← Chapters

ပကတိအင်မော်တယ်များ

Vol. 131 Ch. 1956

ပကတိအင်မော်တယ်များ

Vol. 131 Ch. 1956

“သူက မိုးကြိုးလျှပ်စီးတွေကို ဝါးမျိုနေတာကို ငါ ဆက်ပြီး ခွင့်ပြုပေးထားလို့ မဖြစ်ဘူး”

ပကတိအင်မော်တယ်ကျင်းယွဲ့၏ အမူအရာက သုန်မှုန်လာခဲ့၏။

မိုးကြိုးဧကရာဇ်၏ အသိစိတ်ထဲရှိ ရေကန်အရေအတွက်က ပို၍ တိုးလာနေသည်ကို သူက ရှင်းလင်းစွာ တွေ့မြင်နေရ၏။

မိုးကြိုးဧကရာဇ်က မိုးကြိုးလျှပ်စီးများကို ဆက်လက်ဝါးမျိုပြီး ရေကန်များကို ချိတ်ဆက်လိုက်မည်ဆိုလျှင် အဲဒါက မိုးကြိုးလျှပ်စီးပင်လယ်တစ်ခု ဖြစ်ပေါ်လာနိုင်၏။

ထိုအချိန်ကျလျှင် ပကတိမိုးကြိုးမြို့တော်မှာ မည်သူကမှ ဤလူကို မဖိနှိမ်နိုင်တော့တာ ဖြစ်ကောင်းဖြစ်နိုင်၏။

“ဖုန့်စန်းထျန်.. မင်းက ပကတိမိုးကြိုးမြို့တော်မှာ ကျင့်ကြံဖို့အတွက် မိုးကြိုးကို အသုံးချချင်တယ်ပေါ့လေ.. ဟာသပဲ”

ပကတိအင်မော်တယ်ကျင်းယွဲ့က သူ၏ လက်နှစ်ဖက်ကို လျင်မြန်စွာ လှုပ်ရှားပြီး လက်ဟန်ချိပ်စည်းများကို ထုတ်ဖော်ကာ ပကတိမိုးကြိုးမြို့တော်၏ အလယ်ရှိ ချိန်းကြိုးများ ရစ်ပတ်ထားသည့် ဧရာမ ကျောက်တိုင်ကို လက်ညှိုးထိုးကာ အော်ငေါက်လိုက်၏။

“ပျက်စမ်း”

ကျောက်တိုင်ပေါ်ရှိ ရှေးဟောင်းစာလုံးများက လျှို့ဝှက်ဆန်းကြယ်သော အရောင်အဝါတစ်ခုနှင့်အတူ လျင်မြန်စွာ လင်းလက်လာခဲ့၏။

အဲဒီနောက် ရှေးဟောင်းစာလုံးများက လျင်မြန်စွာ စုစည်းပြီး ဧရာမ အလင်းတန်းတစ်ခုကို ဖြစ်ပေါ်စေကာ ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ ထိုအလင်းတန်းက နက်မှောင်နေသော တိမ်စိုင်များကြားသို့ ဝင်ရောက်သွား၏။

ဘုန်း…

အဲဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။

မိုးကောင်းကင်ထက်ရှိ ညိုမည်းနေသော တိမ်စိုင်ဝဲကတော့က အပိုင်းပိုင်းကြေမွသွား၏။

နက်မှောင်နေသော တိမ်စိုင်များပင်လျှင် ပျက်ပြယ်တော့မည့် လက္ခဏာများ ပြသလာခဲ့၏။

နက်မှောင်နေသော တိမ်စိုင်များနှင့် မိုးကြိုးဧကရာဇ်ကြား ချိတ်ဆက်ထားသော မိုးကြိုးအလင်းတန်းက ချက်ချင်းပင် ဖြတ်တောက်ခံလိုက်ရ၏။

