← Chapters

နတ်ဆိုးနှိမ်နှင်းလှံ

Vol. 131 Ch. 1958

နတ်ဆိုးနှိမ်နှင်းလှံ

Vol. 131 Ch. 1958

ဤပကတိအင်မော်တယ်ပညာရှင်၏ စေတီက ကပ်ဘေးငါးခု စိတ်ဝိညာဥ်ရတနာဖြစ်၏။ ၎င်း၏ အဆင့်က မမြင့်မားသော်လည်း အဲ့ဒါကို အလွယ်တကူဖျက်ဆီး၍ မရနိုင်ပေ။

ပကတိအင်မော်တယ်ကျင်းယွဲ့၏ ရှေးဟောင်းကြေးမုံပင်လျှင် သူ၏ စိတ်ဝိညာဥ်ရတနာကို ခြေမွှဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်ယခု... ယိုယွင်းပျက်စီးနေပြီး သာမန်ပုံစံ ကြေးမီးဖိုက သူ၏ စေတီကို ကြေမွပျက်စီးသွားစေ၏။

ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ​ကြေးမီးဖိုထံကနေ မည်သည့်အလင်းရောင်မှ တောက်ပမနေသည်ကို ပကတိအင်မော်တယ်များစွာက ရှင်းလင်းစွာတွေ့မြင်နေရ၏။

အဲ့ဒီမှာ အစစ်အမှန်အမြုတေများ စုဖွဲ့နေခြင်းလည်း မရှိပေ။

မိုးကြိုးဧကရာဇ်သည် စေတီကို ကြေမွစေခဲ့သည်မှာ သူ၏ ကိုယ်ပိုင်ခွန်အားနှင့် စတုရန်းကြေးမီဖို၏ မာကြောမှုသက်သက်ကြောင့်ဖြစ်၏။

မိုးကြိုးဧကရာဇ်က သန်မာသည်မှာ နားလည်လက်ခံ၍ရ၏။ သို့သော်လည်း ဤကြေးမီးဖို၏ နေက်ခံက ဘာဖြစ်မလဲ။

ပကတိအင်မော်တယ် ပညာရှင်များ တုန်လှုပ်နေစဥ်မှာပင် မိုးကြိုးဧကရာဇ်က အခွင့်အလမ်းကိုချိန်ဆပြီး မြို့တော်၏ အလယ်သို့ လျှောက်လှမ်းသွား၏။

“မင်းဘယ်ကိုသွားနေတာလဲ”

သူ့ရှေ့မှာရှိသော အဖိုးအိုတစ်ယောက်က သူ၏ ဧရာမပုဆိန်ကို ကိုင်မြှောက်ပြီး သူ၏ သွေးချီကို လှည့်ပတ်လိုက်၏။

သူက ရှေ့သို့တစ်ချက်ခုန်ပြီး သိပ်သည်းပြင်းထန်သော အော်ရာနှင့်အတူ မိုးကြိုးဧကရာဇ်ထံကို ခုတ်ပိုင်းချလိုက်၏။

အဖိုးအိုက ခန္ဓာမီးဆေးခြင်းမှာ အထူးပြုလေသည်။ သူက သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိနေသည်ဆိုလျှင်တောင် သူ၏ သွေးချီက အလွန်တရာသန်မာနေဆဲ ဖြစ်၏။ သူက သူ၏ ဧရာမပုဆိန်ကို ကိုင်မြှောက်ပြီး စွမ်းအားတစ်ခုကို တလိပ်လိပ်ထိုးတက်လာစေ၏။

“သွားစမ်းပါကွာ”

မိုးကြိုးဧကရာဇ်က ရှောင်တိမ်းခြင်းမရှိဘဲ အော်ငေါက်လိုက်၏။ မလိုအပ်သောမည်သည့်လှုပ်ရှားမှုမှမရှိဘဲ သူက မီးဖိုကို ကိုင်မြှောက်ကာ အဲ့ဒါကို ပစ်ရိုက်ချလိုက်၏။

ချွမ်း...

