← Chapters

အခန်း (၂၂)

Vol. 2 Ch. 22

အခန်း (၂၂)

Vol. 2 Ch. 22

“ကျွန်တော်တို့ အခု ဘယ်သွားကြမှာလဲ သခင်လေး”

အားသောင် ကားစက်နှိုးပြီးနောက် မေးလိုက်၏။ ခုနက ဖြစ်ပျက်သွားတာတွေကြောင့် သူ စိတ်တော့ပြန်မတည်ငြိမ်သေးပေ။

“အဘိုးကြီးအိမ် တန်းသွားလိုက်”

“ကောင်းပါပြီ သခင်လေး”

ထိုစကားကို ကြားလိုက်ရသည်နှင့် အားသောင် ချက်ချင်း သတိကပ်သွားခဲ့သည်။

သူ အဘိုးကြီး လျှို့ဇစ်ချီကို သဘောမကျတာ ကြာလှပြီ။ သခင်လေးက သူ့ကို သတ်ခွင့်မပေးရင်တောင် သူ ပညာတော့ ပေးလို့ရနိုင်သေး၏။ လင်းဖေးဟန်က အားသောင်ကိုကြည့်ပြီး သူ ဦးနှောက်ဆေးထားတာ အကျိုးရှိရဲ့လားဆိုပြီး သိချင်နေမိသည်။ အားသောင်က ဘာလို့ အဲ့ဒီလူအိုကြီးကို တွေးနေသေးတာလဲ။

နာရီ၀က်လောက်အကြာတွင် သက်တမ်းရင့်ဗီလာတစ်ခုရှေ့၌ ကားရပ်လိုက်၏။ ဒီတစ်ကြိမ် ကိစ္စ‌တွေက မရိုးရှင်းဘူးဆိုတာ အားသောင် နားလည်သည်။ သူ ကားထဲကနေ အရင်ဆုံးဆင်းလိုက်ပြီး အနောက်တံခါးကိုဖွင့်ကာ ပတ်၀န်းကျင်ကို လေ့လာလိုက်၏။ ပြဿနာအရိပ်အယောင်တွေ့ရင် သူ လင်းဖေးဟန်ကိုကာကွယ်ဖို့ ချက်ချင်းလုပ်ဆောင်မှာဖြစ်သည်။

လင်းဖေးဟန် နွေးထွေးစွာ ပြုံးလိုက်၏။ သူ့ကို ကာကွယ်ပေးဖို့ တစ်စုံတစ်ယောက်ရှိနေသေးတာ ကောင်းသည်။ အားသောင်က ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ တိုက်ခိုက်ရေးနဲ့ပတ်သက်လာရင် သူ ဇာတ်လိုက်ယဲ့ဖန်းကို ကျိန်းသေ မယှဉ်နိုင်ပါ။ မည်သူမျှ မယှဉ်နိုင်ပါ။

သို့သော် တစ်စုံတစ်ယောက်ကို ကာကွယ်ပေးတာနဲ့ ပတ်သက်ရင်တော့ အားသောင်က ကျိန်း‌သေပင် ကမ္ဘာ့ထိပ်တန်းဖြစ်သည်။ လင်းဖေးဟန် ကားပေါ်က ဖြည်းဖြည်းချင်း ဆင်းလာလိုက်၏။ သူ ဗီလာကြီးကိုကြည့်ပြီး နှုတ်ခမ်းက မဲ့ပြုံးပြုံးလိုက်တော့သည်။

ဒီအဘိုးကြီးက ဘယ်လိုမျိုး ဘ၀ကိုနေထိုင်ရမလဲသိတာပဲ။ ဒီလို ရှေးဟောင်းဗိသုကာစတိုင်က ဖုန်းရွှေပညာနဲ့ ကိုက်ညီသည်။ ပိုက်ဆံဖြင့် ၀ယ်ယူ၍မရပါ။ ဒိအဘိုးကြီး လျှို့ဇစ်ချီက ဒီမှာ တကယ်နေတယ်ပေါ့။ အကြီးဆုံး ဗီလာမှာလေ။

ထိုလူကြီး၏ နှစ်စဉ်ရှယ်ယာဝေစုနဲ့ ကုမ္ပဏီလစာပေါင်းလျှင်ပင် ယခုလိုဗီလာမှာနေဖို့ မစားမသောက်နှင့် နှစ် ၂၀၀ လောက်စုရမည်။ တကယ် အကြွားသန်တဲ့လူကြီးပဲ။

