← Chapters

မိုးကြိုးလျှပ်စီးပင်လယ်

Vol. 131 Ch. 1955

မိုးကြိုးလျှပ်စီးပင်လယ်

Vol. 131 Ch. 1955

ထိန်းမနိုင်သိမ်းမရစွမ်းအားများက အဘက်ဘက်သို့ ပြန့်ကျဲသွားပြီး မြို့တော်အရှင်ဂေဟာ၏ ထက်ဝက်နီးပါးက ကျွမ်းထိုးမှောက်ခုံဖြစ်သွား၏။

ဆေဘာနှင့်လှံက တစ်ချိန်တည်းမှာပင် ပျက်ပြယ်သွား၏။

ပကတိအင်မော်တယ်ကျင်းယွဲ့သည် ဤထိတွေ့တိုက်ခတ်မှုမှာ မည်သည်အသာစီးကိုမှ မရရှိပေ။

“အစစ်အမှန်အမြုတေပဲ”

ပကတိအင်မော်တယ်ကျင်းယွဲ့က အံ့အားတသင့်ရေရွတ်ပြောဆိုလိုက်၏။

“အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ... မင်းက မင်းရဲ့တာအိုသစ်သီးကြေမွထားတာကို အစစ်အမှန်အမြုတေကို ဘယ်လိုလုပ်ပြီး စုဖွဲ့နိုင်တာလဲ”

ပကတိဧကနယ်ပယ်သို့ ကျင့်ကြံ၍ တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ပြီးနောက် အမြုတေချီများအားလုံးကို တာအိုသစ်သီးကနေ စုပ်ယူသန့်စင်ပေးပြီး ခန္ဓကိုယ်ထဲသို့ လှည့်ပတ်စီးဆင်းစေကာ အလွန်တရာသန့်စင်ကျစ်လစ်သော စွမ်းအားတစ်ခုကို ဖြစ်ပေါ်စေမည်ဖြစ်၏။

အဲ့ဒါက အစစ်အမှန်အမြုတေဖြစ်၏။

ထိုမျှသာမက အစစ်အမှန်အမြုတေတွင် ကျင့်ကြံသူများ၏ တာအိုနှင့် ဓမ္မပညာရပ်များပါဝင်နေ၏။

ထို့ကြောင့် ပကတိဧကနယ်ပယ်သို့ကျင့်ကြံပြီး ပကတိအင်မော်တယ်ပညာရှင်တစ်​ယောက်ဖြစ်လာပြီးနောက် အဲ့ဒါက သာမန်တိုက်ခိုက်မှုတစ်ရပ် သို့မဟုတ် သာမန်အကျဆုံး ဓမ္မပညာရပ်တစ်ခုဆိုလျှင်တောင် ၎င်းသည် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာကို ခြေမွှဖျက်ဆီးပစ်ဖို့ လုံလောက်၏။

ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ဦးက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်မည်ဆိုလျှင်တောင် အဲ့ဒါက အစစ်အမှန်အမြုတေ၏ စွမ်းအားကို ခုခံနိုင်ဖို့ မလွယ်ပေ။

တကယ်တော့... အဲ့ဒါက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများဆိုလျှင်တော့ ရလဒ်က ကွဲပြားခြားနားသွားနိုင်၏။

ပုံမှန်အ​ခြေအနေအောက်မှာဆိုလျှင် တာအိုသစ်သီးကြေမွပျက်စီးထားပါက အစစ်အမှန်အမြုတေကို စုဖွဲ့နိုင်မည်မဟုတ်ပေ။

ထို့ကြောင့်ပင်လျှင် သူသည် မိုးကြိုးဧကရာဇ်ကို ခုခံနိုင်မည်ဟု ပကတိအင်မော်တယ်ကျင်းယွဲ့က အလွန်တရာယုံကြည်မှုရှိနေခဲ့ခြင်းဖြစ်၏။

သို့သော်လည်း မိုးကြိုးဧကရာဇ်ဆင့်ခေါ်လိုက်သော မိုးကြိုးလျှပ်စီးလှံမှာ အစစ်အမှန်အမြုတေ၏ စွမ်းအား ပါဝင်နေလိမ့်မည်ဟု သူက မျှော်လင့်မထားခဲ့ပေ။

“ဟားဟား...”

