← Chapters

ဘုရင် အိုက်ရှာ

Vol. 3 Ch. 42

ဘုရင် အိုက်ရှာ

Vol. 3 Ch. 42

ရှီဝမ်မြို့သူမြို့သားများသည် စုယီ ထွက်ခွာသွားသည်ကို သတိမပြုမိကြပါ။စုယီ ထွက်ခွာပြီး ဒုတိယမြောက်နေ့တွင် ထူးချွန်သည့်စွမ်းရည် ရှိသူများသည်လည်း အဖွဲ့များခွဲကာ ထွက်ခွာသွားကြသည်။

ရှီဝမ်မြို့တွင် နေခြင်းသည် အဆုံးသတ်မလှလောက်ဟု သူတို့အားလုံး တွေးကြသည်။ထို့သို့ဖြင့် ရှီဝမ်မြို့၏ လူဦးရေသည် နည်းပါးလာခဲ့ကာ ကျန်ရှိသူများသည်လည်း ပိုမို စိုးရိမ်လာတော့သည်။

ရှီဝမ်မြို့တွင် လူဦးရေ များစွာရှိသော်ငြား အများစုများ ပျမ်းမျှ ကျင့်ကြံရေးအဆင့်သာ ရှိကာ စုယီလို ခန္ဓာမျိုးလည်း များစွာရှိသည်။ဒြပ်စင်ငါးခုနှင့် သွေးခုန်နှုန်းပြင်းသည့် ခန္ဓာသာမက ဒြပ်စင်ငါးခုရောနေသည့် ဝိဉာဉ်ရင်းမြစ်များသည် ကျင့်ကြံဖို့အတွက် ပါရမီ မပါကြပါ။ထို့ကြောင့် သူတို့သည် မြို့ကနေ မထွက်ခွာရဲကြပေ။

ထန်ချွမ်မင်၏ လူယုံတော် ကျန်းယိချန်သည်လည်း မြို့မှ ထွက်ခွာသွားသည်။ထန်ချွမ်မင်ကတော့ ထပ်မသွားပါ။သူသည် ရှီဝမ်မြို့ ဘာဖြစ်လာပါစေ သူ ထွက်မသွားဘူးဟု ကျိန်ဆိုထားသည်။

လင်းနို့ဧကရီ သေဆုံးသည့်သတင်းသည် စတင် ပျံ့နှံ့လာသည်။

ဧကရာဇ်စုဂိုဏ်းထဲတွင် မပြီးနိုင် မဆုံးနိုင် ဆွေးနွေးနေကြသည်။

အရှေ့ဘက်စိမ့်တော၏ မြွေဘုရင်: လင်းနို့ဧကရီ? ကျွတ် ကျွတ် ဥရောပတိုက်မှာ နာမည်ကြီးတဲ့ အမျိုးသမီး နတ်ဆိုးလား? သူမက အရသာရှိတယ်လို့ ပြောကြတယ်။နှမျောစရာဘဲ

ကျားနက်ဧကရာဇ်: အစ်ကိုကြီး သူ့အကြောင်း သေချာသိလား?

နတ်ဆိုးဘုရင် ချင်းယန်: လင်းနို့ဧကရီက နတ်ဆိုးမျိုးနွယ်ရဲ့ နတ်ဆိုးဘုရင်ကြီး များစွာနဲ့ မရှင်းမရှင်းတွေ။ကြာတော့ ကြာခဲ့ပါပြီ

နတ်ဆိုးမြေခွေး ကြယ်ပွင့်: အဲ့ဒီ နတ်ဆိုးဘုရင်ကြီးတွေက နတ်အရိပ်စစ်တပ်နဲ့ တိုက်ကြမှာလား?

ဝူချင်းယောင်: မှော်မြို့က ထပ်ပြီး တောင့်ခံနိုင်ပါ့မလား?

