← Chapters

အခန်း (၂၄၄)

Vol. 17 Ch. 244

အခန်း (၂၄၄)

Vol. 17 Ch. 244

ကျန်းချန်က မောက်မာစွာ ပြောလိုက်သည်နှင့် နဂါးစာရင်းဝင်ကျောင်းသား ဆယ်ယောက်သည် ခေါင်းများ ငုံ့သွားကြ၏။

သူတို့က ကျန်းချန်၏ အကြည့်ကို ရင်ဆိုင်ရန် ခေါင်းမော့ဖို့ပင် မရဲကြတော့ပေ။

နဂါးစာရင်းတွင် အဆင့် ၆၀ ရသော မုန့်ပိုင်ပင် ကျန်းချန်ကို ရှုံးနိမ့်ကာ ကျန်းချန်၏ ရက်ရက်စက်စက် ချေမှုန်းခြင်းကို ခံလိုက်ရသည်။

သူတို့၏ ခွန်အားက မုန့်ပိုင်လောက်ပင် မကောင်းရာ ကျန်းချန်ကို အဘယ်ကဲ့သို့ စိန်ခေါ်ရဲပါမည်နည်း။

သို့သော် ထိုသို့ နဂါးစာရင်းဝင် ကျောင်းသား အတော်များများ ခေါင်းကို ငုံ့ပြီး လိပ်တစ်ကောင်ကဲ့သို့ သတ္တိမဲ့နေသော အချိန်တွင် သိုင်းစင်မြင့်ပေါ်သို့ လူတစ်ဦး တက်လာသည်။

လူတိုင်းက ကြည့်လိုက်သောအခါ ကျန်းချန်ကို စိန်ခေါ်ရန် စင်ပေါ်သို့ တက်လာသူမှာ တစ်ချိန်က နဂါးစာရင်းတွင် အဆင့် ၄၆ ရခဲ့သော ရှကျဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ကျန်းချန်.. မင်းက ငါ့ကို တကယ် အံ့အားသင့်စေတယ်.. မင်းက မုန့်ပိုင်ကိုတောင် အနိုင်ယူပြခဲ့တယ်.. သူတို့တွေက မင်းနဲ့ မတိုက်ရဲဘူး ဆိုမှတော့ ငါပဲ မင်းကို တာဝန်ယူလိုက်တော့မယ်.. ဒီနေ့က ငါပြောထားတဲ့အတိုင်း ငါနဲ့ သက်ဆိုင်တဲ့ အရာအားလုံးကို မင်းဆီကနေ ပြန်ယူမယ့်နေ့ပဲ"

ရှကျဲက ကျန်းချန်ကို တည်ငြိမ်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

သူ၏ အေးစက်သော အသံသည် လေထဲတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားသည်။

“မင်းက ငါ့ရဲ့ အရှုံးသမားတစ်ယောက်ပဲ.. ငါ့ရှေ့မှာ ဒီလောက် ထိ မာန်တက်ဖို့ မင်းကို ဘယ်သူ မြှောက်ပေးလိုက်တာလဲ.. စိန်ခေါ်ချင်ရင် အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်သန်း အရင်ထုတ်ပါ.. ဟားဟား.. မင်းက အရိုက်နှက်ခံဖို့ ပိုက်ဆံသုံးချင်တယ်ဆိုမှတော့ ငါဖြည့်ဆည်းပေးရမှာပေါ့”

ကျန်းချန်က မဲ့ပြုံး ပြုံး၍ ပြောလိုက်သည်။

“ဟမ့်...နောက်ဆုံးတစ်ခါက မူလဘူတနယ်ပယ် အဆင့်လေးအထိ ငါ့ရဲ့ ကျင့်ကြံခြင်းကို ဖိနှိပ်မထားခဲ့ရင် မင်းငါ့ကို နိုင်မယ်လို့ ထင်နေလား.. မှော်စွမ်းအင်ကျောက်တုံး တစ်သန်း ဒီမှာရှိတယ်.. မင်းမှာ စွမ်းရည်ရှိရင် လာယူလိုက်”

ရှကျဲက သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်ယူကာ လက်ထဲတွင် ကိုင်ထားရင်း ကျန်းချန်ကို အေးစက်စွာ ပြောလိုက်သည်။

“ဟားဟား... မင်းက ကျင့်ကြံခြင်းကို ဖိနှိပ်သည်ဖြစ်စေ၊ မဖိနှိပ်သည်ဖြစ်စေ ကိစ္စမရှိဘူး.. မင်းရဲ့ အားအကုန်သုံးပြီး တိုက်သည်ဖြစ်စေ မတိုက်သည်ဖြစ်စေ ကိစ္စမရှိဘူး...ငါက မင်းကို နောက်ဆုံးတစ်ခါက အနိုင်ယူခဲ့တယ်... ဒီတစ်ခါလည်း အနိုင်ယူဦးမှာပဲ”