မိုးကြိုးဧကရာဇ်က တစ်ဖက်သို့ လှည့်ပြီး မိုးကြိုးလျှပ်စီးများဖြင့် တောက်ပနေသည့် သူ၏ မျက်လုံးအကြည့်က ပကတိမိုးကြိုးမြို့တော်၏ အလယ်ရှိ ကျောက်တိုင်ပေါ်သို့ ဆင်းသက်သွား၏။

“ကောင်းတယ်ကွာ.. ကောင်းတယ်.. အဲဒါကို ထျန်ရှင်း လုပ်ထားတာ မဟုတ်လောက်ဘူး.. သူ အဲ့လောက်ထိ မစွမ်းဘူး”

မိုးကြိုးဧကရာဇ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။

ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ကို ဖန်ဆင်းခဲ့စဉ်က မိုးကြိုးဧကရာဇ်သည် ပကတိတစ်ဆယ်ငရဲမှာ ဖိနှိမ်ခံထားရပြီဖြစ်၏။ သို့သော်လည်း ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ကို ဖန်တီးခဲ့သည့်သူကို သူက ချက်ချင်းပင် ခန့်မှန်းမိသွား၏။

“စစ် မာ..”

မိုးကြိုးဧကရာဇ်က ဘုရင်ကျင်း၏ အမည်ကို အော်ခေါ်လိုက်ပြီး သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။

ရုတ်တရက် သူ၏ မျက်လုံးထဲကနေ ကျိန်းစပ်နေသော မိုးကြိုးအလင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ပေါ်သို့ ချက်ချင်းပင် ထိခတ်သွား၏။

မိုးကြိုးအလင်းတန်းတစ်ခုက နတ်ဘုရားကျောက်တိုင်နှင့် တိတ်တဆိတ် ထိတွေ့ရိုက်ခတ်သွား၏။

မိုးကြိုးဧကရာဇ်၏ မျက်လုံးထဲရှိ မိုးကြိုးစွမ်းအားကို ပကတိအင်မော်တယ်ကျင်းယွဲ့ပင်လျှင် သူ၏ အစွမ်းကုန်ရှိသမျှနှင့် ခုခံရ၏။

သို့သော်လည်း ၎င်းက ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ပေါ်သို့ ဆင်းသက်သောအခါ မည်သည့် ဝဲဂယက်မှ ထွက်ပေါ်မလာခဲ့ပေ။

မိုးကြိုးအလင်းတန်းကို ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်က လုံးဝ စုပ်ယူသွားပုံရ၏။

ကောင်းကင်ထက်ရှိ နက်မှောင်နေသော တိမ်စိုင်များက တဖြည်းဖြည်း ပျက်ပြယ်လာခဲ့၏။

“ဟမ့်”

မိုးကြိုးဧကရာဇ်က အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး နောက်တစ်ဖန် တိုက်ခိုက်လိုက်၏။

သူက ရှေ့သို့ ထိုးညွှန်ပြီး သူ၏ လက်ချောင်းထိပ်ဖျားကနေ မိုးကြိုးအလင်းတန်းတစ်ခုကို ပစ်လွင့်ထွက်ပေါ်စေကာ ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ပေါ်သို့ ဆင်းသက်သွားစေ၏။ အဲဒါက လျင်မြန်စွာ ပေါက်ကွဲထွက်သွားပြီး မိုးကြိုးလှောင်အိမ်တစ်ခုကို ဖြစ်ပေါ်စေကာ ကျောက်တိုင်ကို အထဲမှာ ထား၍ ချုပ်နှောင်လိုက်၏။

လျှပ်စီးများက တဖျောက်ဖျောက်မြည်၍ လှောင်အိမ်အတွင်းမှာ တဖျတ်ဖျတ်လက်နေ၏။

သိပ်မကြာခင် ထိုမိုးကြိုးလျှပ်စီးများ အားလုံးကို ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်က စုပ်ယူပစ်လိုက်၏။

မိုးကြိုးဧကရာဇ်၏ တိုက်ခိုက်မှုက နောက်တစ်ဖန်ထပ်၍ အချည်းနှီးဖြစ်သွားရ၏။

ပကတိအင်မော်တယ်ကျင်းယွဲ့က ထိုသည်ကို တွေ့မြင်သောအခါ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