မိုးကြိုးဧကရာဇ်က ဝင့်ကြွားသောအမူအရာတစ်ခုနှင့်အတူပြုံး၍ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါ့ရဲ့တာအိုသစ်သီးက တကယ်ပဲ... ထျန်ရှင်းရဲ့လက်ချက်နဲ့ ပျက်စီးသွားခဲ့ပြီ... ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ပေါင်းသိန်းချီကာလအတွင်းမှာ ငါ့ရဲ့အချိန်တွေကို ဖြုန်းမနေခဲ့ဘူး”

“ငါ့ရဲ့တာအိုသစ်သီးက ကြေမွသွားပြီဆိုမှတော့.... ငါကအဲ့ဒါကို မိုးကြိုးလျှပ်စီးပင်လယ်နဲ့ အစားထိုးရမှာပေါ့”

ထိုသို့သူ​ပြောလိုက်သည့်ခဏမှာပင် ကောင်းကင်ဘုံက အမျက်ဒေါသထွက်၍ မိုးကြိုးအပြစ်ဒဏ်တစ်ခုကို စေလွှတ်ချင်သည့်အလား ကောင်းကင်ထက်ကနေ ကျယ်လောက်သောမိုးချိန်းသံများက ဆက်တိုက်ထွက်ပေါ်လာ၏။

စွမ်းအားတချို့ဖြင့် ဆွဲယူခြင်းခံလိုက်ရသည့်အလား ပကတိမိုးကြိုးမြို့တော်အထက်ရှိ ညိုမည်းနေသောတိမ်စိုင်များက ဖြည်းဖြည်းချင်းလည်ပတ်လာပြီး ဧရာမအနက်ရောင်တိမ်စိုင်ဝဲကတော့တစ်ခုကို ဖြစ်ပေါ်လာစေ၏။

ဝဲကတော့ထဲမှာ လျှပ်စီးများက တဖျတ်ဖျတ်လက်၍ မိုးချိန်းသံများက အဆက်မပြတ် တဝုန်းဝုန်းမြည်နေ၏။

ဝဲကတော့၏ အလယ်မှာ မိုးကြိုးလျှပ်စီးက သိပ်သည်းကျစ်လစ်လာပြီး နောက်ဆုံးမှာတော့ ဧရာမမိုးကြိုးအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မိုးကြိုးဧကရာဇ်ပေါ်သို့ ဆင်းသက်လာခဲ့၏။

မိုးကြိုးဧကရာဇ်က လေထဲမှာမတ်တတ်ရပ်ပြီး ရှောင်တိမ်းခြင်းမရှိဘဲ မိုးကောင်းကင်ထက်ကို မော့ကြည့်နေ၏။ သူက မိုးကြိုးလျှပ်စီးများဖြင့် ဆေးကြောသန့်စင်မှုကိုခံယူပြီး သည်းမခံနိုင်လောက်အောင် မောက်မာသည့်ပုံပေါ်နေ၏။ သူက မိုးကြိုးကို ထိန်းချုပ်သည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

မိုးကြိုးဧကရာဇ်က သူ၏ နှာရောင်ကိုဖွင့်ပြီး သူ၏ အသိစိတ်ကို ထုတ်ဖော်လိုက်၏။

ကြေမွထားသောတာအိုသစ်သီးကြောင့် မိုးကြိုးဧကရာဇ်၏ အသိစိတ်က ယိုယွင်းပျက်စီးနေပြီး အပေါက်များဖြင့် ပြည့်နှက်နေ၏။

ထိုအခိုက်အတန့်မှာ လျှပ်စီးတချို့သည် ထိုတွင်းပေါက်များထဲမှာ စတင်စုစည်းလာခဲ့ပြီဖြစ်၏။

