← Chapters

အခန်း (၂၆၁)

Vol. 18 Ch. 261

အခန်း (၂၆၁)

Vol. 18 Ch. 261

"မင်း.. မင်း နဂါးပျံ လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်ရဲတယ်"

သူ့ကို ခွန်အားချင်း ကွာဟမှုမရှိဘဲ ကောင်းစွာ ရင်ဆိုင်နေသော ကျန်းချန်ကို မြင်လျှင် မုန့်ယန်သည် ထိတ်လန့်တုန်လှုပ်သွားပြီး မျက်လုံးများ တဖြည်းဖြည်း အေးစက်လာသည်။

နဂါးပျံ လျှို့ဝှက်နည်းစနစ်သည် သူတို့ မုန့်မိသားစု၏ လျှို့ဝှက်နည်းစနစ် ဖြစ်၏။

မုန့်မိသားစုအတွင်း၌ပင် အဓိက တပည့်အနည်းငယ်သာ လေ့ကျင့်ခွင့် ရှိသည်။

သို့တိုင် ဤကောင်လေးသည် နဂါးပျံ လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်ရဲ၏။

ယင်းမှာ ကိုယ့်ကိုယ်ကိုယ် သေတွင်းတူးနေခြင်းပင် မဟုတ်ပါလား။

"မင်းတို့ မုန့်မိသားစု တပည့်ဆီကနေ ဒီနဂါးပျံ လျှို့ဝှက်နည်းစနစ်က ငါ့ဆီကို ရောက်လာမှတော့ ငါ့အပိုင်ပဲပေါ့"

ကျန်းချန်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။

"ဒါက ငါ့အပိုင် ဖြစ်နေမှတော့ ငါက ဘာကြောင့် မလေ့ကျင့်ရမှာလဲ... ဘာလဲ အလှထိုင်ကြည့်နေရမှာလား"

"ဟမ့်.. ငါတို့ မုန့်မိသားစုရဲ့ နဂါးပျံ လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်ရဲတဲ့အတွက် ဒီနေ့မင်း ကျိန်းသေပေါက် သေရလိမ့်မယ်"

မုန့်ယန်က အေးစက်စက် ပြောလိုက်သည်။

ထို့နောက်တွင် သူသည်လည်း လက်ဟန်များ ပြုလုပ်ကာ နဂါးပျံ လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်လိုက်၏။

နဂါးပျံ လျှို့ဝှက်နည်းစနစ်သည် အလွန် အင်အားကြီးမားပြီး ကျင့်ကြံခြင်းကို ယာယီအားဖြင့် များစွာ အဆင့် မြှင့်တင်နိုင်သည်။

သို့သော်လည်း မုန့်ယန်ကို သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့်သို့ ရောက်ရှိစေနိုင်ခြင်းတော့ မရှိပေ။

ထို့ကြောင့် မုန့်ယန်၏ အရှိန်အဝါသည် မူလဘူတ နယ်ပယ်အဆင့်၉ အထွတ်အထိပ်သို့ အရောက်တွင် ရပ်တန့်သွားခဲ့သည်။

"ကျန်းချန်.. မင်းသွားသေလိုက်တော့"

နဂါးပျံ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ပြီးနောက်တွင် မုန့်ယန်သည် မာန်သွင်း၍ ကြုံးဝါးလိုက်ပြီး လျှပ်စီးလက်သည့်နှယ် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ထိုသို့ မုန့်ယန်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ကျန်းချန်၏ မျက်နှာအမူအရာသည် အလွန်ပင် တည်ငြိမ်နေခဲ့၏။

သူက စကြဝဠာရွေ့လျားမှု ခြေကွက်ကို တိုက်ရိုက် အသုံးပြုလိုက်ပြီး မုန့်ယန်၏ လက်သီးချက်ကို အသာအယာ ရှောင်တိမ်းလိုက်သည်။

ယခုအခါတွင် သူ၏ အင်အားက မူလဘူတနယ်ပယ် အဆင့်၉၌ ရှိနေသောကြောင့် စကြဝဠာ ရွေ့လျားမှု၏ အရှိန်အဟုန်သည် ပို၍ပင် ခန့်မှန်းရခက်လာသည်။

မုန့်ယန်၏ အင်အားသည် မူလဘူတနယ်ပယ် အဆင့်၉ အထွတ်အထိပ်သို့ မြင့်တက်သွားသော်လည်း ကျန်းချန်၏ အရှိန်အဟုန်ကို လိုက်မမီနိုင်သေးပေ။

မုန့်ယန်က တိုက်ကွက်အနည်းငယ် ထုတ်ဖော်ခဲ့သည့်တိုင် ကျန်းချန်၏ အင်္ကျီစကိုပင် ထိမိအောင် မလုပ်နိုင်ချေ။

"ကျန်းချန် မင်းက ခန္ဓာကိုယ် ရွေ့လျားမှု နည်းစနစ်ကို အားကိုးရုံနဲ့ ငါ့ကို ယှဉ်ပြိုင်နိုင်မယ်လို့ ထင်နေလား"

