← Chapters

အခန်း (၁၅)

Vol. 2 Ch. 15

အခန်း (၁၅)

Vol. 2 Ch. 15

ထိုအရာက လုရွှယ်ယင်စိတ်ထဲ အရှုပ်ထွေးဆုံးအပိုင်းဖြစ်သည်။

လင်းဖေးဟန် ဘယ်တုန်းက ဆေးပညာကို လေ့လာခဲ့တာလဲ။

ဒီမတိုင်ခင်က လင်းဖေးဟန် ဆေးကုတာကို ငါမမြင်ဖူး မကြားဖူးပါဘူး။

လင်းဖေးဟန် ယာဉ်မောင်းထိုင်ခုံမှာထိုင်ရင်းကနေ ခေါင်းထုတ်ပြီး ပြန်မေးလိုက်၏။

“ကြည့်ရတာ ငါ ဆေးပညာတတ်မတတ် မင်းမမေးဖူးဘူးပဲ။ ဟုတ်တယ်မလား”

ထိုစကားကို ကြားလိုက်ရချိန်မှာ လုရွှယ်ယင် ဘာမှပြန်မပြောနိုင်ချေ။ တကယ်ကိုပဲ လင်းဖေးဟန်က အရမ်းချမ်းသာတယ်ဆိုတာကလွဲပြီး သူမ ဘာမှမသိထားဘူးထင်တယ်။

ဂီတနဲ့ အ၀တ်အစားက လုရွှယ်ယင်ရဲ့ ပြည့်စုံတဲ့ ကိုယ်ခန္ဓာကောက်ကြောင်းကို ထင်ရှားစေတယ်။ ဗီလာရဲ့ တံခါး၀မှာရပ်နေတဲ့သူမက တကယ်ကို လှပတဲ့မြင်ကွင်းပဲ။

လင်းဖေးဟန် သက်ပြင်းချလိုက်၏။

“ဒီလိုမိန်းကလေးမျိုးကိုသာ လက်ထပ်နိုင်ရင် ငါ့မှာ တခြားဘာတောင်းဆိုစရာ ရှိဦးမှာလဲ”

လင်းဖေးဟန် သူ့အတွေးတွေကို ပြန်ရုတ်သိမ်းလိုက်ပြီး ဆက်ပြောလိုက်သည်။

“မိန်းကလေးလု၊ အရင်က ငါမင်းကို လိုက်ပိုးပန်းခဲ့တယ်။ ငါ မင်းကို နှစ်နှစ်ကာကာချစ်ခဲ့တယ်။ မင်း စန္တရားတီးရတာနဲ့ လက်ရေးလှရေးတာကြိုက်တတ်တာရယ် မင်းဝါသနာတွေအကုန်လုံးကိုသိခဲ့တယ်။ ဒါပေမဲ့ မင်းကျတော့ရော”

လင်းဖေးဟန် သူ့ဘာသူရယ်လိုက်၏။

ကျိန်းသေတာပေါ့။ သူ ဟန်ဆောင်နေတာလေ။

လုရွှယ်ယင်က လင်းဖေးဟန်စကားကြောင့် ပြောစရာပျောက်ရှကုန်ပြီး အချိန်အကြာကြီး မှင်သက်နေမိသည်။

လှပပြီး‌ အေးစက်တဲ့ မျက်နှာရဲ့အောက်မှာ ရှုပ်ထွေးမှုကို တွေ့မြင်နိုင်၏။

လင်းဖေးဟန်က ဆက်ပြောသည်။

“ဒါပေမဲ့ ငါ စိတ်အေးသွားပါပြီ။ မင်းကိုလိုက်နေတဲ့လူတွေက ကျန်းပိုင်ကနေ ပေကျင်းအထိ တန်းစီလို့ရတယ်။ ငါက ဘာကို မျှော်လင့်ရမှာလဲ”

လင်းဖေးဟန်ရဲ့ စကားတွေက ဒဲ့တိုးဆန်ပြီး ကြမ်းတမ်းသည်။ ထိုအချက်က လုရွှယ်ယင်ကို မသက်မသာဖြစ်စေ၏။

လုရွှယ်ယင်က လင်းဖေးဟန်ကို ပြန်ခံငြင်းချင်ပေမဲ့ သူပြောတာမှန်နေသည်။ သူမ မည်သို့ ငြင်းနိုင်မည်နည်း။

