← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

အမှန်က လင်းဖေးဟန်မှာ လူကြီးလူကောင်းဖြစ်သည်။ သူက သူဌေးသားဖြစ်သော်လည်း စောင့်စည်းလှ၏။ ဘယ်အမျိုးသမီးနှင့်မှ ရှုပ်ရှုပ်ယှက်ယှက် မလုပ်ခဲ့ဖူးပါ။ ဟိုထိဒီထိလုပ်ရန်လည်း မတောင်းဆိုဖူးပေ။

လင်းဖေးဟန်စိတ်ထဲတွင် အမျိုးသမီးတစ်ယောက်သာရှိပြီး ထိုအမျိုးသမီးမှာ လုရွှယ်ယင်ဖြစ်၏။

“တစ်နေရာတည်း နှိပ်မနေနဲ့လေ။ ပုခုံးလည်း နှိပ်လို့ရတယ်”

“အားနည်းနည်းထည့်ဦး”

လင်းဖေးဟန် မျက်စိလေးမှိတ်ပြီး ထိုသို့သာယာလှတဲ့ဘ၀ကို ခံစားလျက်ရှိနေသည်။

“မဆိုးဘူး ရှောင်ယာ။ မင်းကို နှိပ်တာတော်မယ် မထင်ထားဘူး။ တကယ်အဆင်ပြေတယ်”

လင်းဖေးဟန် ချီးကျူးတာကိုကြားတော့ လျှို့ရှင်းယာ ပြုံးလိုက်မိသည်။

“ချီးကျူးပေးလို့ ကျေးဇူးပါ လင်းဥက္ကဌ”

ခဏမျှဇိမ်ခံပြီးနောက် လင်းဖေးဟန်က ရဲတင်းတဲ့အကြံတစ်ခုကို ရလိုက်၏။

“ငါမင်းနဲ့ ဆွေးနွေးစရာတစ်ခုရှိတယ် ရှောင်ယာ”

“ပြောစရာရှိတာပြောပါ လင်းဥက္ကဌ။ ကျွန်မအကောင်းဆုံး ကြိုးစားပါ့မယ်”

လျှို့ရှင်းယာ လက်မောင်းတွေ နာကျင်လာပေမဲ့ သူမ မခါချရဲပေ။

“အဲ့လိုဆိုရင် နောက်ကျ အနက်ရောင်အသားကပ်တွေ ၀တ်လာလို့ရမလား”

“အမ်”

လျှို့ရှင်းယာ လန့်ပြီး အသံကျယ်မိသွားသည်။

“ရလား။ မရရင်လည်း ငါဘာမှမပြောလိုက်ဘူးလို့ သဘောထားလိုက်”

ခဏအကြာမှာ လျှို့ရှင်းယာက အသံတိုးတိုးလေးနှင့် ပြောလာ၏။

“ရ…ရပါတယ်”

“အင်း ကောင်းတယ်။ မင်းလည်း ပင်ပန်းနေရောပေါ့။ သွားနားလိုက်ဦး”

“ဟုတ်ကဲ့။ အရင်သွားနှင့်လိုက်ပါမယ်”

လျှို့ရှင်းယာ သူမလက်တွေကို ဖြေလျှော့လိုက်ပြီး လင်းဖေးဟန်ကို ရှက်ပြုံးပြုံးပြကာ အမြန်ထွက်သွားသည်။

ဟဟ။ အရင်ကလင်းဖေးဟန်က တကယ်အတာပဲ။ ရေနဲ့အနီးဆုံးအဆောင်က လရောင်ကို အရင်ရတယ်တဲ့(ကြိုးချင်းထားကြိုးချင်းညှိနဲ့တူ)။ ဘာလို့ ဒီလို လှပတဲ့ အတွင်းရေးမှူးကို မလိုချင်ပဲ အေးစက်စက် လုရွှယ်ယင်ကို လိုချင်ရတာလဲ။ မရနိုင်တဲ့အရာက အကောင်းဆုံးဖြစ်နေတာမျိုးလား။

