← Chapters

လက်နက်ဝိညာဉ်များ၏ တိုက်ပွဲ

Vol. 131 Ch. 1951

လက်နက်ဝိညာဉ်များ၏ တိုက်ပွဲ

Vol. 131 Ch. 1951

မိုးကြိုးဧကရာဇ်၏ အသံက ထွက်ပေါ်လာသည့် အချိန်မှာ အဲဒါက နောက်ကျသွားခဲ့ပြီဖြစ်၏။

ဆူဇီမို၏ လက်နှစ်ဖက်က ဆေဘာ၏ လက်ကိုင်ကို ဆုပ်ကိုင်မိသွားခဲ့လေပြီ။

သူက ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွား၏။

ထိုအခိုက်အတန့်မှာ မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းမြင်ကွင်းများက သူ၏ မျက်လုံးထဲမှာ ပေါ်ထွက်လာ၏။ သွေးချီက လေထဲမှာ ပြည့်နှက်သွားပြီး ကြောက်စရာကောင်းသော ညှင်းပန်းနှိပ်စက်မှုများစွာက သူ၏ စိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။

သူ၏ ဦးခေါင်းက ပေါက်ကွဲထွက်တော့မည့်အလား ခံစားလာရ၏။

ဆူဇီမိုသည် ဆေဘာတစ်လက်ထံမှ ဤကဲ့သို့ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုကို တစ်ခါမှ မခံစားဖူးခဲ့ပေ။

ဆေဘာ၏ ရုန့်ရင်းကြမ်းတမ်းသော စွမ်းအားက ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ် တိုးဝင်လာပြီး ဖြတ်သွားရာ နေရာတိုင်းမှာ အသက်ဓာတ်အားကို ဖျက်ဆီးပစ်နေ၏။

ချက်ချင်းပင် ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ အရေပြားက ကွဲထွက်သွားပြီး သွေးများက စီးထွက်လာခဲ့၏။

“အား…”

နာကျင်မှုကို ခံနိုင်ရည်မရှိတော့ဘဲ ဆူဇီမိုက ကြောက်စရာကောင်းသော အမူအရာတစ်ခုနှင့်အတူ ကောင်းကင်ထက်သို့ မာန်ဖီဟိန်းဟောက်ကာ သူ၏ ခန္ဓာကိုယ်က တွန့်လိမ်သွား၏။

ဘုန်း..

ဆူဇီမို၏ အသိစိတ်ထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်လာခဲ့၏။

ဖန်တီးခြင်းကြာခုံက အဆက်မပြတ် လည်ပတ်လာပြီး အစိမ်းရောင် အရောင်အဝါတစ်ခုကို ထုတ်လွှတ်လိုက်၏။ အစိမ်းရောင်ကြာစေ့ ၈၁ခုက အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်၏ ဘေးပတ်လည်မှာ လှည့်ပတ်ပြီး ကျူးကျော်လာသော သတ်ဖြတ်ခြင်းချီကနေ ပိုင်းခြားပေးမည့် အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်စေ၏။

ဆူဇီမိုသည် သူ၏ အစိမ်းရောင်ကြာပန်း မျိုးဆက်သွေးကို ဆက်လက်၍ မဖုံးဖိနိုင်တော့ဘဲ ၎င်းက အပြည့်အဝ ထွက်ပေါ်လာခဲ့၏။

ကြွယ်ဝသော အစိမ်းရောင် အလင်းတန်းများက ဒဏ်ရာများပေါ်မှာ သက်ရောက်လာပြီး သူတို့ကို ပြန်လည်ပြုပြင်ဖို့အတွက် သိပ်သည်းပြင်းထန်သော အသက်ဓာတ်အား ပမာဏတစ်ခုကို ထုတ်ပေးလာခဲ့၏။

သို့သော်လည်း ဆေဘာ၏ စွမ်းအားက အရမ်းကို ကြမ်းကြုတ်ခက်ထန်လွန်း၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် အဲဒါကို မခုခံနိုင်ပေ။