စုယီသည် သူတို့စကားပြောဝိုင်းကို တိတ်တဆိတ် ကြည့်ရင်း ငါးထောင်သော နတ်ဆိုးများကို တစ်တောင်ပေါ် တစ်တောင်တက်ကာ ဦးဆောင်လာခဲ့သည်။

လမ်းတွင် ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီးသည် ပုံစံပြောင်း နတ်ဆိုး သုံးကောင်ကို စည်းရုံးခဲ့သည်။သူတို့ ကိုယ်ပိုင်နောက်လိုက်များ အပါအဝင် စုစုပေါင်း ငါးထောင်ပင် ကျော်သည်။အကြမ်းဖျင်းအားဖြင့် အမျိုးမျိုးသော စွမ်းအားအဆင့်တွေ ရှိသည့် နတ်ဆိုးစစ်တပ် အသေးစားလေးနှင့် တူသည်။

နတ်ဆိုးစစ်တပ်သည် ကြီးကျယ် ခမ်းနားစွာ ချီတက်လာရာ လမ်းတစ်လျှောက်တွင် မည်သည့်နတ်ဆိုးကမှ သူတို့အား မနှောင့်ယှက်ရဲကြပေ။

နောက်တစ်ရက် နေဝင်ချိန်ထိ သူတို့သည် ခရီးဆက်ကာ ချီလင်နယ်မြေ အဆုံးသို့ ထွက်ခွာကြသည်။စုယီက သူ၏ ထူးကဲသာလွန်သည့် စွမ်းအားကို ပြသလိုက်ရာ ပုံစံပြောင်း နတ်ဆိုးသုံးကောင်သည် ဘာလှည့်ကွက်မှ မကစားရဲဘဲ အစကတည်းကပင် အရမ်း ရိုးသားကြသည်။

“ဘုရင်ကြီး ကျွန်တော်တို့ ခရီးဆုံးက ဘယ်လဲ?”

ပုံစံပြောင်း နတ်ဆိုးတစ်ကောင်က မေးသည်။သူသည် ကျောက်ဖြူ နောက်လိုက်ခွေးဘုရင်ဟု အမည်ရှိသည့် ခွေးနတ်ဆိုးတစ်ကောင် ဖြစ်သည်။ခွေး၏နားရွက်နှင့် နှာခေါင်းရှိကာ ခွေးမွှေးထည်ကို ဝတ်ဆင်ထားသည်။သူ၏စွမ်းအားမှာ အတော်အသင့် ရှိသည်။

စုယီသည် တွေးဆသည့် ပုံစံဖြင့် ပြန်ပြောလိုက်သည်။ “မြတ်သောနယ်မြေမှာ နေတာ အကောင်းဆုံးဖြစ်မယ်။ငါတို့နေဖို့အတွက်လည်း သင့်တော်တယ်”

“ဖုန်းဆိုးမြေ ငါးခုနဲ့ နယ်မြေဆယ်ခုရဲ့ နေရာတိုင်းမှာ နတ်ဆိုးဘုရင်တွေနဲ့ နတ်ဆိုးဧကရာဇ်တွေက အပိုင်စားယူထားတာ။ ခက်မယ်ထင်တယ်”

ဆင်ရိုင်းခွေ့ဟု ခေါ်သည့် နောက်ပုံစံပြောင်း နတ်ဆိုးတစ်ကောင်က ဝင်ပြောလိုက်သည်။

ကျောခရမ်းရောင် ဝက်ဝံဘုရင်ကတော့ အသံတိတ်နေသည်။သူသည် ထို ပုံစံပြောင်းနတ်ဆိုးသုံးကောင်ထပ် ပို၍ သန်မာသော်ငြား ချီလင်နယ်မြေကနေ တစ်ခါမှ မထွက်ခွာဖူးသဖြင့် အပြင်လောကအကြောင်းကို အနည်းငယ်သာ သိလေသည်။ထို့ကြောင့် သူသည် ဝင်ပြောရမှာ ရှက်နေခဲ့သည်။

ချီထျန်းယိဟုခေါ်သည့် နောက်ပုံစံပြောင်း နတ်ဆိုးတစ်ကောင်မှာ စကားနည်းသည်။သူသည် အနီရောင် သိမ်းငှက် ဖြစ်သည်။သူသည် တခြားဒေသမှ ထွက်ပြေးကာ သခင်ကြီးချီယန် ခေါ်‌လာသဖြင့် ချီလင်နယ်မြေစီသို့ ရောက်လာခြင်း ဖြစ်သည်။

“လင်းနို့ဧကရီက သေပြီ။သူမရဲ့ မိတ်ဟောင်းတွေက သူမအတွက် လက်‌စားချေဖို့ ကျိန်းသေ ရောက်လာမှာ။တောင်ပေါ်မှာ အခြေချမယ်ဆိုရင် ဒီနရာနဲ့တော့ ဝေးမှရမယ်” ကျောက်ဖြူ နောက်လိုက်ခွေးဘုရင်က ပြောသည်။

