အရှေ့ဘက် စိမ့်တော၏ မြွေဘုရင်
Vol. 3 Ch. 41
“ဟမ် သေပြီ”
စုယီသည် တည်ငြိမ်သည့် အမူအရာဖြင့် ခေါင်းငြိမ့်ပြသည်။လင်းနို့ဧကရီကို သတ်သည့်သူသည် သူဆိုတာတော့ မဖော်ပြခဲ့ပါ။ဖော်ပြလိုက်လျှင် သူ့ကို ပိုအထင်ကြီးမည် ဖြစ်သော်ငြား သူ ပိုပြီး အန္တရာယ် ရှိလာနိုင်သည်။
နတ်ဆိုးများ၏ အကြည့်များ ပြောင်းလဲသွားသည်ကို ကြည့်ကာ သူသည် လိုရင်းကိုပင် ပြောလိုက်သည်။ “ချီလင်နယ်မြေကို ခု လောလောဆယ် စွမ်းအားကြီး အင်အားစုတွေက စောင့်ကြည့်နေကြသည်။ဒီမှာနေရင် အန္တရာယ်က အနှေးနဲ့အမြန် ရောက်လာမှာဘဲ။မကြာသေးခင်က ဖြစ်တဲ့တဲ့ တိုက်ပွဲတွေအကြောင်းကိုတော့ မင်းတို့ကို ပြောပြစရာ မလိူဘူးထင်တယ်—ဟုတ်တယ်ဟုတ်?”
“မင်းတို့ ငါ့နောက်ကို လိုက်မယ်ဆိုရင် ခု ထွက်သွားကြမယ်။ငါ့အကာအကွယ်အောက်မှာ မင်းတို့ အမှုထမ်းရမယ်”
“မင်းတို့ မလိုက်ချင်ရင်လည်း အတင်း မတိုက်တွန်းပါဘူး”
“ငါ ဆယ်ထိ ရေပြီးရင် ထွက်ခွာမယ်။ငါ့နောက် လိုက်ချင်တဲ့သူတွေက တစ်ခါတည်း လိုက်ခဲ့ကြ!”
“ဆယ်!”
စုယီသည် စတင် ရေတွက်သည်။နန်ရှောင်ပေါင်ကတော့ မှင်တက်နေလေသည်။သူမသည် စုယီ အတော်ပြောင်းလဲသွားပြီဟု ထင်သည်။သူသည် တိုက်ပွဲအတွင်း လုံခြုံရေးကို အာမခံကာ ဘီလူးများကို သိမ်းသွင်းနေစဉ်တွင် လွှမ်းမိုးကြီးစိုးသော တည်ရှိမှုကို ပြသနေသည်။
သူမ မြင်ကွင်းထဲတွင် မြင်နေမိသည့် တစ်ဦးတည်းသော ယောကျာ်း!
သူမ၏ ခန့်မှန်းချက်များက ကွက်တိပင်!
နတ်ဆိုးများသည် ချက်ချင်း လှုပ်လှုပ်ရွရွ ဖြစ်ကုန်သည်။ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီးသည် တုံ့ဆိုင်းစွာဖြင့် မျက်တောင်ခပ်နေသည်။
သူသည် ချီလင်နယ်မြေမှ ထွက်မသွားချင်ပါ။သို့သော် စွမ်းအားကြီး အင်အားစုများသည်လည်း မကြာခဏ ချီလင်နယ်မြေကို ရောက်လာကြသည်။သခင်ကြီး ချီယန်တောင်မှ ထွက်ပြေးသွားခဲ့သည်။
သခင်ကြီးချီယန်သည် မလိုအပ်ဘဲ ထွက်ပြေးမည့်လူ မဟုတ်ကြောင်း သူသိသည်။
စုယီသည် ရေတွက်လို့ ပြီးသွားသည်။ထို့နောက် နန်ရှောင်ပေါင်ကို ချီကာ ရှေ့သို့ ခုန်တက်သွားသည်။နတ်ဆိုးအုပ်စုများကို အနောက်တွင် ချန်ထားခဲ့ကာ မြက်ခင်းပြင်၏ အဆုံးစီသို့ လျှောက်သွားလေသည်။
ထိုအရာကို မြင်သည့်အခါ ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီးသည် အံကြိတ်ကာ အော်လေသည်။ “ကလေးတို့ ငါ့နောက်လိုက်ခဲ့ကြ! ဒီမှာဆက်နေရင် အဆုံးသတ်က သေခြင်းဘဲ!”
