← Chapters

အခန်း (၂၃၄)

Vol. 16 Ch. 234

အခန်း (၂၃၄)

Vol. 16 Ch. 234

ဝင်ခွင့်စစ်ဆေးမှုက ပြီးဆုံးသွားခဲ့သည်။

ကျောင်းသားသစ်အားလုံးသည် ၎င်းတို့၏စွမ်းဆောင်ရည်နှင့် ထပ်တူညီသည့် အဆင့်များကို ရရှိခဲ့ကြ၏။

ပိုင်ရှန့်ရှင်းသည် ကျောင်းသားများ၏ သက်သေခံတံဆိပ်ပြားများနှင့် ဝတ်စုံများကို ထုတ်ပေးလိုက်သည်။

သူက ကျောင်းသားတစ်ရာကျော်ကို အုပ်စုများခွဲလိုက်ပြီး မတူညီသည့် အဆောင်များသို့ ဦးဆောင်၍ ခေါ်သွားခဲ့သည်။

ထိုအချိန်တွင် ကျန်းချန်နှင့် မှော်စွမ်းအင်ကျောက်တုံး လောင်းကြေး ထပ်ထားသည့် မုန့်ချန်သည် လောင်းကြေး ထပ်ထားသည့်ကိစ္စကို လုံးဝ မေ့လျော့သွားပုံရသည်။

သူက အတွင်းစည်းကျောင်းသားများ၏ သက်သေခံ တံဆိပ်ပြားကို ရရှိပြီးနောက်တွင် အတွင်းစည်း ကျောင်းသားသစ် အနည်းငယ်နှင့်အတူ ထွက်သွားရန် ပြင်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လျှင် ကျန်းချန်ကာ မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို မုန့်ချန်၏ အရှေ့သို့ တိုက်ရိုက် ရွေ့လျားလိုက်သည်။

ထို့နောက် သူ၏ ခနဲ့တဲ့တဲ့ ပြောလိုက်သော စကားသံသည် မုန့်ချန်၏ နားထဲသို့ ချက်ချင်းပင် တိုးဝင်လာခဲ့သည်။

"မုန့်ချန် မင်းတစ်ခုခုကို မေ့နေတာလား.. ငါမင်းကို သတိပေးရဦးမလား"

"လူကြီးလူကောင်းဆိုတာ ကတိတည်ရတယ်.. မင်းက လောင်းကြေးရှုံးမှတော့ မင်းရှုံးတဲ့လောင်းကြေးကို ငါ့ဆီပေးရမယ်"

"မင်းသာ ယောက်ျားတစ်ယောက်ဆိုရင် မှော်စွမ်းအင်ကျောက်တုံးတစ်သန်းကို ထုတ်ပေးပါ"

သူ့ရှေ့တွင် မှော်စွမ်းအင် ကျောက်တုံးတစ်သန်းကို တောင်းခံနေသည့် ကျန်းချန်ကို မြင်လျှင် မုန့်ချန်၏ မျက်နှာသည် သိပ်မကြည်လင်တော့ပေ။

"ငါ ဒီလောက် အများကြီး ရှုံးသွားတော့ ငါ့မှာ လတ်တလော မရှိသေးဘူး.. ဒါပေမဲ့ မင်းစိတ်မပူပါနဲ့.. ငါမင်းအတွက် မှော်စွမ်းအင် ကျောက်တုံးတစ်သန်းကို သိပ်မကြာခင် စုဆောင်းပြီးပေးမယ်"

မုန့်ချန်က ထိုစကားကို ပြောနေစဉ်အတွင်း မျက်လုံးထဲ၌ အေးစက်စက် အလင်းရောင်တစ်ခု တောက်ပသွားခဲ့သည်။

မှော်စွမ်းအင်ကျောက်တုံး တစ်သန်းဆိုသည်မှာ မုန့်ချန်အတွက် အလွန်ကြီးမားသည့် ပမာဏတစ်ခု ဖြစ်သည်။

သူက ယခု ထုတ်မပေးနိုင်သော်လည်း အကယ်၍ ထုတ်ပေးနိုင်လျှင်ပင် ကျန်းချန်ကို ပေးမည် မဟုတ်ချေ။

သူတို့ မုန့်မိသားစုတွင် နဂါးစာရင်းဝင် ကျောင်းသားတစ်ယောက် တစ်ယောက်ထက်မက ရှိသည်။

ဤနေ့ပြီးသွားသည်နှင့် ကျန်းချန်သည် သူ့ဆီကနေ မှော်စွမ်းအင် ကျောက်တုံးတစ်သန်းကို ဘယ်တော့မှ ယူနိုင်တော့မည် မဟုတ်ဟု မုန့်ချန် ယုံကြည်ထားခဲ့သည်။

