← Chapters

အခန်း (၂၅၈)

Vol. 18 Ch. 258

အခန်း (၂၅၈)

Vol. 18 Ch. 258

"မင်း.. မင်း.. ဘာပြောလိုက်တာလဲ"

အနက်ရောင်ဝတ် အဘိုးကြီးသည် ခဏမျှ ငြိမ်သက်သွားသည်။

သူက ကျန်းချန်ကို မယုံကြည်နိုင်စွာ ကြည့်ကာ သူ နားကြား မှားသလား ဟုပင် တွေးနေမိ၏။

"အကြီးအကဲ ကျွန်တော်က လေရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ချင်ပါတယ်"

ကျန်းချန်သည် အနက်ရောင်ဝတ် အဘိုးကြီး၏ မယုံကြည်နိုင်သော အမူအရာကို မြင်သောအခါ မတတ်သာတော့ဘဲ ထပ်မံ ပြောဆိုလိုက်သည်။

အနက်ရောင်ဝတ် အဘိုးကြီးသည် ရုတ်တရက် ယဉ်ကျေးသော ပုံစံဖြင့် မပြောတော့ဘဲ မေးခွန်းထုတ်လိုက်၏။

"ကောင်လေး.. မင်းက လေရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို လေ့လာမယ်ဆိုတော့ ဓားဆန္ဒကို မလေ့လာတော့ဘူးလား"

သိုင်း၏ စစ်မှန်သော အဓိပ္ပါယ်ဆိုသည်မှာ နားလည်ချင်တိုင်း နားလည်နိုင်သောအရာ မဟုတ်ပေ။

ရှင်းလင်းစွာ ဆိုရလျှင် လူတစ်ဦး၏ စွမ်းဆောင်ရည်သည် အကန့်အသတ်ရှိသည်။

ဤကမ္ဘာတွင် သိုင်း၏ စစ်မှန်သော အဓိပ္ပါယ် တစ်မျိုးကို နားလည်ထားသော သိုင်းသမား အများစုသည် သူတို့၏ တစ်သက်တာလုံးကို အသုံးပြုခဲ့လျှင်ပင် သိုင်း၏ စစ်မှန်သော အဓိပ္ပါယ်ကို ပြီးပြည့်စုံသော အဆင့်အထိ ပျိုးထောင်ရန် ခက်ခဲ၏။

သူ့ရှေ့မှ ကောင်လေး၏ ဓားဆန္ဒ နားလည်မှုသည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည်ဟု ဆိုနိုင်ပြီး ဓားဆန္ဒကို အမြင့်ဆုံး အဆင့်အထိ ပျိုးထောင်ရန် အခွင့်အရေး လုံးဝ ရှိသည်။

သို့သော် ယခုအခါတွင် ဤကောင်လေးသည် လေ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ရန်အတွက် ဓားဆန္ဒတွင် ဖြစ်ထွန်းလာနိုင်သည့် အခွင့်အရေးကို စွန့်လွှတ်လိုက်သည်။

ဤသည်မှာ တကယ်ကို နားလည်ရခက်သည် မဟုတ်ပါလား။

ကျန်းချန်သည် ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"အကြီးအကဲ.. ယန်ဟွမ်ကျောင်းတော်မှာ ဓားဆန္ဒကို နားလည်ထားတဲ့သူတွေက အခြားသိုင်းရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို လေ့လာခွင့်မရှိတဲ့ စည်းမျဥ်းမရှိဘူးလို့ ထင်တယ်"

"မင်း ဘာမှ နားမလည်ဘူး ကောင်လေး"

"ဒီလိုလေ့လာတာက ကျင့်ကြံသူတွေ အတွက် ကြီးမားတဲ့ တားမြစ်ချက်ကြီးပဲ"

"မင်းသာ ဓားဆန္ဒကို ပြီးပြည့်စုံတဲ့အဆင့် အထိ လေ့ကျင့်နိုင်ရင် ဘဝတစ်လျောက်လုံး အကျိုးကျေးဇူး အကန့်အသတ်မရှိ ရရှိလိမ့်မယ်.. ဘာကြောင့် အခြား သိုင်းရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို လေ့လာပြီး မင်း၏ စွမ်းအင်ကို ဖြုန်းတီးချင်ရတာလဲ"

အနက်ရောင်ဝတ် အဘိုးကြီးသည် စေတနာဖြင့် ပြောနေခြင်း ဖြစ်သည်။

ဤကောင်လေးသည် နှစ်ထောင်ပေါင်းများစွာတွင် တစ်ယောက်တွေ့ရခဲသည့် ရှားပါးသော ဓားပညာ ပါရမီရှင်မှန်း သူလက်ခံထား၏။

ထို့ကြောင့် အနက်ရောင်ဝတ် အဘိုးကြီးသည် ကျန်းချန်ကို လမ်းမှား မလျှောက်စေလိုခဲ့ပေ။

ထိုထက် ကျန်းချန်၏ ဓားပါရမီ အဟောသိကံ ဖြစ်သွားမည်ကို သူစိုးရိမ်နေမိသည်။

"ကိစ္စမရှိပါဘူး.. ကျွန်တော်က သာမန်လူတွေထက် ပိုစွမ်းဆောင်နိုင်ပါတယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"အကြီးအကဲ စိတ်မပူပါနဲ့.. ကျွန်တော်က လေရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ရင်တောင် ဓားဆန္ဒ ပျိုးထောင်မှုကို ထိခိုက်စေမှာ မဟုတ်ပါဘူး"

"မင်း..."

