← Chapters

အခန်း (၂၄၉)

Vol. 17 Ch. 249

အခန်း (၂၄၉)

Vol. 17 Ch. 249

ရုတ်တရက် ပေါ်လာသော ထိုလူငယ်မှာ အခြားသူ မဟုတ်ပေ။

ကျန်းချန် လဲ့ရှစ်မြို့တွင် တွေ့ဆုံခဲ့ဖူးသည့် သားရဲသခင် ခုံးမော့ရှန်းပင်။

လဲ့ရှစ်မြို့မှ လခြမ်း ကုန်သွယ်ရေးခန်းမတွင် ခုံးမော့ရှန်းသည် သူ၏ သားရဲသခင် အဆင့်အတန်းကို အားကိုး၍ ကျန်းချန်ရှေ့တွင် မောက်မာစွာ ပြုမူရန် ကြိုးစားခဲ့သည်။

သို့သော် သူ၏ မောက်မာမှုမှာ မအောင်မြင်ဘဲ သောက်ခွက်ဖြတ်ရိုက်ခံရသကဲ့သို့ အရှက်ကွဲခဲ့ရ၏။

ကျန်းချန်သည် ခုံးမော့ရှန်း အကြောင်းကို မေ့လုနီးပါးပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သို့သော် ကျန်းချန် မထင်မှတ်ထားသည်မှာ ခုံးမော့ရှန်းသည် ရုတ်တရက် ရောက်ရှိလာပြီး ဆေးလုံးအတွက် သူ့နှင့် ယှဉ်ပြိုင်ရန် ပြေးလာခြင်းပင်။

"ကျန်းချန်.. မင်းလည်း ယန်ဟွမ် ကျောင်းတော်ကို ရောက်လာမယ်လို့ ငါ မထင်ထားမိဘူး"

ခုံးမော့ရှန်းက ကျန်းချန်ကို ခပ်ထေ့ထေ့ ပြောလိုက်သည်။

သူ၏ မျက်လုံးများမှ အေးစက်သော အလင်းတန်းများ ထုတ်လွှတ်နေခဲ့၏။

လဲ့ရှစ်မြို့ရှိ လခြမ်း ကုန်သွယ်ရေးခန်းမတွင် ကျန်းချန်၏ အရှက်ခွဲခြင်းကို ခံရသော ဖြစ်ရပ်သည် ယခုအထိ သူ့အတွက် ပူပူနွေးနွေး ရှိနေဆဲပင်။

ထို့ကြောင့် ခုံးမော့ရှန်းသည် နောက်တစ်ကြိမ် ကျန်းချန်နှင့် တွေ့ဆုံသည့်အခါတွင် ကျန်းချန်ကို ဆယ်ဆ ပြန်လည် ပေးဆပ်စေမည်ဟု တိတ်တဆိတ် ကျိန်ဆိုထားခဲ့သည်။

"ဒီနေရာမှာ မင်းနဲ့ တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားဘူး"

ကျန်းချန်သည် ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"ဒါပေမဲ့ ဒီဆေးလုံးကို ငါ အရင်ဆုံး ကြည့်ရှုခဲ့တာပဲ.. မင်းက ငါ့ထက် နည်းနည်းလေး နောက်ကျတယ်"

"ဟက်.. အရင်ဆုံး ကြည့်လိုက်တာနဲ့ မင်းရဲ့ အပိုင်လို့ သတ်မှတ်ပေးရမှာလား"

ခုံးမော့ရှန်းက လှောင်ပြောင်လိုက်သည်။

သူက ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်ကို လက်သီးဆုပ်၍ ဂါရဝပြုကာ ပြောလိုက်သည်။

"ညီနောင်လဲ့.. မင်းရဲ့ ဒီဆေးလုံးကို ငါ ကုန်သွယ်မှု လုပ်နိုင်မယ်လို့ မျှော်လင့်တယ်"

"ကောင်းပြီလေ"

ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ညီနောင်ခုံးအနေနဲ့ ငါရဲ့မွန်းစတားသားရဲဥကို ပေါက်ဖွားလာအောင် ကူညီနိုင်သရွေ့ ဒီဆေးလုံးက ညီနောင်ခုံးအပိုင်ပဲ"

ခုံးမော့ရှန်းသည် ယန်ဟွမ်ကျောင်းတော်မှ နာမည်ကျော် သားရဲ ပါရမီရှင်တစ်ဦး ဖြစ်သည်။

ခုံးမော့ရှန်း၏ အကူအညီ မရှိလျှင် သူ၏ မွန်းစတားသားရဲဥသည် ပေါက်ဖွားနိုင်မည် မဟုတ်ပေ။

ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်က ခုံးမော့ရှန်းနှင့် စကားပြောပြီးနောက်တွင် ရေခဲကဲ့သို့ အေးစက်သော မျက်လုံးများဖြင့် ကျန်းချန်ထံသို့ စေ့စေ့ကြည့်ကာ ပြောလိုက်သည်၊

"ကောင်လေး.. ငါ့ရဲ့ဆေးလုံးကို ချထားဖို့ မင်းကို တစ်မိနစ် အချိန်ပေးမယ်"

"ငါက သူ့ထက်အရင် ဒီဆေးလုံးကို ကြည့်နေတဲ့သူပါ"