ဧရာမပုဆိန်နှင့် ငရဲဖိနှိမ်မီးဖိုက ထိတွေ့ရိုက်ခတ်သွားပြီး ပကတိမိုးကြိုးမြို့တော်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။

နောက်ခဏ၌ အဖိုးအိုက နာကျင်စွာအော်ဟစ်လိုက်၏။ သူ၏ လက်ဖဝါးက ကွဲထွက်သွားပြီး သွေးများက စီးကျလာခဲ့၏။ သူ၏ လက်ထဲရှိ ဧရာမပုဆိန်က ငရဲဖိနှိမ်မီးဖိုကြောင့် လွင့်ထွက်သွားပြီး လူအုပ်ကြားထဲသို့ ပစ်ဝင်သွား၏။

အချိန်မီ မရှောင်တိမ်းနိုင်သော ကမ္ဘာမြေအင်မော်တယ်အချို့သည် နှစ်ပိုင်းကွဲထွက်သွားပြီး နေရာမှာပင် သေဆုံးကုန်ကြ၏။

မိုးကြိုးဧကရာဇ်သည် ငရဲဖိနှိမ်မီးဖိုကို ကိုင်ဆွဲထားပြီး အခွင့်အလမ်းကိုချိန်ဆကာ ဝန်းရံပိတ်ဆို့မှုကနေ ဖောက်ထွက်လိုက်၏။

“သူ့ကိုမြန်မြန်တားကြ”

ပကတိအင်မော်တယ်ကျင်းယွဲ့က အလောတကြီးလောဆော်ပြီး အခြားသော ပကတိအင်မော်တယ်ဆယ်ယောက်နှင့်အတူ လှုပ်ရှားလိုက်၏။ သူတို့က မိုးကြိုးဧကရာဇ်ကို တစ်ဖန်ထပ်၍ ဝန်းရံပိတ်ဆို့ချင်၏။

သို့သော်လည်း သူတို့ဝေးဝေးမလျှောက်လှမ်းခင်မှာပင် မိုးကြိုးဧကရာဇ်က ဆက်လက်၍ မလှုပ်ရှားတော့သည်ကို တွေ့ရှိလိုက်ရ၏။

မိုးကြိုးဧကရာဇ်က ပကတိမိုးကြိုးမြို့တော်၏ အလယ်မှာ ရပ်တန့်သွားခဲ့ပြီဖြစ်၏။

“ဟမ့်...”

ပကတိအင်မော်တယ် ပညာရှင်တစ်ဦးက လှောင်ရယ်လိုက်၏။

“ဖုန့်စန်းထျန် မင်းက ပကတိမိုးကြိုးမြို့တော်မှာ မိုးကြိုးရဲ့အားဖြည့်မှုကို ရနိုင်မှာမဟုတ်ဘူး... မင်းဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”

ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသူများသည် စောစောက တိုက်ခိုက်မှုဖလှယ်မှုတွင် ဖြစ်ပျက်ခဲ့သည့်အရာများကို သိရှိခဲ့ကြ၏။

မိုးကြိုးဧကရာဇ်သည် ကြေးမီးဖို၏ အကူအညီနှင့်အတူ သူတို့၏ ဝန်းရံပိတ်ဆို့မှုကနေ ဖောက်ထွက်နိုင်ခဲ့သော်လည်း သူ၏ ခွန်အားက လူတိုင်းကို ခြိမ်းခြောက်ဖို့ မလုံလောက်ပေ။

“ဟီးဟီးဟီး...”

ရုတ်တရက်... မိုးကြိုးဧကရာဇ်က ရယ်မောလိုက်၏။

“ဟားဟားဟားဟား...”

