နောက်ထပ်အပြောင်းအလဲ
Vol. 131 Ch. 1963
ပကတိမိုးကြိုးမြို့တော်မှာ ကျင့်ကြံသူများစွာရှိလေသည်။
ဤတိုက်ပွဲကြောင့် ပကတိမိုးကြိုးမြို့တော်သည် အပျက်အစီးပုံဘဝသို့ ရောက်ရှိသွားပြီး အနည်းဆုံး ကျင့်ကြံသူသန်းဆယ်ချီသည် သွားစရာနေရာမရှိတော့ဘဲ မြို့၏ အပြင်ဘက်သို့ ဆုတ်ခွာလာကြ၏။
လူအုပ်ကြားထဲမှာ ရောနှောရင်း ဆူဇီမိုသည် တစ်စုံတစ်ရာလွဲမှားနေသည်ကို ရုတ်တရက်ခံစားမိလိုက်၏။
ဘေးမှာရှိသော လူအုပ်ကြီးက ဖရိုဖရဲဖြစ်နေကြ၏။
သို့သော်လည်း ကျင့်ကြံသူများစွာက သူရှိရာဘက်သို့လျှောက်လှမ်းလာပြီး သူ့ကို တဖြည်းဖြည်းဝိုင်းပတ်လာနေကြ၏။
ပို၍ပြောစရာရှိသည်မှာ သူသည် သိပ်သည်းပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကတစ်ခုကို ခံစားမိနေ၏။
ထိုကျင့်ကြံသူများအားလုံးက အဆင့်-၉ မဟူရာအင်မော်တယ်များဖြစ်ကြ၏။
သူထင်တာမမှားဘူးဆိုလျှင် သူတို့သည် စောစောက အမဲလိုက်စုဝေးပွဲမှာ ပါဝင်ခဲ့သော သူများဖြစ်ရပေမည်။
သို့သော်လည်း ဆူဇီမိုက တွေဝေရှုပ်ထွေးနေ၏။
သူသည် ဤလူများနှင့်မသိရှိဘဲ ပကတိတစ်ဆယ်ငရဲမှာ သူက သူတို့နှင့် ပဋိပက္ခတစ်စုံတစ်ရာလည်း မဖြစ်ခဲ့ပေ။
သူတို့က ဘာ့ကြောင့်သူ့ကိုပစ်မှတ်ထားလာရတာလဲ...။
သူနှင့် အဆင့်-၉ မဟူရာအင်မော်တယ်များကြားအကွာအဝေးက ကျဥ်းမြောင်းလာခဲ့၏။
အစကတော့... ထိုလူများသည် လူအုပ်ကြားထဲမှာ ပုန်းကွယ်နေပြီး သူတို့၏ လမ်းကြောင်းကို အတတ်နိုင်ဆုံး ဖုံးဖိထားခဲ့ကြ၏။
သို့သော်ယခု... သူတို့၏ အကြည့်များက ကြမ်းကြုတ်ခက်ထန်လာပြီး သူတို့၏ ရင်ထဲရှိ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို ဖုံးကွယ်ခြင်းမရှိတော့ဘဲ သူတို့၏ ဓမ္မရတနာများနှင့် လက်နက်များကို ဆင့်ခေါ်ထုတ်လိုက်ကြ၏။
ဆူဇီမိုက သူ၏ ခြေလှမ်းကိုရပ်တန့်ပြီး ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုကာ အေးစက်စွာမေးလိုက်၏။
“မင်းတို့တွေက... ဘာဖြစ်ချင်နေကြတာလဲ”
“မင်းကိုသတ်ချင်တာ”
လူအုပ်ထဲမှတစ်ယောက်က အော်ငေါက်လိုက်ပြီး ရှေ့သို့ခုန်တက်လိုက်၏။ သူ၏ လက်ထဲမှာ ကစဉ့်ကလျားအမြုတေ သံတုတ်တစ်ချောင်းကို ကိုင်ဆွဲထားပြီး ဆူဇီမို၏ ဦးခေါင်းကို ပစ်ရိုက်ချကာ အရင်ဆုံး တိုက်ခိုက်လိုက်၏။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူ့ကို လှည့်ကြည့်ခြင်းပင် မရှိပေ။
ကစဉ့်ကလျားအမြုတေသံတုတ်က သူ၏ ဦးခေါင်းနှင့် ထိတွေ့တော့မည့်ဆဲဆဲအချိန်မှာသာ သူကတိုက်ခိုက်လိုက်၏။
ဖတ်...