သူ၏ လက်ရှိခုခံမှုက အချိန်တစ်ခုသာ ဆွဲပေးနိုင်ပေလိမ့်မည်။

မိုးကြိုးဧကရာဇ်က ပို၍ပင် အံ့အားသင့်သွား၏။

သူသည် နှစ်ပေါင်း သိန်းချီကြာအောင် ဤဆေဘာဖြင့် ထိုးစိုက်ခြင်း ခံထားရပြီး အဲဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ မည်သူကမှ သူ့ထက် ပိုမသိနိုင်ပေ။

အဲဒါသည် ဘုရင်ထျန်ရှင်း၏ လက်နက်၊ အစစ်အမှန် ကွပ်မျက်ဆေဘာဖြစ်၏။

အာဏာပါးကွက်သား အစောင့်တပ်သား တစ်ယောက်ချင်းစီသည် ကွပ်မျက်ဆေဘာ တစ်လက်ချင်းစီကို ကိုင်ဆွဲကြ၏။

သို့သော်လည်း ထိုကွပ်မျက်ဆေဘာများက ဤဆေဘာ၏ ပုံစံတူများသာဖြစ်ပြီး ပုံပန်းသွင်ပြင်အရသာ တူညီလေသည်။

မဟူရာအင်မော်တယ်တစ်ယောက်ကို မပြောနှင့်.. ကောင်းကင်အင်မော်တယ်များပင်လျှင် ကွပ်မျက်ဆေဘာထံကနေ မထိမခိုက် လွတ်မြောက်နိုင်ဖို့ မလွယ်ပေ။

သို့သော်လည်း သူ့ရှေ့မှ လူငယ်က ကွပ်မျက်ဆေဘာဖြင့် ချက်ချင်း သတ်ဖြတ်ခြင်း မခံရပေ။

မိုးကြိုးဧကရာဇ်၏ မြင်ကွင်းထဲမှာ ဆူဇီမို၏ ပုံရိပ်က တဖြည်းဖြည်း ဝေဝါးသွားပြီး သူ၏​ နေရာမှာ ကျောက်စိမ်းရောင် ကြာပင်တစ်ပင်က ပေါ်ထွက်လာ၏။

ကြာရိုးက ဖြောင့်မတ်နေပြီး ၎င်း၏ အရွက်များက ကြည်လင်တောက်ပနေ၏။ ၎င်း တစ်ချက်ယိမ်းနွဲ့လိုက်တိုင်း လောကကို ကိုင်လှုပ်နိုင်သည်ဟု ထင်ရ၏။

“ဖန်တီးခြင်းကြာပဒုမ္မာပဲ”

မိုးကြိုးဧကရာဇ်၏ အကြည့်က သိပ်သည်းကျစ်လစ်လာပြီး အစိမ်းရောင်ကြာပင်၏ မူလဇာစ်မြစ်ကို မှတ်မိသိရှိသွား၏။

“သွားတော့”

မိုးကြိုးဧကရာဇ်က ဟိန်းဟောက်လိုက်၏။ သူက ချုပ်နှောင်ခံထားရပြီး မလှုပ်ရှားနိုင်သော်လည်း သူ၏ စွမ်းအားကြီးမားသော စိတ်ဝိညာဉ်အသိစိတ်တစ်ခုကို ထုတ်လွှတ်ကာ ဆူဇီမို၏ ရင်ဘတ်ကို ရိုက်ခတ်လိုက်၏။

ဘန်း…

ဆူဇီမိုက လွင့်စင်ထွက်သွားပြီး သူ၏ လက်နှစ်ဖက်က ကွပ်မျက်ဆေဘာနှင့် ကင်းကွာသွား၏။

“ဖွီး..”