သူ့ရယ်သံ၏ အဆုံးပိုင်း၌ မိုးကြိုးဧကရာဇ်၏ အသံက ပို၍ပင်ကျယ်လောင်သည်ထက် ကျယ်လောင်လာခဲ့ပြီး နတ်ဘုရားမိုးကြိုးသံကဲ့သို့ ရှေးဟောင်းမြို့တော်တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေ၏။

ပကတိအင်မော်တယ် ကျင်းယွဲ့နှင့် အခြားသူများပင်လျှင် သူတို့၏ နားများထဲမှ နာကျင်မှုကို ခံစားလိုက်ကြရ၏။

မိုးကြိုးဧကရာဇ်၏ အကြည့်က ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသူများကိုဖြတ်ပြီး ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ပေါ်သို့ ဆင်းသက်သွား၏။

“စစ်မာ... တစ်နေ့ ငါလွတ်မြောက်လာနိုင်လိမ့်မယ်လို့ မင်းလုံးဝမထင်မှတ်ထားဘူးမလား”

“အဲ့ဒါကြောင့်လည်း ဒီပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ကို ဖန်တီးဖို့အတွက် လျှို့ဝှက်မှော်စာလုံးတွေနဲ့ နတ်ဆိုးနှိမ်နှင်းလှံကို ချိပ်ပိတ်ထားရလောက်အောင် မင်းက အကြောက်အလန့်ကင်းမဲ့နေခဲ့တာ ဖြစ်ရမယ်”

“နတ်ဆိုးနှိမ်နှင်းလှံလား”

မင်းသားယွမ်ကျောက မနေနိုင်ဘဲ မေးလိုက်၏။

“နတ်ဆိုးနှိမ်နှင်းလှံက ဘာလဲ”

ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသူများ၏ အမူအရာက ပျက်ယွင်းလာ၏။

လွန်ခဲ့သည့်နှစ်ပေါင်းသိန်းချီကာလက မိုးကြိုးဧကရာဇ်နှင့် ဘုရင်ကျင်း တိုက်ခိုက်ခဲ့ကြသည့်အချိန်မှာ မင်းသားယွမ်ကျောက မမွေးဖွားသေးပေ။ အဲ့ဒါကြောင့် နတ်ဆိုးနှိမ်နှင်းလှံသည် မိုးကြိုးဧကရာဇ်ကို အတိတ်ကာလတုန်းက နာမည်ကြီးကျော်ကြားစေခဲ့သည့် လက်နက်ဖြစ်သည်ဆိုတာကို သူက မသိရှိပေ။

နတ်ဆိုးနှိမ်နှင်းလှံသည် ကောင်းကင်နှင့်မြေကြီး၏ မိုးကြိုးစွမ်းအားကို စုပ်ယူနိုင်ပြီး ဆိုးယုတ်သောအရာများကို နှိမ်နှင်းရာမှာ သက်ရောက်မှုအရှိဆုံးဖြစ်၏။

နတ်ဆိုးနှိမ်နှင်းလှံပေါ်ထွက်လာသည့်ခဏမှာပင် လောကရှိ ဆိုးယုတ်သက်ရှိအားလုံးက ဖယ်ရှားရှင်းလင်းခံရပေလိမ့်မည်။

ဘုရင်ကျင်း၏ ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ကို ပြင်ပဂြိုလ်မှလာသည့် ဂမ္ဘီရကျောက်တုံးတစ်တုံးကိုသုံးပြီး အမှန်တကယ်ဖန်တီးထားခြင်းဖြစ်၏။

သို့သော်လည်း မိုးကြိုးဧကရာဇ်၏ လက်နက် နတ်ဆိုးနှိမ်နှင်းလှံကို အထဲမှာ ချိပ်ပိတ်ထားလေသည်။

နတ်ဆိုးနှိမ်နှင်းလှံက ကပ်ဘေးကိုးခု သန့်စင်ယန်စိတ်ဝိညာဥ်ရတနာဖြစ်ပြီး အထဲမှာရှိသော လက်နက်စိတ်ဝိညာဥ်က ကြမ်းကြုတ်ခက်ထန်၍ အလျှော့ပေးယိမ်းယိုင်မှုမရှိပေ။

