အခန်း (၂၄၂)
Vol. 17 Ch. 242
လေထဲတွင် မုန့်ပိုင်၏ အော်ဟစ်သံက ပဲ့တင်ထပ်သွားသည်။
“မှော်ဓားချီ”
တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါဖြင့် အနက်ရောင် ဓားချီတစ်ခုသည် လျှပ်စီးလို အရှိန်အဟုန်ဖြင့် ကျန်းချန်ထံ ဦးတည်၍ ပျံသန်းလာခဲ့သည်။
“ဒါက... ယန်ဟွမ်ကျောင်းတော်ရဲ့ နက်နဲမှု အဆင့်မြင့် သိုင်းပညာ မှော်ဓားချီပဲ”
“မုန့်ပိုင်က သူ့ရဲ့ အစွမ်းထက်ဆုံးသိုင်းကို ပထမဆုံး တိုက်ကွက်မှာတင် ထုတ်သုံးမယ်လို့ မထင်ထားဘူး.. သူက ကျန်းချန်ကို အသေ သတ်ချင်နေတာများလား”
“ဒီအတိုင်းဆို ကျန်းချန် သေဖို့များနေပြီ”
သိုင်းစင်မြင့်ပေါ်မှ မြင်ကွင်းကြောင့် စင်အောက်မှ ကျောင်းသားအများအပြားသည် မကြည့်ရဲသည့် အမူအရာများဖြင့် မျက်လုံးများကို မှိတ်လိုက်ကြသည်။
မုန့်ပိုင်သည် သူ၏ မူလဘူတနယ်ပယ် အဆင့်ခုနစ် အင်အားနှင့် မူလဘူတနယ်ပယ် အဆင့်လေး ကျန်းချန်ကို ဖြေရှင်းရန်အတွက် နက်နဲမှု အဆင့်မြင့် သိုင်းပညာကို အစွမ်းကုန် ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်၏ အဆုံးသတ်က မည်မျှ ဆိုးရွားမည်ကို သူတို့က ကြိုတင် မြင်ယောင်နိုင်လု နီးပါးပင်။
သို့သော်လည်း ကျန်းချန်သည် မုန့်ပိုင်၏ ပြင်းထန်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း အမူအရာက အလွန်ပင် တည်ငြိမ်နေခဲ့သည်။
အနက်ရောင် ဓားချီက သူနှင့် သုံးပေအကွာသို့ ရောက်လာသည်နှင့် သူက လက်သီးကို ဆုပ်လိုက်ကာ မပျက်စီးနိုင်သော ခန္ဓာကိုယ် လေ့ကျင့်ရေး နည်းစနစ်ကို အစွမ်းကုန် အသုံးပြု၍ ရုန့်ရင်းသောခွန်အားကို ထုတ်လွှတ်လိုက်သည်။
“ဝုန်း”
ဝင်လာသော အနက်ရောင် ဓားချီကို ကျန်းချန်က လက်သီးဖြင့် တိုက်ရိုက် ချိုးဖျက်လိုက်သည်။
“မ.. မဖြစ်နိုင်ဘူး”
မုန့်ပိုင်က တုန်လှုပ်သွားပြီး သူ့မျက်လုံးတွင်လည်း မဖုံးကွယ်နိုင်လောက်အောင် ထိတ်လန့်သော အရိပ်အယောင်များနှင့် ပြည့်နှက်သွားခဲ့သည်။
ကျန်းချန်၏ လက်သီးက မုန့်ပိုင်၏ မှော်ဓားချီကို ချိုးဖျက်လိုက်ပြီးနောက်တွင် အရှိန်မသေသေးပေ။
သူ၏ လက်သီးချက်သည် မုန့်ပိုင်ခန္ဓာကိုယ်ကို မိမိရရပင် ထိမှန်သွားခဲ့၏။
"အားးး"
နာကျင်စွာ အော်ဟစ်သံနှင့်အတူ မုန့်ပိုင်သည် ပေအတော်များများအထိ လွင့်စင်သွားပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
“ဟ လခွမ်း.. မုန့်ပိုင် ရှုံးသွားပြီဟ”
“ငါ့ အမြင်မမှားဘူးဆိုရင် ကျန်းချန်က လက်သီးတစ်ချက်တည်းနဲ့ မုန့်ပိုင်ကို တကယ်ကြီး အနိုင်ယူလိုက်တာပဲ"
“ဒါ... ဒါက မယုံနိုင်စရာပဲ”
ပြိုင်ပွဲစင်မြင့်ထက်မှ ထင်မှတ်မထားသော မြင်ကွင်းကြောင့် ရင်ပြင်ရှိ မရေမတွက်နိုင်သော လူများသည် မျက်လုံး ပြူးကျယ်သွားကြသည်။
