← Chapters

အခန်း (၂၂၇)

Vol. 16 Ch. 227

အခန်း (၂၂၇)

Vol. 16 Ch. 227

ရုတ်တရက် ထွက်ပေါ်လာသည့် မထီမဲ့မြင် ရယ်သံကြောင့် ကျန်းချန် တစ်ယောက် ကြောင်အသွားရသည်။

အသံလာရာဆီသို့ လှည့်ကြည့်လိုက်ရာ မုန့်ချန်က သူ့ကို မထီမဲ့မြင် အပြုံးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

"မင်း ငါနဲ့ ဘယ်လိုလောင်းကြေး ထပ်ချင်တာလဲ"

ကျန်းချန်က မုန့်ချန်ကို ပေါ့ပါးစွာ ကြည့်လိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်သည့်အပြုံး တစ်ခု ပေါ်လာခဲ့၏။

"ကျန်းချန်.. မင်းက စီရင်စုကိုးခု ကိုယ်ခံပညာပြိုင်ပွဲရဲ့ ဂုဏ်သိက္ခာရှိတဲ့ ဗိုလ်စွဲသူပဲ.. မင်းက အတွင်းစည်း ကျောင်းသားအဖြစ် တိုက်ရိုက် တိုးမြှင့်ခံရဖို့အတွက် နဂါးစာရင်းက ကျောင်းသားကို သေချာပေါက် စိန်ခေါ်မှာပဲ"

"ငါတို့တွေ နဂါးစာရင်းက ကျောင်းသားရဲ့ လက်ထဲမှာ ဘယ်သူက ပိုပြီး ခံနိုင်ရည်ရှိသလဲ ဆိုတာကို လောင်းကြေးထပ်ကြရအောင်"

မုန့်ချန်က အေးစက်စက် ပြောလိုက်သည်။

"ရှုံးတဲ့လူက အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်သိန်း ပေးရမယ်.. မင်း ဘယ်လိုမြင်လဲ"

အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်သိန်းဆိုသည်မှာ မုန့်ချန်၏ ပိုင်ဆိုင်မှုအားလုံး နီးပါး ဖြစ်သည်။

ဤကစားပွဲတွင် ​ကျန်းချန်နှင့် လောင်းကြေးထပ်ဖို့အတွက် မုန့်ချန်က သူ့ငွေကို အကုန်သုံးထားမှန်း ထင်ရှားနေ၏။

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"မင်းရဲ့ အလောင်းအစားကို ငါ စိတ်မဝင်စားဘူး"

အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး သန်း၂၀ ရှိသည့် သူဌေးတစ်ယောက်အနေဖြင့် ကျန်းချန်သည် မှော်စွမ်းအင် ကျောက်တုံး တစ်သိန်းသာ ရှိသည့် လောင်းကြေးကို လုံးဝ မကြိုက်ပေ။

"ကျန်းချန်.. စီရင်စုကိုးခု ကိုယ်ခံပညာပြိုင်ပွဲမှာ ဗိုလ်စွဲသူဖြစ်တဲ့ မင်းက တကယ်ကို ငကြောက်တစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားဘူး"

မုန့်ချန်က ကျန်းချန်ကို ရန်လိုသော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

"မင်း ငါ့ကို ကြောက်နေတာမဟုတ်လား"

"ကြောက်တယ်.. ဟုတ်လား"

"မင်းလို လူမျိုးက ငါ့ကို ကြောက်လန့်စေဖို့ အရည်အချင်း မရှိဘူး"

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။

"အဆင့်နိမ့် မှော်စွမ်းအင်ကျောက်တုံး တစ်သိန်းလောက်ပဲ ရှိတဲ့လောင်းကြေးကို ငါ တကယ် စိတ်မဝင်စားဘူး.. မင်းက မှော်စွမ်းအင် ကျောက်တုံး တစ်သန်း လောင်းချင်တယ် ဆိုရင်တော့ ငါ စဉ်းစားပေးမယ်"

[ဒီကောင်က တကယ်တော့ အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်သန်းကို လောင်းကြေးထပ်ချင်နေတာကိုး]

မုန့်ချန်၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။

အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်သန်းဆိုသည်မှာ သေးငယ်သည့် ပမာဏတော့ မဟုတ်ပေ။

မုန့်မိသားစု၏ ပါရမီရှင် တပည့်တစ်ယောက် အနေဖြင့် သူသည် မုန့်မိသားစုတွင် တစ်လကို အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး ထောင်ဂဏန်းလောက်သာ ရရှိသည်။

သူ ပုံမှန် ကျင့်ကြံဖို့ အသုံးပြုသည့် ပမာဏကို ဖယ်လိုက်လျှင် သူ့ခန္ဓာကိုယ်ပေါ်ရှိ မှော်စွမ်းအင် ကျောက်တုံး စုစုပေါင်းပမာဏသည် တစ်သိန်းကျော်မျှသာ ရှိ၏။

