အခန်း (၁၈)
Vol. 2 Ch. 18
“မင်းတို့ သွားလို့ရပြီ။ ဒါနဲ့ ရှောင်ဟန်ရေ။ လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ပေမဲ့ အဘိုး မင်းကို မြေးတစ်ယောက်လို သဘောထားပါတယ်။ မကြာခဏ လုမိသားစုဆီလာလည်ပြီး အဘိုးကိုတွေ့ပေါ့”
“စိတ်မပူပါနဲ့ အဘိုး”
စကားပြောဆိုပြီးနောက် လင်းဖေးဟန်နဲ့ လုရွှယ်ယင်တို့ ထွက်သွားကြ၏။
ထွက်သွားတဲ့ လင်းဖေးဟန်ရဲ့ နောက်ကျောကိုကြည့်ပြီး လုသခင်ကြီးက သက်ပြင်းချလိုက်မိလေသည်။
“တော်လိုက်တဲ့ လူငယ်လေး။ ဒီရှောင်ယင်ဆိုတဲ့ ကလေးမလေးက သူ့ကို တန်ဖိုးထားရကောင်းမှန်းမသိတာ နှမြောစရာပဲ”
ခန်းမအပြင်၌ အကုန်ပြေလည်သွားပြီဖြစ်ပြီး လင်းဖေးဟန်က အိမ်ပြန်ရန် ဟန်ပြင်လျက်ရှိ၏။
ထိုအချိန်တွင် လုရွှယ်ယင်က နောက်ကလိုက်လာပြီး လင်းဖေးဟန်ကို ပြောလိုက်သည်။
“ဒီတစ်ကြိမ်အတွက် ကျေးဇူးအများကြီးတင်ပါတယ် လင်းဖေးဟန်”
“မလိုပါဘူး။ ငါလည်း ငါ့ရဲ့ ကျန်ရှိတဲ့ သက်တမ်းတစ်၀က်မှာ ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် စဉ်းစားရုံပါ”
လက်ထပ်ပွဲကို ဖျက်သိမ်းပြီး သူမကို လွတ်လပ်ခွင့်ပေးဖို့ သဘောတူတဲ့အတွက် လုရွှယ်ယင်က လင်းဖေးဟန်ကို စိတ်ရင်းဖြင့် ကျေးဇူးတင်လျက်ရှိ၏။
လွန်ခဲ့တဲ့နှစ်တွေအတွင်း လင်းဖေးဟန်က သူမကို မရမက ကြိုးစားလိုက်ခဲ့သည်။ ထိုအချိန်က သူမ သူ့ကို အင်မတန် မုန်းခဲ့၏။
သို့သော် လင်းဖေးဟန်က လွန်လွန်ကျူးကျူး ပြုမူပြီး ခေါင်းမာတာကလွဲရင် သူမအပေါ် အတော်ကောင်းခဲ့တာကိုတော့ လုရွှယ်ယင် ၀န်ခံရမည်။
သူမ ယခုပြန်တွေးကြည့်မှ တစ်လောကလုံးမှာ သူမအပေါ် စိတ်ရင်းနဲ့ ဆက်ဆံတာ လင်းဖေးဟန် တစ်ယောက်တည်း ရှိခဲ့ပုံပေါ်သည်။
တစ်လောကလုံးမှာ လင်းဖေးဟန်က သူမအပေါ် အကောင်းဆုံးသူဖြစ်၏။ သူက သူမ၏ မိဘများထက်ပင် သူမကို ပိုမိုဂရုစိုက်ခဲ့သည်။
အိမ်ပြန်ရောက်သောအခါ လင်းဖေးဟန်က အိပ်ယာပေါ်လဲလျောင်းပြီး အနားယူရန် ပြင်ဆင်လိုက်၏။
ထိုအချိန်တွင် ဖုန်းသံမြည်လာခဲ့သည်။
လင်းဖေးဟန် မျက်မှောင်ကြုံ့လိုက်မိ၏။
အခုလို ညနက်ကြီးမှာ ဘယ်သူက သူ့ကို နှောင့်ယှက်ရပြန်တာလဲ။
အားသောင်ဆီမှ ဖုန်းဖြစ်သည်။
လင်းဖေးဟန် အနည်းငယ် စိုးရိမ်မိသွား၏။ ဒီလောက်စောစော ဖုန်းခေါ်လာပုံထောက်ရင် သူမှန်းတဲ့အတိုင်း ဖြစ်သွားပြီထင်တယ်။