ကျန်းချန်လို မူလဘူတနယ်ပယ် အဆင့်၄ ကျင့်ကြံသူက မူလဘူတနယ်ပယ် အဆင့်ရ ကျင့်ကြံသူ မုန့်ပိုင်ကို တုံ့ပြန်ရန် လုံလောက်သော ခွန်အားမရှိဟု ထင်ထားကြသည်။
သို့သော် တကယ့် အမှန်တရားကမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။
ကျန်းချန်က သူတို့ မျှော်လင့်ထားသလို မုန့်ပိုင်၏ ရက်ရက်စက်စက် ရိုက်နှက်မှုကို မခံရရုံသာမက ဆန့်ကျင်ဘက်အနေဖြင့် မုန့်ပိုင်ကိုပင် ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်ခြင်း ဖြစ်သည်။
"မူလဘူတနယ်ပယ် အဆင့်၄ ကျင့်ကြံသူက မူလဘူတနယ်ပယ် အဆင့်၇ ကျင့်ကြံသူဖြစ်တဲ့ နဂါးစာရင်းဝင် ကျောင်းသားတစ်ယောက်ကို လက်သီးတစ်ချက်တည်းနဲ့ ပြန်မတိုက်နိုင်အောင် လုပ်နိုင်သတဲ့လား"
"ထိတ်လန့်စရာပဲ.. ဒါက တကယ်ကို ထိတ်လန့်စရာပဲ"
ထိုအချိန်တွင် ပြိုင်ပွဲစင်မြင့်၏ ဘေးတွင် ကျန်းချန်ကို စိန်ခေါ်ချင်သော နဂါးစာရင်းဝင် ကျောင်းသား အတော်များများသည် သူတို့၏ နဖူးမှ ချွေးများကို တိတ်တဆိတ် သုတ်လိုက်ကြသည်။
ယနေ့ ကျန်းချန်ကို စိန်ခေါ်ရန် ပြင်ဆင်နေသော နဂါးစာရင်းဝင် ကျောင်းသား ဆယ်ယောက်ကျော်ထဲတွင် ရှကျဲကို ဖယ်ထားလျှင် မုန့်ပိုင်က ခွန်အား အကောင်းဆုံး ဆိုသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
သို့သော် အားကောင်းသော မုန့်ပိုင်ပင် ကျန်းချန်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားရသည်။
ကံကောင်းသည်မှာ သူတို့သည် ကျန်းချန်ကို စိန်ခေါ်ရန် အလျင်စလို မလုပ်မိခဲ့ခြင်းပင်။
သို့မဟုတ်လျှင် သူတို့သည် မုန့်ပိုင်ကဲ့သို့ပင် မှော်စွမ်းအင်ကျောက်တုံး တစ်သန်း ဆုံးရှုံးမည့်အပြင် အရိုက်နှက်ခံရလိမ့်မည် ဖြစ်၏။
လူတိုင်းက ကျန်းချန်၏ တုန်လှုပ် ချောက်ချားဖွယ် လက်သီးချက်ကြောင့် ထိတ်လန့်နေသည့် အချိန်တွင် စင်ပေါ်မှ ကျန်းချန်သည် မုန့်ပိုင်ကို ညစ်ကျယ်ကျယ် အမူအရာဖြင့် ကြည့်လိုက်သည်။
“မုန့်ပိုင်.. ငါ့ရဲ့ လက်သီးချက်ကို ခံရတာ ဘယ်နှယ့်ရှိစ”
“ကျန်းချန်.. မင်းမာန်တက်မနေနဲ့.. ခုနက မင်းငါ့ကို လက်သီးနဲ့ထိုးခွင့်ရသွားတာ ငါ ပေါ့လျော့မိလို့ပဲ”
မုန့်ပိုင်၏ မျက်လုံးများတွင် အေးစက်သော အလင်းတစ်ခု ပေါ်လာသည်။
“နောက်တစ်ကြိမ်ဆို မင်းမှာ ဒီလို ကံကောင်းမှုမျိုး ရှိတော့မှာ မဟုတ်ဘူး"
“ကြည့်ရတာ ငါ့ရဲ့ ခုနက လက်သီးချက်ကို အားမရသေးဘူးနဲ့ တူတယ်...ငါက အမြဲတမ်း တရားမျှတပါတယ်.. မင်းက ငါ့ဆီမှာ အရိုက်နှက်ခံဖို့ မှော်စွမ်းအင်ကျောက်တုံး တစ်သန်းကို သုံးထားတဲ့အတွက် မင်းကျေနပ်တဲ့အထိ ငါ မင်းကို ရိုက်နှက်ပေးပါ့မယ်”
ကျန်းချန်၏ ခပ်ထေ့ထေ့ အသံ ပျောက်ကွယ်သွားပြီးနောက်တွင် ကျန်းချန်၏ ပုံရိပ်သည် တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။
အခန်း(၂၄၂) ပြီး၏