မိုးကောင်းကင်ကိုးလွှာ လျှပ်တပြက်မိုးကြိုး
Vol. 131 Ch. 1959
ရုတ်တရက်ဆိုသလို...။
တွင်းချိုင့်ထဲမှ ပုံရိပ်က အနည်းငယ်လူးလွန့်သွား၏။
ထိုအနည်းငယ်လှုပ်ရှားမှုက ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသူများကို ရင်တထိတ်ထိတ်ဖြစ်သွားစေ၏။
မိုးကြိုးဧကရာဇ်က မသေပေ။
ဖျောက်... ဖျောက်... ဖျောက်...
ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ပေါ်ရှိ အက်ကွဲသံများက ပိုမို၍စိပ်လာခဲ့၏။
ကျိန်းစပ်နေသော အလင်းရောင်တစ်ခုက ကြောက်စရာကောင်းသော အော်ရာနှင့်အတူ အက်ကွဲကြောင်းထဲကနေ ထိုးထွက်လာ၏။
ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ထဲမှာ ဘာကိုချိပ်ပိတ်ထားသည်ကို သူတို့က မသိရှိဘူးဆိုလျှင်တောင် အဲ့ဒါကို တွေ့မြင်ရချိန်မှာ အလွန်တရာကြောက်စရာကောင်းသောတစ်စုံတစ်ရာက မွေဖွားပေါ်ထွက်လာတော့မည်ကို လူတိုင်းက ခန့်မှန်းမိလိုက်ကြ၏။
“မကောင်းတော့ဘူး”
ပကတိအင်မော်တယ်ကျင်းယွဲ့က ရင်ထဲမှာ နင့်သွား၏။
အတိတ်ကာလတုန်းက အန္တိမကြမ်းကြုတ်လက်နက်က ပြန်လည်မွေးဖွားပေါ်ထွက်လာပေတော့မည်။
ထိုစဥ်မှာပင် ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်က ပေါက်ကွဲထွက်သွားပြီး မနှိုင်းယှဥ်သာအောင် ကျိန်းစပ်နေသော မိုးကြိုးလျှပ်စီး အလင်းတစ်ခုက ပေါက်ကွဲထွက်လာခဲ့၏။ ၎င်းက လေဟာနယ်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေသည့်အလားပင်။
အပြာရောင်လျှပ်စီးများဖြင့် လွှမ်းခြုံထားသည့် လှံတစ်လက်က လေထဲသို့ ဖြည်းဖြည်းချင်းကြွတက်လာခဲ့၏။
လှံက သိပ်သည်းပြင်းထန်သော တိုက်ပွဲဝင်စိတ်နှင့်အတူ တုန်ယင်၍ စိတ်လှုပ်ရှားစွာ တဇီဇီမြည်နေ၏။
ပကတိမိုးကြိုးမြို့တော်တစ်ခုလုံးက ထိုလှံ၏ လွှမ်းခြုံမှုအောက်မှာ တုန်ခါလာခဲ့၏။
ဘုန်း... ဘုန်း..ဘုန်း...