အဲ့ဒါကို လျှပ်စီးပင်လယ်တစ်ခုဟုမဆိုနိုင်သေးပေ။ အလွန်ဆုံး အဲ့ဒါကို လျှပ်စီးတွင်းချိုင့်တချို့ဟုသာ သတ်မှတ်ရပေမည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ၏ အသိစိတ်ထဲသို့ မိုးကြိုးစွမ်းအားများက ပို၍ပို၍ တိုးဝင်လာပြီး တွင်းချိုင့်များက ​တဖြည်းဖြည်းချိတ်ဆက်ကာ မိုးကြိုးလျှပ်စီးရေကန်တစ်ခုဖြစ်ပေါ်လာ၏။

ထိုသည်ကိုတွေ့မြင်သောအခါ အခြားလူတိုင်းက တုန်လှုပ်သွားရုံသာဖြစ်၏။

သို့သော်လည်း မိုးကြိုးဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံရရှိထားသည့် ဆူဇီမိုက တစ်စုံတစ်ရာကို နားလည်သဘောပေါက်လာခဲ့၏။

“ဖျက်ဆီးခြင်းပြီးရင် ပြန်လည်တည်ဆောက်ခြင်းလာမယ်... တာအိုသစ်သီး ကြေမွပျက်စီးသွားရင် မိုးကြိုးလျှပ်စီးပင်လယ်နဲ့အစားထိုးမယ်”

ဆူဇီမို၏ စိတ်ထဲမှာ ဗလာနယ်မိုးကြိုးကျင့်စဥ်မှ မန္တန်အချို့က ထင်ဟပ်လာခဲ့၏။

ထိုမန္တန်များကို ပြီးခဲ့သည့် နှစ်ပေါင်းသိန်းချီကာလအတွင်း မိုးကြိုးဧကရာဇ်က နားလည်ဆင်ခြင်ထားခဲ့ခြင်းဖြစ်၏။

“အဲ့ဒါက... ဒီလောက်တောင်...”

ဆူဇီမိုက တိတ်တဆိတ်ချီးကျူးလိုက်၏။

မိုးကြိုးဧကရာဇ်က အလွန်တရာပါရမီအရည်အချင်းရှိပြီး သူ၏ တာအိုသစ်သီးဖျက်ဆီးခံရပြီးနောက် လက်မလျှော့ခဲ့ပေ။ ထို့အစား သူက တာအိုနည်းစနစ်အသစ်တစ်ခုကို ဖန်တီးခဲ့ပြီး သူ၏ ပျက်စီးနေသော အသိစိတ်ကို ပြန်လည်တည်ဆောက်ကာ တာအိုသစ်သီးနေရာမှာ အစားထိုးဖို့အတွက် အဲ့ဒါကို မိုးကြိုးလျှပ်စီးပင်လယ်တစ်ခုအဖြစ် အသွင်ပြောင်းလဲယူခဲ့၏။

ယခု... မိုးကြိုးဧကရာဇ်သည် လွတ်မြောက်လာခဲ့ပြီး မိုးကြိုးလျှပ်စီးများကိုစုပ်ယူကာ သူ၏ကျင့်ကြံမှုနှင့် ခွန်အားက အလျင်အမြန်ပြန်လည်ပြည့်ဝလာနေ၏။

သူ့မှာ လုံလောက်သည့်အချိန်ရှိသည်နှင့် သူသည် သူ၏ အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိပြီး ယခင်ကထက်ပင် ပိုမိုသန်မာလာနိုင်လောက်၏။

ပကတိမိုးကြိုးမြို့တော်အထက်ရှိ အနက်ရောင်တိမ်စိုင်များက ပိုမိုထူထဲသည်ထက် ထူထဲလာနေ၏။ မိုးကြိုးအလင်းက တဖျတ်ဖျတ်တလက်လက်ဖြစ်နေပြီး သာမန်ကျင့်ကြံသူများက အဲ့ဒါကိုတိုက်ရိုက်မကြည့်ရှုနိုင်ပေ။