ဆူဇီမိုက သွေးများစွာကို ထွေးထုတ်လိုက်ရ၏။

ဖြစ်စဉ်တစ်ခုလုံးက နှေးကွေးသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာတော့ မိုးကြိုးဧကရာဇ်က သူ့ကို ကယ်တင်လိုက်သည့်အချိန်ထိ တစ်ခဏအတွင်း ဖြစ်ပွားခဲ့ခြင်းပင်။

သို့သော်လည်း ထိုအခိုက်အတန့်မှာပင်လျှင် ကွပ်မျက်ဆေဘာက သူ့ကို ကြီးမားစွာ ပျက်စီးထိခိုက်​စေခဲ့၏။

“ကောင်လေး.. မင်း ရူးသွားပြီလား”

မိုးကြိုးဧကရာဇ်က ညင်သာစွာ အော်ငေါက်လိုက်၏။

“ဒီနေရာကနေ မြန်မြန်ထွက်သွားတော့”

“ချွမ်း..”

ရုတ်တရက် ကွပ်မျက်ဆေဘာက စိတ်လှုပ်ရှား တက်ကြွလာသည့်အလား ညင်သာစွာ တုန်ခါလာ၏။

“အခြေအနေ မကောင်းတော့ဘူး.. ဒီဆေဘာထဲက လက်နက်စိတ်ဝိညာဉ်က နိုးထသွားပြီ”

မိုးကြိုးဧကရာဇ်၏ အမူအရာက သုန်မှုန်လာခဲ့၏။

“သေစမ်းကွာ”

ဆူဇီမိုက ကျိန်ဆဲလိုက်ပြီး ငရဲဖိနှိမ်မီးဖိုကို ကိုင်ဆွဲလိုက်၏။ သူက ကွပ်မျက်ဆေဘာကို​ စိုက်ကြည့်ပြီး အံကို တင်းတင်းကြိတ်လိုက်၏။

“အလွန်ဆုံး ငါက အဲဒီချေးတက်နေတဲ့ ဆေဘာကို ဝါးမျိုဖို့အတွက် ငရဲဖိနှိမ်မီးဖိုကို အသုံးချရုံပေါ့”

မိုးကြိုးဧကရာဇ်က မျက်မှောင်ကြုတ်လိုက်၏။

“အဲဒါက ဘုရင်ထျန်ရှင်းရဲ့ ကွပ်မျက်ဆေဘာ.. ကောင်းကင်လိုဏ်ဂူ စိတ်ဝိညာဉ်လက်နက်ပဲ.. အဲဒီထဲမှာ အဆုံးမဲ့ အပြစ်ဒဏ်တွေနဲ့ သတ်ဖြတ်ခြင်းစွမ်းအားတွေ ပါဝင်နေတယ်.. မင်းရဲ့ လက်ထဲက ယိုယွင်းပျက်စီးနေတဲ့ မီးဖိုက အဲဒါကို ခုခံနိုင်မှာ မဟုတ်ဘူး”

“မင်းမှာ အစိမ်းရောင်ကြာပန်း မျိုးဆက်​သွေး ရှိတယ်… မင်းက အဲဒါကို အဆင့်-၁၂ အထိ ကျင့်ကြံနိုင်မယ်ဆိုရင် မင်းက ငါ့ကို ကယ်တင်ဖို့ အခွင့်အရေးရှိလာနိုင်တယ်.. အခုတော့ ဒီကနေ မြန်မြန်ထွက်သွားတော့”

မိုးကြိုးဧကရာဇ် ပြောသည်မှာ မမှားပေ။

သို့သော်လည်း သူ ထုတ်ဖော်မပြောခဲ့သည့် တစ်စုံတစ်ရာ ရှိနေ၏။

ဆူဇီမိုသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို အဆင့်-၁၂ အထိ ရောက်ရှိရန် ဘယ်လောက်ကြာကြာ ကျင့်ကြံရမလဲ သူ မသိပေ။ သူက အဲဒီအချိန်ထိ တောင့်ခံနိုင်ချင်မှ တောင့်ခံနိုင်ပေလိမ့်မည်။

ချွမ်း..