“ဖုန့်စန်းထျန်.. လက်လျှော့လိုက်တော့”

ပကတိအင်မော်တယ်ကျင်းယွဲ့က လှောင်ရယ်လိုက်၏။

“ဘုရင်ကျင်းက ဒီပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ကို ကိုယ်တိုင်တည်ဆောက်ခဲ့တာ.. မင်းက မင်းရဲ့ အထွတ်အထိပ်ခွန်အားကို ပြန်ရမယ်ဆိုရင်တောင်မှ အဲဒါကို ကိုင်လှုပ်နိုင်မှာ မဟုတ်ဘူး”

“ကျင်းယွဲ့.. သူ့ကို မြန်မြန်ဖိနှိမ်လိုက်တော့”

မင်းသားယွမ်ကျောက မသက်မသာ ခံစားလာရ​ပြီး မနေနိုင်တော့ဘဲ လောဆော်လိုက်၏။

“မပူပါနဲ့ အရှင်မင်းသား”

ပကတိအင်မော်တယ်ကျင်းယွဲ့က ညင်သာစွာ ပြုံးပြလိုက်၏။

“ပကတိမိုးကြိုးမြို့တော်ကို နှစ်ပေါင်းသိန်းချီကြာအောင် တည်ထောင်ထားခဲ့တယ်ဆိုတာ အောက်ဘုံက ဒီအပြစ်သားကို ဖိနှိမ်ဖို့အတွက်ပဲ”

“ဒီနှစ်တွေထဲမှာ ပကတိမိုးကြိုးမြို့တော်က အခိုင်အမာ ရပ်တည်နေခဲ့တယ်ဆိုတာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူး.. အဲဒါက ကျုပ်အပြင် ဒီနေရာမှာ ပကတိမိုးကြိုးမြို့တော်ကို စောင့်ကြပ်နေတဲ့ တခြား ပကတိအင်မော်တယ်တွေ ရှိနေသေးလို့ပဲ”

“ဟမ်”

မင်းသာယွမ်ကျောက အနည်းငယ် မှင်တက်သွား၏။

“မင်း အတည်ပြောနေတာလား”

သူပင်လျှင် ဤအကြောင်းနှင့် ပတ်သက်၍ သိရှိမထားပေ။

ပကတိအင်မော်တယ်ကျင်းယွဲ့က ပြောလိုက်၏။

“မိုးကောင်းကင်ကိုးလွှာ အင်မော်တယ် မဟာနယ်မြေမှာတုန်းက အောက်ဘုံက ဒီအပြစ်သားက အရမ်းကို ကျော်ကြားခဲ့ပြီးတော့ သူ့မှာ နောက်လိုက်များစွာ ရှိခဲ့တယ်.. မတော်တဆဖြစ်ရပ် တစ်ခုခုကို တားဆီးဖို့အတွက် ဘုရင်ကျင်းက ဒီလိုမျိုး ကြိုတင်ပြင်ဆင်မှုတစ်ခုကို ပြုလုပ်ခဲ့တာပဲ”

ထိုစဉ်မှာပင် ပကတိမိုးကြိုးမြို့တော်ထဲမှာ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာပြီး မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမားသော အော်ရာများက ပစ်လွင့်ထွက်ပေါ်လာခဲ့၏။

ဝုန်း…

အရှေ့အရပ်ကနေ ပုံရိပ်တစ်ခုက ပေါ်ထွက်လာခဲ့၏။ သူ၏ ဆံပင်များက ဖြူဖွေးနေသော်လည်း သူ၏ ခန္ဓာကိုယ်ကို အစစ်အမှန်အမြုတေက လွှမ်းခြုံထားပြီး သူ၏ အော်ရာက စွမ်းအားကြီးမားနေ၏။