မိုးကြိုးဧကရာဇ်၏ အော်ရာက အဆက်မပြတ်မြင့်တက်လာပြီး သူ၏ ဘေးပတ်လည်မှာ လျှပ်စီးများက စုစည်းကာ ပင်လယ်တစ်ခုကို ဖြစ်ပေါ်လာစေလုနီးပါးပင်။

မိုးကြိုးဧကရာဇ်၏ ဦးခေါင်းထက်မှ ညှိုးခြောက်နေသော ဝါကျင့်ကျင့်ဆံပင်များက ကွာကျသွားပြီး အသစ်တစ်ဖန်ဖြစ်ပေါ်လာခဲ့၏။

သူ၏ ခန္ဓာကိုယ်ကလည်း အလျင်အမြန် အားဖြည့်နေ​ပြီး သူ၏ အသားအရေက ၎င်း၏ အရောင်အဝါကို ပြန်လည်ရရှိလာ၏။ သူ၏ မျက်နှာက အနီရောင်သန်းလာပြီး သူ၏ ဘေးပတ်လည်မှာရှိသည့် ဘဝနေဝင်ချိန်အော်ရာကလည်း မရှိတော့လေပြီ။

“ကျင်းယွဲ့... သူ့ရဲ့ဘဝသက်တမ်းက အဆုံးသတ်ကို ရောက်နေပြီလို့ မင်းမပြောခဲ့ဘူးလား”

ထိုသည်ကို တွေ့မြင်သောအခါ မင်းသားယွမ်ကျောက ဒေါသထွက်သွားပြီး သူ၏ မျက်လုံးထဲမှာ နောက်ဆုံး ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏။

“ဟားဟားဟားဟား...”

မိုးကြိုးဧကရာဇ်က ဟားတိုက်ရယ်မောလိုက်၏။

“အသိဉာဏ်နုံနဲတဲ့ ဂျူနီယာတစ်အုပ်စုပဲ... ဘုရင်ထျန်ရှင်း ငါ့ကို အကောက်ကြံခဲ့တုန်းက ငါက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ခြေလှမ်းဝက်ဝင်နေခဲ့ပြီးပြီ... ငါ့ရဲ့ဘဝသက်တမ်းက ကောင်းကင်နဲ့မြေကြီး အချုပ်အနှောင်ကနေချိုးဖျက်ပြီး နှစ်တစ်သန်းကို ရောက်သွားခဲ့ပြီ... အင်မော်တယ်ဘုရင်တစ်ပါးနဲ့ ဘာမှမကွာခြားတော့ဘူး”

ထိုအခိုက်အတန့်မှသာလျှင် အင်မော်တယ်ဘုရင်ဆိုသောအရာက ကျင့်ကြံမှုနယ်ပယ်တစ်ခုမဟုတ်ဘဲ ကောင်းကင်အင်မော်တယ် သို့မဟုတ် ပကတိအင်မော်တယ်များနှင့်ဆင်တူသော ဘွဲ့တစ်ခုသာဖြစ်ကြောင်းကို ဆူဇီမိုက နားလည်သဘောပေါက်လိုက်၏။

မဟူရာအမြုတေနယ်ပယ်၊ ကမ္ဘာမြေအမြုတေနယ်ပယ်၊ ကောင်းကင်အမြုတေနယ်ပယ်၊ ပကတိဧကနယ်ပယ်....။

ပကတိဧကနယ်ပယ်၏ အထက်မှာ ကောင်းကင်လိုဏ်ဂူနယ်ပယ်ရှိပေလိမ့်မည်။

ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် သူတို့က ဘုရင်ဘွဲ့ကို ခံယူနိုင်မည်ဖြစ်၏။

မိုးကြိုးဧကရာဇ်၏ တာအိုသစ်သီးသည် ဘုရင်ထျန်ရှင်း၏ လက်ချက်ဖြင့် ကြေမွပျက်စီးသွားခဲ့သော်လည်း သူ၏ ဘဝသက်တမ်းက အဲ့ဒါကြောင့် လျော့ကျမသွားခဲ့ပေ။

