← Chapters

အခန်း (၂၃၀)

Vol. 16 Ch. 230

အခန်း (၂၃၀)

Vol. 16 Ch. 230

"ဒီကောင်လေးက ဘယ်သူများလဲ"

"သူက စီနီယာ ရှကျဲကို အနိုင်ယူချင်နေတယ်ဆိုပဲ.. ငါပဲနားကြားမှားနေတာလား"

"ဟားဟား ဒီကောင်က စကားကြီးစကားကျယ်တွေ လျှောက်ပြောနေတာ လျှာခေါက်သွားမှာ မကြောက်ဘူးလားမသိဘူး"

"ရယ်စရာပဲ.. စီနီယာ ရှကျဲက နဂါးစာရင်းမှာ အဆင့် ၄၆ ရှိတဲ့ ပါရမီရှင်တစ်ယောက်ပဲ.. ကျောင်းသားသစ် တစ်ယောက်က စီနီယာ ရှကျဲကို ဘယ်လိုလုပ်ပြီး အနိုင်ယူနိုင်မှာလဲ"

ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် ရင်ပြင်တစ်ဝိုက်ရှိ ကျောင်းသားအားလုံးသည် သူတို့၏ အံ့သြထိတ်လန့်မှုကနေ

တဖြည်းဖြည်း ပြန်လည် သက်သာလာခဲ့ကြသည်။

သူတို့က ကျန်းချန်ကို မထီမဲ့မြင် ကြည့်လိုက်ကြပြီး တီးတိုးဝေဖန်ခဲ့ကြ၏။

ယန်ဟွမ်ကျောင်းတော် ဆိုသည်မှာ မဟာရှားနိုင်ငံ၏ ပါရမီရှင်များ စုဝေးရာနေရာ ဖြစ်သည်။

နဂါးစာရင်းဝင် ကျောင်းသားများ ဖြစ်လာနိုင်သည် ဆိုကတည်းကပင် ပါရမီရှင်များထဲမှ ပါရမီရှင်များဟု အသိအမှတ်ပြု၍ ရနေပြီ ဖြစ်သည်။

ယန်ဟွမ်ကျောင်းတော်ကို စတင် တည်ထောင်စဥ် ကတည်းကပင် အရည်အချင်းရှိပြီး နတ်ဆိုးဆန်သော ထူးချွန်သည့် ပါရမီရှင် အတော်များများ ရှိခဲ့သည်။

သို့သော်လည်း ထိုမျှ ထူးချွန်သူ ဖြစ်နေလျှင်ပင် ဝင်ခွင့်စစ်ဆေးမှုအတွင်း၌ နဂါးစာရင်းဝင် ကျောင်းသားကို မည်သူမျှ အနိုင်မယူခဲ့ဖူးပေ။

ထို့ကြောင့် သူတို့ရှေ့မှာ ကောင်လေးအနေဖြင့် နဂါးစာရင်းဝင် ကျောင်းသားဖြစ်သည့် ရှကျဲကို အနိုင်ယူဖို့ဆိုသည်မှာ အခြေခံအားဖြင့် လုံးဝ မဖြစ်နိုင်ချေ။

"ဒီကောင်လေးက သာမန်အတိုင်း ကစားရတာကို တကယ် မနှစ်သက်ဘူးပဲ"

ကျန်းချန်က ရှကျဲကို အနိုင်ယူပြမည်ဟု ပြောဆိုလိုက်သည်ကို ကြားလျှင် ရှားတုန်ဟွမ်သည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သို့သော် ရှားတုန်ဟွမ်သည် စိတ်ရင်းကနေ ကျန်းချန်ကို အနည်းငယ် မျှော်လင့်နေမိသည်။

စီရင်စုကိုးခု ကိုယ်ခံပညာပြိုင်ပွဲတွင် လုပ်ပြခဲ့သလိုမျိုး ကျန်းချန် နောက်တစ်ကြိမ် အံ့ဖွယ်သရဲ လုပ်ပြနိုင်ဦးမလား ဆိုသည်ကို သူ အမှန်တကယ် သိချင်နေမိ၏။

"ဟားဟား ကောင်လေး.. မင်း မာန်တက်မနေနဲ့"

ရှကျဲက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"မင်းသာ ငါ့ကို တကယ်ပဲ အနိုင်ယူနိုင်လို့ရှိရင် ငါ့ရဲ့ နဂါးစာရင်းဝင် ကျောင်းသားနေရာကို မင်းကို လွှဲပေးလိုက်မယ်"

ကျန်းချန်က ရှကျဲ၏ စကားကို လျစ်လျူရှုလိုက်သည်။

သူက ခေါင်းကို အနည်းငယ် ငဲ့စောင်းလိုက်ပြီး အကြီးအကဲ ပိုင်ရှန့်ရှင်းကို ပြုံးရွှင်စွာ ကြည့်လိုက်သည်။

