အမြုတေချီစုပ်ယူခြင်း
Vol. 131 Ch. 1954
မြို့တော်အရှင်ဂေဟာထဲရှိ ကောင်းကင်အင်မော်တယ်ပညာရှင်အချို့သည် အဲ့ဒါကိုခံနိုင်ရည်မရှိဘဲ သူတို့၏ မျက်လုံးများက ကျိန်းစပ်လာကြ၏။ သူတို့သည် သူတို့၏ အကြည့်များကို ခပ်မြန်မြန်ရှောင်လွှဲပြီး ဆက်လက်၍ မကြည့်ရဲတော့ပေ။
ပကတိအင်မော််တယ်ကျင်းယွဲ့၏ မျက်လုံးက ပြူးကျယ်သွားပြီး ဝင်းလက်တောက်ပလာခဲ့၏။
သူ၏ မျက်လုံးများက ရှေးဟောင်းကြေးမုံတစ်ချပ်ကိုဖြစ်ပေါ်လာစေသည်ဟုထင်ရ၏။
သူသည် အထဲမှာရှိသောအခြေအနေကို ရှင်းရှင်းလင်းလင်းတွေ့မြင်ချင်သည်။
သို့သော်လည်း ထိုစဥ်မှာပင် တံလျှပ်မျက်လုံးက မိုးကြိုးလျှပ်စီးမျက်လုံးတစ်စုံကို ခံနိုင်ရည်မရှိတော့ဘဲ ချက်ချင်းပင်ကြေမွသွား၏။
တံလျှပ်ကြေးမုံပေါ်မှာ အက်ကွဲကြောင်းများပေါ်ထွက်လာပြီး အဲ့ဒါက ပေါက်ကွဲထွက်သွား၏။
တစ်ချိန်တည်းမှာပင်... ပကတိမိုးကြိုးမြို့တော်၏ ကောင်းကင်ထက်မှာ နက်မှောင်နေသောတိမ်စိုင်များက တရုန်းရုန်းထကြွလာပြီး မိုးချုန်းသံများက မြည်လာ၏။
မိုးကောင်းကင်ထက်ရှိ ဧရာမအနက်ရောင်ပိတ်သားပြင်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်လိုက်သည့်အလား ညိုမည်းနေသော တိမ်စိုင်များကြားမှာ တဖျတ်ဖျတ်တလက်လက် လျှပ်စီးများက ပေါ်ထွက်လာ၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က သူ၏ လက်သီးနှစ်ဖက်ကို အလိုလိုဆုပ်လိုက်၏။
မိုးကြိုးဧကရာဇ်၏ စွမ်းအားက သူတွေးထင်ထားသည်ထက် များစွာပိုမိုသန်မာနေ၏။
သို့သော်လည်း အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။
တာအိုသစ်သီးဖျက်ဆီးခံထားရသည့် လူတစ်ယောက်က ဤကဲ့သို့ ကြမ်းကြုတ်ခက်ထန်၍ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော စွမ်းအားကို ဘယ်လိုပိုင်ဆိုင်နိုင်မှာလဲ။
ပကတိတစ်ဆယ်ငရဲတွင်...။
အစက တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်သတ်ဖြတ်နေကြသော အောက်ဘုံလောကများမှ တက်လှမ်းလာသည့် မဟူရာအင်မော်တယ်များစွာက ရပ်တန့်လိုက်ကြပြီး ထိတ်လန့်တကြား အမူအရာများနှင့်အတူ ပကတိတစ်ဆယ်ဝင်္ကပါဘက်သို့ ကြည့်လိုက်ကြ၏။
ထင်တိုင်းကြဲသတ်ဖြတ်နေသော ကမ္ဘာမြေသားရဲများပင်လျှင် မြေပြင်ပေါ်မှာ ဝပ်တွား၍ တုန်ယင်နေကြ၏။