ယခု... မိုးကြိုးဧကရာဇ်က လွတ်မြောက်လာခဲ့ပြီး သူ၏ ခွန်အားကို အပြည့်အဝပြန်မရသေးသော်လည်း သူပြသခဲ့သော နည်းလမ်းများက လူတိုင်းတွေးထင်ထားသည်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်၏။

ပိန်လှီနေသောအဖိုးအိုက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

လေထဲတွင်... သူ၏ နေရာမှာ ရုပ်ရည်ရူပကာ ချောမော၍ မိုးကြိုးလျှပ်စီးမျက်လုံးများနှင့်အတူ သိပ်သည်းပြင်းထန်သောအော်ရာတစ်ခုကို ပိုင်ဆိုင်ထားသည့် ပြိုင်ဘက်ကင်းပညာရှင်တစ်ဦးက ပေါ်ထွက်လာခဲ့၏။

ဤပညာရှင်သည် နှစ်ပေါင်းသိန်းချီကြာအောင် ဖိနှိမ်ခံခဲ့ရပြီး ညှင်းပန်းနှိပ်စက်မှုများကို တွေ့ကြုံခံစားခဲ့ရ၏။

ယခု...သူက လွတ်မြောက်လာခဲ့ပြီး လောကကို တုန်လှုပ်သွားစေ၏။

ပကတိတစ်ဆယ်ငရဲမှာရှိသော မဟူရာအင်မော်တယ်အများစုက နေရာမှာပင်မှင်တက်၍ ဘာလုပ်လို့ဘာကိုင်ရမည် မသိကြတော့ပေ။

ဤအဆင့်မှာရှိသည့် ပညာရှင်တစ်ဦးနှင့်တိုက်ပွဲမှာ ရောပါငြိစွန်းခံရမည်ဆိုလျှင် သူတို့သည် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

အမဲလိုက်စုဝေးပွဲက ယခုအချိန်ထိ မပြီးဆုံးသေးပေ။

ပုံမှန်အခြေအနေမှာဆိုရင် မည်သူ့ကိုမှ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာခွင့်ပေးမထားပေ။

မဟုတ်ပါက သူတို့သည် အမဲလိုက်အဆင့်သတ်မှတ်ချက်၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

ဒါ့အပြင် ပကတိတစ်ဆယ်ငရဲကို မြေအောက်အနက်ပိုင်းထဲမှာ တည်ဆောက်ထား၏။ မဟူရာအင်မော်တယ်များစွာက လေထဲသို့ပျံနိုင်သော်လည်း သူတို့ရောက်ရှိနိုင်သော အမြင့်က ​ပေရှစ်ဆယ်မှ ပေကိုးဆယ်အထိ အကန့်အသတ်ရှိနေ၏။

ထို့ကြောင့် မဟူရာအင်မော်တယ်များသည် ပကတိတစ်ဆယ်ငရဲကနေသာ စောင့်ကြည့်နေရ၏။

တကယ်တော့... ပကတိတစ်ဆယ်ငရဲကနေ ထွက်ပြေးဖို့ရွေးချယ်ခဲ့သည့် လူတချို့လည်းရှိနေ၏။

ဆူဇီမိုက သူတို့ထဲမှာတစ်ယောက်ဖြစ်၏။

ပကတိတစ်ဆယ်ငရဲသည် မြေအောက်ပေတစ်ထောင်အကွာအဝေးမှာရှိနေ၏။ အခြားသူများအတွက်တော့ အဲ့ဒီကနေတက်လှမ်းဖို့က ခက်ခဲပေလိမ့်မည်။ သို့သော်လည်း ဆူဇီမိုအတွက်တော့... အခက်အခဲမရှိပေ။

သူက ဧရာမရွှေငှက်၏ တောင်ပံများကို အသုံးမပြုခဲ့ပေ။

ဤနေရာမှာ လူများစွာရှိခဲ့ပြီး သူက တခြားရွေးချယ်စရာမရှိသရွေ့ သူ၏ ဝှက်ဖဲများကို ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။