ထိုစကားများက နှုတ်ဆက်စကားကဲ့သို့ ခံစားရသည်။ လုရွှယ်ယင်ကို ထာ၀ရ နှုတ်ဆက်နေသလိုပင်။

ထိုသို့ကြားလိုက်ရသဖြင့် လုရွှယ်ယင်က တစ်ခုခု ပြောချင်ခဲ့သည်။ ဒါပေမဲ့ လင်းဖေးဟန်က လီဗာနင်းပြီး မောင်းထွက်သွားတော့၏။

ကားအိတ်ဇောငွေ့သာ ကျန်ရစ်ခဲ့သည်။

လင်းဖေးဟန် ပြတ်ပြတ်သားသား ထွက်သွားတာကိုကြည့်ပြီး လုရွှယ်ယင်က သူမရဲ့နှုတ်ခမ်းတွေကို မကိုက်ဘဲမနေနိုင်ပေ။

သူမနောက်ဆုံး လင်းဖေးဟန်ကို စကားစပြောခဲ့ပေမဲ့ လင်းဖေးဟန်က ပြန်ခနဲ့ပြီးသာ လျှောက်ထွက်သွားသည်။

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေက လုရွှယ်ယင်ဟာ သူမရဲ့ ဆွဲဆောင်မှုနဲ့ပတ်သက်ပြီး အလွန်အမင်း ယုံကြည်ချက်ရှိခဲ့၏။ ဒီတစ်ကြိမ်မှာတော့ သူမ ယိမ်းယိုင်နေခဲ့ပြီ။

“ဒါပေမဲ့…လင်းဖေးဟန်ကိုကြည့်ရတာ…သိပ်စိတ်ရှုပ်စရာမကောင်းသလိုပဲ”

လုရွှယ်ယင်စိတ်ထဲ ရုတ်တရက်တွေးမိလိုက်သည်။

“တင်း! စနစ်သတိပေးချက်: ဇာတ်လိုက်လုရွှယ်ယင်ရဲ့ အသုံးပြုသူအပေါ် နှစ်သက်မှု ၃၀ မှတ် တက်လာပြီး ပွိုင့် ၃၀ ကို ရရှိလိုက်ပါပြီ”

လင်းဖေးဟန် ကားမောင်းနေရင်း စနစ်ရဲ့အသံကို ကြားလိုက်ရသည်။

သတိပေးချက်ကိုကြားပြီး လင်းဖေးဟန် အနည်းငယ်ပြုံးလိုက်၏။

ဒါကိုမြင်တော့ စနစ်ကချက်ချင်းပြောလိုက်သည်။ အသုံးပြုသူက ဇာတ်လိုက်ရှေ့မှာ တကယ်ကို စိမ်းကားလာတာပဲ။ ဇာတ်လိုက်ကို တွေ့တာတောင် လုံး၀ လျစ်လျူရှုခဲ့တယ်”

ဒီအချိန်မှာ လင်း‌ဖေးဟန်က သူ့ကို ပါးစိပ်ပိတ်ထားဖို့ပြောခဲ့လို့ စနစ်က အနည်းငယ် စိတ်ဆိုးနေတုန်းဖြစ်သည်။

လင်းဖေးဟန်က ပြုံးပြီးပြောလိုက်သည်။

“ငါက အမြီးနှံ့နေတဲ့ခွေးလေး ဆက်လုပ်ရင်ရော။ ငါအရင်က ဘယ်လိုကပ်ဖားခဲ့လဲကြည့်လေ။ ငါတို့ တူညီတဲ့အမှားကို ထပ်လုပ်လို့မဖြစ်ဘူး”

“စနစ်က နားမလည်ပါဘူး။ အဲ့ဒါကြောင့် ဘာထင်မြင်ချက်မှ မပေးတော့ပါဘူး”

ထို့နောက် စနစ်က ပြောလိုက်၏။

“သံပူတုန်းမီးပူတိုက်ရတယ်ဆိုတဲ့ လူတွေရဲ့စကားကို စနစ်လေ့လာမိပါတယ်။ ဇာတ်လိုက်က အသုံးပြုသူအပေါ် အမြင်ပြောင်းလဲသွားပြီလေ။ ဘာလို့ ဒီအောင်နိုင်မှုကို အခွင့်ကောင်းမယူရတာလဲ။ ဒီတစ်ခါ အသုံးပြုသူက ယွမ် ၅ မီလီယံနဲ့ လဲလို့ရတဲ့ ပွိုင့် ၅၀ ကို ရရှိလိုက်တယ်လေ”

