← Chapters

ပကတိအင်မော်တယ်များတိုက်ခိုက်ကြခြင်း

Vol. 131 Ch. 1957

ပကတိအင်မော်တယ်များတိုက်ခိုက်ကြခြင်း

Vol. 131 Ch. 1957

“တိုက်ကြ”

ပကတိအင်မော်တယ်ကျင်းယွဲ့က အော်ငေါက်လိုက်ပြီး သူ၏ ကျယ်ပြန့်သော အင်္ကျီလက်စထဲကနေ ရှေးဟောင်းကြေးမုံတစ်ချပ်က ပျံသန်းထွက်ပေါ်လာ၏။

အဲ့ဒါက လေထဲမှာ ရစ်ဝဲကာ မှုန်ရီဝေဝါး၍ လျှို့ဝှက်ဆန်းကြယ်သောအလင်းတစ်ခုဖြင့် တောက်ပနေပြီး မိုးကြိုးဧကရာဇ်ရှိရာထံသို့ ပျံသန်းလာ၏။

ထိုရှေးဟောင်းကြေးမုံပေါ်မှာ မဟူရာနှင့် ကမ္ဘာမြေအဆင့် ဓမ္မရတနာများနှင့် ကွဲပြားခြားနားသော ခပ်ဖျော့ဖျော့ အင်းကွက်ခုနှစ်ခု ရှိနေ၏။

ထိုအင်းကွက်များက မိုးကြိုးဖြင့် ထိမှန်ခြင်းခံထားရပုံရပြီး စုစုပေါင်းလောင်ကျွမ်းရာ အမှတ် ၇ ခု ရှိနေ၏။

“ကပ်ဘေး ၇ ခု စိတ်ဝိညာဥ်ရတနာ”

မိုးကြိုးဧကရာဇ်က တစ်ချက်ဝေ့ကြည့်ပြီးနောက် လှောင်ရယ်လိုက်၏။

ဆူဇီမို ရင်တစ်ချက်ထိတ်သွား၏။

နဂါးအသူရာချောက်နက်ကြယ်မှာတုန်းက စိတ်ဝိညာဥ်ရတနာများစွာပေါ်ထွက်လာခဲ့ပြီး သူတို့ကြားမှာ ကပ်ဘေးအရေအတွက်အမျိုးမျိုးနှင့် စိတ်ဝိညာဥ်ရတနာအမျိုးမျိုးရှိခဲ့၏။

ငရဲဖိနှိမ်မီးဖိုဝါးမျိုခဲ့သော နတ်ဘုရားမိစ္ဆာ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်သည် အဆင့်-၉ စိတ်ဝိညာဥ်ရတနာတစ်ခုဖြစ်ပြီး အဲ့ဒါကို သန့်စင်ယန် စိတ်ဝိညာဥ်ရတနာဟုလည်း ခေါ်လေသည်။

“သတ်”

ကျန်ရှိနေသော ပကတိအင်မော်တယ်ပညာရှင်ဆယ်ဦးက တိုက်ခိုက်လိုက်ကြပြီး သူတို့၏ အသိစိတ်ရှိ ဓမ္မရတနာများကို ဆင့်ခေါ်လိုက်ကြ၏။

ထိုအသိစိတ်ရှိ ဓမ္မရတနာများက အမျိုးမျိုးကွဲပြားခြားနားကြ၏။

သူတို့ထဲမှ အချို့က မြင်းမြီးကျာပွတ်များဖြစ်ပြီး အချို့က ဓားပျံများဖြစ်၏။ သူတို့ထဲမှ အချို့သည် စေတီများကို ကိုင်ဆွဲထားပြီး အခြားသူများကတော့ ဧရာမခေါင်းလောင်းများကို ကိုင်ဆွဲထားကြ၏။

ဆူဇီမိုသည် အာရုံစိုက်ကြည့်လိုက်ပြီး ထိုအသိစိတ်ရှိ ဓမ္မရတနာများပေါ်တွင် လောင်ကျွမ်းရာများရှိနေသည်ကိုတွေ့မြင်လိုက်ရ၏။