ဝုန်း…

သူ၏ လက်ထဲမှာ မြင်းမြီးကျာပွတ်ကို ကိုင်ဆွဲထားသည့် နောက်ထပ်လူတစ်ယောက်က အနောက်မြောက်အရပ်ကနေ ဆင်းသက်လာခဲ့၏။ သူက အိုမင်းနေသော်လည်း သူက ကျန်းမာသန်စွမ်း၍ သူ၏ အကြည့်က တောက်လောင်ပြင်းပြနေ၏။

ဝုန်း.. ဝုန်း.. ဝုန်း…

ပုံရိပ်များက တစ်ခုပြီးတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး ပကတိမိုးကြိုးမြို့တော်သို့ ဆင်းသက်လာကြ၏။

သူတို့ထဲမှ အများစုကို လွန်ခဲ့သည့် နှစ်ပေါင်းသိန်းချီကာလတစ်ခုက ဤနေရာကို စောင့်ကြပ်ရန် ဘုရင်ကျင်းက စီစဉ်ပေးထားခဲ့ခြင်း ဖြစ်၏။ ယခု သူတို့က သူတို့၏ နှောင်းပိုင်းအရွယ်များသို့ ရောက်ရှိနေကြလေပြီ။

ထိုသို့ဆိုလျှင်တောင် ထိုလူအိုကြီးများ၏ အော်ရာများက ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် ယှဉ်နိုင်နေ၏။

ဆူဇီမိုက တစ်ချက်ကြည့်လိုက်၏။

အဲဒီမှာ ပကတိတစ်ဆယ်ဝင်္ကပါကို ကိုယ်စားပြုသည့် ပကတိအင်မော်တယ် စုစုပေါင်း ၁၀ယောက် ရှိနေ၏။

ပကတိအင်မော်တယ်ကျင်းယွဲ့ အပါအဝင် စုစုပေါင်း ပကတိအင်မော်တယ် ၁၁ယောက် ရှိလာခဲ့၏။

လွန်ခဲ့သည့် နှစ်ပေါင်းသိန်းချီကာလကဆိုလျှင် သူတို့၏ အရေအတွက်က ဆယ်ဆရှိနေသည်ဆိုလျှင်တောင် မိုးကြိုးဧကရာဇ်က သူတို့ကို ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း မိုးကြိုးဧကရာဇ်သည် ယခုမှ လွတ်မြောက်လာခါစဖြစ်ပြီး သူ၏ ခွန်အားက အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိဖို့ ဝေးကွာလွန်းသေး၏။

မိုးကြိုးဧကရာဇ်သည် စောစောက ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့စဉ် မည်သည့် အသာစီးမှ မရရှိခဲ့ပေ။

ဒါ့အပြင် ဤနေရာက ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ကဲ့သို့ ဂမ္ဘီရပစ္စည်းတစ်ခု ရှိသည့် ပကတိမိုးကြိုးမြို့တော်ဖြစ်ပြီး မိုးကြိုးဧကရာဇ်၏ ခွန်အားက ကြီးမားစွာ ဖိနှိမ်ခံထားရ၏။

ဒါ့အပြင် ဆူဇီမိုသည် အခြားသူများထက် နောက်ထပ်အချက်တစ်ချက်ကို ပို၍ ကောင်းကောင်းသိထား၏။

မိုးကြိုးဧကရာဇ်၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာက လုံးဝ မပျောက်ကင်းသေးပေ။

နှစ်ပေါင်းသိန်းချီကြာအောင် ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဉ်ရတနာ ကွပ်မျက်ဆေဘာဖြင့် ထိုးစိုက်ခံထားရသည့် ဒဏ်ရာက အလွယ်တကူ သက်သာပျောက်ကင်းသွားလိမ့်မည် မဟုတ်ပေ။

“ဖုန့်စန်းထျန်.. မင်း ငါ့ကို မှတ်မိသေးလား”

အရှေ့ဘက်အရပ်ကနေ အိုမင်းနေသော ပကတိအင်မော်တယ်တစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး လှမ်းအော်မေးလိုက်၏။

“မင်းလား”