"သားရဲ ထိန်းချုပ်တဲ့ စွမ်းရည် ဆိုရင်လည်း ဒီကောင်က ငါ့ရဲ့ အရှုံးသမားတွေထဲက တစ်ဦးပဲ"

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။

"သူ့လို အရှုံးသမားကတောင် ဆေးလုံးကို ပိုင်ဆိုင်ဖို့ အခွင့်အရေးရှိရင် ငါက ဘာလို့ အခွင့်အရေး မရှိရမှာလဲ"

ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်သည် ခဏမျှ အံ့အားသင့်သွားသည်။

သူသည် ကျန်းချန်ကို မယုံနိုင်စွာ ကြည့်၍ မေးလိုက်သည်။

"မင်းက သားရဲသခင်လို့ ပြောနေမှတော့ မင်းမှာ သားရဲသခင် တံဆိပ်ပြားရော ရှိလား"

သိထားရမည်မှာ ခုံးမော့ရှန်းသည် ယန်ဟွမ် ကျောင်းတော်၏ နာမည်ကျော် သားရဲသခင်တစ်ဦး ဖြစ်သည်။

ယန်ဟွမ် ကျောင်းတော်၌ ခုံးမော့ရှန်းထက် ပိုသာသည့် သားရဲသခင် အနည်းငယ်သာ ရှိ၏။

သူ တစ်ခါမှ မကြားဖူး မမြင်ဖူးသည့် ဤကောင်လေးတွင် ခုံးမော့ရှန်းကို အနိုင်ယူနိုင်သည့် စွမ်းရည် တကယ်ပဲ ရှိနိုင်ပါမည်လော။

"ငါ့မှာ သားရဲသခင် တံဆိပ်ပြား မရှိပါဘူး"

ကျန်းချန်က ခုံးမော့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"ဒါပေမဲ့ အနည်းဆုံးတော့ ဒီကောင်ရဲ့ သားရဲ လေ့ကျင့်ရေး စွမ်းရည်က ငါ့ရှေ့မှာ စကားထဲ ထည့်ပြောဖို့တောင် မတန်ဘူး"

"ကျန်းချန် မင်းက ငါ့ရှေ့မှာ မောက်မာလှချည်လား"

ခုံးမော့ရှန်းသည် ကျန်းချန်၏ စကားများကို ကြားလျှင် မျက်နှာပေါ်၌ ဒေါသရိပ်များ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

သူက ခါးပေါ်မှ အိမ်မွေးသားရဲ အိတ်ကို လက်ဝါးဖြင့် ပုတ်လိုက်လျှင် မီးလျှံကဲ့သို့ နီရဲသည့် အရိပ်တစ်ခုသည် သူ၏ အိမ်မွေးသားရဲ အိတ်ထဲကနေ ထွက်ပေါ်လာခဲ့၏။

ထိုအရာက ခုံးမော့ရှန်း ရှေ့တွင် ကျရောက်ပြီးနောက် ခန္ဓာကိုယ် အရွယ်အစားသည် အလျင်အမြန် တိုးတက်လာခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဧရာမ ခြင်္သေ့တစ်ကောင်သည် လူတိုင်း၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

ခြင်္သေ့၏ ခန္ဓာကိုယ်မှ အမွေးများမှာ မီးလျှံလို နီရဲနေပြီး မျက်လုံးများမှာ ခရမ်းရောင် အလင်းဖြင့် တောက်ပနေ၏။

၎င်းက တစ်ကိုယ်လုံးကနေ အလွန်ရုန့်ရင်းသည့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

ဤခြင်္သေ့မှာ တတိယအဆင့်၊ အဆင့်မြင့်သို့ ရောက်ရှိနေပြီ ဖြစ်သည့် ခရမ်းရောင်မျက်လုံး မီးလျှံ ခြင်္သေ့တစ်ကောင် ဖြစ်၏။

"ကျန်းချန်.. သားရဲသခင်တွေရဲ့ အကောင်းဆုံး စွမ်းရည်က သားရဲတွေကို လေ့ကျင့်ပေးဖို့ပဲ"

သူသည် တင်းမာသည့် မျက်လုံးများဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်းမှာ အစွမ်းအစရှိရင် မင်းယဉ်ပါးအောင် လုပ်ထားတဲ့ မွန်းစတားသားရဲကို ငါ့သားရဲနဲ့ ပြိုင်ဆိုင်ဖို့ စေလွှတ်လိုက်လေ"

ကျန်းချန်က ခရမ်းရောင် မျက်လုံး မီးလျှံ ခြင်္သေ့ကို ခပ်ထေ့ထေ့ ကြည့်လိုက်သည်။

သူ၏ မထီမဲ့မြင် လှောင်ပြောင်သံသည် ခုံးမော့၏ နားထဲကို ချက်ချင်း ရောက်ရှိလာခဲ့၏။

"ဟားဟား... ဂုဏ်သိက္ခာရှိတဲ့ စတုတ္ထအဆင့် သားရဲသခင်က အမှိုက်လောက် အဆင့်ရှိတဲ့ တတိယအဆင့် သားရဲတစ်ကောင်ကို ယဥ်ပါးအောင်လုပ်ပြီး ငါ့ရှေ့မှာ မာနထောင်လွှားရဲတယ်တဲ့လား"

အခန်း(၂၄၉) ပြီး၏

All Chapters