုရော ဘာတွေလုပ်နေကြလဲ?”

စုယီက ဒီမိန်းကလေးက သူမဆွေမျိုးတွေကို တကယ် မေ့နိုင်ရဲ့လားဟု သိချင်၍ မေးလိုက်သည်။

“မန်ထင်ကတော့ သူမရဲ့ သူမတူတဲ့စွမ်းရည်ကြောင့် လောရွှေဂိုဏ်းက ရွေးသွားတယ်။သူတို့က ချွင်းချက်အနေနဲ့ သူမရဲ့မိဘတွေကိုပါ လောရွှေဂိုဏ်းကို ခေါ်ပြီး စောင့်ရှောက်ထားတယ်”

နန်ရှောင်ပေါင်က ပြန်ဖြေလိုက်ရာ စုယီက တစ်စုံတစ်ခုကို သတိရသွားသည်။

နန်ရှောင်ပေါင်က ဒီရက်တွေမှာ တစ်ယောက်တည်း ဖြစ်နေတာပေါ့?

စုယီက အပြစ်ရှိသလို ခံစားလိုက်ရသော်လည်း ဘာမှ ပြန်မပြောဘဲ စိတ်ထဲတွင်သာ မျိုသိပ်ထားလိုက်သည်။

“ဒါဆို ငါတို့ ခု ဘယ်သွားနေတာလဲ?”

သူတို့သည် ရှေးဟောင်းတောအကြောင်း ဘာမှ မသိကြ‌သဖြင့် နန်ရှောင်ပေါင်က စပ်စုကာ မေးလိုက်ခြင်း ဖြစ်သည်။

ထိုစကား ကြားသည့်အခါ စုယီက ပြုံး၍ ပြောသည်။ “ပထမဆုံး လွင်ပြင်တွေစီ သွားကြမယ်။ငါ့ရဲ့ နောက်လိုက်တွေကို စုစည်းဖို့ လိုတယ်လေ”

နောက်လိုက်တွေ?

ချီလင်နယ်မြေက နတ်ဆိုးတွေကို ပြောတာလား?

နန်ရှောင်ပေါင်သည် ချက်ချင်း အမှန်တရားကို မှန်းဆမိသွားသည်။စုယီကလည်း အနာဂတ်မှာ နတ်ဆိုးတွေနဲ့ဘဲ ပေါင်းသင်းဆက်ဆံရမယ်လို့ ပြောခဲ့တယ်မလား။

သူမသာ် ချီလင်နယ်မြေရှိ နတ်ဆိုးများကို အလွန်အမင်း မုန်းတီးခြင်း မရှိပါ။ထိုနတ်ဆိုးများသည် ယခုအချိန်တွင် ရှီဝမ်မြို့ကို လာမဖျက်စီးကြတော့ပါ။

ဒါ့အပြင် ထိုနတ်ဆိုးများသည် စုယီ၏ နောက်လိုက်များပင် ဖြစ်လာတော့မည်။

မကြာခင် သူတို့သည် သစ်တောကို ဖြတ်ပြီး လွင်ပြင်သို့ ရောက်ရှိသွားကာ နတ် အရိပ်စစ်တပ်သည်လည်း ပျောက်ကွယ်သွားသည်။

သူတို့ကို ထပ်သုံးချင်လျှင် တစ်လ ထပ်စောင့်ရပေမည်။

လင်းနို့ဧကရာဇ် ကျရှုံးပြီးနောက် မိုးကြိုးတိမ်တိုက်များလည်း တဖြည်းဖြည်း လွင့်စင်လာသည်။နေရောင်ခြည် အလင်းတန်းများ မြေပြင်ပေါ်သို့ ဖြာကျလာကာ ရှီဝမ်မြို့အတွင်း ငြိမ်းချမ်းခြင်းကို ဆောင်ကြဉ်းလာသကဲ့သို့ တောက်ပကာ နေသည်။