ကိစ္စမရှိပါဘူး။ ရှေးခေတ်တုန်းက ဟယ်ရှန်းက လာဘ်စားခဲ့ပေမဲ့ ဧကရာဇ်ချန်းလုံက ဂရုမစိုက်ခဲ့ဘူး။ သူ့သားကိုပဲ သီးသန့်ဘဏ္ဍာတိုက် ထားပေးခဲ့ချင်တယ်။ အခုခေတ်မှာလည်း လင်းကော်ဟွားက သူ့သားအတွက် ချေးငွေတစ်ခု ချန်ထားခဲ့ပေးတယ်။ တူညီတဲ့ သဘောတရားပဲ။

အဘိုးကြီး၊။ ခင်ဗျား ကျွန်တော်တို့ လင်းမိသားစုဆီက ချေးထားတဲ့ငွေကို ပြန်ပေးဖို့အချိန်ရောက်ပြီ။ လင်းဖေးဟန်က အရင်မသွားဘဲ အားသောင်ကို တစ်ချက်ကြည့်လိုက်၏။ အားသောင်က သဘောပေါက်သွားပြီး စောင့်ကြည့်ကင်မရာတွေရှိမရှိ ပတ်ကြည့်လိုက်သည်။ အဲ့ဒီနောက် ပြန်ပြေးလာပြီး လင်းဖေးဟန်ကို နားကြပ်အသေးလေး ပေးလိုက်၏။ ထို့နောက် ကိုယ်ကိုကိုင်းပြီး ခြံစည်းရိုးတစ်လျှောက် ဗီလာ အနောက်ဘက်ကို လျှောက်သွားလိုက်သည်။ လင်းဖေးဟန်က နားကြပ်ကိုတပ်ဆင်ပြီး တံခါးဘဲဘ်ကိုနှိပ်လိုက်၏။

ခဏအကြာမှာ နံရံပေါ်က LCD မျက်နှာပြင် လင်းလာပြီး လျှို့ဇစ်ချီ၏မျက်နှာ ပေါ်ထွက်လာသည်။ လျှို့ဇစ်ချီက သူ့မျက်နှာကို မျက်နှာပြင်ရှေ့ ထားလိုက်ပေမဲ့ မျက်နှာပြင်က မှောင်မဲနေတဲ့အတွက် သူဘာမှမမြင်ရပေ။ တစ်ယောက်ယောက်က သူ့ကို လာနောက်နေတာလား။

“ဘယ်သူလဲ”

ထိုအသံကိုကြားပြီးနောက် လင်းဖေးဟန် သူ့လက်ကို ဖယ်လိုက်၏။ သူပြုံးပြီးနောက် ပြောလိုက်သည်။

“ဒါရိုက်တာလျှို့ရေ။ ခင်ဗျားကို လာနှောင့်ယှက်ရတာ စိတ်မကောင်းပါဘူး။ ကျွန်တော်တကယ် စိတ်ထဲထိသွားလို့ပါ။ ခင်ဗျားရဲ့ နှုတ်ထွက်စာကို ဒီနေ့မြင်ခဲ့ရတယ်။ ပြန်စဉ်းစားကြည့်မှ အဲ့ဒီတုန်းက ကျွန်တော်လုပ်ခဲ့တာက တကယ်လူမဆန်ဘူးဆိုတာ သဘောပေါက်လိုက်တယ်။ ဒါရိုက်တာလျှို့က ကျွန်တော့်အဖေနောက် နှစ်ပေါင်းများစွာ လိုက်ခဲ့တာ။ မထူးချွန်နေရင်တောင် အလုပ်ကြိုးစားခဲ့တယ်။ ဘယ်လိုလုပ် ကျွန်တော်က ဒီအတိုင်းပဲ စွန့်ပစ်လိုက်နိုင်ရမှာလဲ။ ဟင့်အင်း။ မဟုတ်တာတွေ။ ကျွန်တော်မှားသွားတယ်။ ဒါရိုက်တာလျှို့က ဘယ်လိုလုပ်ပြီး…အား ကျွန်တော်ဘာမှမပြောခဲ့ဘူးပဲထားပါတော့”

“လင်းဥက္ကဌက ကျွန်တော့်ကို လာလှောင်ပြောင်တာဆိုရင် ကျေးဇူးပြုပြီး ပြန်သွားလိုက်ပါ”

လျှို့ဇစ်ချီရဲ့ မျက်နှာက ဖြူ‌ဖျော့ပြီး ပိတ်ချလိုက်ဖို့ အသင့်ဖြစ်နေလေသည်။

လင်းဖေးဟန်က ပြုံးပြီးပြောလိုက်၏။

“ဘာလို့လဲ။ ဒါရိုက်တာလျှို့က ကျွန်တော့်ကို မကြိုဆိုဘူးလား”