ထိုစဉ်မှာပင် ကွပ်မျက်ဆေဘာထံမှ အသံတစ်သံက နောက်တစ်ဖန် ထွက်ပေါ်လာ၏။

ရုတ်တရက် ပုံရိပ်ယောင်ဆေဘာနှစ်ခုက ဆေဘာထံကနေ ပစ်လွင့်ထွက်ပေါ်လာ၏။ တစ်ခုက အပြစ်ဒဏ်ကို ကိုယ်စားပြုပြီး အခြားတစ်ခုက သတ်ဖြတ်ခြင်းကို ကိုယ်စားပြုကာ ဆူဇီမိုထံသို့ ခုတ်ပိုင်းကျဆင်းလာ၏။

“သွားပါပြီ”

မိုးကြိုးဧကရာဇ်က သက်ပြင်းချလိုက်၏။

ကွပ်မျက်ဆေဘာ၏ လက်နက်စိတ်ဝိညာဉ်များသည် နှစ်ပေါင်းသိန်းချီကြာအောင် အိပ်မောကျနေခဲ့ပြီး ယခုတော့ လုံးဝကို နိုးထလာခဲ့လေပြီ။

လက်နက်စိတ်ဝိညာဉ်တစ်စုံသည် ဘုရင်ထျန်ရှင်းထံကနေ မွေးဖွားလာခဲ့ပြီး မနှိုင်းယှဉ်သာအောင် ကြမ်းကြုတ်ခက်ထန်၏။ သူတို့က ဆူဇီမိုကို အသက်ရှင်လျက် ထွက်သွားဖို့ သေချာပေါက် ခွင့်ပြုပေးတော့မည် မဟုတ်ပေ။

ကွပ်မျက်ဆေဘာ နှစ်လက်၏ လက်နက်စိတ်ဝိညာဉ်နှစ်ခုက သတ်ဖြတ်ခြင်း စိတ်ဆန္ဒဖြင့် ပြည့်နှက်နေပြီး ဆူဇီမိုထံသို့ စိတ်လှုပ်ရှားတက်ကြွစွာ ပြေးဝင်လာ၏။

ဆူဇီမိုသည် အဲဒါက ဘယ်လောက် စွမ်းအားကြီးမားသလဲ သိရှိထားပြီး သူ၏ ရှေ့မှာ ငရဲဖိနှိမ်မီးဖိုကို ခပ်မြန်မြန် ကာလိုက်၏။

ချွမ်း…

ပုံရိပ်ယောင်ဆေဘာနှစ်ခုက ငရဲဖိနှိမ်မီးဖိုကို စူးရှသော အသံတစ်ခုနှင့်အတူ ထိခတ်သွား၏။

မိုးကြိုးဧကရာဇ်က သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်၏။

ပုံမှန်အခြေအနေမှာဆိုလျှင် ယိုယွင်းပျက်စီးနေသော ကြေးမီးဖိုက ကွပ်မျက်ဆေဘာ၏ လက်နက်စိတ်ဝိညာဉ်နှစ်ခု၏ စွမ်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ကွပ်မျက်ဆေဘာ၏ လက်နက်စိတ်ဝိညာဉ်များက စောစောက စတုရန်းကြေးမီးဖိုပေါ်သို့ ဆင်းသက်သွားသောအခါ သူတို့က ပြန်ကန်ထွက်လာခဲ့၏။

သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို အာရုံခံမိသွားပြီး ငရဲဖိနှိမ်မီးဖို၏ နံရံများထဲမှ တစ်ဖက်က နီရဲတောက်ပလာခဲ့၏။

“ဂီး..”