“သခင်လေး ခန့်မှန်းတာ မှန်ပါတယ်။ အဲ့ဒီလူအိုကြီးက သူ့ပိုင်ဆိုင်မှုတွေကို ရွှေ့ပြောင်းပြီး ထွက်ပြေးဖို့လုပ်နေတာ”
“အင်း သိပြီ။ မင်း ညကြီးမင်းကြီး ပင်ပန်းသွားပြီ။ ပြန်လိုက်ပြီး မနက်ကျမှ ကုမ္ပဏီကို တန်းလာလိုက်တော့”
“သခင်လေး ကျွန်တော် တန်းပြီး…”
အားသောင်က လျှာခေါက်သံ လုပ်ပြလိုက်သည်။ အဓိပ္ပာယ်မှာ ထင်ရှားလှ၏။ လင်းဖေးဟန်က အလန့်တကြားနှင့် အမူးပါပြေသွားပြီး အလျင်အမြန်ပြောလိုက်သည်။
“စိတ်လိုက်မာန်ပါ မလုပ်နဲ့နော် အားသောင်။ ခုက ဥပဒေတွေရှိတဲ့ လူ့အဖွဲ့အစည်းကြီး။ ကင်းလှည့်နေတာတွေက နေရာတိုင်းမှာရှိတယ်။ ငါပြောတာ သဘောပေါက်လား”
“ကောင်းပါပြီ သခင်လေး”
အားသောင် အနည်းငယ် စိတ်ပျက်မိသွား၏။
သူ့သခင်လေးက ပိုပြီး စာနာသနားတတ်လာသည်ဟု အားသောင် အနည်းငယ်မြင်မိသည်။
အားသောင်ရဲ့ စကားတွေက လင်းဖေးဟန်ကို သူ့အနေနဲ့ အားသောင်ကို ဥပဒေလိုက်နာတတ်အောင် သင်ပေးရန်လိုသေးကြောင်း သတိပေးနေ၏။
မဟုတ်လို့ အားသောင်က သွေးဆူလွယ်တဲ့သူတစ်ယောက် ဖြစ်သွားခဲ့သည်ရှိသော် မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်သည်။
“မနက်ဖြန်ကျရင် ကုမ္ပဏီကို ချက်ချင်းလာပြီး ငါ့ကိုကြို”
ဖုန်းပြောလို့ ပြီးသွားခဲ့၏။
လင်းဖေးဟန်က သူ အားသောင်ရဲ့ လူသတ်လိုစိတ်ကို ထိန်းထားလိုက်နိုင်သည့်အတွက် သက်ပြင်းချလိုက်မိသည်။
အားသောင်ကို ဥပဒေလိုက်နာတတ်အောင် ရိုက်မသွင်းပေးခင် သူ အားသောင်ကို အရင်ဆုံး စောင့်ကြည့်ရမည်။
နောက်တစ်နေ့ မနက် ၉ နာရီမှာ လင်းဖေးဟန် အိပ်ယာကထပြီး လင်းအုပ်စုကို တန်းပြီးကားမောင်းသွားလိုက်၏။
“မင်္ဂလာပါ ဥက္ကဌ”
“မင်္ဂလာပါ ဥက္ကဌ”
လင်းဖေးဟန် ၀င်သွားသည်နှင့် ၀န်ထမ်းအားလုံးက ဦးညွှတ်ပြီး တစ်လေးတစား နှုတ်ဆက်လိုက်ကြသည်။
လင်းဖေးဟန် ဓာတ်လှေကားထဲ၀င်ပြီး အပေါ်ဆုံး ၅၃ ထပ်မြောက်ကို တက်သွားလိုက်၏။
သူဓာတ်လှေကားထဲ ၀င်သွားလိုက်သည်နှင့် အထဲမှာ ရောက်နေပြီးသား လူတစ်စုက လေးစားသမှုဖြင့် ထွက်ပေးကြသည်။
မည်သူမျှ လင်းဖေးဟန်နှင့်အတူ ဓာတ်လှေကားမစီးခဲ့ချေ။
မသိလျှင် လင်းဖေးဟန်မှာ လူတွေ သူ့ကို မချဉ်းကပ်ရဲဖြစ်စေတဲ့ အရှိန်အဝါတစ်ခု ရှိနေသလိုမျိုးပင်။