အစကတော့... ဘုရင်ကျင်းသည် အဲ့ဒါကိုဖျက်ဆီးပစ်ချင်ခဲ့၏။ သို့သော်လည်း နောက်ဆုံးမှာ သူ၏ စိတ်ကို ပြောင်းလဲပြီး အဲ့ဒါကို ကျောက်တိုင်အတွင်းမှာ ချိပ်ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့၏။

သူသည် မိုးကြိုးဧကရာဇ်နှင့် နတ်ဆိုးနှိမ်နှင်းလှံကို တစ်ကျော့ပြန်လာဖို့ မဖြစ်နိုင်အောင်ပြုလုပ်ချင်ခဲ့၏။

ဤချိပ်စည်းက နှစ်ပေါင်းသိန်းချီကြာအောင် မပျက်မစီးရှိနေခဲ့၏။

အဲ့ဒါက ရှေးဟောင်းမြို့တော်၏ အပြင်ဘက်မှ မိုးကြိုးစွမ်းအားကို ဖြတ်တောက်ပစ်ဖို့အပြင် အဲ့ဒီမှာ နောက်ထပ်အဓိပ္ပါယ်တစ်ခုရှိနေ၏။ အဲ့ဒါက နတ်ဆိုးနှိမ်နှင်းလှံထဲရှိ မိုးကြိုးစွမ်းအားကိုပါ ဖြတ်တောက်ပစ်ဖို့ဖြစ်၏။

ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ပေါ်ရှိ ရှေးဟောင်းမှော်စာလုံးများက မည်သည့်မိုးကြိုးစွမ်းအားကိုမဆို စုပ်ယူပေလိမ့်မည်။

ထို့ကြောင့်ပင်လျှင် စောစောက မိုးကြိုးဧကရာဇ်သည် ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ကို မဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်၏။

သို့သော်လည်း မိုးကြိုးဧကရာဇ်က ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်နှင့် ထိတွေ့သည့်ခဏမှာပင် သူက ရင်းနှီးနေကျအော်ရာတစ်ခုကို ခံစားမိလိုက်၏။

သူနှင့် နှစ်ပေါင်းများစွာကြာအောင် အတူယှဥ်တွဲတိုက်ခိုက်ခဲ့သည့် သူ၏ မိတ်ဆွေဟောင်းက ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ထဲမှာ ရှိနေသည်ကို သိသွားခဲ့ပြီဖြစ်၏။

မိုးကြိုးစွမ်းအားက ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ကို မကိုင်လှုပ်နိုင်သော်လည်း ငရဲဖိနှိမ်မီးဖိုကတော့ တတ်နိုင်ပေလိမ့်မည်။

အစကတော့... ကြေးမီးဖိုသည် ရှားရှားပါးပါးပစ္စည်းတစ်ခုမဟုတ်ဟု မိုးကြုးဧကရာဇ်ကလည်း တွေးထင်ခဲ့၏။

သို့သော်လည်း ပကတိတစ်ဆယ်ဝင်္ကပါထဲမှာ ကြေးမီးဖို၏ လက်နက်စိတ်ဝိညာဥ်က ကွပ်မျက်ဆေဘာနှင့် တိုက်ခိုက်ခဲ့သည်ကို တွေ့မြင်ရစဥ်မှာ ထိုမီးဖို၏ မူလဇာစ်မြစ်ကို သူက တဖြည်းဖြည်းအမှတ်ရလာခဲ့၏။

အဲ့ဒါက ရှေးဟောင်းခေတ်က မဟာဧကရာဇ်လက်နက်တစ်ခုဖြစ်ခဲ့၏။

သူ၏ လက်ထဲမှာ ထိုမဟာဧကရာဇ်လက်နက်ရှိနေပါက အဲ့ဒါက ပြီးပြည့်စုံမှုမရှိလျှင်တောင် အဲ့ဒါသည် ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ကို ကြေမွသွားစေဖို့ လုံလောက်ပေလိမ့်မည်။