ကျန်းချန်က မောက်မာစွာ ရယ်မောလိုက်သည်။

သူက လက်သီးကို ရုတ်တရက် ဆုပ်လိုက်ကာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ခွန်အားဖြင့် ရှကျဲဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ရှကျဲ၏ အမူအရာက မှောင်မိုက်သွား၏။

သူက ချက်ချင်းပင် မူလဘူတနယ်ပယ်၏ စွမ်းအားများ ပါဝင်သော လက်ဝါးဖြင့် ကျန်းချန်၏ လက်သီးချက်ကို ရင်ဆိုင်လိုက်သည်။

ဤသို့ဖြင့် လက်သီးနှင့် လက်ဝါးသည် လေထဲတွင် ရင်ဆိုင်တွေ့ပြီး လေထုက ချက်ချင်းပင် တုန်ခါသွားခဲ့သည်။

ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုသည် သိုင်းစင်မြင့်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် တုန်ခါစေတော့မတတ်ပင်။

စင်မြင့်ပေါ်မှ လူနှစ်ယောက်၏ ပုံရိပ်ကလည်း တစ်ချိန်တည်းတွင် ခြေလှမ်း အတော်များများ နောက်သို့ ဆုတ်သွားခဲ့၏။

နှစ်ဦးလုံး၏ ခြေလှမ်း အရေအတွက်က တူညီလုနီးပါးပင်။

ဤမြင်ကွင်းက ရင်ပြင်ထဲရှိ မရေမတွက်နိုင်သော လူများကို တစ်ဖန် တုန်လှုပ်စေပြီး ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည်။

ရှကျဲသည် မူလဘူတနယ်ပယ် အဆင့်ခုနစ် အလယ်အလတ်အဆင့် ကျင့်ကြံသူ ဖြစ်သည့် တစ်ချိန်က နဂါးစာရင်းတွင် အဆင့် ၄၆ ရခဲ့သော ကျောင်းသားတစ်ယောက် ဖြစ်သည်။

သို့တိုင် သူသည် ကျန်းချန်ကို ရင်ဆိုင်ရသောအခါတွင် အနည်းငယ်လေးပင် အသာစီးမရခဲ့ပေ။

ကျန်းချန်က အလွန်ပင် နတ်ဆိုးဆန်လွန်းပြီး ကြောက်မက်ဖွယ် ကောင်းသည်ဟုပင် ဆိုရမည်။

ယန်ဟွမ် ကျောင်းတော်မှ သူများသည် နတ်ဆိုးဆန်သော ပါရမီရှင်များကို မမြင်ဖူးခြင်း မဟုတ်ပေ။

သို့သော် ကျန်းချန်ကဲ့သို့ အလွန်အမင်း နတ်ဆိုးဆန်လွန်းသော သူကိုမူ သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

“ဒီကောင်လေးရဲ့ ခန္ဓာကိုယ်က ရုတ်တရက်ကြီး ဘယ်လိုလုပ် ဒီလောက် အားကောင်းသွားတာလဲ”

စင်ပေါ်ရှိ ရှကျဲ၏ မျက်လုံးများတွင်လည်း မယုံနိုင်စရာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

ကျန်းချန်က မူလဘူတနယ်ပယ် အဆင့်ခုနစ် ကျင့်ကြံသူဖြစ်သည့် မုန့်ပိုင်ကို အစောပိုင်းက လက်သီးတစ်ချက်တည်းဖြင့် အဘယ်ကြောင့် အနိုင်ရခဲ့သည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

စင်စစ် ဤကောင်လေး၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ခွန်အားသည် မူလဘူတနယ်ပယ် အဆင့်၇ အလယ်အလတ်အဆင့် ကျင့်ကြံသူနှင့် ယှဉ်ပြိုင်ရန် လုံလောက်နေပြီ ဖြစ်၏။

လွန်ခဲ့သော တစ်လခွဲက ဝင်ခွင့်စစ်ဆေးမှုတွင် ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် မူလဘူတနယ်ပယ် အဆင့်၅ ကျင့်ကြံသူနှင့်ပင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့သည်။

ကျန်းချန်သည် တစ်လခွဲအတွင်းမှာပင် ဤမျှ အားကောင်းသော အဆင့်ကို မည်သို့ ရောက်ရှိသွားပါသနည်း။

“ကျန်းချန်.. မင်းကို ငါ လျှော့တွက်မိခဲ့တယ်.. တစ်လခွဲအတွင်းမှာပဲ မင်း ဒီအဆင့်အထိ တိုးတက်လာမယ်လို့ မထင်ထားမိဘူး.. မင်းက ငါ့ဓားကို ထုတ်သုံးစေဖို့အထိ အရည်အချင်းရှိနေပြီပဲ”

ရှကျဲက အေးမြသော လေထုကို ရှူရှိုက်လိုက်သည်။

သူက သူ့လက်ကို လှုပ်ရှားလိုက်သည်နှင့် ငွေရောင် ဓားရှည်တစ်လက်သည် လက်ထဲတွင် ပေါ်လာခဲ့သည်။

အခန်း(၂၄၄) ပြီး၏

All Chapters