ထိုသို့ပြောပြီးနောက် သူသည် စတင် လှုပ်ရှားလာသည်။နတ်ဆိုးများသည် သူ့ကို မတားရဲကြဘဲ လမ်းဖယ်ပေးကြသည်။
ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီး၏ ဦးဆောင်မှုအောက်တွင် နတ်ဆိုးများစွာသည် ချက်ချင်း လိုက်သွားသည်။
စုယီသည် လှည့်မကြည့်သော်လည်း ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီး၏ စကားကို ကြားသည့်အခါ မထိန်းနိုင်ဘဲ ပြုံးမိသွားသည်။
ဒီနတ်ဆိုးက အလားအလာ ရှိတာဘဲ!
နန်ရှောင်ပေါင်သည် ခြေသုံးလှမ်း လှမ်းတိုင်း နောက်သို့ လှည့်ကြည့်ကာ စုယီနောက် နတ်ဆိုးမည်မျှ လိုက်လာသလဲဆိုတာ ရေတွက်နေသည်။
စုယီကတော့ ဆက်လျှောက်ဆဲပင်။သူသည် မျက်လုံးများကို မှိတ်ကာ ဧကရာဇ်စုဂိုဏ်း အဖွဲ့ဝင်များ၏ တုံ့ပြန်ချက်များကို ကြည့်နေသည်။
စက္ကန့်အနည်းငယ်အကြာတွင် အံ့ဩသည့် အမူအရာသည် သူ့မျက်နှာတွင် ပေါ်လာခဲ့သည်။သို့သော် သူသည် အမြန် ဖုံးကွယ်လိုက်သည်။
အောက်ပါ သက်ရှိများမှ တစ်ဦးအား ဧကရာဇ်စုဂိုဏ်းအတွင်းသို့ ဖိတ်ခေါ်ပါ:
ဝေ့နန်ထျန်း!
မောကျို့ချင်း!
ထန်ချင်းထျန်း!
လီဟွာဟွင်း!
ဓားနတ်ဆိုး လောကျန်းဟိုင်!
သခင် လီမင်!
…
နောက်ထပ် နာမည် အမျိုးပေါင်း နှစ်ဆယ်ပေါ်လာပြီး စုယီသည် တွေဝေလာသည်။
ရင်းနှီးနေတဲ့ နာမည်အချို့မှလွဲ၍ အခြားနာမည် အသစ်များသည် အလွန်ပင် အထင်ကြီးစရာ ကောင်းသည်။
ကံဆိုးစွာပင် သူသည် စကရင်ကို ပြောင်း၍မရပါ။သူသည် ဧကရာဇ်စုဂိုဏ်း၏ အဖွဲ့ဝင်များကိုတော့ မေးလို့ရသည်။
နောင်တွင် သူသည် ရှေးဟောင်းတော၏ စွမ်းအားများ အကြောင်းကို ပိုမိုသိရှိရန် လိုသည့်ပုံပေါ်သည်။
သူသည် ယခင်က ထူးခြားသည့် စွမ်းအားရှင်များကို လက်လွတ်မခံခဲ့သည့်အတွက် နောက်ပိုင်းတွင် နောင်တမရလောက်ဘူးဟု သူ မျှော်လင့်သည်။
သူသည် အရှေ့ဘက်စိမ့်တော၏ မြွေဘုရင်ကို ရွေးချယ်လိုက်သည်။
ဧကရာဇ်စုဂိုဏ်းအတွင်း နတ်ဆိုးမျိုးနွယ် အရေအတွက် တိုးရတော့မည် အချိန်ပင်။ဒါ့အပြင် သူသည် နတ်ဆိုးမျိုးနွယ်အတွင်း ခြေဆန့်ရတော့မည် ဖြစ်သဖြင့် အရှေ့ဘက်စိမ့်တော မြွေဘုရင်သည် အသုံးဝင်နိုင်လောက်မည်။
မြွေဘုရင်များသည် အလွန်သန်မာသည်!
တစ်ရက်မျာ ၎င်းသည် နဂါးအဖြစ်သို့ ပုံစံ ပြောင်းသွားနိုင်သည်!
နှိပ်လိုက်ပြီးနောက် သူ့စိတ်အာရုံထဲရှိ မြင်ကွင်းသည် ပြောင်းသွားသည်။
ဧကရာဇ်စုသည် အရှေ့ဘက်စိမ့်တော၏ မြွေဘုရင်ကို ဧကရာဇ်စုဂိုဏ်းအတွင်းသို့ ဖိတ်ခေါ်လိုက်ပါသည်!