မိုးကြိုးဧကရာဇ်က လက်လှမ်းပြီး ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ကို ညင်သာစွာပွတ်သပ်ကာ တီးတိုးရေရွတ်လိုက်၏။

“ငါ့ရဲ့မိတ်ဆွေဟောင်း... မင်းက ဒီထဲမှာ ဖိနှိမ်ခံထားရတာ နှစ်ပေါင်းသိန်းချီကြာသွားခဲ့ပြီ... အခု... မင်းပြန်လည်မွေးဖွားလာရမယ့်အချိန်ပဲ”

“မြန်မြန်လုပ်ကြ... သူ့ကို မတိုက်ခိုက်နိုင်အောင် တားဆီးကြ”

ပကတိအင်မော်တယ်ကျင်းယွဲ့သည် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွား​ပြီး သူ၏ အမူအရာက ပြောင်းလဲသွားကာ အလောတကြီးအော်ပြောလိုက်၏။

အခြားသောပကတိအင်မော်တယ်များကလည်း အလောတကြီးတိုက်ခိုက်လိုက်ကြ၏။

စိတ်ဝိညာဥ်ရတနာများ၊ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာက မိုးကြိုးဧကရာဇ်ကို ဆွဲယူနှစ်မြှုပ်ချင်သည့်အလား သူ့ပေါ်သို့ တဖွားဖွားကျဆင်းလာ၏။

မိုးကြိုးဧကရာဇ်သည် အဲ့ဒါကိုလျစ်လျူရှု​ပြီး သူ၏ လက်ကိုမြှောက်ကာ ငရဲဖိနှိမ်မီးဖိုကို လွှဲယမ်းလိုက်၏။ သူက သူ၏ ခွန်အားကုန်ကို လှည့်ပတ်ပြီး အဲ့ဒါနှင့် ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ကို ပစ်ရိုက်ချလိုက်၏။

ဘုန်း...

ငရဲဖိနှိမ်မီးဖိုက ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ပေါ်သို့ ပြင်းထန်စွာကျဆင်းသွားစဥ် စိတ်ဝိညာဥ်ရတနာများ၊ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကလည်း မိုးကြိုးဧကရာဇ်ပေါ်သို့ ပစ်ရိုက်ကျဆင်းလာခဲ့၏။

ကျယ်လောင်သောပေါက်ကွဲသံနှစ်သံက တစ်ချိန်တည်းနီးပါးမှာ ထွက်ပေါ်လာခဲ့၏။

ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်၏ ဘေးတွင်... ဧရာမတွင်းချိုင့်တစ်ခုက ပေါ်ထွက်လာခဲ့၏။ မိုးကြိုးဧကရာဇ်က ထိုတွင်းချိုင့်ထဲမှာ ငြိမ်သက်စွာလဲကျသွားပြီး သူ၏ ကံကြမ္မာက ဘာမှန်းမသိရပေ။

“သူက သေသွားပြီလား”

ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသူများက အကြည့်ချင်းဖလှယ်ကာ မသက်မသာခံစားနေရ၏။

ပုံမှန်အ​ခြေအနေအောက်မှာဆိုလျှင် ပကတိအင်မော်တယ် ၁၁ ယောက်၏ ပူးပေါင်းတိုက်ခိုက်စွမ်းအားသည် မည်သည့် ပကတိအင်မော်တယ်ကိုမဆို သတ်ဖြတ်ပစ်ဖို့လုံလောက်နေ၏။ သို့သော်လည်း အဲ့ဒါက မိုးကြိုးဧကရာဇ်ဖြစ်နေ၏။

သူသည် တစ်ခါတုန်းက အန္တိမပကတိအင်မော်တယ်ဖြစ်ခဲ့၏။

နှစ်ပေါင်းသိန်းချီကြာအောင် ဖိနှိမ်ခံရပြီးတာတောင် သူက လွတ်မြောက်လာပြီးနောက် အကန့်အသတ်မာန်မာနနှင့်အတူ ပြိုင်စံရှားပညာရှင်တစ်ဦးဖြစ်နေ​ဆဲပင်။