သို့သော်လည်း ထိုအသိစိတ်ရှိ ဓမ္မရတနာများပေါ်ရှိ လောင်ကျွမ်းရာအမှတ်အသားများက ပို၍နည်းလေသည်။

အဲ့ဒီမှာ လောင်ကျွမ်းရာအမှတ်အသားလေးခု၊ ငါးခုနှင့် ခြောက်ခုစီရှိကြ၏။

သဘောတရားအရ ထိုအသိစိတ်ရှိဓမ္မရတနာများသည် ကပ်ဘေးလေးခုနှင့် ကပ်ဘေးငါးခု စိတ်ဝိညာဥ်ရတနာများဖြစ်ပေလိမ့်မည်။

ဓမ္မရတနာများစွာက အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုနှင့်အတူ ရောက်ရှိလာပြီး မိုးကြိုးဧကရာဇ်ကို ဖျက်ဆီးပစ်ချင်နေ၏။

မိုးကြိုးဧကရာဇ်၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ဖြစ်နေပြီး သူက ရွေ့လျားကာ ရှောင်တိမ်းချင်၏။

သို့သော်လည်း ရှေးဟောင်းကြေးမုံကနေ ထွက်ပေါ်လာသည့် လျှို့ဝှက်ဆန်းကြယ်သောအလင်းက သူ့ကိုလွှမ်းခြုံသွားပြီး မိုးကြိုးဧကရာဇ်သည် ရွှံ့ညွှန်တောတစ်ခုထဲသို့ ကျဆင်းသွားသည့်အလား သူ၏ လှုပ်ရှားမှုများက ရုတ်တရက် အလွန်တရာနှေးကွေးသွား၏။

ထိုသည်ကို တွေ့မြင်သောအခါ ပကတိအင်မော်တယ်ကျင်းယွဲ့၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှု ရှိမလာခဲ့ဘဲ သူ၏ အကြောက်တရားက ပို၍နက်ရှိုင်းလာခဲ့၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ဤရှေးဟောင်းကြေးမုံ၏ အလင်းက ပကတိအင်မော်တယ်အများစုကို နေရာမှာပင် အေးခဲသွားစေဖို့ လုံလောက်၏။

မိုးကြိုးဧကရာဇ်ကတော့.... သူသည် နှစ်ပေါင်းသိန်းချီကြာအောက် ဖိနှိမ်ခံထားခဲ့ရပြီး ဒဏ်ရာအပြင်းအထန်ရရှိထားခဲ့၏။ ယခု..သူက သူ၏ မိုးကြိုးလျှပ်စီးပင်လယ်ကို မဖြစ်ပေါ်စေခင်မှာပင် ကပ်ဘေး ၇ ခု စိတ်ဝိညာဥ်ရတနာဖြင့် သူ့ကို အနိုင်နိုင်သာဖိနှိမ်နေရ၏။

မိုးကြိုးဧကရာဇ်က သူ၏ အထွတ်အထိပ်သိူ့ အမှန်တကယ်ပြန်လည်ရောက်ရှိလာမယ်ဆိုရင် အဲ့ဒါကစဥ်းစားကြည့်၍ မရနိုင်အောင် ဖြစ်လာပေလိမ့်မည်။

“ကောင်းပြီလေ”

အခြားသော ပကတိအင်မော်တယ်ပညာရှင်များကလည်း ထိုသည်ကိုတွေ့မြင်သောအခါ စိတ်အားမာန်တက်ကြွလာ၏။

အစကတော့... လူတိုင်းအနေဖြင့် သူတို့၏ ဓမ္မရတနာများနှင့်အတူမိုးကြိုးဧကရာဇ်ကို ထိမှန်အောင်တိုင်ခိုက်ဖို့က မလွယ်ပေ။