ဒါမျိုးကို ဘုရင့်အရှိန်အဝါလို့ခေါ်တာလား။
လင်းဖေးဟန်မျက်နှာမှာ ဘာအမူအရာမှ မတွေ့ရပေမဲ့ သူ့စိတ်ထဲမှာတော့ အတွေးများနေသည်။
သူရုံးခန်းကိုရောက်သောအခါ လျှို့ရှင်းယာက ဘေးမှာအသင့်စောင့်နေပြီဖြစ်၏။
လင်းဖေးဟန်၀င်လာတာကို မြင်လိုက်ရသဖြင့် လျှို့ရှင်းယာက စားပွဲပေါ်က စာရွက်စာတမ်းတွေကို လှန်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။
“လင်းဥက္ကဌ။ ဒါက လင်းအုပ်စုရဲ့ မကြာသေးခင်ကမှ ရှင်းလင်းထားတဲ့ အစီရင်ခံစာပါ”
“ဒါက မကြာသေးခင်က အသုံးစရိတ်ကုန်ကျငွေပါ။ လင်းအုပ်စုက ခုတစ်လော ငွေသုံးတာများတယ်။ မလိုအပ်တဲ့ အသုံးစရိတ်တွေကို လျော့ချဖို့ ကျွန်မအကြံပေးချင်ပါတယ်”
“လင်းဥက္ကဌက လင်းအုပ်စုကို ဆက်ခံထားတာ မကြာသေးဘူးလေ။ ဥက္ကဌဟောင်းတုန်းက မျက်နှာတွေ ထောက်ထားပြီး မသိချင်ယောင်ဆောင်ပေးခဲ့တယ်။ အခုသူတို့က လူပါး၀လာကြပြီ။ လင်းဥက္ကဌ ဒီကိစ္စကို ဖြေရှင်းနိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်”
“ဒါက ကျင်းရှားကုမ္ပဏီနဲ့ စာချုပ်ပါ။ သူတို့ သူဌေးက ဥက္ကဌနဲ့ စကားပြောချင်ပါတယ်တဲ့။ ဥက္ကဌ အချိန်တစ်ခုပြောလိုက်ပါ။ ကျွန်မလမ်းကြောင်း စီစဉ်ပေးပါ့မယ်”
“ဒါကတော့ ဒုဥက္ကဌ လျှို့ဇစ်ချီရဲ့ နှုတ်ထွက်စာပါ”
လျှို့ရှင်းယာ အကြာကြီးပြောနေတာကို နားထောင်ပြီး လင်းဖေးဟန် စိတ်ညစ်လာသည်။ လျှို့ရှင်းယာက နှုတ်ထွက်စာအကြောင်းပြောလိုက်မှ လင်းဖေးဟန် ထရယ်လိုက်မိတော့၏။ လျှို့ရှင်းယာက ကြောင်တောင်တောင်ဖြစ်သွားသည်။
လင်းဥက္ကဌက တကယ်ရယ်တယ်ပေါ့။ ပြီးတော့ သူ့အပြုံးက ဆွဲဆောင်မှုအတော်ရှိတာပဲ။
လင်းဖေးဟန်က သူ့လက်ထဲကဘောပင်ကို လှည့်လိုက်ပြီး ပြောလိုက်၏။
“မင်းပဲအကုန်ကိုင်တွယ်လိုက်။ ကျင်းရှားကုမ္ပဏီကတော့ အဲ့ဒါက ကုမ္ပဏီအသေးလေးပဲလေ။ ငါ၀င်ပါစရာမလိုပါဘူး။ တစ်ယောက်ယောက်ကို လုပ်ခိုင်းလိုက်။ နောက်ဆုံးအနေနဲ့ ငါ့ကို အဲ့ဒီနှုတ်ထွက်စာပေး”
“ကျွန်မအကုန်ကြည့်လုပ်လိုက်ရမှာလား”
“ဒါပေါ့။ ပြဿနာရှိလို့လား”
“မဟုတ်ပါဘူး။ ပြောစရာရှိသေးလား လင်းဥက္ကဌ”
“အင်း။ ငါ့ကို အရင်ဆုံး လက်ဖက်ရည်တစ်ခွက်ချပေး”
“ကောင်းပါပြီ။ ခဏစောင့်ပါ”