အန္တရာယ်ပေါ် သူတို့၏ အာရုံခံအသိစိတ်က ပို၍ပင်ထက်ရှလေသည်။
ပကတိတစ်ဆယ်ဝင်္ကပါထဲမှာ အိပ်မောကျနေသော အလွန်တရာကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခုက နိုးထလာနေသည်ကို ကမ္ဘာမြေသားရဲများက အာရုံခံမိလိုက်ကြ၏။
ဖြစ်ပျက်နေသည့်အရာအတိအကျကို မည်သူကမှ မသိကြပေ။
သို့သော်လည်း ပကတိတစ်ဆယ်ငရဲတစ်ခုလုံးက အချိန်မရွေးပြိုကျတော့မည့်အလား လှုပ်ခါလာခဲ့၏။
ထျန်ကျစ်ရီက သူမ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး တောအုပ်ထဲမှာ မတ်တတ်ရပ်ကာ မယုံကြည်နိုင်စွာဖြင့် ပကတိတစ်ဆယ်ဝင်္ကပါဘက်ကို ကြည့်နေ၏။
သူမ၏ စိတ်နေစရိုက်နှင့်ပင် ထိုအခိုက်အတန့်မှာ သူမ၏ စိတ်ခံစားချက်များကို ထိန်းမထားနိုင်တော့ပေ။
“ဖြစ်နိုင်တာက...”
သူမကဆက်လက်၍ စဥ်းစားမကြည့်ရဲပေ။
သူမအကြီးကြီးမျှော်လင့်မိလျှင် အကြီးကြီးစိတ်ပျက်ရမည်ကို စိုးရိမ်နေ၏။
ပကတိတစ်ဆယ်ဝင်္ကပါတွင်...
ဆူဇီမိုသည် သူ့ရှေ့မှာရှိသောမိုးကြိုးဧကရာဇ်ကို တုန်လှုပ်နေသောအမူအရာဖြင့် ငေးငိုင်စွာကြည့်နေ၏။
မိုးကြိုးဧကရာဇ်၏ ပိန်လှီညှိုးခြောက်နေသော ခန္ဓာကိုယ်ထံမှ အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့်အလား စဥ်းစားကြည့်၍မရနိုင်အောင် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုရှိနေသည်ကို သူကအာရုံခံမိလိုက်၏။
“စီနီယာ... ခင်ဗျားက ဘာလို့...”
ဆူဇီမိုသည် တုန်လှုပ်မှုအပြင် ပို၍ပင် တွေဝေရှုပ်ထွေးနေ၏။
မိုးကြိုးဧကရာဇ်၏ တာအိုသစ်သီးက ကြေမွနေခဲ့သည်ကို သူ၏ မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရ၏။ တာအိုသစ်သီးဖျက်ဆီးခံထားရသော လူတစ်ယောက်က နှစ်ပေါင်းသိန်းချီကြာအောင် ဖိနှိမ်ထားခြင်းကနေ လွတ်မြောက်လာပြီးနောက် ဤကဲ့သို့ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ဘယ်လိုလုပ်ပြီး ထုတ်ဖော်နိုင်ပါ့မလဲ။
ဆူဇီမို၏ စိတ်ကို ဖတ်မိသည့်အလား မိုးကြိုးဧကရာဇ်က ပြုံးပြလိုက်၏။
“ငါ့ရဲ့တာအိုသစ်သီးက မရှိတော့ဘူးဆိုတာ တကယ်ပဲ... ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ပေါင်းသိန်းချီကာလအတွင်း ငါကဒီနေရာမှာ ပိတ်မိနေခဲ့ပြီးတော့ လုံးဝမလှုပ်ရှားနိုင်ခဲ့ဘူး... အဲ့ဒါကြောင့် ငါက အသစ်အဆန်းတချို့ကို နားလည်ဆင်ခြင်နိုင်ခဲ့တယ်”
