← Chapters

အခန်း (၂၅၃)

Vol. 17 Ch. 253

အခန်း (၂၅၃)

Vol. 17 Ch. 253

မွန်းစတားဥကို ပထမဆုံး မြင်လိုက်သည်နှင့် ကျန်းချန်ကို စနစ်မှ အချက်ပြခဲ့၍ မွန်းစတားဥကို ပေါက်ဖွားစေမည့် နည်းလမ်းကို ကျန်းချန်က နားလည်ခဲ့သည်။

ဤမွန်းစတားဥမှာ လုံးဝ ကန်းနေသောဥ မဟုတ်ပေ။

ခုံးမော့က မွန်းစတားဥ၏ အသက်စွမ်းအင် အပြောင်းအလဲများကို မခံစားနိုင်သည်မှာ ရှေးဟောင်းသားရဲ အတတ်ပညာထဲမှ ဝိညာဉ် စည်းခတ်ခြင်း နည်းစနစ်ကို ဥပေါ်တွင် အသုံးပြုထားခြင်းကြောင့် ဖြစ်၏။

၎င်းက မွန်းစတားဥများကို စည်းတံဆိပ်ခတ်သည့် အံ့ဖွယ်အတတ်တစ်မျိုးပင်။

ဝိညာဉ် စည်းတံဆိပ်ခတ်ထားခြင်းကြောင့်သာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေသည့် ဤမွန်းစတားဥကို ဥမကန်းစေဘဲ ယနေ့အထိ ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်၏။

ဤမွန်းစတားသားရဲဥကို ပေါက်ဖွားစေလိုလျှင် အရင်ဦးဆုံး ဥပေါ်မှ တံဆိပ်ကို ဖွင့်ရပေမည်။

ကျန်းချန်က ယခု အသုံးပြုနေသည်မှာ အဆတစ်ရာစနစ်ဖြင့် ယခုလေးတင် နားလည်ခဲ့သည့် ထိုက်ရှ ဝိညာဉ် ဖြေရှင်းခြင်း နည်းစနစ် ဖြစ်သည်။

ကျန်းချန်က တိုက်ရှ ဝိညာဉ် ဖြေရှင်းခြင်း အတတ်ပညာကို အသုံးပြု၍ လျှို့ဝှက်ဆန်းကြယ်သည့် လက်ဟန်များကို ဆက်တိုက် ဖော်ထုတ်ကာ သူ့ရှေ့မှ မွန်းစတားဥထဲသို့ သက်ရောက်စေလိုက်သည်။

တခဏလေးအတွင်း ကျန်းချန်သည် လက်ဟန်ကိုးခုကို ဆက်တိုက် လုပ်ဆောင်ပြီးပြီ ဖြစ်၏။

ကိုးခုမြောက် လက်ဟန် အလှည့်သို့ အရောက်တွင်

မူလက အသက်စွမ်းအင် ကင်းမဲ့နေသည့် မွန်းစတားဥပေါ်တွင် လျှပ်စီးကြောင်းပုံစံ လက်ခနဲ ပေါ်လာပြီး ပင့်ကူအိမ်ပမာ အလျင်အမြန် ပျံ့နှံ့သွားသည်ကို အားလုံးက မြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် နှလုံးခုန်သံ ကဲ့သို့ အသက်စွမ်းအင် လှိုင်းတစ်ခုသည် မွန်းစတားဥ ထံကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့၏။

"ဝိုး.. အသက်စွမ်းအင် အပြောင်းအလဲ ရှိနေတယ်ဟ"

"ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေတဲ့ မွန်းစတားဥကို ကျန်းချန်က ကယ်တင်နိုင်လိုက်ပြီ"

"ဒါ... ဒါက အရမ်းနတ်ဆိုးဆန်လွန်းတယ်"

ကျန်းချန်၏ လက်ဟန်စွမ်းအားများ သက်ရောက်ပြီးနောက်တွင် မွန်းစတားဥသည် အံ့ဖွယ်နည်းလမ်းဖြင့် သူ၏ အသက်စွမ်းအင် အပြောင်းအလဲများကို ပြန်လည်ရရှိသွားခဲ့သည်။

ပတ်ဝန်းကျင်မှ ကြည့်ရှုနေသည့် ကျောင်းသားများသည် မျက်လုံးများ ပြူးကျယ်သွားကြ၏။

သူတို့က မာနကြီးစွာ ရပ်နေသည့် ကျန်းချန်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြသည်။

သူတို့၏ ပါးစပ်ကနေ ချီးကျူးသံများလည်း ထွက်ပေါ်လာခဲ့၏။

"ဒီကောင်လေးက သိုင်းပညာ ပါရမီမှာ နတ်ဆိုးဆန်ရုံတင်မကဘူး.. သားရဲ ယဉ်ပါးမှု ပါရမီကလည်း အံ့သြဖို့ကောင်းလွန်းတယ်"

