အခန်း (၂၄၅)
Vol. 17 Ch. 245
"ကြည့်စမ်း.. ရှကျဲမှာ ဓားကိုတောင် ထုတ်သုံးနေပြီဟ"
"ရှကျဲက ယန်ဟွမ် ကျောင်းတော်မှာ ဓားဆန္ဒကို နားလည်ထားတဲ့ ဓားရေး ပါရမီရှင် အနည်းငယ်ထဲက တစ်ယောက်ပဲ"
"ဒီတစ်ခါတော့ ကျန်းချန် ဒုက္ခရောက်ဖို့များတယ်"
ရှကျဲ၏ ဓားကို မြင်သည်နှင့် ရင်ပြင်ထဲရှိ လူအတော်များများက မအော်ဟစ်ဘဲ မနေနိုင်ကြတော့ပေ။
ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အလွန်အားကောင်းသော်လည်း ထိုခန္ဓာကိုယ်သည် မူလဘူတနယ်ပယ် အဆင့်၇ ကျင့်ကြံသူနှင့် ယှဉ်ပြိုင်နိုင်ရုံသာ ဖြစ်သည်။
ယေဘုယျအားဖြင့် ရုပ်ပိုင်းဆိုင်ရာ အားကောင်းသောသူများသည် စိတ်စွမ်းအင် အားနည်းကြသည်။
သိုင်းပညာ၏ စစ်မှန်သော အဓိပ္ပာယ်တွင် စိတ်စွမ်းအင် တိုက်ခိုက်မှုအချို့ ပါဝင်၏။
ဆိုရလျှင် သိုင်းပညာ၏ စစ်မှန်သောဆန္ဒဟု ဆိုနိုင်သည့် ဓားဆန္ဒသည် ကျန်းချန်တို့လို ရုပ်ပိုင်းဆိုင်ရာ အားကောင်းသူများ အတွက် ရန်သူသဖွယ် ဖြစ်နေခဲ့သည်။
ထို့အပြင် ရှကျဲ နားလည်ထားသော ဓားဆန္ဒသည် သိုင်းပညာ၏ စစ်မှန်သောဆန္ဒ အတော်များများထဲတွင် တိုက်ခိုက်ရေး စွမ်းအား ထိပ်တန်း ရောက်နေသော ဓားဆန္ဒတစ်ခု ဖြစ်သည်။
ထို့ကြောင့် ရှကျဲက ဓားဆန္ဒကို ထုတ်ဖော်လိုက်သည်နှင့် လူအများသည် ကျန်းချန် မုချ ရှုံးနိမ့်လိမ့်မည်ဟု ထင်နေခဲ့ကြသည်။
စင်ပေါ်တွင် ကျန်းချန်သည် ဓားရှည်ကို ကိုင်ထားသော ရှကျဲကို မဲ့ပြုံး ပြုံး၍ ကြည့်လိုက်၏။
ထို့နောက်တွင် ယန်လုံဓားသည် သူ့လက်ထဲတွင် ချက်ချင်း ဆိုသလို ပေါ်လာခဲ့သည်။
ကျန်းချန်၏ လက်ထဲတွင် ရုတ်တရက် ပေါ်လာသော ယန်လုံ ဓားကို မြင်သည်နှင့် ရှကျဲ ထိတ်လန့်အံ့သြ သွားခဲ့သည်။
သူက မယုံကြည်နိုင်စွာဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ မေးလိုက်၏။
"မင်း.. မင်းလည်း ငါ့လို ဓားသမားပဲလား"
"ဟုတ်တယ်"
"မင်း ငါ့ဆီမှာ နောက်ဆုံးတစ်ခါက ရှုံးနိမ့်ခဲ့တာကို မကျေမနပ် ခံစားနေရတယ် မဟုတ်ဘူးလား.. အဲဒါကြောင့် ဒီတစ်ခါတော့ အကောင်းဆုံး ဓားသိုင်းနဲ့ မင်းကို အနိုင်ယူပြီး ရှုံးနိမ့်မှုကို လက်ခံယုံကြည်အောင် လုပ်ပေးမလို့ပဲ"
ကျန်းချန်က သူ့ဓားကို လေထဲသို့ မြှောက်၍ ရပ်နေခဲ့သည်။
သူ့၏ မောက်မာသော စကားသံသည် လူတိုင်း၏ နားထဲကို ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။
"လခွမ်း.. ကျန်းချန်က ရှကျဲကို တိုက်ခိုက်ဖို့ ဓားသိုင်းကို အသုံးပြုမယ်တဲ့လား"
"ဟားဟား.. ဒါက တကယ့်ဟာသပဲ. သူက ဓားဆန္ဒရဲ့ အဓိပ္ပာယ်ကို နားလည်ထားတဲ့ ဓားပါရမီရှင်နဲ့ ဓားရေး ယှဉ်ပြိုင်ချင်တယ်ပေါ့လေ"
"ဒီကောင် သေတော့မှာပဲ"
ကျန်းချန်၏ စကားများသည် ရင်ပြင်ထဲတွင် ချက်ချင်း ပွက်လောရိုက်သွားစေခဲ့၏။
ကျောင်းသား အတော်များများသည် ကျန်းချန်ကို လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်နေကြသည်။