“အဲ့ဒီကျန်ရှိနေတဲ့ နားလည်ဆင်ခြင်မှုတွေကို မင်းကိုသင်ပေးမယ်... မင်းရဲ့ပါရမီနဲ့ဆို မင်းက တစ်နေ့မှာ အဲ့ဒါတွေကို သေချာပေါက်နားလည်ဆင်ခြင်လာနိုင်လိမ့်မယ်”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် စိတ်ဝိညာဥ်အသိစိတ်စီးကြောင်းတစ်ခုက ဆူဇီမို၏ အသိစိတ်ထဲသို့ တိုးဝင်လာခဲ့၏။
မိုးကြိုးဧကရာဇ်သည် သူနားလည်ဆင်ခြင်ထားခဲ့သည့်အရာများအားလုံးကို မည်သည့်ထိန်ချန်မှုမှမရှိဘဲ ဆူဇီမိုကို သင်ကြားပေးလိုက်၏။
“သိပ်မကြာခင်.. ပကတိမိုးကြိုးမြို့တော်က ရုန်းရင်းဆန်ခတ်ဖြစ်လာလိမ့်မယ်... ငါကမင်းကို ဂရုစိုက်ပေးနိုင်မှာ မဟုတ်တော့ဘူး... သတိထားပြီးတော့ အဲ့ဒီရုန်းရင်းဆန်ခတ်ကြားကနေ ထွက်သွားတော့”
ဆူဇီမိုသည် စိတ်ဝိညာဥ်အသိစိတ်ကို ကြေညက်အောင်ပြုလုပ်နေစဥ်မှာပင် မိုးကြိုးဧကရာဇ်၏ အသံက တစ်ဖန်ထပ်၍ ထွက်ပေါ်လာခဲ့၏။
ဆူဇီမိုက သူ၏ ခေါင်းကိုလှုပ်ခါပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ မော့ကြည့်လိုက်၏။
မိုးကြိုးဧကရာဇ်က ဖြည်းဖြည်းချင်း ကြွတက်သွားပြီး ပကတိတစ်ဆယ်ငရဲ၏ ကောင်းကင်ထက်သို့ ပျံသန်းသွား၏။
ပိန်လှီညှိုးခြောက်နေသော ထိုပုံရိပ်ကနေ ထုတ်ဖော်လိုက်သည့်အော်ရာက ပို၍ကြောက်စရာကောင်းလာခဲ့ပြီး ပကတိတစ်ဆယ်ငရဲမှ သက်ရှိများအားလုံး၏ အကြည့်ကို ဆွဲဆောင်မိသွား၏။
မဟူရာအင်မော်တယ်များနှင့် သက်ရှိများစွာက ထိတ်လန့်တကြားဖြစ်နေကြ၏။
ထျန်ကျစ်ရီက အလွန်တရာစိတ်လှုပ်ရှားနေပြီး တစ်ခုခုကိုအော်ခေါ်ချင်နေသည့်အလား သူမ၏ နှုတ်ခမ်းက တုန်ယင်နေ၏။
သို့သော်လည်း သူမက နောက်ဆုံးမှာ မည်သည့်အရာကိုမှ ပြောဆိုခြင်းမရှိတော့ပေ။
ပကတိတစ်ဆယ်ငရဲ၏ အထက်သို့ ရောက်ရှိလာပြီးနောက် မိုးကြိုးဧကရာဇ်က အမျက်ဒေါသဖြင့် သူ၏ ခေါင်းကို မော့လိုက်၏။ ရုတ်တရက် သူက သူ၏ ဦးခေါင်ထက်ကို ပစ်ထိုးလိုက်၏။
ထိုပိန်လှီနေသောလက်သီးက အရမ်းကို သေးငယ်နေ၏။
သို့သော်လည်း ထိုထိုးချက်က လောကတစ်ခုလုံးကို ပြိုကျသွားစေ၏။
ပကတိတစ်ဆယ်ငရဲက ထိုးဖောက်ခြင်းခံလိုက်ရ၏။
မိုးကြိုးဧကရာဇ်သည် လမ်းတစ်လျှောက်ပျံသန်းသွားပြီး မည်သည့်အရာကမှ သူ့ကိုမတားဆီးနိုင်ပေ။
ဘုန်း... ဘုန်း...