မိုးကောင်းကင်ထက်မှာ လေနှင့်တိမ်စိုင်များက စုဝေးလာပြီး လျှပ်စီးများက တဖျတ်ဖျတ်လက်လာ၏။
ညိုမည်းနေသော ဧရာမတိမ်စိုင်ဝဲကတော့တစ်ခုက နောက်တစ်ဖန်ပေါ်ထွက်လာပြီး ကီလိုမီတာငါးရာကို ဖြန့်ကြက်ကာ ကောင်းကင်တစ်ခွင်အုပ်မိုးထား၏။
နတ်ဆိုးနှိမ်နှင်းလှံ၏ မွေးဖွားပေါ်ထွက်လာမှုက ကောင်းကင်ထက်ရှိ နတ်ဘုရားမိုးကြိုးကို နှိုးဆွပေးလိုက်၏။
မရေမတွက်နိုင်သော မိုးကြိုးအလင်းတန်းများက ကျဆင်းလာခဲ့ပြီး ပကတိမိုးကြိုးမြို့တော်၏ အလယ်မှာ မိုးကြိုးလျှပ်စီးပင်လယ်တစ်ခုကို ဖြစ်ပေါ်လာစေလုနီးပါးပင်။
မိုးကြိုးဧကရာဇ်၏ ပုံရိပ်က တွင်းချိုင့်ထဲကနေ ဖြည်းဖြည်းချင်း လွင့်မောလာပြီး သူ၏ ခန္ဓာကိုယ်က မိုးကြိုးလျှပ်စီးများ၏ ဆေးကြောသန့်စင်မှုကို ခံယူနေ၏။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက မြင်နိုင်သောနှုန်းဖြင့် သက်သာပျောက်ကင်းလာနေ၏။
“မိတ်ဆွေဟောင်းကြီး”
မိုးကြိုးဧကရာဇ်က လျှပ်စီးပင်လယ်ထဲမှာ မတ်တတ်ရပ်လိုက်ပြီး နတ်ဆိုးနှိမ်နှင်းလှံသည် လျှပ်စီးအလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့၏။
နတ်ဆိုးနှိမ်နှင်းလှံသည် အဆက်မပြတ်တုန်ခါ၍ မိုးကြိုးအလင်းကလည်း ပိုမိုသိပ်သည်းကျစ်လစ်လာခဲ့၏။
မိုးကြိုးဧကရာဇ်သည် သူ၏ ခေါင်းကိုမော့၍ ကျဆင်းလာသော မိုးကြိုးအလင်းတန်းများကို အားရပါးရဝါးမျိုနေ၏။
သူ၏ အသိစိတ်ထဲမှာ မိုးကြိုးလျှပ်စီးပင်လယ်၏ ကနဦးပုံစံက တဖြည်းဖြည်းဖြစ်ပေါ်လာခဲ့၏။
မိုးကြိုးလက်နက်ကို ကိုင်ဆွဲပြီးနောက် ပကတိမိုးကြိုးမြို့တော်မှ မည်သူ သို့မဟုတ် မည်သည့်အရာကမှ သူ့ကို မတားဆီးနိုင်တော့ပေ။
မိုးကြိုးဧကရာဇ်၏ အော်ရာက အဆုံးမရှိသည့်အလား အဆက်မပြတ်မြင့်တက်လာနေ၏။
“တိုက်ကြတော့...”
ပကတိအင်မောတယ်ကျင်းယွဲ့က ဟိန်းဟောက်လိုက်၏။
မိုးကြိုးဧကရာဇ်က မိုးကြိုးအလင်းတန်းများကို ဆက်လက်၍ စုပ်ယူသန့်စင်နေသည်နှင့်အမျှ သူက ပို၍သန်မာလာပေလိမ့်မည်။
ဤတိုင်းသာဆက်သွားပါက မိုးကြိုးဧကရာဇ်သည် ဘယ်အဆင့်ထိရောက်ရှိသွားမလဲ ပကတိအင်မော်တယ်ကျင်းယွဲ့ပင်လျှင် စဥ်းစားမကြည့်ရဲပေ။
ပကတိအင်မော်တယ် ၁၁ ယောက်က တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြ၏။
စိတ်ဝိညာဥ်ရတနာများ၊ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက နောက်တစ်ဖန်ဆင်းသက်လာပြီး တလိပ်လိပ်ထိုးတက်လာ၏။
“မိုးကောင်းကင်ကိုးလွှာ လျှပ်တပြက်နိုးကြိုး”
မိုးကြိုးဧကရာဇ်၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ လက်နက်ကို ဆုပ်ကိုင်ကာ ဓမ္မပညာရပ်တစ်ခုကို လှည့်ပတ်လိုက်၏။
သူ၏ လက်ထဲမှာ လျှပ်စီးများက တလိပ်လိပ်ထိုးတက်လာပြီး ပေါက်ကွဲထွက်သွား၏။
ဝုန်း....