လင်းဖေးဟန် စားပွဲပေါ်က စာရွက်စာတမ်းတွေကို တစ်ခုပြီးတစ်ခု လှန်ကြည့်လိုက်သည်။ သူတစ်ခဏလောက် ရယ်မိသွား၏။

လျှို့ဇစ်ချီရဲ့ နှုတ်ထွက်စာမှာ သူက အိုမင်းနေပြီဖြစ်တာကြောင့် သူဆန္ဒနဲ့သူ နှုတ်ထွက်ပြီး ကုမ္ပဏီက အရည်အချင်းရှိတဲ့လူငယ်တွေကို အခွင့်အရေးပေးလိုကြောင်း ရေးထားသည်။ ဥက္ကဌမှ သဘောတူပေးလိုကြောင်း တောင်းဆိုထား၏။

လင်းဖေးဟန် လှောင်ရယ်မိသည်။

ဒီအဘိုးကြီးက တကယ်အိုနေပြီပဲ။ သူ့ဦးနှောက်က သေချာ အလုပ်မလုပ်တော့ဘူး။ ဒါမှမဟုတ် နားမလည်ချင် ဟန်ဆောင်နေတာလား။

သူသာ အားသောင်ကို မစောင့်ကြည့်ခိုင်းထားခဲ့ဘူးဆိုရင် ဒီနေ့အခြေအနေကို ဘယ်လိုဖြေရှင်းရမလဲ သိခဲ့မှာမဟုတ်ဘူး။

သူရှယ်ယာရှင်အစည်းအဝေးမှာ အဲ့ဒီလူကို အများကြီးပြောဆိုခဲ့ပေမဲ့ အဲ့ဒီလူက နောင်တရပုံမပေါ်ပေ။

သူ နှုတ်ထွက်စာကို လိုချင်ခဲ့တာလား။ မဟုတ်ဘူးလေ။ အဲ့ဒီလူအိုကြီး ကုမ္ပဏီကနေပြီး နှစ်ပေါင်းများစွာ ခိုးထားတဲ့ငွေတွေကို ထွေးထုတ်စေချင်နေတာ။

ရလဒ်အနေနဲ့ ဒီလူကြီးက တကယ်ပဲ နှုတ်ထွက်သွားတယ်။ အဲ့ဒီခိုးထားတဲ့ငွေတွေက တကယ်ပဲ ထားလိုက်ရတော့မှာလား။ မဖြစ်နိုင်ဘူး။ ငါလင်းဖေးဟန်ဆိုတဲ့ကောင်ဆီက ငွေကိုလှည့်စားယူချင်တာလား။ အဲ့လိုလုပ်နိုင်တဲ့ကောင် မမွေးသေးဘူး။

လင်းဖေးဟန် အားသောင်ကို ချက်ချင်းခေါ်လိုက်၏။

“မင်းအောက်မှာရောက်နေပြီလား”

“ရောက်နေပါပြီ”

“ကားစက်နှိုးလိုက်။ ငါချက်ချင်းဆင်းလာခဲ့မယ်”

“ဟုတ်ကဲ့။ ဘယ်သွားမှာလဲ။ စက်မှုဇုန်ကိုလား”

လင်းဖေးဟန် ထွက်သွားသည်နှင့် လျှို့ရှင်းယာက သန့်စင်ခန်းထဲပြေးပြီး လုရွှယ်ယင်ကို ဖုန်းဆက်လိုက်၏။

“ဘာမှမရှိရင် ငါ့ကို ဖုန်းမဆက်နဲ့လို့ မပြောထားဘူးလား။ ဘာကိစ္စရှိလို့လဲ”

လုရွှယ်ယင်လေသံမကောင်းပေ။

‌စေ့စပ်ထားတာကို ဖျက်သိမ်းပြီးနောက် သူမ စိတ်ပျော်နေခဲ့သော်လည်း အိမ်ပြန်ရောက်သောအခါ သူမမိဘများဆီမှ မေးခွန်းထုတ်ခံခဲ့ရသည်။