သူ၏ တိုက်ခိုက်မှုက နောက်ကျမှထွက်ပေါ်လာသော်လည်း အရင်ရောက်ရှိလာခဲ့၏။
ဆူဇီမို၏ ဖြူဖွေးသောလက်ဖဝါးက ကစဉ့်ကလျားအမြုတေသံတုတ်ကို တုတ်တုတ်မျှမလှုပ်စေဘဲ ဖမ်းဆွဲထား၏။
“မင်း....”
အဆင့်-၉ မဟူရာအင်မော်တယ်၏ မျက်လုံးက တုန်လှုပ်စွာဖြင့် ပြူးကျယ်သွား၏။
ကစဉ့်ကလျားအမြုတေသံတုတ်သည် သာလွန်မဟူရာအဆင့် ဓမ္မရတနာတစ်ခုဖြစ်၏။
၎င်း၏ အဆင့်က သိပ်ပြီးမမြင့်မားသော်လည်း အဲ့ဒါက အရမ်းကိုသန်မာပြီး ထိပ်တန်းမဟူရာအဆင့် ဓမ္မရတနာများနှင်ပင် ယှဥ်နိုင်၏။ သို့သော်ယခု... အားနည်းပုံရသော ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူက သူ၏ လက်ဖဝါးထဲမှာ ကစဉ့်ကလျားအမြုတေသံတုတ်ကို ဖမ်းဆွဲထား၏။
သူက ဘယ်လိုပင် ကြိုးစားသည်ဖြစ်စေ ကစဉ့်ကလျားအမြုတေသံတုတ်က အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ လက်ဖဝါးထဲမှာ ကပ်ငြိနေပြီး လုံးဝလှုပ်ရှားမလာခဲ့ပေ။
ထိုအခိုက်အတန့်မှာ သူက လေထဲမှာပင် ရှိနေဆဲဖြစ်ပြီး အပေါ်သို့တက်မရ အောက်သို့ဆင်းမရဖြစ်နေ၏။
“ဒီလူ့ရဲ့ ခွန်အားက ဘယ်လောက်တောင်ကြီးမားနေတာလဲ”
အဆင့်-၉ မဟူရာအင်မော်တယ်က တုန်လှုပ်သွား၏။
ထိုစဥ်မှာပင် ဆူဇီမိုက ကစဉ့်ကလျားအမြုတေသံတုတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ရှေ့သို့ပစ်တွန်းလိုက်၏။
“အား..”
အဆင့်-၉ မဟူရာအင်မော်တယ်က စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ကစဉ့်ကလျားအမြုတေသံတုတ်ကို ဆုပ်ကိုင်မထားနိုင်တော့ဘဲ သူ့လက်ဖဝါးကနေ သွေးများစီးထွက်လာခဲ့၏။
ဖောက်...
နောက်ခဏ၌ ကစဉ့်ကလျားအမြုတေသံတုတ်က သူ၏ ရင်ဘက်ကို ထိုးဖောက်သွားပြီး သူ၏ နောက်ကျောကနေ ပြူထွက်လာ၏။
ဆူဇီမို၏ လက်ထဲမှာ ကစဉ့်ကလျားအမြုတေသံတုတ်က ဧရာမလှံတစ်လက်ကဲ့သို့ဖြစ်လာ၏။
ဤနေရာက ပကတိတစ်ဆယ်ငရဲမဟုတ်ဘဲ ဆူဇီမိုကို အမှန်တကယ်ခြိမ်းခြောက်နိုင်သည့် မြို့တော်အရှင်များက လူစုခွဲထွက်ခွာသွားကြပြီဖြစ်၏။
သူ့အနေဖြင့် စိုးရိမ်ပူပန်နေစရာမလိုတော့ပေ။
သူသည် အောက်ဘုံမှ ဤမဟူရာအင်မော်တယ်များနှင့် အမှန်တကယ်တိုက်ခိုက်လိုခြင်း မရှိပေ။
သို့သော်လည်း သူတို့က သူ့အသက်ကို ရန်ရှာလာမည်ဆိုလျှင် သူကလည်း ငဲ့ကွက်နေမည်မဟုတ်ပေ။
သူ၏ လက်ဖဝါးဆီသို့ ခွန်အားကိုပို့လွှတ်ပြီး ဆူဇီမိုက ကစဉ့်ကလျားသံတုတ်ကို ညင်သာစွာ လှုပ်ခါလိုက်၏။
အဆင့်-၉ မဟူရာအင်မော်တယ်၏ ခန္ဓာကိုယ်က ချက်ချင်းပင် ကြေမွသွားပြီး သူ၏ အသွေးအသားများက ပြန့်ကျဲကာ နေရာမှာပင်သေဆုံးသွား၏။
“သတ်...”