စုယီနှင့် အခြားနတ်ဆိုးများက သူ့စကားကို ထောက်ခံသည်။

“သင့်တော်တဲ့နေရာ မတွေ့မချင်း အရှေ့ဘက်ကို ဦးတည် ချီတက်ကြမယ်”

စုယီက ဆုံးဖြတ်ချက် ချလိုက်သည်။သူသည် ပြောရင်း နန်ရှောင်ပေါင်အား နူးညံ့စွာ ပြုံးပြသည်။

ရှေးဟောင်းတောတွင် သူတို့သည် အသက်ရှင်နိုင်ရန် တစ်ဦးကိုတစ်ဦး မှီခိုကြရမည်။

နန်ရှောင်ပေါင်သည် ကြောက်လန့်ရမည့်အစား စိတ်လှုပ်ရှားနေသည်။

ကျောခရမ်းရောင် ဝက်ဝံဘုရင်က အော်လိုက်သည်။ “ငါ့နောက်လိုက်တွေ ဘုရင်ကြီးအတွက် အဆိပ်မရှိတဲ့ သစ်သီးတွေ လူစုခွဲပြီး ရှာကြ။ဝေးဝေးတော့ မသွားကြနဲ့။ရန်သူ လာတိုက်ခဲ့ရင် တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ကြ!”

“ဟုတ်ကဲ့!”

ပတ်ပတ်လည်ရှိ နတ်ဆိုးများက တစ်ညီတစ်ညွတ်တည်း ပြန်ဖြေသည်။ထိုအချိန်တွင် သူတို့သည် တောင်များကြားတွင် ခရီးသွားနေခြင်း ဖြစ်သည်။မျက်လုံးများ မြင်နိုင်သလောက် ကြည့်လိုက်လျှင်တောင် တောတောင်များနှင့် လျှိုမြောင်များသာ တွေ့ရသည်။‌တောင်စောင်းများနှင့် ချိုင့်ဝှမ်းများ ရှိသည့် သစ်တောငယ်များလည်း ရှိသည်။

ကျောခရမ်းရောင်၏ နောက်လိုက် နတ်ဆိုးတစ်ထောင်သည် တစ်နေရာစီ ကွဲထွက်သွားသည်။

နောက်လိုက်နတ်ဆိုး အများအပြား ရှိလာပြီး အဆင်ပြေလာသည့်အခါ စုယီသည် လူတွေက ပါဝါကို ဘာကြောင့် မက်မောကြလဲဆိုတာ နားလည်သွားသည်။

ခရီးက ပျော်စရာကောင်းသည်။ပေါင်းစည်းလာကြသည့် နတ်ဆိုးများသည် မနှောင့်ယှက်ရဲကြသလို စုယီ၏ အုပ်ချုပ်မှုကိုလည်း နာခံသည်။

တိုက်ပွဲ တစ်ခုပြီးတစ်ခု နတ်ဆိုးအားလုံးသည် ပိုမိုယုံကြည်လာကြပြီး စုယီကိုလည်း ကြည်ညိုလေးစားလာကြသည်။

မှော်နတ်ဆိုးဘုရင်ဂိုဏ်းမှ လာသည့် နတ်ဆိုးကြီးများကိုတောင် စုယီက တစ်စစီ စုတ်ဖြဲပစ်လိုက်သည်။

ဤသို့ဖြင့် ငါးရက်တာ ကုန်ဆုံးသွားသည်။

ညတိုင်း စုယီသည် လင်းနို့ဧကရီ၏ နတ်ဆိုးအမြုတေကို စုပ်ယူသည်။ငါးညတာ ကုန်ဆုံးပြီးနောက် အကုန် စုပ်ယူပြီးသွားခဲ့သည်။သူ့စွမ်းအားသည် နဂါး တစ်ရာ့ကိုးဆယ်အထိ ရောက်ရှိသွားကာ သူ့သွေးချီသည် နတ်ဆိုးများကို ထိတ်လန့်သွားစေသည်။

စုယီစုပ်ယူနေသည့် နတ်ဆိုးအမြုတေမှာ လင်းနို့ဧကရီ၏ဟာမှန်း သိလိုက်ကြသောအခါ အလွန် ကြောက်ရွံ့သွားကြသည်။