သူတို့အားလုံးက သူမက သူ့ကို စေ့စပ်ထားတာကို ဖျက်သိမ်းဖို့ ဖိအားပေးခဲ့သည်ဟု ထင်ကြ၏။ သူမ ဘယ်လိုရှင်းပြရှင်းပြ သူတို့ မယုံကြည်ကြပေ။

ဒီနေ့တော့ အခြေအနေတွေက ပိုတင်းမာလာခဲ့ပြီး သူမမိသားစုနှင့် စကားမပြောတော့ပေ။

“မမလေးလု။ ဒီလိုပါ။ လင်းဥက္ကဌက တစ်ခုခုဖြစ်နေသလိုပဲ”

ပေါက်ကွဲတော့မလိုဖြစ်နေတဲ့ လုရွှယ်ယင်ရှေ့မှာ လျှို့ရှင်းယာ ဖိအားများနေ၏။

“ဘာဖြစ်လို့လဲ”

“ကျွန်မဒီနေ့အလုပ်လာတော့ သူက အလုပ်နောက်ကျတယ်။ရုံးခန်းကိုရောက်တော့လည်း အလုပ်မလုပ်ဘူး။ ကျွန်မကို အကုန်လွှဲလိုက်တယ်။ ပြီးတော့ ကျွန်မကို နှိပ်ပေးခိုင်းတယ်”

လျှို့ရှင်းယာက လင်းဖေးဟန် သူမကို အနက်ရောင်အသားကပ်၀တ်ခိုင်းတာကို ဖုံးကွယ်ထားသည်။ အဲ့ဒီအကြောင်းတွေးမိတော့ သူမရှက်သွေးဖြာမိ၏။

ဒါပေမဲ့ နှိပ်ခိုင်းတဲ့အကြောင်း ကြားလိုက်ရချိန်မှာ လုရွှယ်ယင် သည်းမခံနိုင်ဖြစ်သွားသည်။

“ဘာ။ နှိပ်ခိုင်းတယ်ဟုတ်လား”

“ဟုတ်ပါတယ်။ သူမနေ့ညက သောက်တာများပြီး ခေါင်းကိုက်လို့တဲ့”

လုရွှယ်ယင် အေးစက်စွာလှောင်ရယ်လိုက်၏။ သောက်တာများသွားတယ်တဲ့လား။ မနေ့က လင်းဖေးဟန် ဘယ်လောက်သောက်ခဲ့တယ်တော့ သူမ မသိပေမဲ့ သူလုံး၀မမူးသွားဘူးဆိုတာတော့ သူမ သိသည်။ သူယိုင်တောင်မယိုင်တာကို ဘယ်လိုလုပ်ပြီး ခေါင်းကကိုက်မှာလဲ။

လုရွှယ်ယင် မျက်မှောက်ကြုံ့မိလိုက်၏။ သူမရဲ့ လက်သွယ်သွယ်လေးကို စားပွဲပေါ် ရိုက်ချလိုက်သည်။ မျက်နှာလှလှလေးတွင်တော့ တစ်ခုခုကို တွေးတောနေသည့် အရိပ်အယောင်တွေ့ရ၏။

“ထူးဆန်းတာ တစ်ခုခုရှိသေးလား”

“လင်းဥက္ကဌက ကော်ဖီသောက်နေကျပါ။ ‌ဒီနေ့ကျ လက်ဖက်ရည်တောင်းသောက်တယ်။ သူကောင်းကောင်းသောက်လိုက်တယ်။ ခုတော့ သူအပြင်ထွက်သွားတယ်။ သူဘယ်သွားလဲ ကျွန်မ မသိဘူး”

လုရွှယ်ယင် အဲ့ဒါကိုကြားလိုက်ရတော့ ပိုမှုန်သုန်သွား၏။ လင်းဖေးဟန်လုပ်နေကျ အမူအကျင့်ဟုတ်မနေပါ။

လင်းဖေးဟန်က မထင်ရတဲ့စရိုက်ပေမဲ့ ကျိုးကြောင်းဆီလျော်တယ်။ ဘာကြောင့်လဲဆိုတာ မသိပေမဲ့ လင်းဖေးဟန်က ရုတ်တရက်ကြီး ငါ့နောက်လိုက်တာ လက်လျော့လိုက်ပြီး ငါနဲ့စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်တယ်။