ကျန်ရှိနေသော မဟူရာအင်မော်တယ်များက လုံးဝကြောက်လန့်ခြင်းမရှိပေ။ သူတို့အားလုံးက မျက်ထောက်နီများဖြင့် စိုက်ကြည့်ပြီး တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြ၏။
များစွာသော ဓမ္မရတနာများက ဆင်းသက်လာခဲ့၏။
“ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်..”
“လေဆင့်ခေါ်ခြင်း”
“မိုးဆင့်ခေါ်ခြင်း”
“ခရမ်းရောင်ကြယ်ခြွေလက်”
“.....”
သာမန်နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာက တစ်ချိန်တည်းမှာ ပေါက်ကွဲထွက်ပေါ်လာ၏။
ဆူဇီမို၏ သွေးချီက သန်မာပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးကို အသုံးပြုခြင်းမရှိလျှင်တောင် သူသည် တစ်ချက်လှုပ်ခါရုံဖြင့် ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်၏ ချုပ်နှောင်ခြင်းကနေ ရုန်းထွက်လာနိုင်၏။
ရွှစ်....
ဖျတ်ခနဲဆို... အစိမ်းရောင်အရိပ်တစ်ခုက သူရှိနေခဲ့သောနေရာကနေ ရိပ်ခနဲပြေးထွက်လာပြီး ဓမ္မရတနာများ၊ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်ရတနာများကို အလွယ်တကူဖြတ်ကျော်လာခဲ့၏။
ထိုမဟူရာအင်မော်တယ်များနှင့် ရင်ဆိုင်ရချိန်မှာ သာမန်နတ်ဘုရားစွမ်းအားနှစ်ခုဖြစ်သော ကောင်းကင်ဘုံခြေလှမ်းနှင့် ကန့်သတ်မဲ့ရွှေအလင်းက လုံလောက်သည်။
ဆူဇီမိုက စောစောက သူလုယူလာခဲ့သော ကစဉ့်ကလျားအမြုတေသံတုတ်ကိုကိုင်မြှောက်ပြီး အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။ ထိုသူ၏ ဦးနှောက်ရည်များက ပြန့်ကျဲထွက်သွား၏။
အဲ့ဒီနောက် သူသည်ရပ်တန့်ခြင်းမရှိဘဲ နောက်ထပ်အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ရှေ့သို့ တစ်ခဏချင်းမှာပင် ရောက်ရှိလာကာ သံတုတ်ကိုလွှဲယမ်းလိုက်၏။
အဆင့်-၉ မဟူရာအင်မော်တယ်က လွင့်စင်ထွက်သွားပြီး သံတုတ်၏ ရိုက်ချက်ဖြင့် နှစ်ပိုင်းကွဲထွက်သွား၏။
ဆူဇီမို၏ ပုံရိပ်က ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး မည်သည့်ကန့်သတ်ချုပ်နှောင်မှုမှမရှိဘဲ လူအုပ်ကြားထဲမှာ ယှက်ဖြာသွားလာနေ၏။
သူသွားလေရာနေရာတိုင်းမှာ အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်က လွင့်စင်ထွက်လျှင်ထွက် မဟုတ်လျှင် ဒဏ်ရာရရှိကုန်၏။
အဲ့ဒါက ဝန်းရံပိတ်ဆို့ခံရခြင်း မဟုတ်ပေ။