ဤကောင်လေးက စကားကြီးစကားကျယ် ဒီလောက်ပြောနေတာ လျှာခေါက်သွားမှာ မကြောက်ရွံ့ပါသလော။
ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အဓိက ကျင့်ကြံသူ တစ်ယောက်က ဓားပညာတွင် ရှကျဲကို အနိုင်ယူမည်ဟုပင် ကြွားဝါနေ၏။
ရှကျဲသည် နဂါးစာရင်းတွင် အဆင့် ၄၆ သာ ရသော်လည်း ဓားပညာ အရည်အချင်းအကြောင်း ပြောမည်ဆိုလျှင် ယန်ဟွမ် ကျောင်းတော်တစ်ခုလုံး၌ သူ့ကို ယှဥ်နိုင်သူမှာ လက်တစ်ဖက်တည်းဖြင့်သာ ရေတွက်၍ ရသည်။
ထို့ကြောင့် ဤကောင်လေးက ဓားပညာတွင် ရှကျဲကို အနိုင်ယူချင်နေသည်မှာ အိပ်မက်မက်နေခြင်းပင် မဟုတ်ပါလော။
စင်ပေါ်ရှိ ရှကျဲသည် သူ့ကို လုံးဝ ဂရုမစိုက်သည့် ကျန်းချန်၏ စကားများကို နားထောင်ပြီး မျက်နှာတစ်ခုလုံး အေးစက်သွားသည်။
"ကျန်းချန် မင်းက ဘာကောင်မို့ ငါ့ရှေ့မှာ စကားကြီးစကားကျယ် ပြောရဲတာလဲ.. ဓားသိုင်းနဲ့ ငါ့ကို အနိုင်ယူချင်တာလား.. မင်းမှာ အဲဒီလို အရည်အချင်းရှိလို့လား.. ဒီနေ့ ငါ ရှကျဲက မင်းကို ဓားကွက်တစ်ကွက်ထဲနဲ့ မနိုင်ရင် တစ်ခါထဲ အရှုံးပေးလိုက်မယ်"
ရှကျဲ၏ အေးစက်စက် အသံ ပျောက်ကွယ်သွားပြီးနောက် အလွန် အေးစက်သော ဓားဆန္ဒသည် ချက်ချင်းပင် ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့သည်။
အေးစက်သော ဓားဆန္ဒက မျက်စိတစ်မှိတ်အတွင်းမှာပင် လေထဲ၌ ပုံရိပ်ယောင် ဓားကြီးတစ်လက် အဖြစ် ပေါင်းစည်းသွားခဲ့သည်။
"အေးစက်တဲ့ ရေခဲဓားဆန္ဒ.. ကျန်းချန် သေဖို့သာပြင်ထား"
ရှကျဲ၏ မျက်နှာက အေးစက်သော ရေခဲသဖွယ် ဖြစ်နေပြီး သူ၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် ပုံရိပ်ယောင် ဓားကြီးသည် ကျန်းချန်ဆီသို့ ဝင်ရောက်လာခဲ့၏။
ပုံရိပ်ယောင် ဓားကြီးသည် အာကာသကိုပင် ခဲစေနိုင်ပုံရသည့် ရေခဲ စွမ်းအားကို သယ်ဆောင်ကာ ကျန်းချန်ဆီသို့ ကျရောက်လာခြင်းပင်။
"ဟားဟား... စိတ်ဝင်စားစရာကောင်းတဲ့ ဓားဆန္ဒလေးပဲ.. မင်းရဲ့ ဓားဆန္ဒက ငါမြင်ဖူးသမျှ ဓားရေး ပါရမီရှင်တွေထဲမှာ အားအကောင်းဆုံးပဲ.. ဒါပေမဲ့ ဒီလို ဓားဆန္ဒလောက်က ငါ့ရှေ့မှာ စာဖွဲ့ရလောက်တဲ့အထိတော့ မထိုက်တန်သေးဘူး"
ကျန်းချန်က တည်ငြိမ်စွာ ရယ်လိုက်သည်။
ထိုခဏမှာပင် ကြောက်မက်ဖွယ် ခြိမ်းခြောက်နိုင်သော ဧရာမ ဓားဆန္ဒ တစ်ခုသည် ချက်ချင်းပင် ရင်ပြင်ကို လွှမ်းခြုံသွားခဲ့သည်။
ထိုဓားဆန္ဒ၏ ဖိအားအောက်တွင် လူအတော်များများသည် အသက်ရှူ၍ မရတော့ပေ။
"ဓားဆန္ဒ.. ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ဓားဆန္ဒလဲ"
ကျန်းချန်၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသော ဧရာမ ဓားဆန္ဒကို မြင်လိုက်ရလျှင် ရင်ပြင်ထဲရှိ လူများသည် ချက်ချင်းပင် မှင်တက်သွားခဲ့သည်။
အခန်း(၂၄၅) ပြီး၏