ကျားနက်ဧကရာဇ်: အရှေ့ဘက်စိမ့်တော၏ မြွေဘုရင်! နောက်ဆုံးတော့ ငါတို့ နတ်ဆိုးမျိုးနွယ်တဲ့ ကြီးမားတဲ့တည်ရှိမှု တစ်ခု ရောက်လာပြီဘဲ!
နတ်ဆိုးမြေခွေး ကြယ်ပွင့်: အရှေ့ဘက်စိမ့်တော၏ မြွေဘုရင်?နဂါးစားတယ်လို့ ကောလဟာလ ထွက်နေတဲ့ နာမည်ဆိုးနဲ့ နတ်ဆိုးလား?
ဓားဝိဇ္ဇာ ရှားထန်ယိ: ငါလည်း ကြာတယ်။အခွင့်အရေးရှိရင် စကားနာ ထိုးသင့်တယ်။
သခင်ကြီးချီယန်: အို၊ ပြိုင်ဘက်ကင်း နတ်ဆိုးဘုရင်။ ငါတို့ နတ်ဆိုးမျိုးနွယ်ရဲ့ မြင့်မြတ်တဲ့ ပြယုဂ်ကြီး။ဟားဟားဟား။ငါ့ဘဝမှာ သုံးကြိမ်တောင် ကံကောင်းဖူးပြီ!
အရှေ့ဘက်စိမ့်တော၏ မြွေဘုရင်: မင်းတို့က ဘယ်သူလဲ? ဘာလို့ ငါ့ စိတ်အာရုံထဲ ရောက်နေတာလဲ?
အချိန်တစ်ခဏအတွင်း ဧကရာဇ်စုဂိုဏ်း၏ အဖွဲ့ဝင်များသည် တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကြသည်။
စုယီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး တိတ်တဆိတ် ကျေနပ်နေခဲ့သည်။အရှေ့ဘက်စိမ့်တော၏ မြွေဘုရင်ကို ရွေးချယ်ခြင်းသည် မမှားယွင်းသည့်ပုံပင်။
ထိုစဉ် သူ့နောက် လိုက်လာသည့် နတ်ဆိုး အရေအတွက်သည် ပိုပိုများလာခဲ့သည်။တစ်ထောင်ပင် ကျော်ပြီဖြစ်သည်။
နတ်ဆိုးများသည်လည်း သန်မာသူ၏ အကာအကွယ်ကို ရရန် လိုသည်။မဟုတ်လျှင် ရှေးဟောင်းတော၌ အသက်ရှင်သန်ဖို့သည် အလွန် ခက်ခဲသည်။
ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီးသည် စုယီဘေးသို့ အလျင်စလို လိုက်ကာ သူ၏လက်များကို ပွတ်သပ်ရင်း တီးတိုးပြောသည်။ “ဘုရင်ကြီး ၊ ကျွန်တော့်အတွက် ဒါက ချီလင်နယ်မြေကနေ ပထမဆုံးအကြိမ် ထွက်ဖူးတာဘဲ။ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံမှရမယ်!”
စုယီသည် ခေါင်းငြိမ့်ကာ ပြောသည်။ “မစိုးရိမ်နဲ့။ ငါ့နောက်သာ လိုက်ခဲ့။ နောက်ကျရင် မင်း ပိုပြီးတောင် သန်မာလာစေရမယ်။နောင်တ မရစေရဘူး!”
ထိုစကား ကြားသည့်အခါ ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီး၏ မျက်နှာပေါ်ရှိ အပြုံးသည် ဂန္ဓမာပန်းကဲ့သို့ ပွက့်လန်းလာသည်။
သူသည် နန်ရှောင်ပေါင်ကို ကြည့်ကာ မေးသည်။ “သူက ဘုရင်ကြီးရဲ့ ကြင်ယာတော်လား? ခုကစပြီး သူမကို ဘုရင်မလို့ ခေါ်မယ်။ဘုရင်ကြီးက အရမ်းစွမ်းအားကြီးတာ ကျွန်တော် သိတယ်။တစ်နေ့မှာ သူက ကြီးမားကျယ်ပြောတဲ့ နတ်ဆိုးနိုင်ငံကို ထူထောင်နိုင်လိမ့်မယ်”
ဘုရင်မ?
ထိုစကား ကြားသည့်အခါ နန်ရှောင်ပေါင်မျက်လုံးများ အရောင်တောက်လာပြီး လက်ခုပ်လက်ဝါး တီးတော့သည်။ “မင်း ဝက်ဝံဘုရင်က စကားပြောတတ်သားဘဲ။ မဆိုးဘူး မဆိုးဘူး!”