မနှိုင်းယှဥ်သာအောင် ကျိန်းစပ်နေသော အလင်းတစ်ခုက နတ်ဆိုးနှိမ်နှင်းလှံကနေ ပေါက်ကွဲထွက်လာပြီး အလျှံညီးညီးနေမင်းထက်ပင် ပို၍တောက်လောင်ပြင်းပြနေ၏။ ၎င်းက ဖြန့်ကြက်သွားပြီး ပကတိမိုးကြိုးမြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွား၏။
ထိုအခိုက်အတန့်မှာ ပကတိမိုးကြိုးမြို့တော်ထဲရှိ ကျင့်ကြံသူများအားလုံးက သူတို့၏ အမြင်အာရုံကို ဆုံးရှုံးသွားရ၏။
ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားပကတိအင်မော်တယ်ပညာရှင်ဆယ်ဦးပင်လျှင် အံ့အားတသင့် ရေရွတ်လိုက်ရ၏။ သူတို့၏ အမြင်အာရုံများက ဖြူဖွေး၍ ဝေဝါးသွားပြီး သူတို့သည့် မည်သည့်အရာကိုမှ မတွေ့မြင်ရတော့ဘဲ သူတို့၏ မျက်နှာပေါ်သို့ မျက်ရည်များက စီးကျလာ၏။
ဆူဖိမိုက သူ၏ မျက်လုံးကို ခပ်မြန်မြန်မှိတ်လိုက်ရ၏။
မိုးကောင်းကင်ကိုးလွှာလျှပ်တပြတ်မိုးကြိုးသည် ဗလာနယ်မိုးကြိုးကျင့်စဥ်မှ လျှို့ဝှက်အတတ်တစ်ခုဖြစ်ပြီး အရမ်းကို စွမ်းအားကြီးမား၏။ အဲ့ဒါကို ထုတ်ဖော်လိုက်သည်နှင့် သူတို့က အချိန်မီမရှောင်တိမ်းနိုင်ဘူးဆိုလျှင် သူတို့၏ စက္ခုနည်းစနစ်များကို ထုတ်ဖော်မည်ဆိုလျှင်တောင် အဲ့ဒါကို ခုခံနိုင်ချင်မှ ခုခံနိုင်ပေလိမ့်မည်။
ကျင့်ကြံမှုမမြင့်မားသော ကျင့်ကြံသူများက မျက်စိကန်းသွားရပေလိမ့်မည်။
“မိတ်ဆွေလေး... မင်းရဲ့မီးဖိုအတွက် ကျေးဇူးပဲ”
ထိုစဥ်မှာပင် သူ၏ စိတ်ထဲမှာ မိုးကြိုးဧကရာဇ်၏ အသံက ထွက်ပေါ်လာခဲ့၏။
ထို့နောက် ဆူဇီမို၏ အသိစိတ်ထဲမှာ တစ်စုံတစ်ရာက ပေါ်ထွက်လာခဲ့၏။
ငရဲဖိနှိမ်မီးဖို...
