← Chapters

အခန်း (၂၂၆)

Vol. 16 Ch. 226

အခန်း (၂၂၆)

Vol. 16 Ch. 226

ရုတ်တရက် မောက်မာသော အသံကြောင့် ရင်ပြင်မှ လူအားလုံးသည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။

ရင်ပြင်အလယ်ရှိ မြင့်မားသော စင်မြင့်ပေါ်တွင် ခရမ်းရောင်ဆံပင်နှင့် ကောင်လေးတစ်ယောက်က လက်ပိုက်ပြီး ရပ်နေ၏။

သူ့တစ်ကိုယ်လုံးတွင် အရှိန်အဝါများသည် ဖုံးဖိမရစွာ ထွက်ပေါ်နေခဲ့သည်။

"ဝိုး.. ပထမဆုံး စင်ပေါ်တက်လာတဲ့ ကျောင်းသားသစ်က နဂါးစာရင်းက ကျောင်းသားကိုတောင် စိန်ခေါ်ရဲတယ်လား.. ဒီနှစ် ကျောင်းသားသစ်တွေက တကယ်ကို ရဲရင့်တာပဲ"

"ဒါက မူမိသားစုက မူချီ မဟုတ်လား...သူက နဂါးစာရင်းက ကျောင်းသားကိုတောင် စိန်ခေါ်ချင်တာလား"

"ဟ.. ဒီတစ်ခေါက် စိန်ခေါ်မှုကို လက်ခံယှဥ်ပြိုင်မဲ့သူက နဂါးစာရင်းရဲ့ အဆင့်ငါးဆယ်အတွင်းက ရှကျဲပဲ.. ဒါက သေတွင်းတူးတာနဲ့ အတူတူပဲ မဟုတ်လား"

ရုတ်တရက် စင်မြင့်ပေါ်ကို တက်လာသည့် မူချီကို ကြည့်ရင်းဖြင့် ရင်ပြင်တစ်ဝိုက်တွင် မထီမဲ့မြင် လှောင်ရယ်သံများ ချက်ချင်း ပဲ့တင်ထွက်လာခဲ့၏။

"ဟားဟား...စိတ်ဝင်စားဖို့ကောင်းလိုက်တာ.. ကျောင်းသားသစ်က ငါ့ကို စိန်ခေါ်လိမ့်မယ်လို့ မထင်ထားမိဘူး"

ထိုအချိန်မှာပင် ပိုင်ရှန့်ရှင်း၏ အနောက်ကနေ မီးခိုးရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်သည် ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

သူက သူ့ရှေ့မှ မူချီ ကို တစ်ချက်ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။

"ချာတိတ်.. ငါက ယန်ဟွမ်ကျောင်းတော်ရဲ့ နဂါးစာရင်းမှာ အဆင့် ၄၆ ရထားတဲ့ ရှကျဲပဲ...မင်း တကယ် ငါ့ကို စိန်ခေါ်ချင်တာလား"

"ဟုတ်တယ်...ငါ မင်းကို စိန်ခေါ်ချင်တယ်"

မူချီက အေးစက်စွာ ပြောလိုက်သည်။

"ငါက မင်းကို အနိုင်ယူပြီး အတွင်းစည်း ကျောင်းသား ဖြစ်အောင်လုပ်မယ်"

ရှကျဲက မထီမဲ့မြင် ပြုံးလိုက်သည်။

"မင်းက လုပ်နိုင်မယ် ထင်နေလား"

"စီနီယာ ရှကျဲ... မင်း ငါ့ကို လျှော့မတွက်သင့်ဘူး"

မူချီက မဲ့ပြုံး ပြုံးလိုက်သည်။

"စီနီယာရှကျဲ အပိုစကားတွေ မပြောဘဲ ကျင့်ကြံခြင်း အခြေခံကို ဖိနှိပ်ပြီး မူလဘူတ နယ်ပယ် တတိယအဆင့်ဖြစ်တဲ့ ငါနဲ့ လာတိုက်ခိုက်ကြည့်လိုက်"

မူချီ က သူ့ကိုယ်ပိုင် တိုက်ခိုက်ရေး စွမ်းအားကို ယုံကြည်မှု ရှိသည်။

သူက တူညီတဲ့ ကျင့်ကြံခြင်း အဆင့်အောက်တွင် ရှကျဲ၏ တိုက်ကွက်ဆယ်ကွက်ကို မခုခံနိုင်ဟု အမှန်တကယ် မယုံကြည်ခဲ့ပေ။