အနက်ရောင်ဝတ် အဘိုးကြီးသည် ရုတ်တရက် အလွန် ဒေါသထွက်သွားသည်။

"ကောင်လေး.. မင်းက လေရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို ဒီလောက်တောင် လေ့လာချင်နေတာလား"

"ကောင်းပြီ.. ဒါဆို မင်းကို တစ်နာရီ အချိန်ပေးမယ်.. မင်းသာ လေရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်နိုင်ရင် စစ်မှန်သော အဓိပ္ပါယ် ချိုင့်ဝှမ်းရဲ့ စစ်မှန်သော အဓိပ္ပါယ် ငါးခုလုံးကို လေ့လာခွင့် ပေးမယ်"

"မင်းမလုပ်နိုင်ရင် မင်းက ငါ့အတွက် ဓားဆန္ဒကိုပဲ စိတ်ပါလက်ပါ လေ့ကျင့်ရမယ်.. ဘယ်လိုလဲ"

အနက်ရောင်ဝတ် အဘိုးကြီးသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ဤကောင်လေး၏ လေ၏ စစ်မှန်သော အဓိပ္ပါယ် အပေါ် နားလည်မှုသည် ဓားဆန္ဒ အပေါ် နားလည်မှုလောက် မွန်းစတားဆန်မည်ဟု သူ လုံးဝ မယုံကြည်ခဲ့ပေ။

"ကောင်းပါပြီ"

ကျန်းချန်သည် အဓိပ္ပါယ်ပါသော အပြုံးမျိုး ပြုံးလိုက်သည်။

လေ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ရန်မှာ သူ့အတွက် မျက်တောင်တစ်ခတ်စာသာ ကြာသော ကိစ္စဖြစ်သည်။

အနက်ရောင်ဝတ် အဘိုးကြီး၏ စကားများအရ လေ၏စစ်မှန်သော အဓိပ္ပါယ်ကို နားလည်သည်နှင့် နောင်တွင် စစ်မှန်သော အဓိပ္ပါယ် ငါးခုလုံးကို လေ့လာခွင့် ရတော့မည် ဖြစ်၏။

ထို့နောက်တွင် အနက်ရောင်ဝတ် အဘိုးကြီးသည် စကားအပို ထပ်မပြောတော့ဘဲ ကျန်းချန်အတွက် လေ၏ စစ်မှန်သော အဓိပ္ပါယ်၏ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို တိုက်ရိုက် ဖွင့်ပေးလိုက်သည်။

လေ၏ စစ်မှန်သော အဓိပ္ပါယ် ရှိသော နေရာသည် ဓားဆန္ဒ ရှိသော နေရာနှင့် အတူတူပင် ဖြစ်၏။

ကျန်းချန်၏ အကြည့်က အလယ်တွင်ရှိသော ထူးဆန်းသည့် ခရစ်စတယ် ကျောက်တုံးပေါ်သို့ ရောက်ရှိသွားသည်။

အစိမ်းရောင်ဝတ် အဘိုးကြီး တစ်ယောက်သည် လေ၏ စစ်မှန်သော အဓိပ္ပါယ်ကို ထုတ်ဖော်ကာ ခန့်မှန်း၍ မရနိုင်သော အရှိန်အဟုန်ဖြင့် ပြိုင်ဘက်ကို အနိုင်ယူသော ပုံရိပ်တစ်ပုံကို ကျန်းချန်က မြင်တွေ့ခဲ့ရ၏။

"ဒင်.. သင်က သိုင်းသခင်နယ်ပယ်က ကျင့်ကြံသူရဲ့ လေ၏ စစ်မှန်သော အဓိပ္ပါယ် ထုတ်ဖော်တာကို ကြည့်ရှုပြီး အတွေ့အကြုံရမှတ် ၁၆၆၆ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က လေ၏ စစ်မှန်သော အဓိပ္ပါယ်ကို အောင်မြင်စွာ နားလည်နိုင်ခဲ့ပါပြီ"

ထူးဆန်းသော ခရစ်စတယ် ကျောက်တုံးပေါ်မှ ပုံရိပ်ကို ကြည့်ပြီးနောက်တွင် ကျန်းချန်သည် လေ၏ စစ်မှန်သော အဓိပ္ပါယ်ကို သံသယကင်းစွာ နားလည်ခဲ့သည်။

ထို့အပြင် ဤတစ်ကြိမ် ရရှိခဲ့သော အတွေ့အကြုံ ရမှတ် အမြောက်အမြားသည် လေ၏ စစ်မှန်သော အဓိပ္ပါယ်ကို အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိစေခဲ့ပြီး ဒုတိယအဆင့်သို့ ရောက်ရန် အနည်းငယ်လေးသာ လိုတော့၏။

ကျန်းချန်၏ ပါးစပ်ထောင့်များက အနည်းငယ် ကွေးတက်သွားသည်။

ယခု သူက ဓားဆန္ဒ ဒုတိယအဆင့်ကို ပိုင်ဆိုင်ထားသည့် အပြင် လေ၏ စစ်မှန်သော အဓိပ္ပါယ်ဖြင့်ပါ မုန့်ယန်ကို လုံးဝ ချေမှုန်းနိုင်ပြီ ဖြစ်သည်။

မနက်ဖြန် စိန်ခေါ်မှုတွင် မုန့်ယန် သူ့ကို မည်ကဲ့သို့ ရင်ဆိုင်မလဲ ဆိုသည်ကို သူအလွန်ပင် သိချင်နေမိသည်။

အခန်း(၂၅၈) ပြီး၏

All Chapters