အတွေးတစ်ချက်နှင့်အတူ ဆူဇီမိုက မိုးကြိုးဧကရာဇ်၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွား၏။
မိုးကြိုးဧကရာဇ်သည် မိုးကောင်းကင်ကိုးလွှာ လျှပ်တပြက်မိုးကြိုးကို တိုက်ခိုက်ဖို့အတွက်သာ အသုံးပြုလိုက်ခြင်း မဟုတ်ပေ။ အဲ့ဒါထက် သူသည် ဤလျှို့ဝှက်အတတ်ကိုအသုံးချပြီး ပကတိမိုးကြိုးမြို့တော်ရှိ ကျင့်ကြံသူများကို ယာယီအားဖြင့် အမြင်အာရုံကွယ်ပျောက်စေကာ ငရဲဖိနှိမ်မီးဖိုကို သူ့အား ပြန်ပေးခဲ့ခြင်းဖြစ်၏။
“ဒီမီးဖိုမှာ စွမ်းအားကြီးမားတဲ့နောက်ခံရှိတယ်... အခုအဲ့ဒါက ပေါက်ကြားသွားပြီဆိုတော့ မင်းက သန်မာတဲ့ရန်သူတွေကို မဆွဲဆောင်မိအောင် နောက်ကျရင် အဲ့ဒါကို သေချာဂရုတစိုက် အသုံးချရမယ်”
မိုးကြိုးဧကရာဇ်က စိုးရိမ်ပူပန်နေသည့်ဟန်ဖြင့် ခဏမျှရပ်တန့်ပြီးနောက် သတိပေးလိုက်၏။
အချိန်တိုအတွင်းမှာပင် ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသောပကတိအင်မော်တယ်ဆယ်ဦးက သူတို့၏ အမြင်အာရုံကို ပြန်လည်ရရှိလာခဲ့ပြီဖြစ်၏။
“ဟားဟား”
ပကတိအင်မော်တယ်ကျင်းယွဲ့၏ မျက်လုံးက မျက်ရည်များဖြင့်ပြည့်နှက်နေသော်လည်း သူက အော်ဟစ်ရယ်မောလိုက်၏။
“ဖုန့်စန်းထျန်... မင်းကနှစ်ပေါင်းသိန်းချီကြာအောင် ဖိနှိမ်ခံထားခဲ့ရတာ နောက်ဆုံးတော့... မင်းရဲ့ခွန်အားက အထွတ်အထိပ်ကို ပြန်မရောက်သေးဘူးပဲ”
“မိုးကောင်းကင် ၉လွှာ အင်မော်တယ်တွေ့ဆုံပွဲမှာတုန်းက မင်းက မင်းရဲ့ အထွတ်အထိပ်အချိန်မှာ ရှိနေခဲ့တယ်... အဲ့ဒီအချိန်တုန်းက မင်းက ဒီမိုးကောင်းကင်ကိုးလွှာ လျှပ်တပြတ်မိုးကြိုးကို ထုတ်ဖော်ပြီး ပကတိအင်မော်တယ်တစ်ဦးကို မျက်စိကွယ်စေခဲ့တယ်... အခုတော့... မင်းထုတ်ဖော်နိုင်တာ ဒီလောက်ပဲမလား”
မိုးကြိုးဧကရာဇ်က လှောင်ရယ်၍ ပကတိအင်မော်တယ်ပညာရှင် ၁၁ဦးကို ငုံ့ကြည့်ကာ ဝင့်ကြွားစွာပြောလိုက်၏။
“ငါက... ငါ့ရဲ့ခွန်အား အထွတ်အထိပ်ကို ပြန်မရသေးဘူးဆိုရင်ရော ဘာဖြစ်လဲ.... မင်းက သုံးစားမရတဲ့ အိုနာကျိုးကန်းလူတစ်အုပ်စုနဲ့ ငါ့ကိုဖိနှိမ်နိုင်မယ်လို့ ထင်နေလို့လား”
“တော်တော်မောက်မာနေတာပဲ”
“မိုက်ရိုင်းလိုက်တာကွာ..”
ပကတိအင်မော်တယ်အချို့က ဒေါသထွက်သွားပြီး မိုးကြိုးဧကရာဇ်ကို အော်ငေါက်လိုက်ကြ၏။
သူတို့က သူတို့၏ နှောင်းပိုင်းအရွယ်များသို့ ရောက်ရှိနေကြသည်ဆိုလျှင်တောင် သူတို့သည် ပကတိအင်မော်တယ်များဖြစ်နေဆဲပင်။ သူတို့သည် သွားလေရာနေရာတိုင်းမှာ ရိုသေလေးစားမှုကို ခံယူရပေလိမ့်မည်။ သို့သော် ယခု... မိုးကြိုးဧကရာဇ်က သူတို့ကိုသုံးစားမရသော အိုနာကျိုးကန်းများဟု ရည်ညွှန်းပြောဆိုနေ၏။
“ဖုန့်စန်းထျန်...”