သို့သော်ယခု... မိုးကြိုးဧကရာဇ်၏ လှုပ်ရှားမှုများက ကန့်သတ်ချုပ်နှောင်ခံလိုက်ရပြီး သူ၏ လှုပ်ရှားမှုနည်းစနစ်က နှေးကွေးသွားခဲ့၏။ သူက စိတ်ဝိညာဥ်ရတနာတစ်ခုကို ရှောင်တိမ်းနိုင်မည်ဆိုလျှင်တောင် အခြားသောကိုးခုကို ရှောင်တိမ်းနိုင်မည် မဟုတ်တော့ပေ။

မြင်းမြီးကျာပွတ်များ၊ ဓားပျံများ၊ စေတီများနှင့် အခြားသော စိတ်ဝိညာဥ်ရတနာများက ပျံသန်းဆင်းသက်လာခဲ့၏။

မိုးကြိုးဧကရာဇ်သည် အတတ်နိုင်ဆုံး ကြိုးစား၍ ရှောင်တိမ်းလိုက်၏။

သို့သော်လည်း သူက ရှေး​ဟောင်းကြေးမုံဖြင့် ကန့်သတ်ချုပ်နှောင်ခံထားရပြီး စိတ်ဝိညာဥ်ရတနာသုံးခုက သူ့ကို ထိခတ်သွားပြီဖြစ်၏။

ဖောက်...

မြင်းမြီးကျာပွတ်က မိုးကြိုးဧကရာဇ်ကျောပေါ်သို့ ကျဆင်းသွားပြီး သွေးရောင်က ဖြာလက်သွား၏။

ထိုတိုက်ခိုက်မှုက မိုးကြိုးဧကရာဇ်၏ အရေပြားကို ကွဲထွက်သွားစေပြီး သူ၏ အသားက ကြောက်စရာကောင်းသောပုံစံဖြင့် ကွဲထွက်သွား၏။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

သို့သော်လည်း မြင်းမြီးကျာပွတ်ကို ကိုင်ဆွဲထားသော အဖိုးကြီးက စိတ်လှုပ်ရှားတက်ကြွမလာခဲ့ပေ။ ထိုအစား သူက မျက်မှောင်ကြုတ်လိုက်၏။

သူ၏ မြင်မြီးကျာပွတ်က ပျော့ပြောင်းသည့်ပုံပေါ်သော်လည်း အဲ့ဒါက တစ်ဘက်လူ၏ အရွတ်များနှင့်အရိုးများကို သေချာပေါက်ဖြတ်တောက်ပစ်နိုင်၏။

သို့သော်ယခု... မိုးကြိုးဧကရာဇ်က ဒဏ်ရာရရှိသွားသော်လည်း အဲ့ဒါက အပေါ်ယံဒဏ်ရာတစ်ခုမျှသာဖြစ်ပြီး သူ၏ အခြေခံအုတ်မြစ်က ထိခိုက်သွားခြင်း မရှိပေ။

ဖောက်....

နောက်ထပ်သွေးရောင်အလင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

အေးစက်နေသော အလင်းတန်းတစ်ခုက မိုးကြိုးဧကရာဇ်၏ ပေါင်တံကို ဖြတ်သွားပြီး တဆတ်ဆတ်စီးကျနေသောသွေးများနှင့်အတူ အလွန်တရာနက်ရှိုင်းသော ဒဏ်ရာတစ်ခုကျန်ရစ်ခဲ့စေ၏။

အေးစက်နေသောအလင်းတန်းက လှည့်ပတ်၍ ပကတိအင်မော်တယ် အဖိုးအိုထံသို့ ပြန်လည်ရောက်ရှိသွား၏။ အဲ့ဒါက ဓားပျံတစ်လက်ဖြစ်၏။

ပကတိအင်မော်တယ်အဖိုးအို၏ အမူအရာကလည်း တည်ကြည်လေးနက်နေ၏။

သူ၏ ဓားပျံသည် မိုးကြိုးဧကရာဇ်၏ အသားကို လှီးဖြတ်နိုင်ခဲ့သော်လည်း အဲ့ဒါက သူ၏ အရိုးနှင့်ထိခတ်သောအခါ သတ္တုချင်းထိခတ်သကဲ့သို့ ဖြစ်ပြီး သူ၏ ဓားက ပြန်ကန်ထွက်လာခဲ့၏။

စေတီက ဆင်းသက်လာပြီး မိုးကြိုးဧကရာဇ်၏ ဦးခေါင်းကို ပစ်ဆောင့်ချလိုက်၏။

ဘန်း...