မိုးကြိုးဧကရာဇ်က သူ၏ မျက်ခုံးကို အနည်းငယ်ပင့်ပြီး ပြုံးလိုက်၏။

“မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်တွေ့ဆုံပွဲမှာတုန်းက မင်းက ငါ့ဆီက အကြည့်တစ်ချက်ကိုတောင်မှ မခုခံနိုင်ခဲ့ဘူး.. အခုတော့ မင်းက ငါ့ရှေ့မှာ ထွက်လာဖို့ သတ္တိရှိနေပြီပေါ့လေ”

“အဲဒါ အရင်တုန်းကလေ”

ပကတိအင်မော်တယ်လူအိုကြီးက ထိုစကားကို ကြားသောအခါ သူ၏ မျက်နှာက အနည်းငယ် နီမြန်းသွားပြီး အံကို တင်းတင်းကြိတ်ကာ မုန်းတီးစွာ ပြောလိုက်၏။

“အရင်တုန်းက မင်းက အရမ်းကို စိုးမိုးခြယ်လှယ်ပြီး ပြိုင်ဘက်ကင်းခဲ့တယ်.. အဲဒါကြောင့်ပဲ အဲဒီတိုက်ပွဲမှာ ငါ့ရဲ့ တာအိုနှလုံးသားက ပျက်စီးထိခိုက်သွားပြီးတော့ ငါ့ရဲ့ ကျင့်ကြံမှုက တိုးတက်မလာတော့ဘူး”

“အို.. ဆိုတော့ အဲဒါက ငါ့အပြစ်ဖြစ်သွားတာလား”

မိုးကြိုးဧကရာဇ်က လှောင်ရယ်လိုက်၏။

“မင်းရဲ့ အသုံးမကျတဲ့ ပါရမီနဲ့ဆို အဲဒီတုန်းက မရှုံးနိမ့်ခဲ့ရင်တောင် မင်းရဲ့ အောင်မြင်ပေါက်ရောက်မှုက ဒီထက် ပိုမလာနိုင်တော့ဘူး.. အဲဒါ မင်းရဲ့ အကန့်အသတ်ဖြစ်လိမ့်မယ်”

“သောက်အဓိပ္ပာယ်မရှိတာကွာ”

ပကတိအင်မော်တယ်အဘိုးအိုက ဒေါသထွက်သွားပြီး ကျိန်ဆဲလိုက်၏။

အရင်တုန်းက သူတို့နှစ်ယောက်စလုံးသည် ပကတိအင်မော်တယ်ပညာရှင်များ ဖြစ်ခဲ့သော်လည်း သူသည် မိုးကြိုးဧကရာဇ်ထံမှ အကြည့်တစ်ချက်ဖြင့်​ ရှုံးနိမ့်သွားခဲ့ပြီး မိုးကောင်းကင်ကိုးလွှာ အင်မော်တယ် မဟာနယ်မြေမှာ ဟာသတစ်ခု ဖြစ်လာခဲ့၏။

နောက်ပိုင်းမှာ မိုးကြိုးဧကရာဇ်က ဒုက္ခရောက်နေသည်ဟု ကြားသိရသောအခါ သူ၏ ရင်ထဲရှိ အမုန်းတရားများကို ဖွင့်ထုတ်ဖို့အတွက် ဤနေရာကို စောင့်ကြပ်ရန် သူက တကူးတက ရောက်ရှိလာခဲ့၏။

သို့သော်လည်း သူ၏ တာအိုနှလုံးသား ဒဏ်ရာများက ဤနှစ်များ အားလုံးမှာ သက်သာပျောက်ကင်းမလာခဲ့ပေ။

ယခု မိုးကြိုးဧကရာဇ်က အတိတ်ကို ပြန်လည်တူးဆွလိုက်သောအခါ သူ၏ ဒဏ်ရာဟောင်းများက သက်သာမလာခင်မှာပင် သူ၏ တာအိုနှလုံးသားမှာ ဒဏ်ရာအသစ်များ ထပ်မံပေါ်ထွက်လာခဲ့၏။