ပကတိအင်မော်တယ်ကျင်းယွဲ့က တည်တံ့စွာဖြင့် ပြောလိုက်၏။
“မင်းသိပ်ကြာကြာ မောက်မာနိုင်မှာ မဟုတ်ဘူး... ကွပ်မျက်ဆေဘာက ပျံသန်းသွားတာကြာခဲ့ပြီ... ဘုရင်ထျန်ရှင်းက အဲ့ဒါကို အာရုံခံမိသွားရင် သေချာပေါက်ရောက်လာလိမ့်မယ်”
နောက်ထပ်ပကတိအင်မော်တယ်တစ်ယောက်က ပြောလိုက်၏။
“ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင် ကြေမွသွားတာကိုအာရုံခံမိရင်... ဘုရင်ကျင်းကလည်း ရောက်လာလိမ့်မယ်”
“အဲ့ဒီအချိန်ကျရင် မင်းက ထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး”
“မင်းရဲ့... အထွတ်အထိပ်ခွန်အားကို ပြန်ရမယ်ဆိုရင်တောင် ဘာဖြစ်လဲ... ဒီနေ့ဂမ္ဘီရမိုးကောင်းကင်က အရင်တုန်းက ဂမ္ဘီရမိုးကောင်းကင်နဲ့မတူတော့ဘူး”
“မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ ဖုန့်စန်းထျန်”
“မင်းက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို မပြောနဲ့ မဟာကျင်းအင်မော်တယ်နိုင်ငံကနေတောင်မှ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
ပကတိအင်မော်တယ်များစွာက မိုးကြိုးဧကရာဇ်ကို နောက်တစ်ဖန်ဝိုင်းပတ်လိုက်ကြ၏။
ယခုအချိန်မှာ ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားပကတိအင်မော်တယ်ပညာရှင် ဆယ်ဦးသည် မိုးကြိုးဧကရာဇ်ကို ဖိနှိမ်ဖို့ ဆက်လက်၍ စိတ်ကူးမရှိတော့ပေ။
လူတိုင်းသည် မိုးကြိုးဧကရာဇ်ကို တားဆီးထားဖို့သာ ပြင်ဆင်နေကြ၏။
ဘုရင်ထျန်ရှင်းရောက်လာသည်နှင့် မိုးကြိုးဧကရာဇ်က ဆက်လက်၍ ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသူများသည် မိုးကြိုးဧကရာဇ်၏ အမျက်ဒေါသကို ဆွပေးနေသည်မှာ သိသာ၏။ အဲ့ဒါမှသာ ထိုသူက သူတို့နှင့် ဤနေရာမှာ တိုက်ခိုက်ပြီး သူတို့က စစ်ကူအလာကို စောင်းဆိုင်းနိုင်မည်ဖြစ်၏။
လေထဲမှာ...မိုးကြိုးဧကရာဇ်က သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး သူ၏ မျက်လုံးထဲမှာ လျှပ်စီးများက တလိပ်လိပ်ထိုးတက်လာ၏။ သူက ဘေးပတ်လည်ကို ငုံ့ကြည့်ပြီး ဟားတိုက်ရယ်မောလိုက်၏။
“ကောင်းတယ်ကွာ... ကောင်းတယ်.... ဘာမဟုတ်တဲ့လူတစ်အုပ်စုက ငါ့ကိုခြိမ်းခြောက်ဖို့ ကြိုးစားနေကြပြီပေါ့”