နတ်ဆိုးမျိူနွယ်တွင် လင်းနို့ဧကရီသည် အတော်လေး နာမည်ကြီးသည်။

တစ်ရက်တွင် စုယီသည် နတ်ဆိုးများကို တောင်ကြားထဲသို့ ဦးတည် ခေါ်ဆောင်သွားသည်။လမ်းတစ်လျှောက်တွင် နတ်ဆိုးများကို ပိုမိုစုစည်းလာခဲ့သည်။သူ့နောက်လိုက်သည့် နတ်ဆိုးအရေအတွက်သည် ရှစ်ထောင်လောက်ပင် ရောက်ရှိပြီဖြစ်ကာ ပုံစံပြောင်း နတ်ဆိုး နောက်ထပ် နှစ်ကောင်လည်း ပါဝင်လာသည်။

“ဘုရင်ကြီး ဒီနေရာမှာ နတ်ဆိုးချီက အရမ်းပြင်းတယ်။ကျွန်တော်တို့ ဂရုစိုက်မှရမယ်”ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီးက သတိပေးလိုက်သည်။သူသည် မောက်မာပြီး အထိန်းအကွပ်မဲ့သယောင် ထင်ရသော်ငြား ချီလင်မြေမှ ထွက်လာပြီးကတည်းက အလွန် သတိကြီးကြီး ထား‌သည်။ရိုင်းရိုင်းပြောရလျှင် သူသည် ငကြောက်သာ ဖြစ်သည်။

စုယီသည် ခေါင်းငြိမ့်လိုက်ပေမယ့် သူသည် အန္တရာယ်ကို အာရုံမခံမိသဖြင့် ဖာသိဖာသာပင် နေလိုက်သည်။

တောင်ကြားထဲသို့ ဘီလူးရှစ်ထောင် ဝင်ရောက်လာသည့်အခါ အကုန် တွန်းတိုက်ကုန်ကြသည်။နတ်ဆိုးများသည် အကုန် အရွယ်အစားကြီးကြရာ သေးငယ်တဲ့နတ်ဆိုး မရှိပါ။

ချိုင့်ဝှမ်းထိပ်ရှိ ချောက်ကမ်းပါးပေါ်ရှိ စာငှက်တစ်ကောင်သည် အောက်သို့ ငုံ့ကြည့်နေသည်။သူ့မျက်လုံးများသည် ဆန်စေ့အရွယ်သာ ရှိပြီး နတ်ဆိုးများကို စိုက်ကြည့်နေသည်။တစ်ခါတစ်ရံတွင် သူ၏မျက်လုံးများထဲမှ အနီရောင်အလင်းတန်းများ ထွက်လာသည်။

သူသည် တောင်ပံဖြန့်ကာ အဝေးသို့ ပြေးထွက်သွားသည်။မကြာမီတွင် အဝေးတစ်နေရာ၌ ပျောက်ကွယ်သွားတော့သည်။

နေရောင်သည် တောက်ပနေသည်။တောင်ကြားသည် ကျယ်ဝန်းသော်လည်း လမ်းတစ်လျှောက်သည် ပျက်စီးနေကာ ရှေ့သို့ မျှော်ကြည့်လျှင် မည်သည့်အတားအဆီးမျှ မရှိပါ။

“အာဝူးးးးး—”

သုတိ့သည် တောင်ကြားအလယ်တွင် စခန်းချသည့်အခါ အပေါ်မှ မြေခွေးအူသံကို ကြားလိုက်ရသည်။၎င်းသည် နတ်ဆိုးများကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

မီတာတစ်ရာခန့် မြင့်မားသည့် ချောက်ကမ်းပါးထိပ်တွင် အနက်ရောင် မြေခွေးတစ်ကောင်ကို မြင်လိုက်ကြသည်။ချွန်ထက်သည့်သွားများဖြင့် ပြည့်နေသော ပါးစပ်ကြီးဖြင့် ကောင်းကင်ကို မော့ကြည့်ကာ အူနေခဲ့သည်။ခန္ဓာကိုယ်မှာ ငါးမီတာခန့် မြင့်ကာ ခြေလက်များမှာ ကြံ့ခိုင်သန်မာသည်။

သူ့အူသံ ပျံ့သွားသည့်အခါ နတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် ချောက်ကမ်းပါး၏ တစ်ဖက်တစ်ချက်စီတွင် ပေါ်လာသည်။အများစုမှာ မြေခွေးနတ်ဆိုးများဖြစ်ပြီး ကျားများ၊ ကျားသစ်များ၊ ဝက်ဝံများနှင့် ခွေးများဖြစ်သည်။အကုန်လုံးသည် အောက်သို့ ခက်ထန်စွာ ကြည့်နေကြသည်။

“ဒါ ခြုံခိုတိုက်ခိုက်တာဘဲ!”