"မင်းကို လျှော့တွက်တာ မဟုတ်ဘူး.. မင်းက ငါနဲ့ ယှဥ်ဖို့အရည်အချင်း မရှိလို့ပဲ"

ရှကျဲက အထင်သေးသော အမူအရာဖြင့် မူချီကို လက်ညှိုးထိုးလိုက်သည်။

"ကျင့်ကြံခြင်း အဆင့်ကို မူလဘူတ နယ်ပယ်အဆင့်၃ အထိ ဖိနှိပ်ရင်တောင် မင်းကို ဖြေရှင်းဖို့အတွက်က တစ်ကွက်တည်းနဲ့ လုံလောက်တယ်"

သူ၏ စကားသံဆုံးသည်နှင့် ရှကျဲ၏ ပုံရိပ်သည် ချက်ချင်းပင် ဝိုးတဝါး အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး မူချီ၏ ဘေးတွင် ပေါ်လာခဲ့သည်။

မူချီ မတုံ့ပြန်နိုင်ခင်မှာပင် ရှကျဲ၏ ပြင်းထန်သော လက်ဝါးရိုက်ချက်သည် လေထုကို ဖောက်ထွင်းသွားပြီး မူချီ၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ရိုက်ချသွားခဲ့သည်။

"ဝုန်း"

မူချီ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

မကြာခင်မှာပင် သူက ကြိုးပြတ်သွားသည့် စွန်တစ်ကောင်နှယ် စင်မြင့်ပေါ်ကနေ ပြုတ်ကျသွားပြီး အဆုံးသတ်တွင် မြေပြင်ပေါ်သို့ အုန်းခနဲ ကျသွားတာကို မြင်လိုက်ရ၏။

သူတို့ ရှေ့မှ ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းကို မြင်ပြီး ကျောင်းသားသစ်များသည် သက်ပြင်းမချဘဲ မနေနိုင်ကြပေ။

"ယန်ဟွမ်ကျောင်းတော်ရဲ့ နဂါးစာရင်းဝင် ကျောင်းသားတွေက တကယ်ကို သာမန်မဟုတ်ဘူးပဲ"

"ကျင့်ကြံခြင်း အဆင့်ကို အဆင့်တူအဖြစ် ဖိနှိပ်ထားတာတောင် တစ်ကွက်ထဲနဲ့ မူချီကို အနိုင်ယူနိုင်ခဲ့တယ်"

"ဒီရှကျဲက နဂါးစာရင်းရဲ့ အဆင့် ၅၀ အတွင်းက ကျောင်းသားတစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပါတယ်"

ယင်ခိုင်က အသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီး ကျန်းချန်ကို လှည့်ကြည့်လိုက်သည်။

"မင်းက သူ့ရဲ့ တိုက်ကွက်ဆယ်ကွက်ကို ခံနိုင်ရည်ရှိမှာ သေချာလား"

"သူ့ရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ်က ကောင်းပါတယ်.. ငါမှန်းဆတာ မမှားရင် သူ့ရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ်က နက်နဲမှု အဆင့်မြင့် နည်းစနစ် ဖြစ်မယ်လို့ ထင်တယ်"

"ဒါကြောင့် သူက အကြွင်းမဲ့ အရှိန်အဟုန်ကို အားကိုးပြီး မူချီကို တစ်ကွက်ထဲနဲ့ အနိုင်ယူနိုင်ခဲ့တာပဲ"

ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။

"ဒါပေမယ့်... ဒီနက်နဲမှု အဆင့်မြင့် ခန္ဓာကိုယ် နည်းစနစ်နဲ့တော့ သူ ငါ့ကို ဘယ်လိုမှ ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး"

"ကျန်းချန်.. မင်းက စီရင်စုကိုးခု ကိုယ်ခံပညာပြိုင်ပွဲရဲ့ ဗိုလ်စွဲသူ ဖြစ်ဖို့ ထိုက်တန်တယ်.. မင်းရဲ့ လေသံက လုံးဝ မလျော့ဘူးပဲ"

"မင်းကိုယ်မင်း ယုံကြည်မှု အဲဒီလောက်ရှိတယ်ဆိုရင် ငါနဲ့ လောင်းကြေးထပ်ဖို့ သတ္တိရှိသလား ဆိုတာ ငါသိချင်တယ်"

ကျန်းချန်၏ စကားသံ မဆုံးခင်မှာပင် မထီမဲ့မြင် ရယ်မောသံတစ်သံသည် သူ့နားထဲကို ချက်ချင်း ဝင်ရောက်လာခဲ့သည်။

အခန်း(၂၂၆) ပြီး၏

All Chapters