အခန်း (၂၅၉)
Vol. 18 Ch. 259
လေ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ပြီးနောက် ကျန်းချန်သည် စစ်မှန်သော အဓိပ္ပါယ် ချိုင့်ဝှမ်းကနေ ချက်ချင်း ထွက်လာခဲ့သည်။
"မင်း... ဘာလို့ ထွက်လာတာလဲ"
အနက်ရောင်ဝတ် အဘိုးကြီးသည် ချက်ချင်း ပြန်ထွက်လာသော ကျန်းချန်ကြောင့် တုန်လှုပ်သွားသည်။
ဤကောင်လေးသည် ဓားဆန္ဒကို ဉာဏ်အလင်းရသော နောက်ဆုံးအကြိမ်က ကဲ့သို့ပင် စစ်မှန်သော အဓိပ္ပါယ် ချိုင့်ဝှမ်းထဲတွင် မိနစ်အနည်းငယ်လောက်သာ နေပြီး ထွက်လာပြန်၏။
သို့ဆိုလျှင် ဤကောင်လေး၏ လေ၏ စစ်မှန်သော အဓိပ္ပါယ် အပေါ် နားလည်မှုသည် ဓားဆန္ဒ အပေါ် နားလည်မှုလောက် နတ်ဆိုးဆန်နေပါသလော။
"ဟားဟား... ကျွန်တော်က အထဲမှာ အကြာကြီး မနေခဲ့ပေမဲ့ လေရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကိုတော့ နည်းနည်းပါးပါး နားလည်ခဲ့ပါတယ်"
ကျန်းချန်က ရယ်မော၍ ပြောလိုက်သည်။
ထိုခဏတွင် သူ၏ ခန္ဓာကိုယ်မှ ရှင်းပြ၍ မရနိုင်သော ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ခန္ဓာကိုယ်သည် လေထဲတွင် ပျော်ဝင်သွားပုံရပြီး ဆန္ဒအလျောက် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် ပေအတော်များများ အကွာအဝေးသို့ ရောက်ရှိသွားခဲ့၏။
"လေရဲ့ စစ်မှန်သော အဓိပ္ပါယ်ပါလား"
ထို့အပြင် လေ၏ စစ်မှန်သောအဓိပ္ပါယ်သည် ပထမအဆင့်၏ ပြီးပြည့်စုံသော အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။
ကျန်းချန် ဖော်ထုတ်လိုက်သော လေ၏ စစ်မှန်သော အဓိပ္ပါယ်ကို ကြည့်ပြီး အနက်ရောင်ဝတ် အဘိုးကြီးသည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး လူတစ်ကိုယ်လုံး တုန်လှုပ်ကာ စကားမပြောနိုင်တော့ပေ။
သိုင်း၏ စစ်မှန်သော အဓိပ္ပါယ်သည် အခြားသူများ အတွက် နားလည်ရန် အလွန်ခက်ခဲသည်။
သို့သော် ဤကောင်လေးသည် သိုင်း၏ စစ်မှန်သော အဓိပ္ပါယ်သည် တစ်ခါကြည့်ရုံဖြင့်ပင် နားလည်နိုင်ပုံရ၏။
[နတ်ဆိုးပဲ]
[သေချာတယ်.. ဒီကောင်လေးက နှစ်ပေါင်း တစ်သောင်းမှာ တစ်ယောက် တွေ့ရခဲ့တဲ့ ရှားပါး ပါရမီရှင်ပဲ]
"ကောင်းပြီ.. မင် အခုကစပြီး စစ်မှန်သော အဓိပ္ပါယ် ငါးခုလုံးကို အချိန်မရွေး လေ့လာနိုင်ပြီ"
အနက်ရောင်ဝတ် အဘိုးကြီးက သူ့လက်ကို ဝှေ့ယမ်းကာ ကျန်းချန်ကို ပြောလိုက်သည်။
"မင်း အခုတော့ ဒီကနေ ထွက်သွားနိုင်ပြီ"
"အကြီးအကဲကို ကျေးဇူးတင်ပါတယ်"
ကျန်းချန်သည် အနက်ရောင်ဝတ် အဘိုးကြီးကို ကျေးဇူးတင်စကားပြောလိုက်ပြီး စိတ်ကျေနပ်စွာဖြင့် စစ်မှန်သော အဓိပ္ပါယ် ချိုင့်ဝှမ်းကနေ ထွက်ခွာလာခဲ့သည်။
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းချန်သည် မနက်စာကို ရိုးရိုးရှင်းရှင်း စားသောက်ပြီးနောက် ယန်ဟွမ်ကျောင်းတော်၏ ဗဟိုရင်ပြင်သို့ တိုက်ရိုက် ဦးတည်ခဲ့သည်။
