← Chapters

အခန်း (၂၃၂)

Vol. 16 Ch. 232

အခန်း (၂၃၂)

Vol. 16 Ch. 232

"ဒီကောင်က ခန္ဓာကိုယ် ကျင့်ကြံသူလည်း ဖြစ်နေတာလား"

ရှကျဲက သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။

ကျန်းချန်ကို ကြည့်နေသည့် သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်လောက်အောင် ကြောက်ရွံ့သော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်နေခဲ့သည်။

သူ့ရှေ့မှ ကောင်လေးသည် သူ့ကို လုံးဝ ကိုင်တွယ် ဖြေရှင်းနိုင်မည့် ခန္ဓာကိုယ် နည်းစနစ်ကို ကျင့်ကြံထား၏။

ထို့အပြင် အင်အားကြီးမားသည့် ခန္ဓာကိုယ် ကျင့်ကြံသူပင် ဖြစ်နေခဲ့သည်။

လူငယ်သည် သူ၏ ခန္ဓာကိုယ်ကို မူလဘူတ အဆင့် လေး ကျင့်ကြံသူနှင့် တိုက်ရိုက် ရင်ဆိုင်နိုင်သည့်အထိပင် ကျင့်ကြံထားခဲ့သည်။

"ဒီကောင်က တကယ်ပဲ ယန်ဟွမ်ကျောင်းတော်ကို အခုမှ ဝင်လာတဲ့ ကျောင်းသားသစ်ရော ဟုတ်ရဲ့လား"

သို့သော် ရှကျဲအနေဖြင့် အံ့သြထိတ်လန့်မှုမှ မသက်သာသေးခင်မှာပင် ပြင်းထန်ကြမ်းတမ်းသည့်လေသည် သူ့အနားတွင် ရုတ်တရက် တိုက်ခတ်လာခဲ့သည်။

ထိုခဏတွင် ရှကျဲ၏ မျက်နှာသည် အနည်းငယ် အမူအရာ ပြောင်းလဲသွားခဲ့သည်။

သူက ရုတ်တရက် အပေါ်သို့ မော့ကြည့်လိုက်ရာ ကျန်းချန်က သူ၏ ဦးခေါင်းထက်တွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထို့နောက်တွင် ကျန်းချန်သည် သူ၏ ခြေဖဝါးထဲတွင် အလွန်အမင်း ရုန့်ရင်းသည့် အင်အားကို ထည့်သွင်း၍ ရှကျဲ၏ ခေါင်းကို ချက်ချင်းပင် ဆောင့်နင်းချလိုက်သည်။

ရှကျဲက စဉ်းစားနေဖို့ပင် အချိန်မရှိ၍ ကျန်းချန်၏ ခြေထောက်ကို ခုခံရန် သူ၏ လက်ဝါးနှစ်ဖက်ကို လျင်မြန်စွာ အပေါ်သို့ ပင့်တင်၍ ခုခံလိုက်ရသည်။

ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် နည်းစနစ်သည် ဒုတိယအဆင့်မှာသာ ရှိနေသေးသော်လည်း မူလဘူတ အဆင့်၅ ကျင့်ကြံသူနှင့် ရင်ဆိုင်ရန် လုံလောက်နေပြီဖြစ်သည်။

ယခု ရှကျဲက မူလဘူတ အဆင့်လေး ကျင့်ကြံသူအဖြစ် သူ၏ ခွန်အားကို ဖိနှိပ်ထားခဲ့သည် ဖြစ်ရာ ကျန်းချန်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ တားဆီးနိုင်ပါအံ့နည်း။

"ဝုန်း"

ကျန်းချန်၏ ခြေထောက်ထဲတွင် ပါဝင်သည့် ကြောက်မက်ဖွယ်ကောင်းသည့် အင်အားသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ရှကျဲ၏ လက်ဝါးပေါ်သို့ ကျဆင်းသွားခဲ့သည်။

မကြာခင်မှာပင် ရှကျဲ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားပြီး ရှကျဲသည်လည်း အနောက်သို့ ခြေလှမ်း အတော်များများ ဆုတ်လိုက်ရသည်။

သို့သော် ကျန်းချန်သည် ထိုမျှနှင့် မပြီးသေးဘဲ သူ၏ ခန္ဓာကိုယ်ကို မျက်စိတစ်မှိတ်အတွင်း ရှကျဲ၏ အနီးသို့ ရွေ့လျားလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်ဖျက်ဆီးနဂါး လက်သီးကို အသုံးပြုကာ ရှကျဲကို တိုက်ရိုက် ထိုးချလိုက်၏။

ရှကျဲက သူယခုလေးတင် ကန်လိုက်သော ကန်ချက်မှ မသက်သာသေးခင်မှာပင် သူ၏ လက်သီးသည် ရှကျဲ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြန်သည်။

ရှကျဲက သွားများကို အံကြိတ်လိုက်ပြီး မူလဘူတနယ်ပယ် ချီအလွှာတစ်ခုကို ထုတ်လွှတ်ကာ ခန္ဓာကိုယ်ပေါ်တွင် ကာကွယ်ရေး အလွှာတစ်ခုကို ဖန်တီးခဲ့သည်။