“ဒါပေါ့။ ဘုရင်မက အရမ်းလှတယ်။ဘုရင်ကြီးကသာ သင်နှင့် ထိုက်တန်ပါတယ်။ကောင်းကင်နှင့် မြေကြီးက ဖန်တီးထားတဲ့ စုံတွဲလိုဘဲ!”
“သေချာတာပေါ့”
“ဒါတင် ဘယ်ကမလဲ။ဘုရင်မလေးက အသိပညာလည်း ကြွယ်တယ်၊ ဉာဏ်လည်း ရှိတယ်၊ အကျင့်သီလလည်း ကောင်းမွန်တယ်!”
“ဟမ်း ဆက်ပြော…”
“...”
ဝက်ဝံဘုရင်ကြီးသည် နန်ရှောင်ပေါင် ပိုကျေနပ်စေဖို့ အဆုံးမရှိ မြှောက်ပင့်ပေးလိုက်သည်။
စုယီသည် ခေါင်းရမ်းကာ ပြုံးနေသည်။ထို့နောက် မျက်လုံးများကို ပြန်မှိတ်ကာ ဧကရာဇ်စုဂိုဏ်းအတွင်းရှိ စကားပြောဝိုင်းကို ပြန်ကြည့်လိုက်သည်။
ထိုအချိန်တွင် ကျားနက်ဧကရာဇ်သည် ဧကရာဇ်စုဂိုဏ်း၏ စည်းမျဉ်းများကို အရှေ့ဘက်စိမ့်တော မြွေဘုရင်အား ပြောပြနေသည်။နတ်ဆိုးမြေခွေးကြယ်ပွင့်ကတော့ နတ်အရိပ်စစ်တပ် အကြောင်းနှင့် ဧကရာဇ်စုအကြောင်းကို ကြွားလုံးထုတ်နေသည်။
အရှေ့ဘက်စိမ့်တော၏ မြွေဘုရင်: မင်းပြောတာသာ အမှန်ဆို ဒီကမ္ဘာမှာ ဧကရာဇ်စုကို ယှဉ်နိုင်တဲ့သူ ရှိမှာတောင် မဟုတ်ဘူး
ကျားနက်ဧကရာဇ်: တကယ်ပြောတာ။ဧကရာဇ်စုက ဒီကျင့်စဉ်တွေတောင် မဟုတ်တော့ဘူး။သူက မသေမျိုးနတ်ဘုရားတောင် ဖြစ်နေလောက်ပြီ
နတ်ဆိုး မြေခွေးကြယ်ပွင့်: ဧကရာဇ်စုက ငါတို့ကို အတွေးနဲ့တင် သတ်လို့ရတယ်ကွ!
သခင်ကြီးချီယန်: ဒါတင်မကဘူး။တစ်စုံတစ်ယောက်ရဲ့ သေခြင်း၊ရှင်ခြင်းက ဧကရာဇ်စုရဲ့ အတွေးထဲမှာဘဲ ရှိတာပါဆို
အရှေ့ဘက်စိမ့်တော၏ မြွေဘုရင်: ချဲ့ကားမပြောလို့ မရဘူးလားကွာ?
စုယီသည် ပြောစရာမဲ့စွာ ကြည့်နေခဲ့သည်။ကြီးမြတ်သော တာအိုဆက်သွယ်ရေးစက်၏ ဖိအားသည် ဧကရာဇ်စုဂိုဏ်း၏ အဖွဲ့ဝင်များကို တကယ်ကြောက်သွားစေပြီး ဧကရာဇ်စု၏ လွန်ကဲသည့် စွမ်းအားကို ယုံကြည်စေခဲ့သည်။
အရှေ့ဘက်စိမ့်တော်၏ မြွေဘုရင်သည် ဂိုဏ်းကိုပါဝင်ခြင်းအတွက် ပေးရသည့်ပဏ္ဏာကို ပေးရန် တုံ့ဆိုင်းနေသဖြင့် စုယီက ဝင်ပြောရသည်။သူသည် သူ့အမူအရာကို ပြင်ကာ စိတ်တိုသည့်ပုံစံ ဟန်ဆောင်လိုက်သည်။
ဧကရာဇ်စု: ခုက ဂိုဏ်းကို ပူးပေါင်းတဲ့အတွက် ပဏ္ဏာဆက်ရမယ့် အချိန်။ခုကစပြီး ဧကရာဇ်စုဂိုဏ်းရဲ့ တည်ရှိမှုကို ထုတ်မပြောရဘူး။ဂိုဏ်းသားများနဲ့လည်း ရန်မဖြစ်ရဘူး။ငါ သိခဲ့ရင် ငါကိုယ်တိုင် သုတ်သင်ပစ်မယ်!
