← Chapters

အခန်း (၂၅၂)

Vol. 17 Ch. 252

အခန်း (၂၅၂)

Vol. 17 Ch. 252

"ကောင်းတယ်.. သိပ်ကောင်းတယ်"

"မင်းက ငါ့ကို မျက်လုံးထဲ မထည့်ဘူးဆိုတော့ ငါဘာလုပ်နိုင်လဲဆိုတာ မင်းကို ပြသရသေးတာပေါ့"

ခုံးမော့ရှန်းက မဲ့ပြုံး ပြုံးလိုက်သည်။

သူက ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်ကို တိုက်ရိုက် ပြောလိုက်သည်။

"ညီနောင်လဲ့.. မွန်းစတားဥကို ယူထုတ်လိုက်ပါ"

သားရဲသခင် မိသားစုမှ ခုံးမျိုးနွယ်၏ အဓိက တပည့်အနေဖြင့် ခုံးမော့သည် ငယ်စဉ်ကတည်းက မွန်းစတားဥများစွာနှင့် ထိတွေ့ခဲ့ရသည်။

သူက အကြီးအကဲများ၏ ပဥ္စမအဆင့် မွန်းစတားဥကို ပေါက်ဖွားစေသည့် လုပ်ငန်းစဉ် တစ်ခုလုံးကိုပင် ကြည့်ရှုခဲ့ဖူးသည်။

ထို့ကြောင့် ခုံးမော့ရှန်းသည် မွန်းစတားဥများကို ပေါက်ဖွားအောင် လုပ်ဆောင်သည့် အတွေ့အကြုံတွင် ကျန်းချန်သည် သူနှင့် လုံးဝ နှိုင်းယှဉ်၍ မရဟု သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။

ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်က အပိုစကားများ မပြောဆိုခဲ့ပေ။

သူက ဘဲဥသဏ္ဌာန် မွန်းစတား ဥတစ်လုံးကို လူတိုင်းရှေ့တွင် ယူထုတ်လိုက်၏။

ထိုဥက တစ်ပေခန့် ရှည်လျားသည့် အပြာရောင်ဥ ဖြစ်ပြီး ဥတစ်ခုလုံးတွင် ထူးခြားသော လက္ခဏာများ ရှိနေသည်။

ထိုဥ၏ မာကျောသည့် အခွံများသည်ပင် နှစ်များ၏ တိုက်စားမှုအောက်တွင် အစက်အပြောက် ပမာ အမှတ်အသားများကို ပြသနေခဲ့၏။

ကြည့်လိုက်သည်နှင့် ဤမွန်းစတားဥသည် အနည်းဆုံး ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေသည့် မွန်းစတားဥမှန်း ထင်ရှားနေသည်။

ယေဘုယျအားဖြင့် ပြောရလျှင် မတော်တဆမှု မရှိသရွေ့ မွန်းစတားဥ အများစုသည် သုံးနှစ်မှ ငါးနှစ်အတွင်း ဥပေါက်နိုင်သည်။

ပေါက်ဖွားရန် အချိန်ကြာမြင့်တတ်သည့် မွန်းစတားဥ အချို့ပင် ဆယ်နှစ်ထက် ပို၍ ကျော်လွန်မည် မဟုတ်ပေ။

ဆယ်စုနှစ်ပေါင်းများစွာ သက်တမ်း ရှိနေပြီး မပေါက်ဖွားရသေးသည့် ဤမွန်းစတားဥမှာ တကယ်ပင် အလွန် ရှားပါးလှ၏။

"ညီနောင်လဲ့.. မင်း ပေါက်ဖွားလိုတဲ့ မွန်းစတားသားရဲဥက ဒီဥလား"

ခုံးမော့ရှန်းက ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ် ထုတ်ယူလိုက်သည့် မွန်းစတားဥကို စိုက်ကြည့်ပြီးနောက် မေးခွန်းထုတ်လိုက်သည်။

ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်က ခေါင်းညိတ်ကာ ပြန်​ဖြေလိုက်သည်။

"ဟုတ်တယ်"

"ညီနောင်လဲ့.. မင်းရဲ့ မွန်းစတားသားရဲဥ သက်တမ်းက အနည်းဆုံး နှစ်ငါးဆယ်လောက် ရှိနေပြီ"

"ပုံမှန်အားဖြင့် ဆယ်နှစ်အတွင်း မပေါက်တဲ့ မွန်းစတားသားရဲဥကို ဥကန်းသွားပြီလို့တောင် အခြေခံအားဖြင့် သတ်မှတ်လို့ ရနေပါပြီ"

"မင်းရဲ့ မွန်းစတားသားရဲဥက ဥကန်းနေမှာကို ငါစိုးရိမ်မိတယ်"