“မင်းတို့တွေက ငါ့ရဲ့ဒေါသကိုဆွပေးပြီး ငါ့ကိုပကတိမိုးကြိုးမြို့တော်မှာ ထိန်းထားဖို့ကြိုးစားနေကြတာပဲ”
ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသူများက သူတို့အတွေးအကြံ ဖော်ထုတ်ခံလိုက်ရသောအခါ အမူအရာကင်းမဲ့နေပြီး လှောင်ရယ်လိုက်ကြ၏။
“အစကတော့ ငါက မင်းတို့တွေကို အာရုံစိုက်ဖို့ စိတ်ကူးမရှိဘူး... ငါက ဒီတိုင်းထွက်သွားမလို့ပဲ”
မိုးကြိုးဧကရာဇ်က သူ့လက်ထဲရှိ နတ်ဆိုးနှိမ်နှင်းလှံကို ကြည့်ပြီး ရုတ်တရက်တင်းကျပ်စွာဆုပ်ကိုင်ကာ ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ... ဒီလိုဆိုမှတော့လည်း မင်းတို့သဘောရှိတဲ့အတိုင်း ငါက လုပ်ပေးရတာပေါ့”
“မင်းတို့တွေအားလုံးကိုသတ်ပြီးမှ သွားမယ်ဆိုလည်း နောက်မကျသေးပါဘူး”
အဲ့ဒါက မိုးကြိုးဧကရာဇ်၏ ရဲဝင့်မှုဖြစ်၏။
သူက ယခုအချိန်မှာ ထွက်ခွာသွားသင့်သော်လည်း သူ့ရှေ့မှာ လူတိုင်းကို သတ်ဖြတ်ရခြင်းက သူ့ကို စိတ်ကျေနပ်မှု ရရှိစေပေလိမ့်မည်။
မိုးကြိုးဧကရာဇ်၏ နတ်ဆိုးဖိနှိမ်လှံက လေထဲမှာ သိပ်သည်းလေးလံစွာ ရပ်တန့်သွားပြီး ပကတိမိုးကြိုးမြို့တော်တစ်ခုလုံးက ပြင်းထန်စွာလှုပ်ခါလာခဲ့၏။
မြို့ရိုးများက အက်ကွဲကြောင်းများဖြင့်ပြည့်နှက်လာပြီး ပြိုကျတော့မည့်လက္ခဏာများပြသလာ၏။
ရှေးဟောင်းအဆောက်အအုံများစွာက စတင်ပြိုကျလာပြီး ဖုန်များက တထောင်းထောင်းထလာ၏။
ပကတိမိုးကြိုးမြို့တော်က ဖရိုဖရဲဖြစ်သွားပြီး ညည်းတွားသံများကို နေရာတိုင်းမှာကြားနေရ၏။
ကျင့်ကြံသူများစွာသည် ပကတိမိုးကြိုးမြို့တော်နှင့် တိုက်ပွဲနယ်မြေကနေလွတ်မြောက်နိုင်ဖို့အတွက် အဘက်ဘက်သို့ ထွက်ပြေးကုန်ကြ၏။
လူအုပ်ကြီးကြားထဲမှာ ရောနှောပြီး ဆူဇီမိုက ဆုတ်ခွာကာ လေထဲမှာရှိသောတိုက်ပွဲနယ်မြေကို လှည့်ကြည့်နေ၏။
မိုးကြိုးဧကရာဇ်သည် ပကတိအင်မော်တယ် ပညာရှင် ၁၁ဦးနှင့် စတင်တိုက်ခိုက်နေပြီဖြစ်၏။
ပကတိအင်မော်တယ် ၁၁ဦး၏ ဝန်းရံခြင်းခံထားရချိန်မှာတောင် မိုးကြိုးဧကရာဇ်၏ ပုံရိပ်က အတောက်ပဆုံးဖြစ်နေဆဲပင်။
မိုးကြိုးဧကရာဇ်သည် မိုးကြိုးလျှပ်စီးများကို လွှမ်းခြုံပြီး နတ်ဆိုးနှိမ်နှင်းလှံကို ကိုင်ဆွဲထား၏။ သူ၏ လှံကို စေညွှန်လိုက်သည့်နေရာတိုင်းမှာ လျှပ်စီးများက တလိပ်လိပ်ထိုးတက်လာပြီး လူတိုင်းက ၎င်း၏ ထက်ရှမှုကို ရှောင်တိမ်းရ၏။