မိုးကြိုးဧကရာဇ်က ဒယီးဒယိုင်ဖြစ်သွားပြီး စေတီ၏ ပစ်ဆောင့်မှုဖြင့် သူကလဲကျလုနီးပါး ဖြစ်သွား၏။

သို့သော်လည်း သူက သူ၏ ခေါင်းကိုခါပြီး အလျင်အမြန်ပြန်ထကာ သူ၏ ခါးကို မတ်လိုက်၏။

သူ၏ ဦးခေါင်းကနေ သွေးများက စီးကျလာသော်လည်း သူ၏ အော်ရာက ပိုမိုသန်မာလာပြီး သူ၏ မျက်လုံးများက မိုးကြိုးအမျက်ဒေါသဖြင့် ပြည့်နှက်လာ၏။

“ဟာ...”

ပကတိမိုးကြိုးမြို့တော်မှ ကျင့်ကြံသူများစွာက တုန်လှုပ်သွားကြ၏။

ပကတိအင်မော်တယ်ပညာရှင်ဆယ်ဦးပင်လျှင် တိတ်တဆိတ်ထိတ်လန့်သွား၏။

အဲ့ဒါကအရမ်းကို ကြောက်စရာကောင်း၏။

သူက သူ၏ ကိုယ်ကာယဖြင့် စိတ်ဝိညာဥ်ရတနာများကိုခံယူနိုင်အောင် ဘယ်လောက်တောင်သန်မာနေတာလဲ။

ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ မိုးကြိုးဧကရာဇ်၏ ခွန်အားက ယခုအချိန်ထိ အပြည့်အဝ ပြန်မရသေးဘဲ သူ၏ ဦးခေါင်းထက်ရှိ မိုးကြိုးလျှပ်စီးများကို ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ကနေ ဖြတ်တောက်ထား၏။

မိုးကြိုးဧကရာဇ်က မိုးကြိုးစွမ်းအားကိုပြန်လည်ထိန်းချုပ်နိုင်မည်ဆိုလျှင် သူတို့က သူ့ကို ယှဥ်နိုင်ချင်မှယှဥ်နိုင်ပေတော့မည်။

ပကတိအင်မော်တယ်ကျင်းယွဲ့၏ အမူအရာက တည်ငြိမ်နေ၏။

“အားလုံးပဲ... ခင်ဗျားတို့ရဲ့အစွမ်းကုန်နဲ့တိုက်ခိုက်ကြ... ဒီလူက ပကတိမိုးကြိုးမြို့တော်မှာ ပြဿနာကောင်းကောင်းရှာနိုင်မှာ မဟုတ်ဘူး”

“သူက... မိုးကြိုးစွမ်းအားကို မစုပ်ယူနိုင်ဘူးဆိုရင် ကျုပ်တို့က ဆက်ပြီးတိုက်ခိုက်နေတာနဲ့... သူကအားအင်ကုန်ခန်းပြီး သေသွားရလိမ့်မယ်”

“မင်းက ငါ့ရဲ့စေတီကို ခုခံနိုင်တယ်ဆိုရင်.... ငါကမင်းကို မဖိနှိမ်နိုင်မချင်း ဆယ်ကြိမ်... အကြိမ်တစ်ရာ တိုက်ခိုက်မယ်”

