အခန်း (၂၃၆)
Vol. 16 Ch. 236
ကိုယ်ခံပညာ အဓိပ္ပါယ်။
ဤကား မည်သည့် ကိုယ်ခံပညာကိုမဆို လွန်မြောက်သော နက်နဲသည့် သဘောတရား တစ်ရပ်ဖြစ်ပြီး အလွန်တရာ ထူးချွန်သူများကသာ နားလည်နိုင်ပေမည်။
ထို့ကြောင့်ပင် ကိုယ်ခံပညာ အဓိပ္ပါယ်ကို နားလည်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။
မဟာရှားနိုင်ငံ၏ ပါရမီရှင်များ စုစည်းရာ ယန်ဟွမ် ကိုယ်ခံပညာ ကျောင်းတော်တွင်ပင် ကိုယ်ခံပညာ အဓိပ္ပါယ်ကို နားလည်နိုင်သော ကျောင်းသားများမှာ အလွန်ပင် ရှားပါးလှသည်။
သို့သော် ကျန်းချန်အတွက်မူ ကိုယ်ခံပညာ အဓိပ္ပါယ်ကို နားလည်ရန်မှာ မခက်ခဲလှပေ။
သူက ကောင်းကင်ကိုပင် ဆန့်ကျင်သော စနစ်ကို ပိုင်ဆိုင်သူ ဖြစ်၍ ဤအဓိပ္ပါယ်များကို တစ်ချက် ကြည့်ရှုရုံဖြင့် အရာအားလုံးကို သင်ယူနိုင်ပေသည်။
အကယ်၍သာ အဓိပ္ပါယ် ငါးရပ်လုံးကို နားလည်နိုင်ခဲ့လျှင် မည်မျှပင် ကောင်းကင်ကို ဆန့်ကျင်သော တည်ရှိမှု ဖြစ်လာမည်ကို မသိနိုင်ပေ။
"အကြီးအကဲ.. အဓိပ္ပါယ်ချိုင့်ဝှမ်း အတွင်းကို ဝင်ရောက်လိုက်တာနဲ့ မတူညီတဲ့ ကိုယ်ခံပညာတွေရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို လေ့လာလို့ရမှာလား"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူ၍ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အနက်ရောင် ဝတ်ရုံဝတ် အဘိုးအိုကို မေးမြန်းလိုက်သည်။
"မရဘူး"
"အဓိပ္ပါယ်ချိုင့်ဝှမ်းအတွင်းက စစ်မှန်တဲ့ အဓိပ္ပါယ် ငါးရပ်ကို ကွဲပြားတဲ့ နေရာ ငါးခုမှာ အစီအရင်တွေနဲ့ သိမ်းဆည်းထားတယ်.. မင်းက အဲဒီ စစ်မှန်တဲ့ အဓိပ္ပါယ် ငါးရပ်ထဲမှာ တစ်ခုကိုပဲ ရွေးချယ်နိုင်မယ်"
အနက်ရောင် ဝတ်ရုံဝတ် အဘိုးအိုက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ဘဝတစ်သက်တာမှာ ကိုယ်ခံပညာ အဓိပ္ပါယ် တစ်မျိုးလောက်ကို နားလည်နိုင်တဲ့ ဘယ်လိုကျင့်ကြံသူမဆို အကျိုးအမြတ် အလွန်များပြားနေပါပြီ.. အရမ်း အမြင့်ကြီး မတွေးထားပါနဲ့ ကောင်လေး"
အနက်ရောင် ဝတ်ရုံဝတ် အဘိုးအို၏ စကားများကို ကြားသောအခါ ကျန်းချန်၏ မျက်လုံးများတွင် ကူကယ်ရာမဲ့သော အကြည့်တစ်ချက် ဖိုးဖိမရစွာ တောက်ပလာသည်။
သူက အဓိပ္ပါယ် ငါးခုလုံးကို တစ်ချိန်တည်းတွင် နားလည်လိုခဲ့သည်။
သို့သော် မည်သို့ပင်ဖြစ်စေ အဓိပ္ပါယ် ငါးခုမှာ ဤနေရာကနေ ထွက်ပြေးမည် မဟုတ်၍ သိပ်မကြာမီ သူသည် အဓိပ္ပါယ် ငါးရပ်လုံးကို နားလည်အောင် ကြိုးစားမည်သာ ဖြစ်သည်။
"သတိပေးတဲ့ အတွက် အကြီးအကဲကို ကျေးဇူးတင်ပါတယ်"
ကျန်းချန်သည် အနက်ရောင် ဝတ်ရုံဝတ် အဘိုးအိုကို ပြုံးပြလိုက်သည်။
ထို့နောက် သူက နံဘေးမှ မုန့်ချင်းရွှယ်ကို လက်ညှိုးညွှန်ပြ၍ အဘိုးအိုကို မေးလိုက်သည်။
"ကျွန်တော်ရထားတဲ့ အခမဲ့သုံးကြိမ် လေ့လာခွင့် ထဲကနေ သူ့ကို အဓိပ္ပါယ်ချိုင့်ဝှမ်းထဲ ဝင်ရောက်ဖို့ အခွင့်အရေးလေး ပေးနိုင်မလား"
ကျန်းချန် ထိုစကားကို ပြောလိုက်သည့်အခါ အနက်ရောင် ဝတ်ရုံနှင့် အဘိုးအို၏ မျက်လုံးများတွင် အံ့သြသော အကြည့်တစ်ချက် တောက်ပလာသည်။
အဓိပ္ပါယ်ချိုင့်ဝှမ်း အတွင်းသို့ ဝင်ရောက် လေ့လာခွင့်ရမည့် အခွင့်အရေးမှာ တန်ဖိုးဖြတ်၍ မရသော အခွင့်အရေးတစ်ခု ဖြစ်၏။