"ဝုန်း"

ကျန်းချန်၏ အင်အားအပြည့်ပါသော လက်သီးသည် ရှကျဲ၏ ကာကွယ်ရေးအလွှာကို တိုက်ရိုက်ပင် ဖြိုခွဲပစ်လိုက်၏။

ထို့နောက်တွင်မူ ရှကျဲ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ပေပေါင်းများစွာ လွင့်ထွက်သွားခဲ့သည်။

ရှကျဲက ပါးစပ်ထောင့်မှ သွေးများ စီးကျလာခဲ့သည်။

ကျန်းချန်က လက်သီးဖြင့် ရှကျဲကို တိုက်ခိုက်ခဲ့ပြီးနောက်တွင် ဆက်လက် မတိုက်ခိုက်ခဲ့ပေ။

သူက ပြုံးရွှင်သော အမူအရာဖြင့် ရှကျဲကို ကြည့်လိုက်သည်။

"စီနီယာရှ မင်းရှုံးသွားပြီ"

"အိုး ရှကျဲ ရှုံးသွားပြီဟ"

"ယန်ဟွမ်ကျောင်းတော်ကို အခုမှ ဝင်လာတဲ့ ကျောင်းသားသစ်တစ်ယောက်က တကယ်ပဲ နဂါးစာရင်းဝင် ကျောင်းသားကို အနိုင်ယူလိုက်တာလား"

"အံ့ဩစရာပဲ.. ဒါက အရမ်းအံ့ဩဖို့ကောင်းတယ်"

သူတို့ရှေ့မှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်လျှင် ရင်ပြင်တစ်ခုလုံးရှိ လူတိုင်းသည် အံ့အားသင့်သွားကြသည်။

သူတို့က ထိုကဲ့သို့ ဖြစ်လာလိမ့်ဟု ဘယ်သောအခါမှ မထင်ထားခဲ့ပေ။

ကျန်းချန်ဟု ခေါ်သည့် ကျောင်းသားသစ်သည် ဝင်ခွင့်စစ်ဆေးမှုကို တာဝန်ယူရသည့် နဂါးစာရင်းမှ ကျောင်းသားကို အမှန်တကယ်ပင် အနိုင်ယူပြလိုက်၏။

ထို့အပြင် ကန်ချက်တစ်ချက်၊ လက်သီးတစ်ချက်ကိုသာ အသုံးပြု၍ ရိုးရှင်းသော တိုက်ခိုက်မှုဖြင့် ပြိုင်ဘက်ကို အနိုင်ယူလိုက်ခြင်း ဖြစ်နေပြန်သည်။

ယန်ဟွမ်ကျောင်းတော်၏ သမိုင်းတွင် နှစ်ထောင်ပေါင်းများစွာ ကြာသည်အထိ နဂါးစာရင်းဝင် ကျောင်းသားကို အနိုင်ယူပြခဲ့သည့် ကျောင်းသားသစ် တစ်ယောက်မှ မရှိခဲ့ဖူးပေ။

"ကြောက်ဖို့ကောင်းလိုက်တာ"

"ဒါက သိပ်ကြောက်ဖို့ကောင်းတဲ့ ပါရမီရှင်ပဲ"

ဤအတိုင်းဆိုလျှင် သူတို့ရှေ့မှ ကောင်လေးသည် ယန်ဟွမ်ကျောင်းတော်၏ သမိုင်းတွင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

၎င်းက ယန်ဟွမ်ကျောင်းတော် သမိုင်းတွင် အတော်ဆုံး ကျောင်းသားသစ်တစ်ယောက်ဆိုလည်း မမှားပေ။

ရှကျဲသည် ပတ်ဝန်းကျင်မှ ပြောဆိုနေသည့် စကားသံများကို ကြားလိုက်ရပြီးနောက် ရှက်ရွံ့စွာဖြင့် မျက်နှာတစ်ခုလုံး နီရဲလာခဲ့သည်။

သူက ကျန်းချန်ကို မကျေမနပ် စိုက်ကြည့်လိုက်ပြီး မျက်လုံးထဲတွင် ဒေါသမီးလျှံများ ဖြစ်ပေါ်လာခဲ့သည်။

"ငါ.. ငါမရှုံးဘူး.. ငါ မင်းကို မရှုံးဘူး"

"ငါက ဂုဏ်သိက္ခာကြီးမားတဲ့ နဂါးစာရင်းဝင် ကျောင်းသားတစ်ယောက်ပဲ.. ငါက မင်းလို ကျောင်းသားသစ် တစ်ယောက်ကို ဘယ်လိုလုပ်ပြီး ရှုံးနိမ့်နိုင်မှာလဲ"

ရှကျဲက သူရူးတစ်ယောက်လို အော်ဟစ်လိုက်သည်။

ထိုခဏမှာပင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည် အလျင်အမြန် မြင့်တက်လာခဲ့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် မူလဘူတ နယ်ပယ်အဆင့်၇၏ အင်အားကြီးသော အရှိန်အဝါ တစ်ခုသည် ရှကျဲရဲ့ ခန္ဓာကိုယ်ကနေ တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။

အခန်း(၂၃၂) ပြီး၏

All Chapters