ပကတိအင်မော်တယ်ပညာရှင်ဆယ်ဦးက နောက်တစ်ဖန်တိုက်ခိုက်လိုက်ကြ၏။

ပကတိအင်မော်တယ်ပညာရှင်အချို့သည် သူတို့၏ အစစ်အမှန်အမြုတေများကို စုဖွဲ့နေစဥ် အခြားသူများက နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို သူတို့အစွမ်းကုန်ဖြင့် ထုတ်ဖော်လိုက်ကြ၏။

မိုးကြိုးဧကရာဇ်ကတော့... သူသည် ကပ်ဘေး ၇ခု စိတ်ဝိညာဥ်ရတနာ ရှေးဟောင်းကြေးမုံအောက်မှာ အပြတ်အသတ်အရေးနိမ့်နေ၏။

ဘန်း.... ဘန်း.... ဘန်း....

စိတ်ဝိညာဥ်ရတနာများက မိုးကြိုးဧကရာဇ်ပေါ်သို့ တစ်ခုပြီးတစ်ခု ပစ်တိုက်ကျဆင်းလာ၏။

တစ်ခဏချင်းမှာပင် မိုးကြိုးဧကရာဇ်က ဒဏ်ရာများဖြင့် ပြည့်နှက်လာ၏။

ဤတိုင်းသာဆက်သွားလျှင် မိုးကြိုးဧကရာဇ်က သေချာပေါက် ရှုံးနိမ့်ရပေတော့မည်။

ဆူဇီမိုက စိုးရ်ိမ်ပူပန်လာခဲ့၏။

သူက ကူညီချင်သည်ဆိုလျှင်တောင် ဤအဆင့်တိုက်ပွဲတစ်ပွဲမှာ သူလုပ်နိုင်တာ ဘာမှမရှိပေ။

သူက ဆေဘာတစ်လက်ကဲ့သို့ အချိန်ကို စုဖွဲ့လိုက်၏။

သို့သော်လည်း ဆေဘာတစ်လက်ကဲ့သို့ အချိန်က အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုသာဖြစ်ပြီး ပကတိအင်မော်တယ်များကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

အချိန်ဆေဘာက ပကတိအင်မော်တယ်များပေါ်သို့ မဆင်းသက်နိုင်ခင်မှာပင် အဲ့ဒါက သူတို့၏ ဘေးပတ်လည်ရှိ အစစ်အမှန်အမြုတေဖြင့် ပျက်ပြယ်သွားရပေလိမ့်မည်။

အခြေအနေကို ဖြေရှင်းဖို့အတွက် တစ်ခုတည်းသောသော့ချက်မှာ ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင် ဖြစ်ပေလိမ့်မည်။

မိုးကြိုးဧကရာဇ်သည် လောကရှိမိုးကြိုးစွမ်းအားနှင့် ပြန်လည်ချိတ်ဆက်ပြီး အဲ့ဒါကို ပြန်လည်ထိန်းချုပ်နိုင်သည်နှင့်အမျှ သူသည် အရှုံးကနေအနိုင်ဖြစ် ပြောင်းလဲပြီး သေချာပေါက်လွတ်မြောက်နိုင်ပေလိမ့်မည်။

“မိတ်ဆွေလေး... မင်းရဲ့မီးဖို ငါ့ကိုငှားပါဦး”

ဆူဇီမိုက စဥ်းစားတွေတောနေစဥ်မှာပင် မိုးကြိုးဧကရာဇ်၏ အသံက သူ၏ စိတ်ထဲမှာ ပေါ်ထွက်လာ၏။

ငရဲဖိနှိမ်မီးဖိုက သူ၏ အရေးကြီးဆုံးရတနာများထဲမှတစ်ခုဖြစ်၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူက လုံးဝတွေဝေတုံ့ဆိုင်းမနေပေ။ သူသည် ထောင့်တစ်နေရာကနေ ပေါ်ထွက်လာပြီး စတုရန်းကြေးမီးဖိုကို လေထဲရှိတိုက်ပွဲနယ်မြေသို့ ပစ်ထုတ်လိုက်၏။