အနက်ရောင် ဝတ်ရုံနှင့် အဘိုးအိုသည် ဤကဲ့သို့ အဓိပ္ပါယ်ချိုင့်ဝှမ်း အတွင်းသို့ ဝင်ရောက်ခွင့်ရမည့် အခွင့်အရေးကို အခြားသူများအား ပေးရန် ဆန္ဒရှိသည့် အဖြစ်ကို ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ဖူးခြင်း ဖြစ်သည်။
"အခွင့်အရေးက မင်းအတွက်ပဲ ဆိုပေမဲ့ မင်းရဲ့ သူတပါးအပေါ်ထားတဲ့ ကောင်းမွန်တဲ့ စိတ်ထားကြောင့် ခွင့်ပြုပေးလိုက်ပါ့မယ်"
အနက်ရောင် ဝတ်ရုံနှင့် အဘိုးအိုက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"မင်းက ဘယ်အရာကို နားလည်ဖို့ ကြိုးစားချင်လဲ"
"ဓားစိတ်ဆန္ဒ"
တစ်ကြိမ်တွင် ကိုယ်ခံပညာ အဓိပ္ပါယ် တစ်ခုကိုသာ နားလည်နိုင်လေရာ ကျန်းချန်သည် မိမိ နားလည်ခဲ့သော ဓားစိတ်ဆန္ဒကို ရွေးချယ်ရန် မတွန့်ဆုတ်ခဲ့ပေ။
လင်ယွင်ကျောင်းတော်တွင် ဓားစိတ်ဆန္ဒကို နားလည်ပြီးနောက် သူသည် ရန်သူကို တိုက်ခိုက်ရန် ဓားစိတ်ဆန္ဒကို ထပ်ခါတလဲလဲ အသုံးပြုခဲ့ပြီး အတွေ့အကြုံရမှတ် အမြောက်အမြားကို ရရှိခဲ့သည်။
ယခုအခါတွင် သူ၏ ဓားစိတ်ဆန္ဒမှာ အထွတ်အထိပ်သို့ရောက်လုနီးပါး ဖြစ်နေလေပြီ။
ထို့ကြောင့် ဤတစ်ကြိမ် သိုင်းသခင်နယ်ပယ်၏ ဓားစိတ်ဆန္ဒကို ကြည့်ရှုခြင်းသည် ဒုတိယအဆင့် ဓားစိတ်ဆန္ဒကို တိုက်ရိုက် ဖောက်ထွက်နိုင်ချေ ရှိသည်။
ကျန်းချန်၏ အဖြေကိုကြားပြီးနောက်တွင် အနက်ရောင် ဝတ်ရုံနှင့် အဘိုးအိုသည် သူ၏ ညာဘက်လက်ကို လေထဲတွင် ဝှေ့ရမ်းလိုက်၏။
မကြာမီမှာပင် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုသည် ကျန်းချန်၏ မျက်စိရှေ့တွင် ပေါ်လာသည်။
"ဝင်သွားပါ ကောင်လေး.. မင်းရဲ့ ဆုလာဘ်ကြောင့် လေ့လာဖို့အတွက် အချိန် အကန့်အသတ် မရှိပေမဲ့လည်း မင်းရဲ့ အင်အားနဲ့ဆိုရင် အစီအရင် အတွင်းမှာ သုံးရက် နေထိုင်တာက အကန့်အသတ်ပဲ"
"အကယ်၍ သုံးရက်အတွင်း မထွက်လာရင် ငါမင်းကို အစီအရင်ထဲကနေ ဆွဲထုတ်ပေးမယ်"
"အကြီးအကဲကို ကျေးဇူးတင်ပါတယ်"
ကျန်းချန်သည် အနက်ရောင် ဝတ်ရုံနှင့် အဘိုးအိုကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် မုန့်ချင်းရွှယ်ကို တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ကျန်းချန်နှင့် မုန့်ချင်းရွှယ် တို့သည် ထူးဆန်းသော နေရာတစ်ခုဆီ ပို့ဆောင်ခံလိုက်ရသည်။
သူတို့က ရောက်ရှိနေသည့် နေရာအတွင်းမှ အခြေအနေကို အနည်းငယ် အကဲခတ် ကြည့်ရှုလိုက်၏။
ကျန်းချန်၏ အကြည့်သည် အလယ်ရှိ နှစ်ပေ သို့မဟုတ် သုံးပေ မြင့်သော ထူးဆန်းသည့် ခရစ်စတယ်ကျောက်ဆီ အလျင်အမြန် ဆွဲဆောင်ခံလိုက်ရသည်။
ထို ခရစ်စတယ်ကျောက် ပေါ်ရှိ မှော်ဆန်သော ပုံရိပ်များသည် ကျန်းချန်၏ မြင်ကွင်းအတွင်း ဆက်တိုက်ဆိုသလို ပေါ်လာသည်။
အပြာရောင် ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် လူတစ်ယောက်သည် မိုးကောင်းကင်တွင် ဂုဏ်ယူစွာ ရပ်နေသည်ကို တွေ့မြင်ခဲ့ရပြီး ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒကို ထုတ်လွှတ်ကာ အရွယ်အစား ပေအမြောက်အမြား မြင့်မားသော ဧရာမ သားရဲကြီးတစ်ကောင်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။
"ဒင်...သင်က သိုင်းသခင်နယ်ပယ်မှ ကျင့်ကြံသူရဲ့ ဓားစိတ်ဆန္ဒ ထုတ်ဖော်ခြင်းကို ကြည့်ရှုပြီး အတွေ့အကြုံရမှတ် ၁၆၆၆မှတ်ကို အဆ ၁၀၀ ရရှိပါတယ်"
အခန်း(၂၃၆) ပြီး၏