ကျောခရမ်းရောင် ဝက်ဝံဘုရင်သည် သူ့လက်ကိုင်တုတ်ကို အလျင်အမြန် ကောက်ကိုင်ကာ တိုက်ပွဲအတွက် အသင့်ပြင်သည်။

“ငါတို့က ဖြတ်သွားရုံသပ်သပ်ဘဲ။မင်းတို့နယ်မြေကို သိမ်းပိုက်ဖို့ စိတ်ကူးမရှိဘူး” ကျောက်ဖြူ နောက်လိုက်ခွေးဘုရင်ကြီးက ပြောသည်။

နတ်ဆိုးများသည် ၎င်းတို့၏နယ်မြေကို ထိန်းသိမ်းရန် ဆန္ဒပြင်းပြနေကြသည်။လမ်းတစ်လျှောက်လုံးတွင်လည်း နယ်မြေသိမ်းချင်တာလားဟု အထင်လွဲတာများ ရှိခဲ့သော်လည်း ကျေးဇူးတင်စရာကောင်းသည်မှာ ရှင်းပြရုံဖြင့် ပဋိပက္ခများကို ရှောင်ရှားနိုင်ခဲ့သည်။

ဒါ့အပြင် သူတို့သည် တောင်ကြားရှိ ချိုင့်ဝှမ်းထဲမှာ ဖြစ်သဖြင့် ဗျူဟာအရ အားနည်းနေသည်။တိုက်ဖို့ရန် နေရာကောင်း မဟုတ်ပါ။

“ဟား ငါတို့က မင်းကို စားချင်တာကွ!”

ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးဘုရင်၏ လှောင်ပြောင်သံသည် ထွက်ပေါ်လာသည်။သူသည် သုံးကျန်းလောက် မြင့်ကာ ချောက်ကမ်းပါးထိပ်မှနေ၍ အောက်သို့ ငုံ့ကြည့်နေသည်။

ဤနတ်ဆိုးဘုရင်သည် လူသားပုံစံ ရှိသော်ငြား သူ၏ စိမ်းသောမျက်နှာ၊ ကျဲနေသော သွားနှင့် ကျယ်ပြန့်သော ကြွက်သားများသည် သူ့ပုံစံကို ထင်ရှားစေသည်။ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသော သူ၏မျက်လုံးများသည် အောက်ရှိ နတ်ဆိုးအားလုံးကို ကိုက်စားမည့် သူ၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသနေသည်။

“ဒီကောင်က သန်မာတယ်။သေချာပေါက် နတ်စွမ်းအင်နဲ့ နတ်ဆိုးဘုရင်ဘဲ!”

အမြဲလိုလို တိတ်ဆိတ်နေတတ်သည့် ချီထျန်းယိက ရုတ်တရက် အချက်တစ်ခုကို ထောက်ပြလိုက်သည်။ “သူက သခင်ကြီးချီယန်ထက်တောင် သန်မာနိုင်တယ်”

“ဘာလို့ကြောက်နေမှာလဲ? သူတို့က ငါတို့လောက်မှ အင်အားမများတာ”

နန်ရှောင်ပေါင်သည် သူတို့မှာ စုယီ ရှိသည်ဟု မပြောဘဲ ပြတ်သားစွာ လက်ခါပြရင်း ပြောသည်။

သူမ ထိုသို့ပြောပြီး မကြာခင် ချောက်ကမ်းပါးစွန်း၏ နှစ်ဖက်လုံးတွင် နတ်ဆိုးများ ပိုပိုများလာသည်။

“မှတ်ထားကြ။မင်းတို့ကို စားသောက်တည်ခင်းမယ့်သူက ဘုရင်အိုက်ရှာတဲ့ကွ!”

နတ်စွမ်းအင် နတ်ဆိုးဘုရင်ကြီးသည် ရိုင်းစိုင်းစွာ ရယ်လိုက်သည်။သူ့အသံ ထွက်လာတယ်ဆိုလျှင်ဘဲ ချောက်ကမ်းပါးစွန်း နှစ်ဖက်ရှိ နတ်ဆိုးများသည် ထူးဆန်းစွာ ကြွေးကြော်ကြ ၊ အော်ဟစ်ကြသည်။စားသောက်ပွဲကြီး တည်ခင်းရတော့မည့်အတိုင်းပင် အရိုင်းဆန်စွာ စိတ်လှုပ်ရှားနေကြသည်။

…

All Chapters