လျှို့ရှင်းယာ ခေါင်းရှုပ်သွား၏။
သူမ လင်းဖေးဟန်ကို အမြဲဂရုစိုက်ပေးလာခဲ့တာ။ လင်းဖေးဟန်ရဲ့ အမူအကျင့်တွေကို သူမအသိဆုံးဟု ဆိုနိုင်သည်။
မိသားစုအကြောင်းပြချက်တွေရယ် လူတွေရဲ့အကြည့်တွေရယ်ကြောင့် လင်းဖေးဟန်က သူ့ရဲ့ သူဌေးသားဂုဏ်ပုဒ်ကို ဖယ်ရှားဖို့ အကောင်းဆုံးကြိုးစားခဲ့၏။ အဲ့ဒါကြောင့် ပုံမှန်ဆို သူက သူများတွေထက် ပိုကြိုးစားတဲ့ အလုပ်ကြမ်းပိုးဖြစ်သည်။
ဒါပေမဲ့ လင်းဖေးဟန်က ဒီနေ့အလုပ်နောက်ကျတဲ့အပြင် သူမကိုပါ အလုပ်အကုန်လုံး လွှဲအပ်လိုက်၏။ မယုံကြည်စရာပင်ဖြစ်သည်။ ထပ်ပြောရရင် လင်းဖေးဟန်က အနောက်တိုင်းယဉ်ကျေးမှုကို အတော်လေးနှစ်သက်သည်။ သူဘယ်တုန်းကမှ လက်ဖက်ရည် မသောက်ပဲ ကော်ဖီသာသောက်ခဲ့၏။ ဒီနေ့တော့ သူက ပထမဆုံးအနေနဲ့ လက်ဖက်ရည်သောက်ချင်သည်ဆိုသည်။ ထိုအချက်က လျှို့ရှင်းယာကို စိတ်ရှုပ်ထွေးစေ၏။
လင်းဖေးဟန်က လျှို့ရှင်းယာ ထွက်သွားတဲ့ နောက်ကျောကိုကြည့်ပြီး သူ့မျက်လုံးတွေ အရောင်တောက်သွားသည်။
ဒီသွယ်လျလျ မိန်းကလေးက လက်ဖက်ရည်စားပွဲကိုသွားပြီး လုပ်စရာရှိတာသွားလုပ်တာက မျက်စိပဒေသာဖြစ်စရာပင်။
လင်းဖေးဟန် သက်ပြင်းချလိုက်၏။ ဒီအတွင်းရေးမှူးမလေးက အတော်လေး ကြည့်ကောင်းတာပဲ။
အရင်ဘ၀က သူကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားထဲက လူနှစ်ယောက်တိုက်ခိုက်ကြတာကို သွားသတိရမိသည်။
ရုံးခန်းထဲတွင်ဖြစ်၏။
အဖြူအမည်းရုံး၀တ်စုံနဲ့ အတွင်းရေးမှူးမလေးက သူ့ကို လက်ဖက်ရည်ကမ်းတာမြင်တော့ လင်းဖေးဟန် ထရပ်လိုက်သည်။
လင်းဖေးဟန် ချောင်းဟန့်ပြီး တခြားဘက်အကြည့်လွှဲကာ သူ့လက်ထဲက အလုပ်ထွက်စာကို ကြည့်လိုက်၏။
လျှို့ရှင်းယာက အခြေအနေတွေကို နားမလည်သေးသဖြင့် မေးလိုက်သည်။
“တစ်ခုခု လိုလို့လား လင်းဥက္ကဌ”
အသံလေးက သေးသေးလေးနဲ့ စူးရှလှ၏။
ဟုတ်တယ် ငါအဲ့ဒါကိုလိုနေတာပဲ။
“ဒီလိုလုပ်ရအောင်။ ငါ့ကို နှိပ်ပေး။ ငါမနေ့က သောက်တာများသွားလို့ ခေါင်းကိုက်နေတယ်”
“အမ်…ဟုတ်ပြီလေ”
လျှို့ရှင်းယာ လင်းဖေးဟန်ကို အံ့ဩစွာ ကြည့်လိုက်သည်။ သူမတောင့်တောင့်ကြီး လင်းဖေးဟန်ရဲ့နောက်ကျောကို လမ်းလျှောက်သွားပြီး သွယ်လျတဲ့ လက်ချောင်းလေးတွေနဲ့ လင်းဖေးဟန်ရဲ့ခေါင်းကို နှိပ်နယ်ပေးလိုက်၏။