နောက်ဆုံးမှာတော့ မြို့တော်အရှင်ဂေဟာ၏ မြေပြင်က ပေါက်ကွဲထွက်သွားပြီး မိုးကြိုးဧကရာဇ်က ပစ်လွင့်ထွက်ပေါ်လာ၏။
ဖျောင်း...
ချက်ချင်းပင် လက်မောင်းလုံးလောက် တုတ်ခိုင်သောမိုးကြိုးအလင်းတန်းတစ်ခုက ပကတိမိုးကြိုးမြို့တော်၏ ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး မိုးကြိုးဧကရာဇ်ကို ထိခတ်သွား၏။
မိုးကြိုးဧကရာဇ်၏ မျက်နှာပေါ်မှာ မည်သည့်နာကျင်မှုမှ မရှိပေ။ ထိုအစား သူ၏ မျက်လုံးထဲရှိ မိုးကြိုးလျှပ်စီးက ပိုမိုသိပ်သည်းကျစ်လစ်လာခဲ့၏။
သူ၏ အသားအရေကပင် အနည်းငယ်ပြည့်တင်းလာသည်ဟုထင်ရ၏။
အခြားသူများအတွက်တော့ မိုးကြိုးအလင်းတန်းသည် သိပ်သည်းပြင်းထန်သော ပျက်စီးထိခိုက်မှုကို ဖြစ်စေပေလိမ့်မည်။
သို့သော်လည်း အဲ့ဒါက မိုးကြိုးဧကရာဇ်အတွက် မဟာအားဆေးတစ််ခုဖြစ်၏။
မိုးကြိုးဧကရာဇ်၏ မျက်လုံးနှစ်ဖက်က လျှပ်စီးရောင်ဖြင့် တောက်ပနေပြီး ကျိန်းစပ်နေ၏။ သူ၏ အကြည့် ဆင်းသက်ရာနေရာတိုင်း လေဟာနယ်က တုန်ခါကာတွန့်လိမ်သွား၏။
မြို့တော်အရှင်ဂေဟာရှိ တောင်များနှင့် ခန်းမများကလည်း ပြိုကျသွား၏။ သူတို့က သူ၏ မိုးကြိုးလျှပ်စီးမျက်လုံးများကို ခံနိုင်ရည်မရှိပေ။
မြို့တော်အရှင်ဂေဟာထဲမှာ သူ့ကိုယှဥ်နိုင်သောသူ များစွာမရှိပေ။
မိုးကြိုးဧကရာဇ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဘေးပတ်ဝန်းကျင်မှာရှိသော ကောင်းကင်နှင့်မြေကြီး အမြုတေချီများက သူ့ထံသို့ အဆက်မပြတ်တလိပ်လိပ်တိုးဝင်လာနေ၏။
သူ၏ ခန္ဓာကိုယ်က တစ်စတစ်စပြန့်ကားလာပြီး သူ၏ ရှုံ့တွနေသော အသားအရေက ပြည့်တင်းလာကာ သူ၏ အရေပြားကလည်း အသားရောင်သန်းလာခဲ့၏။
ထိုသည်ကို တွေ့မြင်သောအခါ မိုးကြိုးဧကရာဇ်သည် ပြီးခဲ့သည့်နှစ်များအတွင်း သူ၏ ခန္ဓာကိုယ်ထဲရှိ အမြုတေချီကို အန္တိမဓမ္မစွမ်းအားများဖြင့် ချိပ်ပိတ်ထားခဲ့ပြီး အချိန်၏ တိုက်စားမှုကို ခုခံခဲ့ခြင်းဖြစ်ကြောင်း ဆူဇီမိုက ဝိုးတဝါးခန့်မှန်းမိလိုက်၏။