"ဘယ်လောက်ပဲ အင်အားကြီးတဲ့ ခန္ဓာကိုယ် ရွေ့လျားမှု နည်းစနစ် ဖြစ်နေပါစေ၊ ငါ့ရှေ့မှာ အလကားပဲဆိုတာ မကြာခင် မင်းကို သက်သေပြမယ်"

ကျန်းချန်က နဂါးပျံ လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ခွန်အားများ မြှင့်တင်ထားသောကြောင့် မုန့်ယန်၏ မျက်လုံးများတွင် ဒေါသထွက်သည့် အရိပ်အယောင်များ ဖြစ်ပေါ်နေ၏။

နောက်ထပ် တခဏမှာပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကနေ ခံစားချက် တစ်ခုကို ထုတ်ဖော်လိုက်သည်။

ထို့နောက်တွင် သူ၏ အရှိန်သည် အဆပေါင်းများစွာ မြင့်တက်သွားပြီး သူက ကျန်းချန်၏ ရှေ့၌ လျှပ်တစ်ပြက် ပေါ်လာခဲ့၏။

အစောပိုင်းက ကျန်းချန်၏ မောက်မာသော စကားများသည် မုန့်ယန်၏ သည်းခံနိုင်စွမ်းကို ကုန်ဆုံးသွားစေခဲ့သည်။

ဤတစ်ကြိမ်တွင် မုန့်ယန်သည် မည်သည့်အရာကိုမျှ ချန်လှပ်ထားတော့ဘဲ ကျန်းချန်ကို ဖိနှိပ်ရန် လေ၏ စစ်မှန်သော အဓိပ္ပါယ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်၏။

လေ၏ စစ်မှန်သော အဓိပ္ပါယ်ဆိုသည်မှာ အရှိန်အဟုန်ကို ကိုယ်စားပြုပြီး မည်သည့် ကိုယ်ခံပညာထက်မဆို သာလွန်သည့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်တစ်ခု ဖြစ်သည်။

လေ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်သော ကျင့်ကြံသူ၏ အရှိန်အဟုန်သည် ခန့်မှန်းရခက်ရုံသာမက ကိုယ်ခံပညာအားလုံးကို ဖိနှိပ်နိုင်သော စွမ်းရည်လည်း ရှိ၏။

မည်မျှ အင်အားကြီးသော ခန္ဓာကိုယ် ရွေ့လျားမှု နည်းစနစ် ဖြစ်ပါစေ၊ လေ၏ စစ်မှန်သော အဓိပ္ပာယ်ရှေ့၌ စကားထဲ ထည့်ပြောရလောက်အောင် မထိုက်တန်ပေ။

ကျန်းချန်က လေ၏ စစ်မှန်သော အဓိပ္ပာယ်ကို ထုတ်ဖော်နေသည့် မုန့်ယန်ကို မဲ့ပြုံး ပြုံး၍ ကြည့်လိုက်သည်။

မကြာမီမှာပင် မုန့်ယန်ထက် အနည်းငယ် ပို၍ အားကောင်းသော လေ၏ စစ်မှန်သော အဓိပ္ပာယ်သည် ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းမှ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့၏။

သူထုတ်ဖော်လိုက်သည့် အင်အားကြီးမားသော လေ၏ စစ်မှန်သော အဓိပ္ပာယ်သည် မုန့်ယန်၏ လေ၏ စစ်မှန်သော အဓိပ္ပာယ်မှ ယူဆောင်လာသည့် ဖိနှိပ်မှုအားလုံးကို ပယ်ဖျက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ပုံရိပ်သည် လေပြင်းထဲ၌ ပျံဝဲနေသော ဝါဂွမ်းနှယ် ထိခိုက်မှုမရှိဘဲ မီတာအနည်းငယ် အကွာသို့ ရွေ့လျားသွားခဲ့သည်။

"မင်း.. မင်းက လေရဲ့ စစ်မှန်သော အဓိပ္ပာယ်ကို တကယ်ပဲ နားလည်ထားတာလား"

သူ့ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေရင်း မုန့်ယန်၏ မျက်နှာအမူအရာသည် ပြင်းထန်စွာ ပြောင်းလဲသွား၏။

သူ၏ မျက်လုံးများတွင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။

"မင်းလို လူတောင် လေရဲ့ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်နိုင်ရင် ငါက ဘာလို့ နားမလည်နိုင်ရမှာလဲ"

"ငါက နားလည်ရုံတင်မကဘူး.. လေရဲ့ စစ်မှန်သော အဓိပ္ပါယ်နဲ့ မင်းကို ချေမှုန်းနိုင်သေးတယ်"

ကျန်းချန်က တိုးညင်းစွာ ရေရွတ်လိုက်သည်။

သူ့ စကားဆုံးသည်နှင့် လေ၏ စစ်မှန်သော အဓိပ္ပာယ်သည် ပြိုင်ပွဲစင်မြင့် တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။

ကျန်းချန်၏ ပုံရိပ်သည်လည်း နေရာမှာပင် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၆၁) ပြီး၏။

All Chapters