လူတိုင်း၏ အကြည့်က လေထဲတွင်ရှိသော ပကတိအင်မော်တယ်ပညာရှင်များထံ ရောက်ရှိနေကြပြီး မည်သူကမှ ထောင့်တစ်နေရာမှာရှိသော မဟူရာအင်မော်တယ်တစ်ယောက်ကို သတိမထားမိကြပေ။

လေထဲမှာရှိသောတိုက်ပွဲက ဆက်လက်ဖြစ်ပွားနေ၏။

ရုတ်တရက်ဆိုသလို...။

အစိမ်းရောင်အရိပ်တစ်ခုက ဘေးတစ်ဘက်ကနေ ပျံသန်းထွက်ပေါ်လာ၏။

ပကတိအင်မော်တယ်ကျင်းယွဲ့က တစ်ချက်ဝေ့ကြည့်ပြီး အဲ့ဒါသည် တစ်နေရာကနေပျံသန်းလာသော ယိုယွင်းပျက်စီးနေသည့် ကြေးမီးဖိုတစ်လုံးသာဖြစ်သည်ကို ရှင်းလင်းစွာ တွေမြင်လိုက်ရ၏။

သူက အဲ့ဒါကို အလေးအနက်ထားခြင်းမရှိဘဲ မိုးကြိုးဧကရာဇ်ကို ဖိနှိမ်ဖို့အတွက် ရှေးဟောင်းကြေးမုံကိုသာ ထိန်းချုပ်ထားဖို့ အာရုံစိုက်နေ၏။

ဤကဲ့သို့သော ကြေးမီးဖိုတစ်လုံးက လက်ရှိပကတိအင်မော်တယ်များ၏ စိတ်အာရုံကိုရရှိဖို့ တကယ်ပင် မထိုက်တန်ပေ။

သို့သော်လည်း မိုးကြိုးဧကရာဇ်၏ မျက်လုံးထဲကနေ တဖျတ်ဖျတ်တလက်လက် အလင်းရောင်တစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

သူက သူ၏ သွေးချီကို လှည့်ပတ်ပြီး ရှေးဟောင်းကြေးမုံ၏ ချုပ်နှောင်မှုကနေ ကြိုးစား၍ ရုန်းထွက်လိုက်၏။

သူက ငရဲဖိနှိမ်မီးဖိုကို လှမ်းဆွဲပြီး လှည့်ကြည့်ခြင်းမရှိဘဲ အဲ့ဒါနှင့် ပစ်ရိုက်ချလိုက်၏။

စေတီက သူ၏ နောက်ဘက်ကနေ ဆင်းသက်လာပြီး သူ့ကို ရက်ရက်စက်စက်ပစ်ဆောင့်ချလိုက်၏။

ဘုန်း...

ငရဲဖိနှိမ်မီးဖိုက ကျယ်လောင်သောမြည်သံနှင့်အတူ စေတီနှင့်ထိတွေ့ရိုက်ခတ်သွား၏။

​ဖျောက်... ဖျောက်...

ထို့နောက်ချက်ချင်း... လေထဲကနေ ထူးဆန်းသော အက်ကွဲသံများကို ကြားလိုက်ရ၏။

“အား...”

ပကတိအင်မော်တယ်အဖိုးအိုက ရုတ်တရက်အံ့အားတသင့်ရေရွတ်ပြီး သူ၏ စေတီကို မယုံကြည်နိုင်စွာကြည့်နေ၏။

သူ၏ စေတီပေါ်မှာ အက်ကွဲကြောင်းများပေါ်ထွက်လာပြီး အလျင်အမြန်ဖြန့်ကြက်ကာ စေတီတစ်ခုလုံးကို အုပ်မိုးသွား၏။

“မင်း...”

“အဲ့...အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”

အခြားသောပကတိအင်မော်တယ်ပညာရှင်များကလည်း တုန်လှုပ်သွားကြ၏။

All Chapters