ဖီးနစ်အော်သံက ရုတ်တရက် ထွက်ပေါ်လာပြီး ထိုအသံက ကွပ်မျက်ဆေဘာ၏ အသံနှင့် ယှဉ်နိုင်၏။

ထို့နောက် အလျှံညီးညီး မီးတောက်တစ်ခုက ငရဲဖိနှိမ်မီးဖိုထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင် လေဟာနယ်ကို နီရဲသွားအောင် လောင်ကျွမ်းပစ်လိုက်၏။

အင်မော်တယ်ငှက်တစ်ကောင်၏ ပုံရိပ်က မီးတောက်များကြားမှာ တဖြည်းဖြည်း ပေါ်ထွက်လာ၏။

“ဒီလောက် ယိုယွင်းပျက်စီးနေတာတောင် ကြေးမီးဖိုထဲက လက်နက်စိတ်ဝိညာဉ်က အသက်ရှင်နေသေးတာလား”

မိုးကြိုးဧကရာဇ်က ပို၍ပင် အံ့အားသင့်သွား၏။

ထိုအင်မော်တယ်ငှက်သည် ဖီးနစ်မျိုးနွယ်၏ ကြီးမားသော ခန္ဓာကိုယ်နှင့် ယှဉ်လျှင် များစွာ သေးငယ်နေ၏။ ၎င်း၏ တောင်ပံများကို ဖြန့်ကြက်ထားသည့်အခါ အဲဒါက ဆယ်ပေထက် ပိုမရှိပေ။ သို့သော်လည်း ၎င်းက မီးတောက်များကြားမှာနေပြီး သက်ရှိများ အားလုံးကို ဖိနှိမ်နိုင်သည့် အော်ရာတစ်ခုကို ဖြာထုတ်နေ၏။ ၎င်း၏ အကြည့်က အေးစက်၍ စိတ်ခံစားချက် ကင်းမဲ့နေ၏။

“ဟင်္သပြဒါးငှက် အထွတ်အမြတ်ဝိညာဉ်”

မိုးကြိုးဧကရာဇ်က အင်မော်တယ်ငှက်၏ ဇာစ်မြစ်ကို ချက်ချင်းပင် မှတ်မိသိရှိသွား၏။

ဟင်္သပြဒါးငှက်၏ မျိုးဆက်သွေးက ဖီးနစ်ထက်ပင် ပို၍ သာလွန်လေသည်။ ၎င်းက မီးတောက်များကို ထိန်းချုပ်သော အစစ်အမှန် ဘိုးဘေးနတ်ဘုရား ဖြစ်၏။

“ငရဲဖိနှိမ်မီးဖို.. အဲဒီနာမည်က ရင်းနှီးနေသလိုပဲ.. ငါ အဲဒါကို ဘယ်နေရာမှာ ကြားဖူးထားပါလိမ့်”

မိုးကြိုးဧကရာဇ်က တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား တီးတိုးရေရွတ်နေ၏။

လက်နက်ဝိညာဉ်တစ်ခုအဖြစ် ဟင်္သပြဒါးငှက်ကို အသုံးချနိုင်သည့် ဓမ္မရတနာတစ်ခု သို့မဟုတ် လက်နက်တစ်ခုသည် သေချာပေါက် အမည်မဲ့ပစ္စည်းတစ်ခု မဟုတ်ပေ။

ဒင်…

ဂီး…

ထိုစဉ်မှာပင် လက်နက်စိတ်ဝိညာဉ်သုံးခုက တိုက်ခိုက်နေကြပြီဖြစ်၏။

ဆေဘာအလင်းက ​လေထဲမှာ ပြည့်နှက်နေပြီး မီးတောက်များက တလိပ်လိပ်ထိုးတက်နေ၏။

ဟင်္သပြဒါးငှက် အထွတ်အမြတ်ဝိညာဉ်က သန်မာသော်လည်း ကွပ်မျက်ဆေဘာ၏ လက်နက်စိတ်ဝိညာဉ်နှစ်ခုက ပို၍ပင် ကြမ်းကြုတ်ခက်ထန်ပြီး ဟင်္သပြဒါးငှက် အထွတ်အမြတ်ဝိညာဉ်ကို အပြတ်အသတ် ဖိနှိမ်ထား၏။