အဲ့ဒါက တစ်ဖက်သတ်ဖိနှိမ်ခြင်းဖြစ်၏။
သိပ်မကြာခင် အဆင့်-၉ မဟူရာအင်မော်တယ်များစွာက ဆူဇီမိုတစ်ယောက်တည်းဖြင့် ဖိနှိမ်ခြင်းကို ခံလိုက်ရ၏။
ကျန်ရှိနေသော မဟူရာအင်မော်တယ်များက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး ထိတ်လန့်တကြားအမူအရာများနှင့်အတူ လှည့်ထွက်ပြေးကုန်ကြ၏။
ဆူဇီမိုသည် သူတို့နောက်သို့ ပြေးလိုက်ဖို့ အရေးလုပ်မနေဘဲ ကစဉ့်ကလျားအမြုတေသံတုတ်ကို သာမန်ကာလျှံကာပစ်ချကာ ထွက်ခွာဖို့ပြင်ဆင်လိုက်၏။
ထိုစဥ်မှာပင် မလှမ်းမကမ်းကနေ ခပ်စူးစူးအသံများ ထွက်ပေါ်လာ၏။
ဆူဇီမိုက တစ်ချက်လှမ်းကြည့်လိုက်ပြီး စောစောက ထွက်ပြေးသွားသော မဟူရာအင်မော်တယ်များသည် ထက်ရှသောလက်နက်များဖြင့် လှီးဖြတ်ခြင်းခံရပြီး သေဆုံးကုန်ပြီကို တွေ့မြင်လိုက်ရ၏။
မဟူရာအင်မော်တယ်များ၏ အလောင်းများထက်မှာ မျက်နှာဖုံးတပ်ထားသော အမျိုးသမီးတချို့မတ်တတ်ရပ်နေ၏။
သူတို့သည် ပုစဥ်းတောင်ပံများကဲ့သို့ ပါးလွှာသော ဓားရှည်များကို ကိုင်ဆွဲထားကြ၏။
သူတို့၏ လက်ကောက်ဝတ်များကို အနည်းငယ်လှုပ်ခါလိုက်ပြီး ထိုဓားများက သူတို့၏ အင်္ကျီလက်စများထဲသို့ တိုးဝင်ကာပျောက်ကွယ်သွား၏။
ဖြောင်း... ဖြောင်း... ဖြောင်း....
ထိုစဥ်မှာပင် မလှမ်းမကမ်းလေထဲကနေ လက်ခုပ်ဩဘာသံကထွက်ပေါ်လာ၏။
“တကယ့်ကိုအထင်ကြီးစရာပဲ”
အမျိုးသားတစ်ယောက်၏ ချီးကျူးလိုက်သောအသံက ထွက်ပေါ်လာ၏။
ဆူဇီမိုသည် လှည့်ကြည့်ခြင်းမရှိဘဲ ဝင်ရောက်လာသူ၏ သရုပ်သကန်ကို ခန့်မှန်းမိသွားပြီဖြစ်၏။
မင်းသားယွမ်ကျော...။
စောစောကတိုက်ခိုက်ခဲ့သော မျက်နှာဖုံးတပ်အမျိုးသမီးအချို့သည် မင်းသားယွမ်ကျော၏ အစေခံများဖြစ်၏။
ဆူဇီမိုက လှည့်ကြည့်လိုက်၏။
လေထဲတွင် ရထားလုံးတစ်စင်းကို ရပ်ထားပြီး အဲ့ဒါကို ချောမောလှပသော အမျိုးသမီးတစ်ထောင်က ဝန်းရံထား၏။ ရထားလုံးထဲမှာ ငယ်ရွယ်သောအမျိုးသားတစ်ယောက်က အဲ့ဒါကိုမှီ၍ထိုင်နေပြီး သူက မင်းသားယွမ်ကျောဖြစ်လေသည်။
ထိုသူက ထွက်ခွာမသွားခဲ့ပေ။
စောစောက မိုးကြိုးဧကရာဇ်က ပကတိအင်မော်တယ်ပညာရှင် ၁၁ဦးနှင့်တိုက်ခိုက်ခဲ့ပြီး မင်းသားယွမ်ကျောက ပကတိမိုးကြိုးမြို့တော်ကနေ ထွက်ခွာသွားသည်ကို သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရ၏။