“စိတ်မပူပါနဲ့။ ငါ့မှာ တခြားအကြံရှိပါတယ်။ လုမိသားစုကို အနာဂတ်မှာဆက်သွယ်ဖို့ အခွင့်အရေးတွေ အများကြီးရှိလာလိမ့်မယ်။ ဒီတစ်ခါက အစလေးပဲရှိသေးတယ်။ လုရွှယ်ယင်ဆိုတဲ့ ရေခဲဆောင်ကလည်း တဖြည်းဖြည်း အရည်ပျော်ပြီး ငါ့လက်ထဲ ရောက်လာလိမ့်မယ်လို့ ငါယုံတယ်”

လင်းဖေးဟန်က ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်၏။

“အသုံးပြုသူက အခု ဗီလိန်နဲ့တူနေပါပြီ”

“ငါကဗီလိန်ပဲလေ အတည်ပြောနေတာ”

လင်းဖေးဟန်က ဗီလာကိုပြန်ပြီးနောက် ဇာတ်ကြောင်းရဲ့လားရာကို သူပြန်စီစဉ်ခဲ့သည်။

လင်းဖေးဟန်ရဲ့ ပထမအစီအစဉ်က လုမိသားစုနဲ့ ဆက်ဆံဖို့ပဲ။ ဘာလို့ဆို နဂိုဇာတ်ကြောင်းမှာ လုမိသားစုရဲ့အကူအညီနဲ့ ယဲ့ဖန်းက ဖြည်းဖြည်းချင်း ရင့်ကျက်သွားခဲ့တာမို့ပဲ။

ဇာတ်လိုက်ယဲ့ဖန်းက လုမိသားစုရဲ့ အကူအညီနဲ့ ကုမ္ပဏီထောင်တယ်။ သူက လုမိသားစုနဲ့ပေါင်းပြီး လင်းမိသားစုကို သုတ်သင်တယ်”

အခုဆို လင်းဖေးဟန်က ယဲ့ဖန်းအတွက် လုမိသားစုကို ရောက်ရှိဖို့ အဓိကအရာကို ဖြတ်တောက်လိုက်ပြီ။

ဒါပေမဲ့ အနာဂတ်မှာ အပြောင်းအလဲရှိမရှိတော့ လင်းဖေးဟန် မပြောရဲသေးပါ။

ဇာတ်လိုက်ဆိုတာ ကံကြမ္မာရဲ့သားဆိုတာ သိထားရမယ်။ သူ့မှာ အကောင်းဆုံးကံရှိရမယ်။ ဆိုတော့ လုရွှယ်ယင်ကို လုံး၀မပိုင်သေးခင်မှာ လုမိသားစုရဲ့ အဆက်အသွယ်က သူ့အပိုင်ဖြစ်တာသေချာအောင် လင်းဖေးဟန် လုပ်ရဦးမည်။

“ညစာစားချိန်ရောက်ပါတော့မယ် လင်းဥက္ကဌ”

လျှို့ရှင်းယာက လင်းဖေးဟန်ရဲ့ အတွင်းရေးမှူးတင်မကပေ။ ကိုယ်ရေးလက်ထောက်လည်း ဖြစ်၏။ ပုံမှန်အားဖြင့် လင်းဖေးဟန် အစီအစဉ်ချရာတွင် သူကူပေးသည်။

လျှို့ရှင်းယာအပြင် ဗီလာထဲတွင် လင်းဖေးရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာကို ကူပေးသူ အစေခံများစွာရှိ၏။

တစ်ယောက်ချင်းစီက ကြည့်ကောင်းကြ၏။ မူရင်းပိုင်ရှင်ရဲ့ စုဆောင်းမှုကို ကျေးဇူးတင်ရမည်။

လျှို့ရှင်းယာရဲ့ သတိပေးတာကို ကြားပြီးနောက် လင်းဖေးဟန် အစေခံတွေရဲ့အကူအညီနဲ့ ၀တ်စုံလဲလိုက်ပြီး အပြင်ထွက်ဖို့ ပြင်ဆင်သည်။