တကယ်တော့ အဲဒါက ကောင်းကင်လိုဏ်ဂူ စိတ်ဝိညာဉ်ရတနာတစ်ခု ဖြစ်သည်ဆိုတာကို ဆူဇီမို ကြားလိုက်ရသည့်အချိန်မှာ ငရဲဖိနှိမ်မီးဖိုက ထိုလက်နက်ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်တော့မည်ဖြစ်ကြောင်း သူက နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်၏။

ငရဲဖိနှိမ်မီးဖိုသည် ကွပ်မျက်ဆေဘာထက် နိမ့်ကျနေသောကြောင့် မဟုတ်ပေ။

အကြောင်းမှာ မီးဖို၏ နံရံလေးဖက်မှာ တစ်ဝက်ကိုသာ ပြင်ဆင်ရသေးပြီး ၎င်း၏ ခွန်အားက ၎င်း၏ အထွတ်အထိပ်အထိ ရောက်ရှိဖို့ ဝေးကွာလွန်းနေသေးသောကြောင့် ဖြစ်၏။

နဂါးအသူရာချောက်နက်ကြယ်မှာတုန်းက မိုးပြာနဂါးနှင့် ဟင်္သပြဒါးငှက်၏ အကူအညီနှင့်ပင်လျှင် ငရဲဖိနှိမ်မီးဖိုသည် နတ်ဘုရားမိစ္ဆာဝိညာဉ်ဆင့်ခေါ် အောင်လံတံခွန်ကဲ့သို့ သန့်စင်ယန်စိတ်ဝိညာဉ်ရတနာတစ်ခုကိုသာ အနိုင်နိုင် ဖိနှိမ်နိုင်ခဲ့၏။

သန့်စင်ယန်စိတ်ဝိညာဉ်ရတနာကို ပကတိအင်မော်တယ်လက်နက်များအဖြစ်သာ သတ်မှတ်နိုင်မည် ဖြစ်၏။

သို့သော်လည်း ကောင်းကင်လိုဏ်ဂူ စိတ်ဝိညာဉ်ရတနာများက အင်မော်တယ်ဘုရင်လက်နက်များ ဖြစ်၏။

ငရဲဖိနှိမ်မီးဖို၏ လက်ရှိ အစွမ်းအစအရ ခုခံခြင်း မရှိလျှင်တောင် ၎င်းသည် ကွပ်မျက်ဆေဘာကို ဝါးမျိုနိုင်လိမ့်မည် မဟုတ်ပေ။

အရင်တုန်းက ငရဲဖိနှိမ်မီးဖိုသည် ကောင်းကင်လိုဏ်ဂူ စိတ်ဝိညာဉ်ရတနာတစ်ခုကို ဝါးမျိုစုပ်ယူသန့်စင်နိုင်ခဲ့သည်မှာ ၎င်းသည် မဟူရာတွင်းနက်၏ စွမ်းအားဖြင့် ပျက်စီးနေခဲ့သောကြောင့် ဖြစ်၏။

ကွပ်မျက်ဆေဘာကတော့ ၎င်းသည် နှစ်ပေါင်းသိန်းချီကြာအောင် အိပ်မောကျနေခဲ့သော်လည်း ၎င်းက မနှိုင်းယှဉ်သာအောင် ကြမ်းကြုတ်ခက်ထန်၍ ထက်ရှနေဆဲဖြစ်၏။

တစ်ခဏအတွင်းမှာပင် ဟင်္သပြဒါးငှက် အထွတ်အမြတ်ဝိညာဉ်က ဒဏ်ရာ အပြင်းအထန်ရရှိသွားပြီး ၎င်းက ရှုံးနိမ့်သွားဖို့ အချိန်တစ်ခုသာ လိုတော့၏။

ဟင်္သပြဒါးငှက် အထွတ်အမြတ်ဝိညာဉ်က ရှုံးနိမ့်သွားမည်ဆိုလျှင် ၎င်းသည် တစ်ဖန်အိပ်မောကျသွားမည်ဖြစ်ပြီး ဆူဇီမို သူ၏ အကြီးမားဆုံး ဝှက်ဖဲတစ်ခုကို ဆုံးရှုံးသွားရပေတော့မည်။

All Chapters