ယခုသူက လွတ်မြောက်လာခဲ့ပြီး မိုးကြိုးဧကရာဇ်သည် ပကတိတစ်ဆယ်ငရဲကနေ ဖောက်ထွက်ကာ ကောင်းကင်နှင့်မြေကြီး အမြုတေချီများကို ဝါးမျိုနေ၏။ သူ၏ခွန်အားနှင့် အခြေအနေကလည်း အလျင်အမြန်မြင့်တက်လာနေ၏။
မိုးကြိုးဧကရာဇ်သည် လေထဲမှာမတ်တတ်ရပ်နေပြီး ပြိုင်ဘက်ကင်းစွမ်းပကားတစ်ခုနှင့်အတူ သူ၏ ခြေဖဝါးအောက်တွင် ပကတိမိုးကြိုးမြို့တော်တစ်ခုလုံးကို နင်းချေပစ်ချင်နေသည့်အလား သူ၏ ခန္ဓာကိုယ်ပေါ်မှာ လျှပ်စီးများက တဖျတ်ဖျတ်လက်နေ၏။
ပကတိမိုးကြိုးမြို့တော်၏ မြို့တော်အရှင်နှင့် အင်မော်တယ်ဂိုဏ်းများ၏ ဂိုဏ်းချုပ်များအားလုံးက မိုးကြိုးဧကရာဇ်းအော်ရာမှာ မှင်တက်နေကြပြီး မည်သူကမှ ရှေ့သို့မတက်လှမ်းရဲကြပေ။
ယခုအချိန်မှာ ပကတိအင်မော်တယ်ကျင်းယွဲ့ကသာလျှင် မိုးကြိုးဧကရာဇ်၏ အော်ရာကို ခုခံနိုင်လေသည်။
“ဖုန့်စန်းထျန်... တကယ်ပဲမင်းကိုး”
ပကတိအင်မော်တယ်ကျင်းယွဲ့က ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လာပြီး လေထဲမှာရှိသော မိုးကြိုးဧကရာဇ်ကို မျက်နှာချင်းဆိုင်ကာ အော်ပြောလိုက်၏။
“မင်းဘယ်သူလဲ”
မိုးကြိုးဧကရာဇ်က ပကတိအင်မော်တယ်ကျင်းယွဲ့ကို တစ်ချက်ကြည်ပြီး သာမန်ကာလျှံကာမေးလိုက်၏။
“ငါက... အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ရဲ့ ဘုရင်ခံ... ငါ့ရဲ့တာအိုဘွဲ့က ကျင်းယွဲ့ပဲ”
ပကတိအင်မော်တယ်ကျင်းယွဲ့က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အို...”
မိုးကြိုးဧကရာဇ်က မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။
“ငါမင်းကို နဲနဲတော့မှတ်မိတယ်... ငါ စစ်မာနဲ့သိကျွမ်းတုန်းက မင်းကသူ့ရဲ့တပည့်တစ်ယောက်ပဲ”
“မင်းဘယ်လိုတောင်ပြောရဲတာလဲ”
ပကတိအင်မော်တယ်ကျင်းယွဲ့က အော်ငေါက်လိုက်၏။
“ဒီနေ့က အရင်တုန်းကနဲ့မတူတော့ဘူး... မင်းက ဘုရင်ကျင်းကို ဘယ်လိုတောင် သူ့နာမည်နဲ့ ခေါ်ပြောရဲတာလဲ”
“ဟမ့်...”