"အကြီးအကဲပိုင်.. သူပြောတာကို အတည်ပြုလို့ရလား"

"သေချာတာပေါ့"

ပိုင်ရှန့်​ရှင်း၏ အိုမင်းသော မျက်လုံးများက တောက်ပလာသည်။

ယန်ဟွမ်ကျောင်းတော်မှ မည်သည့် ကျောင်းသားမဆို နဂါးစာရင်းဝင် ကျောင်းသားများကို အနိုင်ရရန် အရည်အချင်း ပြည့်မီလျှင် နဂါးစာရင်းဝင် ကျောင်းသားအဖြစ် အစားထိုးရန် အရည်အချင်း ပြည့်မီသည်ဟု သတ်မှတ်နိုင်မည် ဖြစ်သည်။

ဤတစ်ခေါက်တွင် ကျန်းချန်ကသာ ရှကျဲကို အနိုင်ယူနိုင်လျှင် ယန်ဟွမ်ကျောင်းတော်၏ သမိုင်းတွင် အတောက်ပဆုံး ပါရမီရှင် တစ်ပါး ထွက်ပေါ်လာမည် ဖြစ်၏။

သို့ဖြစ်၍ ကျန်းချန်သာ ရှကျဲကို အမှန်တကယ် အနိုင်ယူနိုင်လျှင် နဂါးစာရင်းဝင် ကျောင်းသားအဖြစ် တိုက်ရိုက် သတ်မှတ်သင့်သည် မဟုတ်ပါလော။

ရှကျဲကို အနိုင်ယူနိုင်လျှင် နဂါးစာရင်းဝင် ကျောင်းသား ဖြစ်လာနိုင်သည်ကို အတည်ပြုပြီးနောက်တွင် ကျန်းချန်သည် ရှကျဲကို ပြုံး၍ ပြောလိုက်သည်။

"စီနီယာရှကျဲ တောင်းပန်ပါတယ်.. ဒီနေ့ မင်းရဲ့ နဂါးစာရင်းဝင် ကျောင်းသားရာထူးကို ငါ ယူရတော့မယ်"

"ငါ ရှကျဲရဲ့ နေရာကို ကြောင်တွေ ခွေးတွေက လာလုလို့မရဘူး"

ရှကျဲက အေးစက်စွာ ရေရွတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားခဲ့သည်။

သူက မူလဘူတ အဆင့် စွမ်းအင်များကို လက်ဖဝါးထဲသို့ တိုက်ရိုက် ထည့်သွင်းကာ ကျန်းချန်၏ လည်မျိုကို တိုက်ရိုက် ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။

သို့သော် သူ၏ လက်က ကျန်းချန်၏ လည်မျို အနီးသို့ ရောက်သောအခိုက်မှာပင် သူ့ရှေ့မှ ကျန်းချန်သည် တစ္ဆေ တစ်ကောင်ကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် ရှကျဲ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။

သူက ခေါင်းကို ရုတ်တရက် နောက်လှည့်ကြည့်လိုက်ရာ ဘယ်အချိန်ကတည်းကပင် သူ့နောက်သို့ ရောက်နေမှန်း မသိရသည့် ကျန်းချန်ကို တွေ့လိုက်ရသည်။

"ဒါက ဘယ်လိုမျိုး ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ်လဲဟ"

ရှကျဲက အံ့အားသင့်သွားခဲ့သည်။

သို့သော် သူက လုံးဝ မတုန်လှုပ်ဘဲ နက်နဲမှု အဆင့်မြင့် ခန္ဓာကိုယ် နည်းစနစ်ဖြင့် ရွေ့လျားကာ ကျန်းချန်၏ တစ္ဆေသရဲ ကဲ့သို့ လျင်မြန်သော ခန္ဓာကိုယ်ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

သို့သော်လည်း သူ တိုက်ခိုက်လိုက်သည့် အချိန်မှာပင် ကျန်းချန်၏ ပုံရိပ်သည် နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်သည်။

ဤသို့ဖြင့် နှစ်ယောက်စလုံးသည် စင်မြင့်ပေါ်တွင် တစ်ယောက်ကပြေး တစ်ယောက်ကလိုက်ဖြင့် အချိန်အတော်ကြာသွားခဲ့သည်။

တိုက်ကွက်သုံးဆယ်သည်လည်း အလွန်လျင်မြန်စွာပင် ကုန်လွန်သွားခဲ့၏။

စင်မြင့်ပေါ်မှ အခြေအနေကို မြင်ရလျှင် ရင်ပြင်ထဲရှိ လူတိုင်းသည် အံ့အားသင့် တုန်လှုပ်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြသည်။

အခန်း(၂၃၀) ပြီး၏

All Chapters