စုယီသည် နန်ရှောင်ပေါင်အား ကျောက်တုံးကြီးတစ်တုံးစီသို့ ခေါ်ဆောင်သွားပြီး ‌၎င်းပေါ်သို့ ခုန်တက်လိုက်သည်။ကျောက်တုံးပေါ်တွင် မတ်တပ်ရပ်ကာ ကောင်းကင်ကို မော့ကြည့်ပြီး ကျယ်လောက်စွာ ကြွေးကြော်လေသည်။သူ၏အသံသည် ကောင်းကင်အောက်တွင် ကျယ်လောင်စွာ အကြာကြီး ပဲ့တင်ထပ်နေသည်။

ရှီဝမ်မြို့မှ ရှင်ကျန်သူ မြို့သူမြို့သားများ သူ့အသံကို ကြားကြသည်။မြို့ထဲရှိ နတ်ဆိုးအားလုံးလည်း သေကုန်ကြပြီ။သူတို့သည် စုယီ၏ ကြိုးစားမှုကို ဝိုင်းဝန်း ကျေးဇူးတင်နေကြသည်။

“ဘုရား ဘုရား၊ ငါတို့ နောက်တစ်ကြိမ် လုံခြုံပြီ…”

“လူ ဘယ်လောက် သေသွားလဲ…နောက်တစ်ကြိမ်ကျ စုယီက ငါတို့ကို ကယ်နိုင်ပါအုံးမလား?”

“ငါတို့ ဒီကနေ ဘယ်သွားကြမှာလဲ?”

“သားဘဲ ကျန်တော့တယ်…ကြောက်တယ်…မေမေ…ဖေဖေ…”

“ဘာလို့ ငါတို့ဘဲ အန္တရာယ် တစ်ခုပြီးတစ်ခု ကြုံနေရတာလဲ!”

စစ်ပွဲသည် အချိန်တိုအတွင်း ပြီးဆုံး‌သွားသော်ငြား မြို့သူမြို့သားများသည် ပျော်မနေကြဘဲ စိတ်ပျက်အားငယ်နေကြသည်။

တစ်ကြိမ်ပြီး တစ်ကြိမ် များပြားလာသော ဆုံးရှုံးမှုများသည် အများစု၏ နှလုံးသားများကို ကွဲကြေစေခဲ့သည်။

ထိုစဉ် ချီလင်နယ်မြေရှိ နတ်ဆိုးများသည် အသံလာရာစီသို့ ဦးတည်ကာ ပြေးလာကြသည်။

“အားလုံးဘဲ မြန်မြန်! ကြီးမြတ်တဲ့ ဘုရင်ကြီးက ငါတို့ကို စုဝေးနေပြီ!”

ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီးက ရှေ့ဆုံးမှ ပြေးသည်။သူသည် ချွန်ထက်သည့် သွားများကို ဒါဇင်ပေါင်းများစွာ စိုက်ထားသည့် သစ်သားတုတ်ကို ဝေ့ယမ်းနေသည်။သူ့နောက်တွင် နတ်ဆိုးများ အုပ်စုလိုက်ကြီး လိုက်ပါလာသည်။အများစုမှာတော့ နတ်ဆိုးအမြုတေပင် မရှိကြသေးပါ။

နန်ရှောင်ပေါင်သည် လွင်ပြင် စတင်တုန်ခါလာတာကို ခံစားမိသည်။ထောင်ချီသော စစ်သားများ ချဉ်းကပ်လာသကဲ့သို့ တုန်ခါမှုသည် ပို၍ ပို၍ ပြင်းထန်လာသည်။

သူမသည် ရုတ်တရက် စိုးရိမ်လာသည်။စုယီက သူမကို ကောက်ချီလာပြီး ကျောက်တုံးပေါ်တင်ကာ သူ၏နောက်သို့ ‌ပို့လိုက်သည်။

“အနာဂတ်မှာ ငါက နတ်ဆိုးဘုရင် ဖြစ်လာလိမ့်မယ်။နင် ဘယ်လိုထင်လဲ?”