ဆန်းကြယ်တောင်ပံများကို ထုတ်​ဖော်ပြီး သူက လေထဲသို့ပျံတက်ကာ မြို့တော်အရှင်၏ ဂေဟာရှိရာသို့ ပျံသန်းလာခဲ့၏။

တကယ်တော့... ဆန်းကြယ်တောင်ပံများ၏ အလျင်အဟုန်က ဧရာမရွှေငှက်၏ တောင်ပံများနှင့်ယှဥ်လျှင် များစွာနိမ့်ကျနေ၏။

ထိုစဥ်မှာပင် ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး မလှမ်းမကမ်းကနေ သူ့ကို တစ်ယောက်ယောက်စိုက်ကြည့်နေသည်ဟု ခံစားမိလိုက်၏။

သူက အမူအရာကင်းမဲ့စွာဖြင့် လှည့်ကြည့်လိုက်၏။

အခြားတစ်ဘက်မှာ ခရမ်းရောင်ပုံရိပ်တစ်ခုကလည်း လေထဲသို့ ပျံသန်းလာပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ လျှပ်စီးများက တဖျတ်ဖျတ်လက်ကာ သူ၏ အရှိန်အဟုန်က အံ့မခန်းဖြစ်လေသည်။

ထိုအခိုက်အတန့်မှာ ထျန်ကျစ်ရီ၏ အော်ရာက ပကတိတစ်ဆယ်ငရဲမှာထက် သိသိသာသာများစွာပိုမိုသန်မာနေ၏။

ရွှစ်...

တစ်ခဏချင်းမှာပင် ထျန်ကျစ်ရီက ဆူဇီမိုကို ကျော်တက်လာခဲ့၏။

သူတို့က ပခုံးချင်းပွတ်တိုက်မိစဥ် ထျန်ကျစ်ရီ၏ အသံက ဆူဇီမို၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့၏။

“ပကတိတစ်ဆယ်ငရဲမှာတုန်းက ငါက ငါ့ခွန်အားရဲ့အထွတ်အထိပ်မှာ ရှိမနေခဲ့ဘူး... အခွင့်အရေးရရင် ငါတို့ထပ်ပြီး တိုက်ခိုက်ကြတာပေါ့”

“နောက်ပြီး ငါနင့်ကိုအကြွေးနှစ်ခုတင်နေတယ်.. ငါအဲ့ဒါကို သေချာပေါက်ပြန်ဆပ်မယ်”

ဆူဇီမိုက မည်သည့်စကားမှ မဆိုဘဲ ပြုံးရုံသာပြုံးနေလိုက်၏။

သူသည် ထျန်ကျစ်ရီထံမှ ရင်းနှီးနေကျအော်ရာတစ်ခုကို ခံစားမိလိုက်၏။

သူထင်တာမမှားဘူးဆိုရင် ထျန်ကျစ်ရီသည်လည်း ဗလာနယ်မိုးကြိုးကျင့်စဥ်ကို ကျင့်ကြံထားရပေမည်။

သို့သော်လည်း သူမက အဲ့ဒါကို ဘယ်နေရာကနေ သင်ယူတတ်မြောက်ခဲ့သလဲ သို့မဟုတ် အဲ့ဒါသည် မိုးကြိုဧကရာဇ်နှင့် ဘယ်လိုပတ်သက်နေသလဲ သူ မသိပေ။

သိပ်မကြာခင် ဆူဇီမိုသည် မြို့တော်အရှင်၏ ဂေဟာသို့ တက်လှမ်းလာခဲ့ပြီး ရုတ်ရုတ်သဲသဲအခြေအနေများကြားကနေ ထွက်ခွာလာခဲ့၏။

သူက ပကတိမိုးကြိုးမြို့တော်၏ ထောင့်တစ်နေရာမှာ ပုန်းကွယ်ပြီး လေထဲမှာရှိသောပုံရိပ်ကို စောင့်ကြည့်နေ၏။

”

All Chapters