ယန်ဟွမ်ကျောင်းတော်၏ ဂုဏ်သိက္ခာရှိသည့် သားရဲ ယဉ်ပါးမှုပါရမီရှင် ခုံးမော့ရှန်း။

စတုတ္ထအဆင့် သားရဲသခင် အဆင့်ကို ကျန်းချန်က တိုက်ရိုက် အနိုင်ကျင့်၍ အမှိုက်အဖြစ် ပြောင်းလဲပစ်လိုက်သည်။

"ဒါ.. ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ခုံးမော့ရှန်းက သူ၏ ရှေ့မှ တုန်လှုပ်စရာကောင်းသည့် မြင်ကွင်းကြောင့် ကြောင်အသွားသည်။

နောက်ဆုံးတစ်ကြိမ်က လဲ့ရှစ်မြို့တွင် ကျန်းချန်၏ အရှက်ခွဲမှုကို ခံရပြီးကတည်းကပင် ခုံးမော့ရှန်းသည် ယန်ဟွမ်ကျောင်းတော်သို့ ပြန်ရောက်သည်နှင့် သားရဲ ယဉ်ပါးမှု နည်းစနစ်များကို အပတ်တကုတ် လေ့ကျင်ကာ စတုတ္ထအဆင့် သားရဲသခင် အဆင့်ထိ တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။

မူလက ခုံးမော့ရှန်းသည် စတုတ္ထအဆင့် သားရဲသခင်ဖြစ်လာပြီးနောက် သူ့ကိုယ်သူ ကျန်းချန်နှင့် ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီသွားပြီဟု ယူဆခဲ့သည်။

သို့သော် လက်တွေ့တွင်မူ သူကသာ နော​က်တစ်ကြိမ် အရှက်ကွဲခဲ့ရပြန်၏။

ကျန်းချန်က အသက်စွမ်းအင် အပြောင်းအလဲ မရှိသည့် မွန်းစတားဥကိုပင် ကယ်တင်နိုင်မည်ဟု သူ ဘယ်သောအခါမှ မတွေးထားခဲ့ပေ။

ယင်းက မည်မျှပင် မယုံနိုင်လောက်သည့် စွမ်းဆောင်မှုမျိုးနည်း။

ကျန်းချန်သည် ခုံးမော့ရှန်း၏ တုန်လှုပ်မှုကို အာရုံစိုက်ရန် အချိန်မရှိခဲ့ပေ။

သူက ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်ကို ကြည့်၍ ပြောလိုက်သည်။

"ဘာပြဿနာမှ မရှိရင် မင်းရဲ့ မွန်းစတားသားရဲဥက အကြာဆုံး တစ်လအတွင်းမှာ ပေါက်ဖွားလာလိမ့်မယ်.. ယခု ငါ ဒီဆေးလုံးကို ယူလို့ ရပြီလား"

"ရပါပြီ"

ခန္ဓာကိုယ်ထွားကျိုင်း​သော လူငယ်က ကျန်းချန်ကို ခေါင်းညိတ်၍ ပြောလိုက်သည်။

"မင်းရဲ့ ကျေးဇူးကို ငါလဲ့ဟောင်ခုံး မှတ်ထားပါ့မယ်"

"ရပါတယ်"

"မင်းအတွက် ငါက မွန်းစတားဥ ပြဿနာကို ဖြေရှင်းပေးတယ်...မင်းက ငါ့ကို ဒီဆေးလုံး ပြန်ပေးတယ်.. ငါတို့နှစ်ယောက်လုံး လိုအပ်တာကို ရရှိခဲ့ကြတာပဲ.. ကျေးဇူးတင်စရာမလိုပါဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ဆေးလုံးကို သိမ်းဆည်းကာ ဈေးဆိုင်တန်းမှ လှည့်ထွက်သွားခဲ့သည်။

သို့သော် ကျန်းချန် လှည့်ထွက်လိုက်သည့် အခါမှာပင် အေးစက်သော အော်သံတစ်သံသည် အဝေးကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"မုန့်ချင်းရွှယ်.. မင်းက ငါတို့ မုန့်မိသားစုရဲ့ တိုက်ရိုက် တပည့်ဖြစ်ပြီး တခြားသူထံမှာ အစေခံ လုပ်ဖို့ ဆန္ဒရှိနေတယ်"

"ဒါက ငါတို့ မုန့်မိသားစုရဲ့ မျက်နှာကို အိုးမည်းသုတ်နေတာပဲ.. အဲဒီကောင်နားကနေ ချက်ချင်း ထွက်လာခဲ့စမ်း"

အခန်း(၂၅၃) ပြီး၏

All Chapters