"ဒီကောင်က ငါနဲ့ ရင်မဆိုင်ရဲလို့ မှော်ကျောက်တုံး တစ်သန်း လောင်းကြေးကို တမင်တကာ အဆိုပြုတဲ့ပုံပဲ"

မုန့်ချန်၏ မျက်လုံးများက အနည်းငယ် တောက်ပလာပြီး သူ့ပါးစပ်ထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

မဟာရှားနိုင်ငံတော်မှ နာမည်ကျော် မုန့်မိသားစု၏ ပါရမီရှင် တပည့်တစ်ယောက် အနေဖြင့် မုန့်ချန်သည် ကျန်းချန််နှင့် အလောင်းအစား လုပ်ရန် ကြောက်လန့်ခြင်းမရှိပေ။

ထို့ကြောင့် ကျန်းချန်ဆီကနေ အဆင့်နိမ့် မှော်ကျောက်တုံး တစ်သန်း အနိုင်ရရှိမည့် အခွင့်အရေးကို ဘယ်လိုနည်းနဲ့မှ လက်လွတ်ခံစရာ အကြောင်း မရှိချေ။

"ကျန်းချန်.. မင်းက မှော်ကျောက်တုံး တစ်သန်း လောင်းကြေးကို ဗန်းပြပြီး ငါ့ကို ဆုတ်ခွာစေချင်တယ်ဆိုရင် မင်းရဲ့ တွက်ချက်မှုက မှားယွင်းသွားပြီ"

"မင်းက တစ်သန်း လောင်းချင်တယ်ဆိုမှတော့ ငါ မင်း စိတ်တိုင်းကျ ဖြစ်စေရမယ်"

မုန့်ချန်က ကျန်းချန်ကို မထီမဲ့မြင် ပြုံး၍ ကြည့်လိုက်သည်။

"ဒီတစ်ခေါက်တော့ မင်း ငြင်းဆန်ဖို့ အကြောင်းပြချက် မရှိတော့ဘူး မဟုတ်လား"

"ဟားဟား... ဒီကောင်က အကိုချန်ကို ​အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်သန်း လောင်းကြေးထပ်ရဲတယ်"

"သူ့မှာ မှော်စွန်းအင် ကျောက်တုံးတွေ ပေါနေလို့ အကိုချန် အတွက် လက်ဆောင်ပေးချင်နေတာ ထင်တယ်"

"အကိုချန်.. ခဏနေလို့ နိုင်ရင် ကျွန်တော်တို့ကို မုန့်ဖိုးပေးဖို့ မမေ့နဲ့ဦး"

ထိုအချိန်မှာပင် မုန့်ချန် နံဘေးမှ မုန့်မိသားစု တပည့်များသည် မုန့်ချန်ကို မြှောက်ပင့် ​ပြောဆိုလိုက်ကြသည်။

"ကောင်းပြီ"

"ငါနိုင်ရင် မင်းတို့တွေကို အဆင့်နိမ့် မှော်စွမ်းအင်ကျောက်တုံး ငါးသောင်း မုန့်ဖိုး ပေးမယ်"

မုန့်ချန်ကလည်း အားပါးတရ ပြောလိုက်သည်။

သူက ဤနှစ်တွင် မုန့်မိသားစု၏ အားအကောင်းဆုံး ပါရမီရှင်ဖြစ်၏။

ကျောင်းသားသစ် အားလုံးထဲမှာပင် သူ၏ အင်အားသည် အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်သည်။

ထို့ကြောင့် သူ၏ အင်အားဖြင့် ကျန်းချန်ကို အနိုင်ယူရန်မှာ လွယ်ကူသောကိစ္စပင် မဟုတ်ပါလား။

ကျန်းချန်နှင့် မုန့်ချန်တို့က မှော်စွမ်းအင် ကျောက်တုံး တစ်သန်း လောင်းကြေး ထပ်နေသောအချိန်တွင် ဝင်ခွင့် စစ်ဆေးမှုကလဲ စနစ်တကျ ဆက်လက် လုပ်ဆောင်နေခဲ့သည်။

ဆယ်မိနစ်ပင် မကြာလိုက်ဘဲ ချီကာကွယ်ရေး အဆင့်၉ ကျောင်းသားကို စိန်ခေါ်သည့် ကျောင်းသားသစ် အတော်များများသည် တစ်ယောက်ပြီး တစ်ယောက် ရှုံးနိမ့်သွားကြ၏။

မူလဘူတ နယ်ပယ်အဆင့်၁ ရှိသည့် ပါရမီရှင် တစ်ယောက်ပင် ချီကာကွယ်ရေး အဆင့်၉ ကျောင်းသား လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့သည်။

အခန်း(၂၂၇) ပြီး၏

All Chapters