စုယီက နန်ရှောင်ပေါင်သည် နတ်ဆိုးများကို မနှစ်မြို့မှာ စိုးရိမ်သဖြင့် ငြင်သာစွာ ပြောလိုက်သည်။

သူသည် ဒြပ်စင်ငါးမျိုးနှင့် သွေးခုန်နှုန်းပြင်းသည့် ခန္ဓာကိုယ်မှန်း ရှာတွေ့ခဲ့သည်။သူသည် နတ်ဆိုးလမ်းစဉ်ကိုသာ ကျင့်ကြံနိုင်သည်။ဤ လမ်းကြောင်းကို လိုက်ရန်သာ ရှိတော့သည်။

သူသည် ကမ္ဘာမြေကို ပြန်ချင်လျှင် ရွှမ်ယွမ်လူသားဧကရာဇ်ကို ရှာတွေ့ရန် လိုအပ်သည်။သို့မဟုတ် ရွှမ်ယွမ် လူသားဧကရာဇ်နှင့် ညီသည့် အဆင့်အတန်းတစ်ခုသို့ ရောက်ရှိရန် လိုသည်။

“ဒါပေါ့ မိုက်တယ်။အာ့လိုဆို နင် ပိုလုံခြုံမှာ”

နှစ်ခါ ပြန်မတွေးဘဲ နန်ရှောင်ပေါင်က ဖြေလေသည်။

စုယီကို နတ်ဆိုးမျိုးနွယ်တွင် တစ်ယောက်ထဲ စွန့်စားခွင့် ပေးလိုက်ခြင်းသည် သူမကို ပိုပြီး စိတ်မသက်မသာ ဖြစ်စေသည်။ထို့ကြောင့် သူမသည် သူ့နောက်သို့ လိုက်ချင်ခြင်း ဖြစ်သည်။

ချီလင်၏ မြင့်မြတ်သောခန္ဓာအဖြစ် ပြန်လည်နိုးထလာပြီးကတည်းက သူမသည် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြင်းထန်လာသည်။အနာဂတ်တွင် သူမသည် စုယီကို သေချာပေါက် ကူညီနိုင်လိမ်မည်ဟု တွေးနေသည်။

ထိုစကား ကြားသည့်အခါ စုယီ၏မျက်နှာသည် ပျော်ရွှင်မှုကြောင့် ပြုံးပျော်လန်းဆန်းလာသည်။

မကြာခင် ပထမဆုံး နတ်ဆိုးအုပ်စုသည် ရောက်လာသည်။ကျောက်တုံးကို ဝိုင်းပက်ကာ မြေပြင်ပေါ်တွင် ဝပ်တွားနေခဲ့သည်။တစ်ပက်ပြီးတစ်ပက် ကျောက်တုံးကို ပက်ထားရာ စုစုပေါင်း နှစ်ရာ သုံးရာခန့် ရှိလောက်မည်။

ခဏအကြာ ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီးသည် အဓိက အင်အားစုနှင့်အတူ ရောက်လာသည်။သူ့အဖွဲ့၏ နတ်ဆိုးအရေအတွက်သည် တစ်သောင်းထပ်ပင် ပိုသည်။

“ဘုရင်ကြီး၊ လင်းနို့ဧကရာဇ် သေပြီလား?”

ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီးသည် လင်းနို့ဧကရာဇ် ပေါ်လာသည်ကို ကြောက်ရွံ့သဖြင့် ရှီဝမ်မြို့အား တုန်လှုပ်စွာ ကြည့်နေရင်း သတိကြီးစွာ မေးလိုက်သည်။

အခြားနတ်ဆိုးများသည်လည်း ကြောက်လန့်ကာ တုန်ရီနေသည်။လင်းနို့ဧကရာဇ်၏ ဖိနှိပ်မှုစွမ်းအားသည် အလွန်အစွမ်းထက်သောကြောင့် ချီလင်နယ်မြေရှိ နတ်ဆိုးများအားလုံး ပူးပေါင်းလျှင်တောင် သူမကို သတ်နိုင်မည် မဟုတ်ပါ။

…

All Chapters