မိုးကြိုးဧကရာဇ်၏ အေးစက်စက်နှာမှုတ်သံက မိုးကြိုးသံကဲ့သို့ဖြစ်နေ၏။
“သူက ဘုရင်ကျင်းဘွဲ့ကို ခံယူထားတယ်ပေါ့လေ”
မိုးကြိုးဧကရာဇ်က ပကတိအင်မော်တယ်ကျင်းယွဲ့ကို အေးစက်စွာကြည့်ပြီး လှောင်ရယ်လိုက်၏။
“ငါကသူ့ကိုနာမည်တပ်ပြီးခေါ်တယ်ဆိုတော့ရော... ဘာဖြစ်လဲ”
“ဖုန့်စန်းထျန်.. မင်းရဲ့တာအိုသစ်သီးက ပျက်စီးနေပြီ... မင်းအခု အပေါ်ယံမှာ သန်မာချင်ယောင်ဆောင်မနေနဲ့... ဒီနေရာမှာ မင်း ဖြီးလုံးလှန့်လုံး ထုတ်နေလို့မရဘူး”
ပကတိအင်မော်တယ်ကျင်းယွဲ့က အကြောက်အလန့်ကင်းမဲ့ပြီး သူ၏ အော်ရာက အဆက်မပြတ်မြင့်တက်လာကာ အော်ပြောလိုက်၏။
“မင်းက ဘုရင်ကျင်းကို နာမည်တပ်ပြီးခေါ်တဲ့အတွက် ငါမင်းကိုဖိနှိမ်မယ်”
“ဟုတ်လား... စမ်းကြည့်လိုက်လေ”
မိုးကြိုးဧကရာဇ်၏ မျက်နှာပေါ်တွင် မည်သည့်ကြောက်ရွံ့မှု အရိပ်အယောင်မှ မရှိပေ။
“သတ်...”
ပကတိအင်မော်တယ်ကျင်းယွဲ့က တိုက်ရိုက်တိုက်ခိုက်လိုက်ပြီး သူ၏ လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်လိုက်၏။ သူ၏ နှာရောင်ကနေ နတ်ဘုရားဆန်ဆန် အလင်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး သူ၏ လက်ဖဝါးထဲသို့ ဝင်ရောက်သွား၏။ အဲ့ဒါက သူ၏ အစစ်အမှန်အမြုတေနှင့်အတူ ဧရာမဆေဘာတစ်လက်ဖြစ်ပေါ်လာကာ မိုးကြိုးဧကရာဇ်ထံသို့ ခုတ်ပိုင်းချလိုက်၏။
မိုးကြိုးဧကရာဇ်က ထွက်ပြေးလွတ်မြောက်လာပြီးနောက် သူ၏ အမြုတေချီကို ဖြည့်တင်းနေခြင်းဖြစ်ကြောင်း သူက ကောင်းကောင်းသိထား၏။
အချိန်က ဆက်လက်၍ကြန့်ကြာနေသည်နှင့် မိုးကြိုးဧကရာဇ်အတွက် ပို၍အကျိုးရှိလာပေလိမ့်မည်။
မိုးကြိုးဧကရာဇ်က လုံးဝရှောင်တိမ်းခြင်းမရှိပေ။ သူက သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး လေဟာနယ်ကို ဖမ်းဆွဲလိုက်၏။
မိုးကြိုးလျှပ်စီးများက သူ၏ လက်ဖဝါးထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး တစ်ခဏချင်းမှာပင် မိုးကြိုးလျှပ်စီး လှံတစ်လက်ကို ဖြစ်ပေါ်လာစေ၏။ ၎င်းထံကနေ ကြောက်စရာကောင်းသာ အော်ရာတစ်ခုဖြာထွက်နေပြီး ပကတိအင်မော်တယ်ကျင်းယွဲ့ရှိရာသို့ ပစ်ထိုးလိုက်၏။
ဘုန်း...
ဆေဘာနှင့်လှံက ကျယ်လောက်သောမြည်သံဖြင့် ထိတွေ့ရိုက်ခတ်သွား၏။