“လင်းဥက္ကဌက နောက်နေတာပဲ။ ဘယ်လိုလုပ် မကြိုဆိုပဲ နေရမှာလဲ။ ကျွန်တော်တံခါးလာဖွင့်ပေးမယ် အခုပဲ”

လျှို့ဇစ်ချီက ရယ်လိုက်ပေမဲ့ သူ့မျက်လုံးထဲမှာတော့ လူသတ်လိုစိတ်ရှိနေသည်။ သေစမ်း။ ဒီလူကြီးက မျက်နှာအပြောင်းအလဲမြန်လိုက်တာ။

လင်းဖေးဟန်က လျှို့ဇစ်ချီမျက်လုံးပြောင်းလဲသွားတာကို ကျိန်းသေရိပ်မိတာပေါ့။ ဒါပေမဲ့ သူလွယ်လွယ် မဖော်ပြခဲ့ဘူးလေ။ သူတို့နှစ်ယောက်လုံးမှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေရှိနေတယ်။ ဒါပေမဲ့နှစ်ယောက်လုံးက မြေခွေးအိုကြီးတွေဆိုတော့ ဘယ်သူမှ အဆင်မခြင် မလုပ်ရဲဘူး။

“ကျွီ”

တံခါးက ဖြည်းဖြည်းချင်း ပွင့်လာသည်။ လင်းဖေးဟန် တစ်လှမ်းချင်း လျှောက်၀င်သွားခဲ့၏။ ဗီလာထဲတွင် ရုပ်တည်ကြီးနှင့် သူ့ကိုကြည့်နေကြသော ၀တ်စုံပြည့် ကိုယ်ရံတော်များကို တွေ့လိုက်ရသည်။

လင်းဖေးဟန် ရယ်လိုက်၏။ ဒီလူအိုကြီးက သူ့ကို သတိပေးချင်နေတာပဲ။ လင်းဖေးဟန် ဘာတွေဖြစ်နေလဲဆိုတာမသိပါ။ သူမမြင်ချင်ယောင်ဆောင်ခဲ့သည်။ သို့သော် ကိုယ်ရံတော်များရဲ့ တည်နေရာကိုတော့ မှတ်သားလာခဲ့ပြီး အားသောင်ကို နားကြပ်မှတစ်ဆင့် တိုးတိုးလေးပြောလိုက်၏။

မြေခွေးအိုကြီး လျှို့ဇစ်ချီ အလွဲသုံးစားလုပ်ထားတဲ့ ငွေပမာဏက နည်းနည်းနောနောမဟုတ်ပါ။ လူအတော်များများနဲ့ တော်ရုံတန်ရုံ သူဌေးကြီးတွေတောင် ဒီဘ၀မှာ မရှာဖွေနိုင်တဲ့ ပမာဏမျိုးဖြစ်သည်။

လျှို့ဇစ်ချီရဲ့ဗီလာကို ၀င်ရောက်လာချိန်မှာ လင်းဖေးဟန်က သတိထားခဲ့ရ၏။ အကျိုးအမြတ်အတွက်ဆိုရင် လျှို့ဇစ်ချီက ဘာတွေလွန်လွန်ကဲကဲ လုပ်လာနိုင်မလဲဆိုတာ ဘယ်သူမှ အာမမခံနိုင်သောကြောင့်ဖြစ်သည်။

လင်းဖေးဟန် ၀င်လာတာကိုမြင်တော့ လျှို့ဇစ်ချီက ချက်ချင်းပြုံးလိုက်ပြီး ဦးညွှတ်ကာ‌ပြောလိုက်၏။

“လင်းဥက္ကဌလာတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျေးဇူးပြုပြီးထိုင်ပါ။ ထိုင်ပါ”

သူ့မျက်နှာက အရေခြုံမှုများဖြင့် ပြည့်နှက်နေသည်။

“ဟဟ။ ဒါရိုက်တာလျှို့က အားနာနေပါပြီ။ ကျွန်တော်တို့ အသက်အရွယ်နဲ့ဆိုရင် ကျွန်တော်က ခင်ဗျားကို ဦးလေးလို့တောင်ခေါ်လို့ရတယ်”

လင်းဖေးဟန်က ပို၍ပင် ဟန်ဆောင်ကောင်း၏။

နှစ်ယောက်သား ထိုင်လိုက်ကြပြီးနောက် အစေခံများက လက်ဖက်ရည်ပူပူတစ်ခွက် လာချပေးလိုက်သည်။

“အိုး။ တောင်းပန်ပါတယ် ဦးလေးလျှို့။ ကျွန်တော်က ကော်ဖီပဲ သောက်တတ်တဲ့အကျင့်ရှိတယ်”