သူက ရင်ပြင်သို့ ရောက်သောအခါ လူများ ပြည့်နှက်နေပြီ ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ယန်ဟွမ်ကျောင်းတော်၏ နဂါးစာရင်းဝင် ထိပ်ဆုံး ဆယ်ယောက် ကျောင်းသားများသည် အလွန် အားကောင်းသော မွန်းစတားများ နီးပါး ဖြစ်၍ သူတို့ကို စိန်ခေါ်ခြင်းသည် အလွန် ရှားပါးသည်။
ထို့အပြင် ဤတစ်ကြိမ် မုန့်ယန်ကို စိန်ခေါ်သူသည် ယန်ဟွမ် ကျောင်းတော်သို့ ယခုမှ ဝင်ရောက်လာသော ကျောင်းသားတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ဤနေ့၏ စိန်ခေါ်မှုသည် ယန်ဟွမ်ကျောင်းတော်မှ လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နေခဲ့သည်။
နဂါးစာရင်းဝင် ထိပ်တန်း ကျောင်းသား အတော်များများပင် တိုက်ပွဲကို ကြည့်ရှုရန်အတွက် ရင်ပြင်သို့ လာခဲ့ကြ၏။
"ကြည့်စမ်း.. ဟိုမှာ ကျန်းချန် ရောက်လာပြီ"
ကျန်းချန် ထွက်ပေါ်လာသည်နှင့် ရင်ပြင်ပေါ်မှ မရေမတွက်နိုင်သော အကြည့်များသည် ကျန်းချန် ကိုယ်ပေါ်သို့ ကျရောက်သွားကြသည်။
"သူက ကျန်းချန်လား.. ပုံစံကို ကြည့်ရတာ သာမန်လောက်ပါပဲ.. ဒါနဲ့များ.မုန့်ယန်ကို စိန်ခေါ်ချင်နေတယ်.. သေချင်နေလား မသိဘူး"
ရင်ပြင်တွင် ပေါ်လာသော ကျန်းချန်ကို ကြည့်ပြီး နဂါးစာရင်းတွင် အဆင့် ၁၃ ရှိသော ကျန်းထောင်သည် မထီမဲ့မြင် ကဲ့ရဲ့ပြောဆိုလိုက်သည်။
"ကျန်းထောင်.. မင်းက မုန့်ယန်ကို ရှုံးဖူးတာနဲ့ပဲ တခြားသူတွေအားလုံးကို မင်းလို ဖြစ်မယ်လို့ မထင်နဲ့"
"လွန်ခဲ့တဲ့ လဝက်ကလဲ လူတိုင်းက ကျန်းချန်ကို ဒီလိုပဲ ပြောခဲ့ကြတယ်.. ဒါပေမဲ့ ရလဒ်အနေနဲ့ သူက နဂါးစာရင်းက သူ့နေရာကို အခိုင်အမာ ထိန်းသိမ်းနိုင်ခဲ့တယ်"
ကျန်းထောင် ဘေးမှ လဲ့ဟောင်ခုံးက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"ငါတို့ အလောင်းအစား လုပ်ရင် မကောင်းဘူးလား.. ကျန်းချန် နိုင်ရင် မင်း ငါ့ကို ပိုင်လင် သန့်ရှင်းစမ်းရေ ပုလင်းပေး.. ကျန်းချန် ရှုံးရင်တော့ ငါ့စျေးဆိုင်ရဲ့ ရှယ်ယာတစ်ဝက် မင်းကိုပေးမယ်"
"ဟမ့်.. အသုံးမကျတဲ့ မုန့်ပိုင်နဲ့ ရှကျဲ တို့က မုန့်ယန်နဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ"
ကျန်းထောင်သည် မထီမဲ့မြင် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
"ကျန်းချန်က မုန့်ယန်ရဲ့ တိုက်ကွက်ဆယ်ကွက်ကို ခုခံနိုင်ရင်တောင် ငါ့ဘက်က အရှုံးပေးလိုက်မယ်"
လဲ့ဟောင်ခုံးက ကျန်းထောင်နှင့် အလောင်းအစား လုပ်နေစဉ်မှာပင် မုန့်ယန်၏ ပုံရိပ်သည် ရင်ပြင်၏ အလယ်တွင်ရှိသော သိုင်းစင်မြင့်ပေါ်တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
သူက စင်အောက်မှ ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်၏။
ထိုခဏတွင် သူ၏ အေးစက်သော အသံသည် ရင်ပြင်ပေါ်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ကျန်းချန်.. မင်း နောက်ဆုံးတော့ ရောက်လာပြီပေါ့"
"ငါဒီနေ့ကို အချိန်အကြာကြီး စောင့်နေခဲ့ရတယ်"
"အခုချက်ချင်း စင်ပေါ်တက်လာပြီး ငါနဲ့ လာတိုက်ခိုက်စမ်း"
အခန်း(၂၅၉) ပြီး၏