“ညီအစ်ကို ထျန်ခု.. ခင်ဗျားက သူနဲ့ ဘာလို့ ငြင်းခုန်နေတာလဲ”

နောက်ထပ် ပကတိအင်မော်တယ် လူအိုတစ်ယောက်က လှောင်ရယ်လိုက်၏။

“သူက နှစ်ပေါင်းသိန်းချီကြာအောင် ပကတိမိုးကြိုးမြို့တော်အောက်က မှောင်မည်းနေတဲ့ နေရာတစ်ခုမှာ အကျဉ်းချခံပြီး ဖိနှိမ်ခံထားရတာ.. သူ့ရဲ့ အခြေအနေက သိပ်မကောင်းတော့ဘူး”

“ဟမ်.. မင်းက အမြင့်ကို ရောက်လေလေ အကျနာလေပဲ”

မြောက်ဘက်အရပ်ကနေ ပကတိအင်မော်တယ် လူအိုတစ်ယောက်က လှောင်ရယ်လိုက်၏။

“အတိတ်ကာလက အန္တိမ ပကတိအင်မော်တယ်က သူ့ရဲ့ ဂုဏ်ကျက်သရေကနေ ကျဆင်းသွားခဲ့ပြီ.. မင်းရဲ့ ဂုဏ်ကျက်သရေ ထွန်းတောက်မှုတွေ အားလုံးက အတိတ်ကာလမှာ ကျန်ခဲ့ပြီ”

“ဖုန့်စန်းထျန်.. မင်းက အရင်တုန်းက အကောင်းအဆိုး နားမလည်ဘဲ အောက်ဘုံက တက်လှမ်းလာတဲ့ အဲဒီသက်ရှိတွေအတွက် အင်မော်တယ်နိုင်ငံတစ်ခုကိုတောင်မှ တည်ထောင်ပေးချင်ခဲ့သေးတယ်.. မင်းက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ခဲ့တာပဲ”

“ဖုန့်စန်းထျန်.. မင်းက အောက်ဘုံကနေ ရောက်လာပြီးတော့ ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်ဧကရာဇ်ရဲ့ အသိအမှတ်ပြုခြင်းခံရတယ်ဆိုတာ အရမ်းကို ကံကောင်းနေပြီ.. ဒါပေမဲ့ မင်းက ကိုယ့်နေရာကိုယ် မသိဘဲ မိုးကြိုးလက်နက်ကို ကိုင်စွဲပြီးတော့ ကောင်းကင်ဘုံကိုယ်စား အတိအကျ အပြစ်ပေးမယ်လို့တောင်မှ ပြောခဲ့သေးတယ်.. မင်း ဘယ်လိုတောင် သတ္တိကောင်းနေခဲ့တာလဲ”

“အခု ကောင်းကင်ဘုံက မင်းကို ဖျက်ဆီးပစ်ချင်နေပြီ.. ဘယ်သူကမှ မင်းကို ကယ်နိုင်မှာ မဟုတ်တော့ဘူး”

ပကတိအင်မော်တယ်များစွာက ရှေ့သို့ တက်လှမ်းလာပြီး မိုးကြိုးဧကရာဇ်ကို ဝိုင်းပတ်ကာ တစ်ယောက်ပြီးတစ်ယောက် အော်ငေါက်ပြောဆိုလိုက်ကြ၏။

ပကတိအင်မော်တယ်များ ပြောဆိုသည့် စကားများကို ကြားရသည့်အခါ ဆူဇီမို၏ သွေးများက တလိပ်လိပ်ထိုးတက်လာ၏။

မိုးကြိုးလက်နက်ကို ကိုင်စွဲပြီး ကောင်းကင်ဘုံကိုယ်စား အတိအကျ အပြစ်ပေးမည်ဆိုသည်မှာ ဘယ်လောက်တောင် ရဲဝံ့လိုက်တဲ့ စကားလဲ။

​ လောကမှာ မိုးကြိုးဧကရာဇ်ကသာလျှင် ထိုစကားကို​ ပြောနိုင်ပေလိမ့်မည်။

All Chapters