အရှေ့ဘက်စိမ့်တော၏ မြွေဘုရင်: ဒီဖိအားက…ဘယ်လိုလုပ် ဖြစ်နိုင်…
ကျားနက်ဧကရာဇ်: ဧကရာဇ်စု! ကျွန်တော်တို့ တကယ် လိုက်နာပါ့မယ်! ကျေးဇူးပြုပြီး ဖိအားမပေးပါနဲ့လား!
နတ်ဆိုးဘုရင် ချင်းယန်: တော်ပါတော့! ငါ သေရမလို ရှင်ရမလို ဖြစ်နေပြီ…
ဓားဝိဇ္ဖာ ရှားထန်ယိ: ဧကရာဇ်စု ကျေးဇူးပြုပြီး စိတ်လျှော့ပါ…
…
ဧကရာဇ်စုဂိုဏ်း၏ အဖွဲ့သားများအားလုံး တုန်လှုပ်နေကြသည်။စုယီသည် သူတို့ကို မခက်ခဲစေချင်သဖြင့် သူ၏ခံစားချက်ကို အမြန် ပြန်ချုပ်တည်းလိုက်သည်။
ထိုအချိန်တွင် စုယီသည် သူ့လက်ထဲ၌ အနက်ရောင် ဝတ်ရုံတစ်ထည် ရောက်နေသည်ကို တွေ့လိုက်သည်။၎င်းအား အနက်ရောင် အကြေးခွံများနှင့် ဖုံးအုပ်ထားကာ သတ္တုထည်လိုမျိုး တောက်ပြောင်နေသည်။
ယင်းမှာ အရှေ့ဘက်စိမ့်တော မြွေဘုရင် ဆက်သသည့် အနက်ရောင် ကျောင်းဘုရင် ဝတ်ရုံဟု ခေါ်သည်။ကန့်သတ်ထားသည့် အလွှာများ ထည့်သွင်းထားကာ တိုက်ခိုက်မှုများကို ကာကွယ်သည့်အပြင် မြွေဘုရင်၏ဖိအားကိုပါ အလိုအလျောက် ထုတ်ပေးသည်။
မကြာခင် နန်ရှောင်ပေါင်နှင့် ကျောခရမ်းရောင် ဝင်ဝံဘုရင်တို့သည် ထို အနက်ရောင်ဝတ်ရုံကို မြင်သွားကြသည်။
“အဲ့ဒါက…ဝတ်ရုံတော်လား?”
ကျောခရမ်းရောင် ဝက်ဝံဘုရင်၏ မျက်လုံးများ ပြူးကျယ်နေသည်။သူသည် သူ့ဘဝ၏ ပထမသက်တမ်းတစ်ဝက်အား ချီလင်နယ်မြေတွင် ကုန်ဆုံးခဲ့သည်။သူသည် သခင်ကြီးချီယန်၏ ဝတ်လုံတော်ကိုဘဲ မြင်ခဲ့ဖူးသည်။
စုယီသည် အနက်ရောင် ကျေားဘုရင်ဝတ်ရုံကို ချက်ချင်း သူ့ကိုယ်ပေါ်သို့ ခြုံလိုက်သည်။ထိုအခါ သူ့အသွင်အပြင်သည် ပြောင်းလဲသွားသည်။သူ့နောက်ရှိ နတ်ဆိုးများသည် သူ့ပုံစံကို ကြည့်ရင်း ဖော်ပြမရနိုင်အောင် အံ့ဩနေကြသည်။
“အတော်လေး အဆင်ပြေသားဘဲ!”
စုယီသည် ကျေနပ်စွာ ပြုံးနေရာ နန်ရှောင်ပေါင်က မှတ်ချက်ပေးလေသည်။ “အရမ်း ခန့်ညားတာဘဲ။ဒါပေမယ့် နင့်ဆံပင်တွေ ပိုရှည်ရင်တော့ နည်းနည်း ပိုကောင်းမယ်ထင်တယ်”
“နောက်ကျရင် ရှည်လာမှာပေါ့ဗျာ”
စုယီသည် သူမကို ပြုံးပြကာ နောက်သို့ လှည့်ကြည့်သည်။ကြည့်ရုံဖြင့်ပင် သူ့နောက်ရှိ နောက်လိုက်နတ်ဆိုးများသည် သုံးထောင်ပင် ကျော်နေပြီဖြစ်ကြောင်း သိနိုင်သည်။
…