ယခုတော့... ဤလူကပြန်ရောက်လာခဲ့လေပြီ။
မိုးကြိုးဧကရာဇ်က လွတ်မြောက်လာခါစဖြစ်ပြီး သူ၏ ကြမ်းကြုတ်ခက်ထန်မှုက အထွတ်အထိပ်မှာရှိနေ၏။
ပကတိအင်မော်တယ်များပင်လျှင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ကြ၏။
သို့သော်လည်း မြင့်မြတ်သောအဆင့်အတန်းနှင့် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်သော ဤမင်းသားယွမ်ကျောက ပြန်လှည့်လာဖို့အတွက် အမှန်တကယ်ပင်သတ္တိရှိနေ၏။
အဲ့ဒါက ဆူဇီမိုတွေးထင်ထားသည်ထက်ကျော်လွန်နေခဲ့လေပြီ။
မင်းသားယွမ်ကျောက ရထားလုံးထဲကနေ မတ်တတ်ရပ်ပြီး ဆူဇီမိုကိုကြည့်၍ပြုံးလိုက်၏။
“ငါထင်တာမမှားဘူးဘဲ... မင်းရဲ့နည်းလမ်းတွေက အားမနည်းဘူး”
မိုးကြိုးဧကရာဇ်လွတ်မြောက်လာခြင်းနှင့်အတူ အမဲလိုက်စုဝေးပွဲက ရပ်တန့်သွားခဲ့သော်လည်း မင်းသားယွမ်ကျောက သူ၏ အစီအစဥ်ကို လက်မလျှော့ခဲ့ပေ။
ဤကိစ္စက သူ့အတွက် အရမ်းကိုအရေးပါနေ၏။
မိုးကြိုးဧကရာဇ်လိုလူမျိုးကို ဘုရင်ထျန်ရှင်း၊ သူ၏အစ်ကိုများနှင့် သူ၏အဖေက ကိုင်တွယ်ပေလိမ့်မည်။ အဲ့ဒါက သူဝင်ပါရမည့် နေရာမဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ဆူဇီမိုက နားလည်သဘောပေါက်သွား၏။
စောစောကတိုက်ခိုက်ခဲ့သော အဆင့်-၉ မဟူရာအင်မော်တယ်များကို မင်းသားယွမ်ကျောက စေခိုင်းခဲ့ခြင်းဖြစ်ရပေမည်။ သူ၏ ရည်ရွယ်ချက်က ဆူဇီမို၏ ခွန်အားကို စမ်းသပ်ဖို့ဖြစ်၏။
တကယ်တော့... သူတို့တိုက်ခိုက်ခဲ့စဥ်က ဆူဇီမိုသည် ထောက်လှမ်းခံနေရသည်ဟူသော ခံစားချက်တစ်ခုကို ရရှိနေခဲ့၏။
သို့သော်လည်း ဤနေရာမှာလူများစွာရှိနေပြီး အဲ့ဒါက သာမန်သာဖြစ်၏။
ဆူဇီမိုသည် သူ၏ ဘေးပတ်ဝန်းကျင်ကို တိတ်တဆိတ်အကဲခတ်ကြည့်လိုက်၏။
မင်းသားယွမ်ကျော၏ ဘက်မှာ အမျိုးသမီးသုံးထောင်ရှိနေ၏။ သူတို့အားလုံးက ကမ္ဘာမြေအမြုတေနယ်ပယ်မှာရှိသော်လည်း သူတို့အားလုံး နီးပါးက သူ့ကိုဝိုင်းပတ်ထားကြ၏။
သူက ပင်ကိုနတ်ဘုရားစွမ်းအား ဧရာမရွှေငှက်တောင်ပံများကို ထုတ်ဖော်မည်ဆိုလျှင် သူသည် ဤနေရာကနေ သေချာပေါက် ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။
ထိုစဥ်မှာပင် ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး သူက တစ်စုံတစ်ယောက်ကိုတွေ့မြင်သွား၏။ သူက လောလောဆယ်မှာ ထိုအတွေးကို ဖိနှိမ်လိုက်ရ၏။