အခန်း (၂၆၀)
Vol. 18 Ch. 260
"ဟားဟား"
"မင်းက နဂါးစာရင်းရဲ့ အဆင့်၉ နေရာကို ငါ့ကို ပေးဖို့ အဲဒီလောက်တောင် အလျင်လိုနေတာလား"
ကျန်းချန်က ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။
မကြာခင်မှာပင် သူ့၏ ပုံရိပ်သည် တည်နေရာ ရွှေ့ပြောင်းလိုက်သကဲ့သို့ အလျင်အမြန် ရွေ့လျားသွားပြီး ပြိုင်ပွဲစင်မြင့်ပေါ်တွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။
"ဟမ့်.. မင်းကများ ငါ့ရဲ့ နဂါးစာရင်း အဆင့်၉ နေရာကို လာမှန်းရဲတယ်.. မင်းက ထိုက်တန်မှုရှိလို့လား"
သူ့ရှေ့တွင် ပေါ်လာသော ကျန်းချန်ကို မြင်သောအခါ မုန့်ယန်၏ အမူအရာသည် အေးစက်သွားသည်။
ရုန့်ရင်းသော လူသတ်လိုစိတ်သည် သူ့ဆီကနေ ချက်ချင်း ထွက်ပေါ်လာ၏။
ပြိုင်ပွဲစင်မြင့်ပေါ်မှ လူနှစ်ယောက်ကို မြင်သောအခါ စိန်ခေါ်မှုကို လက်ခံကျင်းပရန် တာဝန်ရှိသော အကြီးအကဲလန်သည် စိန်ခေါ်မှု စတင်ကြောင်း အလျင်အမြန် ကြေညာလိုက်သည်။
"ကျန်းချန်.. မင်းမှာ ငါ့ကို စိန်ခေါ်ဖို့ အကြီးမားဆုံး အထောက်အပံ့က ဓားဆန္ဒပဲ"
"ဒါက ငါ့ကို အနိုင်ယူဖို့ မင်းရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်လည်း ဖြစ်တယ်"
"မဟုတ်ရင် မင်းငါ့ကို ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးတောင် လုံးဝ ရမှာ မဟုတ်ဘူး"
မုန့်ယန်သည် ကျန်းချန်ကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။
ဤကောင်လေးသည် ကမ္ဘာပေါ်တွင် ရှားပါးသော ဓားပညာပါရမီရှင် တစ်ယောက် ဖြစ်ပြီး ဒုတိယအဆင့် ဓားဆန္ဒကိုပင် နားလည်နေပြီ ဖြစ်၏။
သို့သော် ကျင့်ကြံခြင်းအဆင့် အလွန်တရာ အားနည်းနေသည်မှာ စိတ်မကောင်းစရာပင်။
ဓားဆန္ဒကို ဒုတိယအဆင့်ထိ နားလည်ထားလျှင်ပင် သူတို့၏ ကျင့်ကြံခြင်း အဆင့်ကြားမှ ကွာဟချက်ကို မဖုံးဖိနိုင်သဖြင့် သူ့ကို မည်သို့သော ခြိမ်းခြောက်မှုမှ ပေးနိုင်မည် မဟုတ်ပေ။
"မင်းက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေပြီ"
"မင်းလိုကောင်ကို ကိုင်တွယ်ဖို့ ငါ့ရဲ့ဓားဆန္ဒကို အသုံးပြုစရာ လိုအပ်လို့လား"
ကျန်းချန်က မောက်မာစွာ ပြောလိုက်သည်။
"မင်းကို အနိုင်ယူရန် ငါ့အတွက် ဓားဆန္ဒ မလိုအပ်ဘူး"
ကျန်းချန်က ထိုစကားများကို ပြောလိုက်သည်နှင့် ရင်ပြင်ထဲတွင် ဆူညံသံများ ထွက်ပေါ်လာသည်။
ကျန်းချန်ကို ကြည့်နေသော လူတိုင်း၏ အကြည့်တွင် မယုံနိုင်လောက်သော တုန်လှုပ်မှု အရိပ်အယောင်များ ထင်ဟပ်နေခဲ့၏။
ကျင့်ကြံခြင်း အခြေခံအရ ကျန်းချန်နှင့် မုန့်ချန်သည် အလွန် ကွာဟမှုရှိသည်။
မုန့်ချန်ရှေ့တွင် ကျန်းချန်၏ တစ်ခုတည်းသော အားသာချက်သည် ဓားဆန္ဒပင် ဖြစ်၏။
သို့သော် ယခုအခါတွင် ဤကောင်လေးသည် သူ့၏ ဓားဆန္ဒကို မသုံးရုံသာမက ဓားဆန္ဒမပါဘဲ မုန့်ယန်ကို အနိုင်ယူမည်ဟုပင် ခြိမ်းခြောက်နေသည်။