လုရွှယ်ယင်က လင်းဖေးဟန် သူမကို မည်မျှသဘောကျကြောင်းသိ၏။ မဟုတ်လျှင် သူဘာကြောင့် သူမကို ၄ နှစ်လုံးလိုက်နေမှာလဲ။

ဒါပေမဲ့ သူက လူကြီးလူကောင်းဆန်ပြီး သူမကို ဘာမှ လွန်လွန်ကြူးကြူး မလုပ်ခဲ့ဖူးချေ။ သူမကလည်း အဲ့လိုလုပ်ဖို့ ခွင့်မပြုခဲ့ပေ။

အသားလေးတောင် မထိရပေမဲ့ လင်းဖေးဟန်က လက်မလျော့ခဲ့ချေ။ လုရွှယ်ယင်က အဲ့ဒီလို ယုံကြည်ထားသည်။

ရုတ်တရက်ကြီး ငါ့အပေါ် သူ့ရဲ့ အချစ်တွေကို လက်လျော့လိုက်တာက လင်းဖေးဟန် အရမ်းနာကျင်ခဲ့ရလို့နေမယ်။ သူဂရုမစိုက်ဘူးပြောလေ သူပိုနာကျင်တယ်ဆိုတာ ပေါ်လွင်လေပဲ။ အဲ့ဒါကြောင့် သူက မယုံနိုင်စရာကောင်းတာတွေကို အများကြီးလုပ်ခဲ့တာပေါ့။

သူက ငါ့ကိုမရနိုင်လို့ စိတ်ဓာတ်ကျပြီး အလုပ်နောက်ကျတာပဲ။ ငါ့ကို ဆုံးရှုံးလိုက်ရလို့ အလုပ်လုပ်ချင်စိတ်မရှိတော့တာ။ သူ့ကိုယ်သူ ဖိအားမပေးချင်လို့ သူ့ရဲ့အတွင်းရေးမှူးကို နှိပ်ပေးဖို့ပြောပြီး အာရုံပြောင်းတာ။

သူ့အထင်အတိုင်းဖြစ်မည်ဟု လုရွှယ်ယင်ခံစားရသည်။

ဒါပေမဲ့ လင်းဖေးဟန်သာ လုရွှယ်ယင်ရဲ့အတွေးကို ကြားမိခဲ့လျှင် သူ လက်မထောင်ပြီး “တော်လိုက်တာ ညီလေးရာ။ ပြောတာကောင်းတယ်” ဆိုပြီး ပြောမှာပင်ဖြစ်၏။

လျှို့ရှင်းယာပြောတာကြားပြီး လုရွှယ်ယင် အနည်းငယ် သနားမိသွားသည်။

လင်းဖေးဟန်က အမြဲစည်းကမ်းကြီး၏။ ခုတော့ သူ့ကိုယ်သူ အားလျော့နေပြီ။ တစ်ခုခုလုပ်ပြီး လက်တွေ့ကမ္ဘာကနေ ပြေးထွက်ဖို့ လုပ်နေပြီ။

ဒါပေမဲ့ ဒါတွေက ငါအမြဲလိုချင်နေခဲ့တာတွေ မဟုတ်ဘူးလား။ ငါဘာတွေတွေးနေမိတာလဲ။ လင်းဖေးဟန်ကို ငါ သနားလို့မဖြစ်ဘူး။ မဟုတ်ရင် ငါထပ်ပြီး အိပ်မက်ဆိုးလိုဘ၀ကို ထပ်ရောက်သွားဦးမယ်။ လုရွှယ်ယင် သူမရဲ့ခံစားချက်တွေကို ရှင်းလင်းလိုက်သည်။ အသက်၀၀ရှူသွင်းပြီး သူမရဲ့စိတ်အခြေအနေကို ပြန်တည့်မတ်လိုက်၏။

All Chapters