၀တ်စုံနဲ့ လင်းဖေးဟန်က ပိုခန့်ညားပြီး ဆွဲဆောင်မှုပိုရှိနေ၏။

လင်းဖေးဟန်ကို အ၀တ်လဲပေးတဲ့ အစေခံက လင်းဖေးဟန်ရဲ့ ကိုယ်ယောင်ကိုယ်ဝါကြောင့် မှင်သက်သွားပြီး ရှက်သွေးဖြာသွားသည်။

လင်းဖေးဟန်က ပြုံးပြီးမေးလိုက်သည်။

“ငါကြည့်ကောင်းလား”

“ဟမ်”

“ငါကြည့်ကောင်းလားလို့ မေးနေတယ်လေ”

“ကြည့်ကောင်းပါတယ်”

လင်းဖေးဟန် ထိုသို့မေးလိုက်ချိန်မှာ အစေခံရဲ့မျက်နှာမှာ နီရဲသွား၏။ အစေခံက တခဏမျှ ပရိသတ်မိန်းကလေးဖြစ်သွားသည်။

“အရမ်းချောနေတာကလည်း တစ်ခါတလေကျ ဒုက္ခတစ်မျိုးပဲ”

လင်းဖေးဟန်က သူ့ကိုယ်သူ မှန်ထဲကြည့်ပြီး သက်ပြင်းချလိုက်၏။

“ဟွန့်”

လင်း‌ဖေးဟန်ရဲ့ စကားတွေကို ကြားပြီးနောက် အစေခံတော်တော်များများက ရယ်လိုက်ကြသည်။

လင်းဖေးဟန်က ဂရုမစိုက်ဘဲပြောလိုက်၏။

“ငါမှားလို့လား”

“မှန်ပါတယ် မှန်ပါတယ်။ လင်းသခင်လေးက ကမ္ဘာမှာ အချောဆုံးပါပဲ”

“အဲ့လိုမှပေါ့”

လျှို့ရှင်းယာ လင်းဖေးဟန်နဲ့ အစေခံတွေ ကလူကျီစယ်နေတာကို ကြည့်ပြီးတော့ မျက်မှောင်ကြုံ့သွားသည်။

လင်းဥက္ကဌ ဘာဖြစ်နေတာလဲ။ ပုံမှန်ဆို သူ အစေခံတွေနဲ့ တစ်ခါမှ မစနောက်ဘူး။ အစေခံတွေကလည်း မလေးမစား မလုပ်ရဲဘူး။

ခုတော့ လင်းဥက္ကဌက အစေခံတွေနဲ့ စိတ်ပါလက်ပါစကားပြောနေတယ်။

သူမရှေ့မှာရှိနေတဲ့ လင်းဥက္ကဌက တကယ်ပဲ လင်းဖေးဟန် ဟုတ်ရဲ့လားဆိုတာ လျှို့ရှင်းယာ သံသယ၀င်မိသည်။

“လင်းဥက္ကဌနဲ့ စနောက်နေတာ တော်လိုက်ကြတော့။ လင်းဥက္ကဌ ညစာစားပွဲ သွားရမဲ့အချိန်ပဲ”

လင်းဖေးဟန် အချိန်ကိုကြည့်လိုက်၏။

ခြောက်နာရီခွဲသာရှိသေးသည်။ သူဟိုကို ခုနစ်နာရီ ရောက်လိမ့်မည်။

လင်း‌ဖေးဟန်က လျှို့ရှင်းယာကို မကျေမနပ်ဖြစ်မိ၏။

“စောသေးတယ်။ စိတ်မပူပါနဲ့”

လင်းဖေးဟန် လျှို့ရှင်းယာကို အေးအေးဆေးဆေးပဲ ပြောလိုက်သည်။

“လင်းဥက္ကဌ။ ဒါက လုမိသားစုရဲ့ ညစာစားပွဲပါ။ ကျွန်မတို့ အချိန်ကွက်တိရောက်သွားတာ မကောင်းပါဘူး။ စောစောရောက်တာ ပိုအဆင်ပြေပါတယ်”

လင်းဖေးဟန် မျက်မှောင်ကြုံ့ပြီး ပြောလိုက်၏။

“ရှောင်ယာ။ မင်းက တဖြည်းဖြည်း လူတစ်ယောက်နဲ့ ပိုတူလာသလိုပဲ”

All Chapters