"မောက်မာလွန်းတယ်"
"ဒါ... ဒါက သာမန် မောက်မာတာမျိုး မဟုတ်တော့ဘူး"
"မင်းက ကိုယ့်ဘာသာကိုယ် သေလမ်း ရှာချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
ကျန်းချန်၏ မောက်မာသော စကားများကို ကြားလျှင် မုန့်ယန်၏ မျက်လုံးများသည် ချက်ချင်းပင် မှောင်မိုက်သွားသည်။
သူက မာန်သွင်း၍ အော်ဟစ်လိုက်၏။
သူ၏ ခမ်းနားသော မူလဘူတ အဆင့် စစ်မှန်သော ချီသည် ပုံရိပ်ယောင် ကောင်းကင်ဖွင့် လက်ဝါးအဖြစ် ပြောင်းလဲသွားပြီး ကျန်းချန်ကို ရိုက်ချလိုက်သည်။
ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး မူလဘူတနယ်ပယ် အဆင့်၇၏ ခွန်အားကို ထုတ်ဖော်လိုက်၏။
တစ်ချိန်တည်းမှာပင် သူက လက်ဟန်များ ပြုလုပ်ကာ စည်းတံဆိပ်များကို အလျင်အမြန် ဖွဲ့စည်းလိုက်သည်။
"ကောင်းကင်ဖျက်ဆီးနဂါးလက်သီး"
ကျန်းချန်၏ မာန်သွင်း၍ အော်ဟစ်လိုက်၏။
ထိုခဏတွင် သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် ထူးဆန်းသော အရှိန်အဟုန် နှင့် ချက်ချင်းပင် အလျင်အမြန် တိုးတက်လာသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းချန်၏ အရှိန်အဝါသည် အဆင့်ငယ် နှစ်ဆင့်ကို ဆက်တိုက် တက်သွားပြီး မူလဘူတ နယ်ပယ် အဆင့်၉သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
သူက မဲ့ပြုံးပြုံးလိုက်ပြီး အနားသို့ ချဉ်းကပ်လာသော ကောင်းကင်ဖွင့် လက်ဝါးကို လက်သီးဖြင့် ထိုးချလိုက်သည်။
"ဝုန်း"
လက်သီးနှင့် လက်ဝါးက လေထဲတွင် ထိပ်တိုက် ဆုံသွားကြ၏။
စင်ပေါ်တွင် ကြောက်စရာကောင်းသော လေလှိုင်းများ ဖြစ်ပေါ်လာပြီး နှစ်ယောက်လုံး၏ ပုံရိပ်များသည် ပေအတော်များများအထိ နောက်ဆုတ်သွားခဲ့ကြသည်။
"ငါ... ငါ အမြင်မမှားပါဘူးနော်.. ကျန်းချန်က မုန့်ယန်ကို တကယ်ပဲ ထိပ်တိုက် ရင်ဆိုင်နိုင်တယ်ဟ"
"ကျန်းချန်ရဲ့ ကျင့်ကြံခြင်းက မူလဘူတ နယ်ပယ် အဆင့်၇ကို ရောက်ရှိသွားပြီ.. သူက လျှို့ဝှက်နည်းစနစ်ကို သုံးပြီး မူလဘူတ နယ်ပယ်အဆင့်၉ထိ မြှင့်တင်ထားတဲ့အတွက် မုန့်ချန်ထက် လုံးဝ အားမနည်းတော့ဘူး"
"ဒါ... ဒါက မယုံနိုင်စရာပဲ"
စင်မြင့်ပေါ်မှ အခြေအနေကို ကြည့်နေသည့် ကျောင်းသား အမြောက်အမြား၏ မျက်လုံးများထဲတွင် မယုံနိုင်လောက်သော အံ့သြ ထိတ်လန့်မှုများ ပေါ်လာခဲ့သည်။
လွန်ခဲ့သော တစ်လက ကျန်းချန်သည် မူလဘူတ နယ်ပယ်အဆင့်၄တွင်သာ ရှိခဲ့သည်။
သို့သော် တစ်လအတွင်းမှာပင် အဆင့်သေး ၃ခုကို ထိုးဖောက်ကာ မူလဘူတ နယ်ပယ် အဆင့်၇သို့ ရောက်ရှိခဲ့၏။
ထို့အပြင် လျှို့ဝှက်နည်းစနစ်ဖြင့် မူလဘူတ အဆင့်၉ထိ မြှင်တင်၍ မုန့်ယန်နှင့် ရင်ဆိုင်ခဲ့သည်။
[ဒီကောင်လေးက ဘယ်လောက်တောင် ကြောက်စရာကောင်းပြီး ပါရမီရှိလိုက်လဲ]
အခန်း(၂၆၀) ပြီး၏