ကျန်းချန်သာ အခြေအနေကို နားလည်လျှင် လက်လျှော့သွားလိမ့်မည်မှာ အသေအချာပင်။

သို့မဟုတ်ဘဲ မှော်စွမ်းအင်ကျောက်တုံးကို အတင်းအကျပ်တောင်းရဲလျှင် ကျန်းချန်အတွက် အရှက်ရစရာများ မုချကြုံတွေ့ရပေလိမ့်မည်။

"မင်းက အကြွေးထားချင်ရင်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။

"ဒါပေမဲ့ မင်းက အာမခံအဖြစ် တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုခုကို ထုတ်ပေးရလိမ့်မယ်"

"ကောင်းတယ်.. သိပ်ကောင်းတယ် ကျန်းချန်.. ငါမင်းကို ကောင်းကောင်းကြီး မှတ်ထားမယ်"

မုန့်ချန်က ဒေါသတကြီး ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူသည် ရွှေရောင်အလင်းများ တောက်ပနေသည့် စာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။

"ငါ့ခန္ဓာကိုယ်ထဲမှာ မှော်စွမ်းအင်ကျောက်တုံးတစ်သန်းကို အာမခံနိုင်တဲ့ တစ်ခုတည်းသော အရာက ဒီနက်နဲမှုအဆင့် နဂါးပျံ လျှို့ဝှက်နည်းစနစ်ပဲ"

"ဒါပေမဲ့ ဒီနဂါးပျံ လျှို့ဝှက်နည်းစနစ်ကို မုန့်မိသားစုရဲ့ အဓိကတပည့်တွေပဲ ပိုင်ဆိုင်နိုင်ကြတယ်.. အပြင်လူက လက်ခံခွင့် မရှိဘူး"

ထိုစကားကိုပြောပြီးနောက်တွင် မုန့်ချန်သည် ကျန်းချန်ကို ကောက်ကျစ်သော အမူအရာဖြင့် ကြည့်လိုက်သည်။

"မင်းသတ္တိရှိရင်တော့ ဒီနဂါးပျံ လျှို့ဝှက်နည်းစနစ်ကို အာမခံအဖြစ် ယူထားလိုက်လို့ရတယ်"

မုန့်ချန်က နဂါးပျံ လျှို့ဝှက်နည်းစနစ် စာလိပ် ထုတ်ယူလိုက်သည်ကို မြင်လျှင် နံဘေးတွင် ရှိနေသည့် မုန့်ချင်းရွှယ်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

စင်စစ် မုန့်ချန်သည် ကျန်းချန်ကို အစီအစဉ်တကျ လှည့်စားနေခြင်းပင် ဖြစ်၏။

မုန့်မိသားစု၏ တပည့်တစ်ယောက်အနေဖြင့် မုန့်ချင်းရွယ်သည် ဤလျှို့ဝှက်နည်းစနစ်က မုန့်မိသားစုတွင် မည်မျှအရေးပါမှန်း ကောင်းစွာသိသည်။

ကျန်းချန်သာ နဂါးပျံ လျှို့ဝှက်နည်းစနစ်ကို အာမခံအဖြစ် အမှန်တကယ် ယူထားခဲ့လျှင် မုန့်မိသားစုနှင့် ရင်ဆိုင်ရမည်မှာ သေချာသလောက်ပင်။

မုန့်မိသားစုအနေဖြင့် နဂါးပျံ လျှို့ဝှက်နည်းစနစ်ကို အပြင်လူ လက်ထဲတွင် ထားရှိမည်မဟုတ်ချေ။

ထို့ကြောင့် ကျန်းချန်သာ လက်ခံလိုက်လျှင် အသက်အန္တရာယ်ပင် ရှိလာနိုင်ပေသည်။

သို့ရာတွင် မုန့်ချင်းရွှယ်က ကျန်းချန်ကို သတိပေးရန် ပြင်ဆင်နေစဉ်မှာပင် ကျန်းချန်သည် နဂါးပျံ လျှို့ဝှက်နည်းစနစ် စာလိပ်ကို မုန့်ချန်လက်ထဲမှ ဆွဲယူလိုက်ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ဝင့်ကြွားသောအသံသည် လူတိုင်း၏ နားထဲကို တိုက်ရိုက် တိုးဝင်လာခဲ့သည်။

"ဒီကမ္ဘာမှာ ငါကျန်းချန် လက်မခံရဲတဲ့အရာ ဘာမှမရှိဘူး.. မင်းရဲ့ နဂါးပျံ လျှို့ဝှက်နည်းစနစ်ကို ငါလက်ခံထားလိုက်မယ်"

"ပြန်ယူချင်ရင် သုံးရက်အတွင်း မှော်ကျောက်တုံး တစ်သန်းနဲ့လာရွေးနိုင်တယ်"

အခန်း(၂၃၄) ပြီး၏

All Chapters