“အိုး စိတ်မကောင်းစရာပဲ။ ကျွန်တော်ကတော့ လက်ဖက်ရည်ပဲကြိုက်တာ။ ခေတ်မမီဘူးလေ ကျွန်တော်က”

လျှို့ဇစ်ချီက အပြင်ပန်းမှာ စိတ်မကောင်းချင်ဟန်ဆောင်နေပေမဲ့ စိတ်ထဲမှာတော့ လင်းဖေးဟန်ကို အကြိမ်ထောင်ချီ ဆဲဆိုပြီးနေပြီ။ လင်းဖေးဟန်က လက်ဖက်ရည်သောက်ရတာကြိုက်ပေမဲ့ လျှို့ဇစ်ချီရဲ့ စိတ်အားထက်သန်နေပုံကိုကြည့်ပြီး လက်ဖက်ရည်ကို တစ်ခုခုလုပ်ထားမှာ ကြောက်မိခြင်းဖြစ်၏။

ငါ့ကို ဒုက္ခပေးချင်တဲ့သူတွေရှိတာပဲ။ သတိထားမှဖြစ်မယ်။

“ကောင်းပြီ။ အဲ့ဒါကိုထားလိုက်ရအောင်။ ခုလေးတင် လင်းဥက္ကဌက ကျွန်တော့်ကို ပြန်ခေါ်ချင်တယ်လို့ ပြောလိုက်တာလား”

“ဟုတ်တယ် ဦးလေးလျှို့။ ကျွန်တော်အဲ့တုန်းက စိတ်လိုက်မာန်ပါလုပ်လိုက်မိတာ။ အဲ့ဒီအတွက် အဖေက ကျွန်တော့်ကို ဆုံးမပြီးပါပြီ။ ကျွန်တော်ထပ်ခါထပ်ခါ ပြန်စဉ်းစားကြည့်ပြီးပြီ။ လင်းအုပ်စု တိုးတက်ရေးအတွက် ကျွန်တော် ဦးလေးကို ပြန်ခေါ်သင့်တယ်”

ဟဟ။ ကောင်စုတ်လေး။ မင်း မိသားစုရဲ့ဖိအားကို မခံစားနိုင်လို့ ငါ့ကို ပြန်ခေါ်ချင်တာမလား။

ငါ့ကို ထွက်ခိုင်းတိုင်း ငါကထွက်ပြီး ၀င်ခိုင်းတိုင်း ငါက ၀င်ရမှာလား။ ငါဆိုတဲ့ လျှို့ဇစ်ချီကို ဘာထင်နေတာလဲ။ အမျိုးယုတ်လေး။

“ကျွန်တော်က အသက်ကြီးနေပါပြီ။ ကျွန်တော့်အတွေးအခေါ်တွေက ခေတ်မမီတော့ဘူး။ ခုက လူငယ်တွေရဲ့လောကကြီးလေ။ ကျွန်တော်၀င်မပါတော့ပါဘူး”

“အိုး ပြီးတော့ မင်းတွေ့တဲ့အတိုင်း ခုက နေ့လယ်နေ့ခင်းလေ။ လင်းဥက္ကဌအသက်ကြီးလာရင် သိလာလိမ့်မယ်။ ကျွန်တော် တစ်ရေးအိပ်ဖို့လိုတယ်။ လင်းဥက္ကဌကို မဆွဲထားတော့ပါဘူး”

အဲ့လိုပြောပြီး လျှို့ဇစ်ချီက သမ်းချင်ယောင်ဆောင်လိုက်သည်။ လျှို့ဇစ်ချီက သူ့ကိုမောင်းထုတ်ဖို့ အသင့်ဖြစ်နေပုံပဲ။

“အင်းလေ။ ဒါရိုက်တာလျှို့က လင်းအုပ်စုကနေထွက်သွားပြီးတော့ တစ်ခုခုများ မေ့သွားသေးလား”

“ဟမ်။ ဘာများလဲ”

လျှို့ဇစ်ချီ မျက်နှာစူပုတ်သွားသည်။ စစချင်းက လင်းဖေးဟန်သူ့ကို ပြန်လာဖို့တောင်းဆိုတာတွေ့ရတော့ သူ၀မ်းသာနေခဲ့တာ။ ဒါပေမဲ့အခုပြောလိုက်တဲ့စကားက သူ့ကို တုံ့ဆိုင်းသွားစေခဲ့တယ်။

ဒီကောင်စုတ်က သူ့ကို အခုလေးတင် ပြန်လာဖို့ တောင်းဆိုခဲ့တာမဟုတ်လား။

All Chapters