ခုံးမော့ရှန်းက ခေါင်းကို ခါယမ်းလိုက်သည်။

သူက စကားတစ်ဝက်သာ ပြောရသေးသော်လည်း သူဆိုလိုချင်သည့် အဓိပ္ပာယ်မှာ ထင်ရှားနေ၏။

"မဖြစ်နိုင်ဘူး"

ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ငါ့ရဲ့ မွန်းစတားသားရဲဥက သေချာပေါက် လုံးဝ ပေါက်ဖွားနိုင်တယ်"

"ညီနောင်လဲ့.. မင်းရဲ့ မွန်းစတားသားရဲဥမှာ အသက်စွမ်းအား အပြောင်းအလဲတွေကို ငါ မခံစားမိခဲ့ဘူး.. ဒီဥက ကန်းသွားခဲ့ပြီ"

ခုံးမော့ရှန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ကမ္ဘာပေါ်က အတော်ဆုံး သားရဲသခင် ဖြစ်နေပါစေ.. သူ့ကို ပြန်လည်ရှင်သန်အောင် ဘယ်လိုမှ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး"

သို့သော် သူ၏ စကားသံဆုံးသောအခါမှာပင် မထီမဲ့မြင် ရယ်မောသံ တစ်သံသည် ထွက်ပေါ်လာခဲ့၏။

"ဟားဟား"

"ဂုဏ်သိက္ခာရှိတဲ့ စတုတ္ထအဆင့် သားရဲသခင်က အသက်ရှင်နေဆဲ မွန်းစတားဥကို ဥကန်းတယ်လို့ သတ်မှတ်ခဲ့တယ်လား"

"ဒါက မင်းရဲ့ စတုတ္တ သားရဲသခင်ဆိုတဲ့ ဂုဏ်ပုဒ်ကို အိုးမည်းသုတ်နေတာပဲ"

ခုံးမော့ရှန်း၏ မျက်နှာက ရုတ်တရက် အေးစက်သွားသည်။

သူက လှောင်ပြုံးဖြင့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

"အသက်စွမ်းအင်မရှိတဲ့ မွန်းစတားဥကို အသက်ရှင်နေသေးတယ်လို့ ငါ့ကို ပြောရဲသေးတယ်"

"မွန်းစတားဥမှာ အသက်စွမ်းအင် မတွေ့တာနဲ့ ဥကန်းသွားပြီလို့မင်းကို ဘယ်သူသင်ပေးထားတာလဲ"

ကျန်းချန်က ပေါ့ပါးစွာ တုံ့ပြန် ပြောဆိုလိုက်သည်။

"ထားပါ.. အပြစ်တင်ချင်ရင် မင်းရဲ့ လေ့လာသင်ယူနိုင်စွမ်း အားနည်းတာကိုပဲ အပြစ်တင်ရမယ်"

"ကျန်းချန် မင်းရဲ့ လေသံကို နားထောင်ကြည့်ရသလောက် မင်းက မွန်းစတားသားရဲဥကို ပေါက်ဖွားအောင် လုပ်နိုင်မယ်လို့ ထင်နေတာလား"

ခုံးမော့ရှန်းက မထီမဲ့မြင် လှောင်ပြောင်လိုက်သည်။

"မင်း တကယ်ပဲ ပေါက်ဖွားအောင် လုပ်နိုင်ရင် ငါ့ရဲ့မျိုးရိုးနာမည်ကို မင်းရဲ့ မျိုးရိုးနာမည် ပြောင်းလိုက်မယ်"

"ချီး.. ငါရဲ့ မျိုးရိုးနာမည်ကို ပြောင်းစရာမလိုဘူး.. မင်းလိုအမှိုက်ကများ ငါ့ရဲ့မျိုးရိုးနာမည်ကို​ ပြောင်းချင်နေသေးတယ်.. အိပ်မက်သာ သွားမက်နေလိုက်"

ထို့နောက်တွင် ကျန်းချန်သည် ထွားကျိုင်းသော လူငယ်၏ နံဘေးသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားလိုက်သည်။

သူသည် ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်ရှေ့မှ မွန်းစတား ဥကို ကြည့်ကာ နက်နဲသည့် လက်ဟန်များကို အလျင်အမြန် ဖော်ထုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ခပ်တိုးတိုး ရေရွတ်သံသည် လူတိုင်း၏ နားထဲကို ချက်ချင်း ဝင်ရောက်လာခဲ့၏။

"ရှေးခေတ် တော်ဝင်သားရဲ.. ထိုက်ရှ ဝိညာဉ်ဖြေရှင်းခြင်းနည်းစနစ်.."

အခန်း (၂၅၂) ပြီး၏

All Chapters