ထိုလူက ဤကဲ့သို့ပင် သေဆုံးသွားပါ့မလား။

မည်သူကမှ မသိရပေ။

လူတိုင်းစဥ်းစားတွေးတောနေစဥ်မှာပင် တစ်စုံတစ်ရာအက်ကွဲသွားသည့်အလား ရှေးဟောင်းမြို့တော်၏ အလယ်မှာ ထူးဆန်းသောအသံတစ်ခု ထွက်ပေါ်လာခဲ့၏။

ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသူများ၏ အကြည့်များက ဖြည်းဖြည်းချင်းရွေ့လျားသွားပြီး ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ပေါ်သို့ ရောက်ရှိသွားကြ၏။

လူတိုင်း၏ သူငယ်အိမ်နှစ်ဖက်က တဖြည်းဖြည်းတင်းကျပ်လာခဲ့၏။

သူတို့၏ အမြင်အာရုံက တုန်လှုပ်စရာကောင်းပြီး ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ပေါ်တွင် ပါးလွှာသောအက်ကွဲကြောင်းများ ပေါ်ထွက်လာခဲ့သည်ကို သူတို့က တွေ့မြင်လိုက်ရ၏။

အက်ကွဲကြောင်းက ​တဖြည်းဖြည်းပြန့်ကား၍ ဖြန့်ကြက်လာခဲ့၏။

“အဲ့ဒါ... ကွဲကြေသွားပြီလား”

ပကတိအင်မော်တယ်ပညာရှင်တစ်ဦးက သူ၏ ဝိညာဥ်ကို ဆုံးရှုံးသွားရသည့်အလား တီးတိုးရေရွတ်လိုက်၏။

ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်က ကြေမွသွားခဲ့ပြီဖြစ်၏။

ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုက်ကြေမွသွားခြင်းသည် ရှေးဟောင်းမြို့တော်သို့ မိုးကြိုးစွမ်းအားများ ဆင်းသက်လာခြင်းကနေ တားဆီးပေးနိုင်မည့် မည်သည့်လူ မည်သည့်စွမ်းအားမှ မရှိတော့ဟု အဓိပ္ပါယ်ရလေသည်။

ပကတိအင်မော်တယ်များစွာ၏ အမူအရာများက ပျက်ယွင်းသွားကြ၏။

ပကတိမိုးကြိုးမြို့တော်၏ အထက်မှာ အစကပြန့်ကျဲသွားခဲ့သော အနက်ရောင်တိမ်စိုင်များက နောက်တစ်ဖန်ပြန်လည်စုစည်းလာပြီး တရုန်းရုန်းထကြွလာ၏။

လျှပ်စီးများက တဖျတ်ဖျတ်လက်၍ မိုးကြိုးသံများက တဝုန်းဝုန်းမြည်ကာ ကပ်ဘေးတစ်ခု အချိန်မရွေးဆင်းသက်လာတော့မည့်အလား ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုက လူတိုင်း၏ နှလုံးကို တုန်ယင်လာစေ၏။

“အရှင်မင်းသား... ပြေးတော့”

ပကတိအင်မော်တယ်ကျင်းယွဲ့က အသံတစ်ခုကို အလောတကြီးပို့လွှတ်လိုက်၏။

ပကတိအင်မော်တယ်ကျင်းယွဲ့၏ သတိပေးမှုမရှိလျှင်တောင် မင်းသားယွမ်ကျောက တစ်စုံတစ်ရာလွဲမှားနေသည်ကို နားလည်သဘောပေါက်သွားပြီး တိတ်တဆိတ် နောက်သို့ဆုတ်ခွာသွားပြီဖြစ်၏။

ရုတ်ရုတ်သဲသဲအ​ခြေအနေအောက်မှာ ထျန်ကျစ်ရီက အဲ့ဒါကို သတိထားမိသွားပြီး အမူအရာကင်းမဲ့စွာဖြင့် နောက်ကနေလိုက်ပါသွား၏။

All Chapters